အခန်း (၁၃၅၄)
Vol. 97 Ch. 1354
ကျောက်ယန်ရှန်းက ပန်းပဲပညာရှင်အစည်းအရုံးနှင့် ရန်သူမဖြစ်ချင်ဟု ပြောခဲ့သော်လည်း အစည်းအရုံးကို ဂရုမစိုက်ဘဲ ဝမ်ကျင်းမြို့၏ ဝင်္ကပါကို တိုက်ရိုက်ချိုးဖောက်ခဲ့သည်။
သို့သော် သူက ထိုသို့ ပြောလိုက်ပြီး ပန်းပဲပညာရှင်အစည်းအရုံးကို မျက်နှာသာပေးခဲ့သည်။
စကြဝဠာနယ်မြေ၏ အပြင်ဘက်တွင်ရှိသော လူတိုင်းသည် အရေးမပါပေ။
အစိမ်းရောင်လှေကား၏ရှေ့တွင် ဝမ်မိသားစု၏လူတိုင်းက ပျော်ရွှင်သွားကြသည်။
ဝမ်ကျီလွင်က တုံ့ဆိုင်းမနေပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လှေကားပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူက သိပ်မဝေးသောနေရာတွင် ရှိနေသည့် ဝူကျောက်ကို လှမ်းကြည့်သည်။
“ကောင်စုတ်လေး၊ မင်းက ငါတို့ ဝမ်မိသားစုရဲ့ ရန်သူတစ်ယောက် ဖြစ်လာပြီ။ အနာဂတ်ကျရင် ငါတို့က သေချာပေါက် လက်စားချေရမယ်”
ထိုသို့ ပြောလိုက်ပြီး သူက လှေကားထစ်များကြားတွင် ပျောက်ကွယ်သွားသည်။
ဝမ်မိသားစု၏ တခြားလူများကလည်း နောက်မှ လျင်မြန်စွာလိုက်လာပြီး ဝမ်ကျင်းမြို့မှ ထွက်သွားကြသည်။
ဝူကျောက်၏ မျက်လုံးများက တောက်ပနေသည်။ သို့သော် သူက မလှုပ်ရှားခဲ့ပေ။
သူက မတိုက်ခိုက်ရဲခြင်း မဟုတ်ပေ။ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
တစ်ဖက်လူများ ဝမ်ကျင်းမြို့မှ ထွက်သွားသောအချိန်ကို စောင့်နေသည်။
သူတို့က လေဟာနယ်ထဲသို့ ထွက်သွားတော့မည်ဖြစ်သောကြောင့် သူတို့ကို လေဟာနယ်ထဲတွင် သတ်ဖြတ်မည်။
“ဒီဝူကျောက်က ကိုယ်ပိုင်အကန့်အသတ်ကို သိနေတဲ့ပုံပဲ။ သူက စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူကို ရန်မစရဲဘူး”
အဝေးတစ်နေရာတွင်ရှိသော လူတစ်ယောက်က ညင်သာစွာ ပြောလိုက်သည်။
စကြဝဠာနယ်မြေကို မည်သူက ဆန့်ကျင်ရဲမည်နည်း။
ဝူကျောက်၏ လုပ်ရပ်က သင့်တော်သည်။
“ဟားဟား၊ သူက ဆရာဟန်အတွက် ပြဿနာမပေးနိုင်ဘူးလေ”
“သူက အဆင့်ငါးကျင့်ကြံသူလေးတစ်ယောက်ပဲ ဖြစ်ခဲ့တယ်။ ကောင်းကင်ကို တစ်ချက်တည်း ရောက်သွားတာပဲ ....”
