← Chapters

အခန်း (၁၃၅၈)

Vol. 97 Ch. 1358

အခန်း (၁၃၅၈)

Vol. 97 Ch. 1358

“တစ်ယောက်ယောက်က ငါတို့ ယွမ်ချန်းခန်းဆောင်ကို ဖျက်ဆီးသွားတယ် ....”

“ကျူးမင်ကျူး၊ မင်း .... မင်းက ရန်မစသင့်တဲ့လူကို ရန်စခဲ့တယ်”

စကားပြောလိုက်လူ၏ အသံက မကျယ်လောင်သော်လည်း မိုးကြိးပစ်ချလိုက်သကဲ့သို့ ဖြစ်နေသည်။

ယွမ်ချန်းခန်းဆောင်နှင့် ချန်ယန်ခန်းဆောင်သည် ဖျက်ဆီးခံလိုက်ရသည်။

ကျူးမင်ကျူးနှင့် ကျောက်ကျင်းယွမ်တို့က တုန်ခါနေပြီး အလိုလျောက် တစ်ဖက်သို့ လှည့်ကြည့်မိသည်။

သခင်မင်ရွှမ်း၏ အငွေ့အသက်က လေးနက်နေပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။

‘ခန်းဆောင်နှစ်ခုကို တိုက်ရိုက်ဖျက်ဆီးလိုက်တာ ဘယ်လိုအင်အားစုမျိုးလဲ’

‘ငါ့နောက်ကွယ်မှာရှိတဲ့ ခန်းဆောင်ကတောင် ချန်ယန်ခန်းဆောင်နဲ့ ယွမ်ချန်းခန်းဆောင်ကို ဖျက်ဆီးဖို့အတွက် သခင်တစ်ဝက်ကျော်ကို စေလွှတ်ရလိမ့်မယ်”

လူတိုင်းက ဆရာဟန်ကို လှည့်ကြည့်လိုက်ကြသည်။

ဤနေရာတွင် ပုန်းကွယ်နေသောလူက ဆရာဟန်ဖြစ်သည်ဟု ခံစားလိုက်ရသည်။

“ညီအစ်ကိုဟန်၊ ငါ့ရဲ့ ဒီလက်ဆောင်က မဆိုးဘူးမဟုတ်လား”

အသံတစ်သံကို ကြားရသည်။

လက်ဆောင် ....

လက်ဆောင်တစ်ခုတဲ့လား ....

လေဟာနယ်တွင် အစိမ်းရောင်ဝတ်စုံနှင့် အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက် ပေါ်ထွက်လာသည်။ သူက ဟန်မူယဲ့ကို ပြုံးပြလိုက်သည်။

“ညီအစ်ကိုလုက ဒီလက်‌ဆောင်က မသေးဘူးပဲ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။

ညီအစ်ကိုလု ....

လုကျီရှု ဖြစ်သည်။

သူ၏ လုမိသားစုက စကြဝဠာနယ်မြေ၏ အင်အားစုကြီးတစ်ခု ဖြစ်သည်ဟု ပြောခဲ့သည်။

ယခင်က ဟန်မူယဲ့သည် သူ့ကို ကယ်တင်ခဲ့သည်။

လုကျီရှုက ဟန်မူယဲ့ကို စကြဝဠာနယ်မြေသို့ ခေါ်သွားချင်သော်လည်း ဟန်မူယဲ့က ငြင်းခဲ့သည်။

ထိုအချိန်တွင် လုကျီရှုက တံဆိပ်ပြားတစ်ခုကို ချန်ထားခဲ့ပြီး ဟန်မူယဲ့က စကြဝဠာနယ်မြေသို့ ရောက်လာလျှင် သူ့ကို လာရှာနိုင်သည်ဟု ပြောခဲ့သည်။

သို့သော် ဟန်မူယဲ့က စကြဝဠာနယ်မြေသို့ မသွားခင် လုကျီရှုက ရောက်လာခဲ့သည်။

“ညီအစ်ကိုဟန်ကို ကြိုဆိုဖို့အတွက် မိသားစုက စေလွှတ်လိုက်မယ်လို့ ထင်မထားခဲ့ဘူး”

လုကျီရှုက ပြုံးလိုက်ပြီး ဟန်မူယဲ့၏ဘေးတွင် ရပ်တန့်သည်။

သူက အစမှအဆုံးအထိ ကျောက်ကျင်းယွမ်နှင့် တခြားလူများကို မကြည့်ခဲ့ပေ။

သို့သော် ကျောက်ကျင်းယွမ်နှင့် ကျူးမင်ကျူးတို့က တုန်ခါနေကြသည်။

လုမိသားစု ....