မရေမတွက်နိုင်သော လူများက လွှမ်းမိုးနိုင်သော အငွေ့အသက်နှင့် မတ်တပ်ရပ်နေသော ဝူကျောက်ကို ကြည့်လိုက်ပြီး အားကျနေကြသည်။
ဝူကျောက်က သေဆုံးလုနီးပါး ဖြစ်သွားပြီး အကြွင်းအကျန်ဝိညာဉ်တစ်ခုကိုသာ ချန်ရစ်ခဲ့သည်။ ဆရာဟန်က ထိုဝိညာဉ်ကို အသုံးပြုပြီး ရုပ်သေးရုပ်နှင့် ပေါင်းစပ်ခဲ့သည်။
သူတို့ကလည်း ထိုအခွင့်အရေးမျိုးကို ရလာလျှင် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
ထိုခွန်အားမျိုးကို မည်သူက မပိုင်ဆိုင်ချင်မည်နည်း။
“ဘုန်း”
ကောင်းကင်သို့ ဦးတည်နေသော အစိမ်းရောင်လှေကားက ပြိုကျသွားသည်။
ဝမ်မိသားစုဝင်များအားလုံးက ထွက်သွားကြသည်။
“ဆရာဟန်က အားနည်းပြီး စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူနဲ့ ရင်မဆိုင်ရဲဘူးထင်တယ်။ အခု သူက ဘာဆက်လုပ်မှာလဲ”
ထိုလူက စကားအဆုံးတွင် ထိတ်လန့်စွာ အသံပြုလိုက်သည်။
မတ်တပ်ရပ်နေသော ဝူကျောက်က ပျံသန်းသွားသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော တိုက်ခိုက်လိုစိတ်က စွမ်းအင်အလင်းနှင့် ပေါင်းစပ်ပြီး တောင်ပံတစ်ခုကို ဖန်တီးသည်။
သူက တောင်ပံခတ်လိုက်ပြီး ဝမ်ကျင်းမြို့မှ ထွက်သွားသည်။
သူက ဝမ်မိသားစုဝင်များကို လိုက်ဖမ်းတော့မည်။
သူက ဝမ်မိသားစုဝင်များကို ဝမ်ကျင်းမြို့တွင် မသတ်ဖြတ်လိုခြင်းသာ ဖြစ်သည်။
“မြန်မြန်၊ သူ့နောက်လိုက်ကြ”
“ဝင်္ကပါစွမ်းအားနဲ့ ဝမ်ကျင်းမြို့ရဲ့ မိုင်တစ်သန်းပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပါ”
“ဒါက အရေးကြီးနေပြီ။ သူက စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူကို တိုက်ခိုက်တော့မှာလား”
ဝူကျောက် လှုပ်ရှားလိုက်သောအချိန်တွင် ဝမ်ကျင်းတစ်မြို့လုံးက မရေမတွက်နိုင်သော အာမေဍိတ်သံများဖြင့် ဆူညံသွားသည်။
ဝူကျောက်က နောက်တွင်ကျန်ရစ်ခဲ့သော အရာများကို လျစ်လျူရှုလိုက်ပြီး ဝမ်ကျင်းမြို့ထဲမှ ထွက်လာသည်။ သူ့လက်ထဲတွင်ရှိသော လှံရှည်က နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူ့က ပေတစ်ထောင်ကြီးမားသော စစ်သူကြီးပုံရိပ်ကို ဖန်တီးပြီး လှံရှည်ကို ပစ်လွှတ်သည်။
“ဘုန်း”
ဝမ်ကျင်းမြို့မှ လွတ်မြောက်လာသော ဝမ်မိသားစုဝင် တစ်ဝက်ခန့်သည် ပျော်ရွှင်ရန် အချိန်မရလိုက်ဘဲ သေဆုံးသွားကြသည်။
ဝမ်ကျီလွင်၊ ဝမ်ကျီကျင်းနှင့် တခြားလူများက ဝူကျောက်ကို ထိတ်လန့်စွာ လှည့်ကြည့်ကြသည်။ ဝူကျောက်က တစ်ချက်တည်းဖြင့် ရာချီသော ဝမ်မိသားစုဝင်များကို သတ်ဖြတ်ခဲ့သည်။
“ကောင်လေး၊ မင်းက သေချင်နေတာပဲ”
“သူ့ကိုသတ်”
ကျန်ရှိနေသော ဝမ်မိသားစုဝင်များက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူတို့၏ သတ်ဖြတ်လိုစိတ်က မြင့်တက်လာသည်။
“ဟမ့်၊ မင်းက ငါ့ကို မျက်နှာသာမပေးဘူးဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”