လုမိသားစုသည် စကြဝဠာနယ်မြေတွင်ရှိသော အဓိကမိသားစုကြီး ခုနစ်ခုထဲတွင် ပါဝင်သည်။

စကြဝဠာနယ်မြေတွင် ခန်းဆောင်များသာမက မိသားစုများလည်း ရှိကြသည်။

ထိပ်ဆုံးမိသားစုကြီး သုံးခုသည် ကုန်းစွန်း၊ ရှန့်ကွမ်းနှင့် ကျန်းတို့ ဖြစ်ကြသည်။

နောက်မိသားစု လေးခုသည် လီ၊ ရွှင်၊ ချန်နှင့် လုတို့ ဖြစ်သည်။

ထိုမိသားစုတိုင်းသည် ဒါဇင်ချီသော အဆင့်မြင့်ကျွမ်းကျင်သူများကို ပိုင်ဆိုင်ထားကြသည်။

မိသားစုကြီးခုနစ်ခု ပူးပေါင်းလိုက်လျှင် စကြဝဠာနယ်မြေ၏ တစ်ဝက်ကို လွှမ်းမိုးနိုင်သည်။

မိသားစုကြီးခုနစ်ခုသည် စကြဝဠာနယ်မြေတွင် လွှမ်းမိုးနိုင်စွမ်းရှိသည်။

သေးငယ်သော ယွမ်ချန်းခန်းဆောင်နှင့် ချန်ယန်ခန်းဆောင်များကို ဘေးဖယ်ထားလျှင်ပင် သခင်မင်ရွှမ်း၏ နောက်ကွယ်တွင်ရှိသော အင်အားစုကပင် မိသားစုကြီးခုနစ်ခုနှင့် ရန်သူမဖြစ်ချင်ပေ။

“လုမိသားစုရဲ့ သခင်လေးလုကျီရှုလား”

သခင်မင်ရွှမ်းက မျက်နှာထားပြောင်းလဲသွားပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြောသည်။

တစ်ဖက်လူ၏အမြင်တွင် သူက အရေးမပါပေ။

အမှန်ပင်ဖြစ်သည်။

သူ့နောက်ကွယ်တွင်ရှိသော အင်အားစုကိုလည်း လုမိသားစုက ဂရုမစိုက်ပေ။

“သခင်မင်ရွှမ်းမဟုတ်လား”

လုကျီရှုက မင်ရွှမ်းကို လှည့်ကြည့်သည်။

သူက သခင်မင်ရွှမ်းနှင့် မယှဉ်နိုင်လောက်သော်လည်း သူ့နောက်ကွယ်တွင် လုမိသားစု ရှိနေသည်။

လုမိသားစု၏ ကျွမ်းကျင်သူများသည် သခင်မင်ရွှမ်းနှင့် နောက်ကွယ်တွင်ရှိသော အင်အားစုကို ဖျက်ဆီးပစ်နိုင်သည်။

ထိုအရာသည် သူ၏ ယုံကြည်ချက် ဖြစ်သည်။

စကြဝဠာနယ်မြေတွင် အင်အားတစ်ခုတည်းကသာ အရေးကြီးနေခြင်းမဟုတ်ပေ။

သို့သော် ထိပ်တန်းအဆင့် ကျွမ်းကျင်သူကိုတော့ သတိထားရမည်။

ယခင်က ဓားနတ်ဘုရားလုယွဲ့သည် စကြဝဠာနယ်မြေကို တစ်ဦးတည်းခွန်အားဖြင့် လွှမ်းမိုးခဲ့သည်။

“ညီအစ်ကိုဟန်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လုကျီရှုက သခင်မင်ရွှမ်းကို တည်ငြိမ်စွာကြည့်လိုက်ပြီး ပြောသည်။

သခင်မင်ရွှမ်းက ပြန်မပြောနိုင်ခင် လုကျီရှုက ပြောသည်။

“ငါက မိသားစုရဲ့ကိုယ်စား ဆရာဟန်ကို ဖိတ်ခေါ်ဖို့ ရောက်လာတာပဲ”

“မင်းက ညီအစ်ကိုဟန်ကို ဘာဖြစ်လို့ လာရှာတာလဲ”

လုကျီရှု၏အသံက တည်ငြိမ်နေပြီး အတက်အကျမရှိပေ။

သခင်မင်ရွှမ်းက ပါးစပ်ဖွင့်လိုက်သော်လည်း ခပ်ဟဟရယ်ပြီး ခေါင်းခါသည်။

သူက ဆရာဟန်ကို ခေါ်သွားပြီး ပေါင်းစပ်ရုပ်သေးရုပ် နည်းလမ်းကို လက်ဝါးကြီးအုပ်ချင်သည်ဟု မပြောနိုင်ပေ။

သူက ဆရာဟန်၏ ပန်းပဲစွမ်းရည်ကို သဘောကျပြီး စကြဝဠာနယ်မြေတွင် အလုပ်လုပ်ရန် ခေါ်သွားမည်ဟု မပြောရဲပေ။