လေဟာနယ်တွင် ခံစားချက်ကင်းမဲ့နေသော အသံကို ကြားရသည်။ အစိမ်းပုပ်ရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်လူက ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ သူ့ပတ်ဝန်းကျင်တွင်ရှိသော အငွေ့အသက်သည် ရွှေခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ခြင်္သေ့က ဟိန်းဟောက်လိုက်ပြီး ဝူကျောက်ဆီသို့ ပြေးဝင်လာသည်။
ခြင်္သေ့ဟိန်းသံသည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ သွေးချီစွမ်းအားသည် အလွန်သန်မာပြီး လူတိုင်း၏ စိတ်အာရုံကို ဖိနှိပ်လိုက်သည်။
“ဒီစွမ်းအားက ကမ္ဘာဦးအဆင့်တွေကို ချေမွပစ်နိုင်တယ်”
“ဒီလိုစွမ်းအားမျိုးကို အသက်သွင်းနိုင်တဲ့လူက စကြဝဠာနယ်မြေကပဲ ဖြစ်ရမယ်”
ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသော လူများက ညင်သာစွာ သက်ပြင်းချလိုက်ကြသည်။
ထိုအရာသည် စကြဝဠာနယ်မြေ ဖြစ်သည်။
စကြဝဠာနယ်မြေမှ ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအား ဖြစ်သည်။
ဝူကျောက်၏ခန္ဓာကိုယ်က အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူက လက်မြှောက်ပြီး လှံရှည်ဖြင့် ထိုးချသည်။
“ဘုန်း”
ခြင်္သေ့က လှံနှင့် ထိတွေ့ပြီး အပြည့်အဝ ပျက်စီးသွားသည်။
စကြဝဠာနယ်မြေမှ ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုသည် ချိုးဖျက်ခံလိုက်ရသည်။
ဝူကျောက်၏ မျက်နှာထားက တည်ငြိမ်နေသည်။ သူက လှံရှည်ဖြင့် ထပ်ထိုးချပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို လှုံ့ဆော်သည်။ ထို့နောက် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူကို ဖိနှိပ်သည်။
ခြင်္သေ့ပုံရိပ် ပျက်စီးသွားသောအခါ စကြဝဠာနယ်မြေမှ ကျွမ်းကျင်သူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
သူက တိုးဝင်လာသော ရွှေရောင်လှံကို မြင်ရသောအခါတွင် ချပ်ဝတ်တစ်ခုကို အသက်သွင်းသည်။
ချပ်ဝတ်သည် ပေတစ်ရာကြီးမားသော ရွှေခြင်္သေ့၏ နှလုံးသားအဖြစ် ပြောင်းလဲသွားသည်။
“ဘန်း”
ခြင်္သေ့၏နှလုံးသားက နဂါးအသွင်ဖြစ်နေသော လှံရှည်နှင့် ထိတွေ့သွားသည်။
ထိုအချိန်တွင် လောကကြီးတစ်ခုလုံးက ရပ်တန့်သွားပုံပေါ်သည်။
ဝူကျောက်က နောက်ဆုတ်လိုက်သည်။
ခြင်္သေ့နှလုံးသားက တုန်ခါနေပြီး လေဟာနယ်ထဲသို့ ပြုတ်ကျလာသည်။
စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူက သွေးအန်ထုတ်လိုက်ရပြီး ဖြူဖျော့သွားသည်။
ဝူကျောက်က လှံကိုင်ထားပြီး အေးစက်စွာ နှာမှုတ်သည်။
“ဒါက အပေါ်ယံပဲပေါ့။ မင်းက ငါ့ကိုတိုက်ခိုက်ဖို့ စကြဝဠာအဆင့်ရဲ့ မပြည့်စုံတဲ့ရတနာကို အသုံးပြုနေတာပဲ”
သူက လှံရှည်ဖြင့် ထိုးချလိုက်ပြီး ခြင်္သေ့နှလုံးသားကို ချုပ်နှောင်သည်။ ခြင်္သေ့နှလုံးသားက ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။
ဝူကျောက်က ခြင်္သေ့နှလုံးသားကို ဖမ်းဆုပ်လိုက်သည်။
“မင်းက စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူဆိုရင်ရော ဘာဖြစ်လဲ”
“ငါနဲ့ တိုက်ခိုက်စမ်းပါ”
ဝမ်မိသားစုသာမက ဝမ်မိသားစုကို ကယ်တင်ရန် ရောက်လာသော စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူကပင် ဝမ်ကျောက်ကို မခုခံနိုင်ခဲ့ပေ။
ထိုမြင်ကွင်းကြောင့် လူတိုင်းက ဆွံ့အသွားသည်။
မည်သူမှ မယုံရဲကြပေ။
‘ဒီရုပ်သေးရုပ်ကို သန့်စင်ခဲ့တဲ့ ဆရာဟန်က ဘယ်လောက်တောင် သန်မာနေတာလဲ’
“ဝူကျောက်က ဘာလုပ်ချင်နေတာလဲ”
“သူက စကြဝဠာနယ်မြေနဲ့ ရန်သူဖြစ်ချင်တာလား”
“ဒါက ဝူကျောက်လုပ်ချင်တာ မဟုတ်ဘူး။ ဆရာဟန်ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်လိမ့်မယ်”
လူတချို့က တောက်ပနေသော မျက်လုံးများဖြင့် ဝူကျောက်ကို စိုက်ကြည့်နေကြသည်။
“ဆရာဟန်က ဒီလိုမျိုးသန်မာတဲ့ ရုပ်သေးရုပ်ကို ထုတ်ပြပြီး ဘာလုပ်ချင်နေတာလဲ”
ဝူကျောက်က စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူကို တစ်ယောက်တည်းစိန်ခေါ်ပြီး အနိုင်ရခဲ့သည်။
ထိုကျွမ်းကျင်သူက သူတို့စိတ်ကူးထားသကဲ့သို့ မသန်မာလျှင်ပင် စကြဝဠာနယ်မြေ၏ လူတစ်ဦး ဖြစ်သည်။
စကြဝဠာနယ်မြေ၏ ခွေးတစ်ကောင်ကပင် နတ်ဘုရားတစ်ပါး ဖြစ်သည်။
ယနေ့တွင် ဝူကျောက်က စကြဝဠာနယ်မြေမှ ကျွမ်းကျင်သူကို ရိုက်ချနိုင်ခဲ့သည်။ အနာဂတ်တွင် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများက ဝမ်ကျင်းမြို့သို့ ရောက်လာပြီး ဝူကျောက်နှင့် နောက်ကွယ်တွင်ရှိသော ဆရာဟန်ကို ရှင်းလင်းပစ်လိမ့်မည်။
ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲများသည် စကြဝဠာနယ်မြေတွင် ပြိုင်ဘက်ကင်းမဟုတ်ကြပေ။
ခန်းဆောင်တွင်ရှိနေသော ကျင်းဝူနှင့် ပင်မအကြီးအကဲများက လေးနက်သောမျက်နှာထားဖြင့် လေဟာနယ်ကို ကြည့်လိုက်ကြသည်။
ဝမ်ကျင်းမြို့တွင်ရှိသော အင်အားစုများ၏ မျက်နှာထားကလည်း ပြောင်းလဲသွားသည်။
သူတို့က ဝမ်မိသားစုနှင့် ဆရာဟန်၏တိုက်ပွဲကို စောင့်ကြည့်ရန် ဆန္ဒရှိကြသည်။ သို့သော် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူအား ဆန့်ကျင်နေသော ဆရာဟန်ကို မမြင်ချင်ကြပေ။
စကြဝဠာနယ်မြေသည် ဘုံကိုးပါး၏အထက်တွင်ရှိသော တည်ရှိမှု ဖြစ်သည်။
သို့သော် ယခုအချိန်တွင် အခြေအနေက လူတိုင်း၏မျှော်လင့်ချက်ကို ကျော်လွန်နေသည်။
“မင်းက အဲဒါကို မယူခဲ့သင့်ဘူး”
ခြင်္သေ့နှလုံးသား လုယူခံလိုက်ရသော စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူက ဝူကျောက်ဆီသို့ ပြေးဝင်လာသည်။
“ဘုန်း”
ပေတစ်သောင်းရှည်လျားသော ဓားမော့အလင်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
ထိုဓားချက်သည် လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်ပြီး ကောင်းကင်နှင့်မြေကြီး၏ မရေမတွက်နိုင်သော တည်နေရာအလွှာများကို အက်ကွဲသွားစေသည်။
ကျောက်ယန်ရှန်းသည် စကြဝဠာအဆင့် ရတနာ၏ အကူအညီ မရှိလျှင်ပင် အလွန်အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ဖော်ထုတ်နိုင်သည်။
“ဝမ်ကျင်းမြို့မှာ အဲဒီဓားချက်ကို ခုခံနိုင်တဲ့လူ သိပ်မရှိဘူး”
ဝူယွင်လမ်းကြားတွင် ရှိနေသော ပိုင်ရှစ်ကျူးက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ညင်သာစွာ ရေရွတ်သည်။
ပတ်ဝန်းကျင်တွင်ရှိသော လူများက ရှုပ်ထွေးသောမျက်နှာထားဖြင့် ခေါင်းမော့ကြည့်နေကြသည်။
စကြဝဠာနယ်မြေသို့ မရောက်ဖူးလျှင် အရေးမပါသောလူများသာ ဖြစ်ကြသည်။
ဝူကျောက်က သန်မာလျှင်ပင် စကြဝဠာအဆင့် ကျွမ်းကျင်သူနှင့် ရင်မဆိုင်နိုင်ပေ။
“ဒါပဲလား”
ဝူကျောက်က ခပ်အုပ်အုပ် အော်ဟစ်သည်။ ထို့နောက် သူက လက်မြှောက်ပြီး လက်သီးထိုးချသည်။
လက်သီးပုံရိပ်သည် ရွှေရောင်မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
မီးနဂါးက အဆုံးမရှိသောအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
“မီးတောက်စည်းမျဉ်း”
“ဒါက အရိပ်အယောင်တစ်ခုပဲ ဆိုရင်တောင် စည်းမျဉ်းစွမ်းအား ဖြစ်နေတုန်းပဲ”
“ဒီရုပ်သေးရုပ်က အဲဒီလောက်တောင် သန်မာတာလား”
အောက်တွင် အဆုံးမရှိသော စကားသံများကို ကြားနိုင်သည်။
အကြွင်းအကျန်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော ရုပ်သေးရုပ်သည် စည်းမျဉ်းစွမ်းအားကို အသုံးပြုနိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။
စည်းမျဉ်းစွမ်းအားသည် အလွန်ရှားပါးသည်။
ကြယ်စင်စုစကြဝဠာ၏ ကောင်းကင်တာအိုသည် ပျက်စီးနေသောကြောင့် စည်းမျဉ်းစွမ်းအား အနည်းငယ်ကိုသာ စုစည်းနိုင်ကြသည်။
များသောအားဖြင့် စကြဝဠာအဆင့် ကျင့်ကြံသူများကသာ စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်နိုင်သည်။
စကြဝဠာအဆင့် လက်နက်များသည် စည်းမျဉ်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားသည်။
“ဘန်း”
မီးနဂါးသည် ဓားမော့ကို ရစ်ပတ်လိုက်ပြီး ဖျက်ဆီးသည်။
ခွန်အားကွာခြားချက်က အလွန်ကြီးမားသည်။
ချပ်ဝတ်နှင့် ကျောက်ယန်ရှန်းက ဖြူဖျော့သွားပြီး လွင့်ထွက်လာသည်။
သူက ပေတစ်သိန်းအကွာအထိ ရောက်သွားပြီး သွေးအန်လိုက်ရသည်။
သူက စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလျှင်ပင် အရေးမပါပေ။
သူက ဝူကျောက်၏ လက်သီးချက်ကို မတားဆီးနိုင်ပေ။
သို့သော် ထိုသို့ ဖြစ်နေလျှင်ပင် သူက စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
စကြဝဠာနယ်မြေ၏ ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်ပေ။
“ကောင်းတယ်။ ကောင်းတယ်။ ပန်းပဲပညာရှင်အစည်းအရုံးက တကယ်ကောင်းတာပဲ”
“ယွမ်ချန်းခန်းဆောင်နဲ့ ငါက မင်းတို့ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်ပါဘူး”
သွေးအန်နေသော ကျောက်ယန်ရှန်းက ဒေါသတကြီး ပြောလိုက်ပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။
ဂိတ်တံခါးတစ်ခုသည် သူ့နောက်တွင် ပေါ်လာသည်။
ဂိတ်တံခါး၏ အင်းကွက်များက အလွန်လေးနက်ပြီး တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။
ထိုဂိတ်တံခါးသည် စကြဝဠာနယ်မြေနှင့် တိုက်ရိုက်ဆက်သွယ်ထားသည်။