နောက်ခံမရှိသော ပန်းပဲပညာရှင်ဆိုလျှင် သူက ထိုသို့ လုပ်လိမ့်မည်။

သို့သော် ယခုအချိန်တွင် မလုပ်ရဲပေ။

“ကောင်းတယ်”

လုကျီရှုက သခင်မင်ရွှမ်းကို ကြည့်လိုက်သည်။

“အဲဒါဆိုရင် ညီအစ်ကိုဟန်ကို ခေါ်သွားတော့မယ်။ သခင်မင်ရွှမ်းကို အနှောင့်အယှက်မဖြစ်စေဘူးမဟုတ်လား”

‘အနှောင့်အယှက်ဖြစ်တာလား’

‘မဖြစ်ပါဘူး’

သခင်မင်ရွှမ်းက ခေါင်းခါသည်။

လုကျီရှုက နောင်တရသွားပုံပေါ်သည်။

သူက ချောင်းဟန့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“ဒီနေရာကို ရှင်းလင်းလိုက်။ ညီအစ်ကိုဟန်နဲ့ ငါက ဆွေးနွေးစရာရှိသေးတယ်”

‘ရှင်းလင်းရမှာလား’

“ဘုန်း”

ကမ္ဘာဦးရုပ်သေးရုပ်များ ဆင်းသက်လာသည်။

ရွှေရောင်လှံတစ်ချောင်းသည် ကျောက်ကျင်းယွမ်၊ ကျူးမင်ကျူး၊ တခြားလူများဆီသို့ ပြေးဝင်လာသည်။

ထိုလှံသည် စကြဝဠာအဆင့်တွင် ရှိနေသည်။

“ငါက အညံ့ခံဖို့ ဆန္ဒရှိပါတယ်”

“အသက်ချမ်းသာပေးပါ”

ငိုကြွေးသံများကို ကြားနိုင်သည်။ လေဟာနယ်က တုန်ခါသွားပြီး လူတိုင်း၏ နတ်အာရုံက ဖြတ်တောက်ခံလိုက်ရသည်။

ဝမ်ကျင်းမြို့တွင်ရှိနေသော အလင်းလွှာများက အက်ကွဲသွားသည်။ အလင်းနှင့်ပုံရိပ်သည် ဗလာဖြစ်သွားသည်။

ပြီးဆုံးသွားသည်။

ဖရိုဖရဲဖြစ်နေသော တိုက်ပွဲသည် ဝမ်ကျင်းမြို့ရန်ပွဲ၏ အဆုံးသတ်ဟု ပြောနိုင်သည်။

ရှန်းမိသားစု၊ ဝမ်မိသားစုနှင့် ကျူးမိသားစုက ရှင်းလင်းခံလိုက်ရသည်။

အနည်းဆုံး စကြဝဠာနယ်မြေ၏ အင်အားစုနှစ်ခုက ပျက်စီးသွားသည်။

အထင်ကြီးစရာကောင်းပြီး သန်မာသည်ဟု ထင်ရသော စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများက ယခုအချိန်တွင် အလွန်သနားစရာကောင်းနေသည်။

သူတို့က လုံလောက်စွာ မသန်မာခြင်း မဟုတ်ပေ။

သူတို့ တစ်ယောက်ချင်းစီသည် ဝမ်ကျင်းမြို့ကို အကူအညီမဲ့သွားအောင် လုပ်နိုင်သည်။

သို့သော် ယခုအချိန်တွင် သူတို့က ကိုယ်ပိုင်ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို မထိန်းချုပ်နိုင်တော့ပေ။

‘ဒါက ကျင့်ကြံခြင်းလား’

‘ဆရာဟန်က ဘယ်လောက်တောင် အားကောင်းနေတာလဲ’

ဝမ်ကျင်းမြို့တွင် ပိုင်ကျန်းတင်က ပိုင်ရှစ်ကျူးကို အလိုလျောက် လှည့်ကြည့်မိသည်။

ပိုင်မိသားစု၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက လမ်းပျောက်နေကြသည်။

‘ဆရာဟန်က ပိုင်မိသားစု မှီခိုနိုင်တဲ့ လူတစ်ယောက်လား’

‘သူ့နောက်ခံ၊ ခွန်အားနဲ့ဆိုရင် ပိုင်မိသားစုကို မလိုပါဘူး’

“ဒါက အစစ်အမှန် ပန်းပဲပညာရှင်ပဲ”

ဝမ်ကျင်းမြို့တွင် လူတစ်ယောက်က တီးတိုးပြောလိုက်သည်။

ဝမ်ကျင်းမြို့သည် ပန်းပဲပညာရှင်အစည်းအရုံး၏ ဌာနချုပ်ဖြစ်သည်။

ဤနေရာတွင်ရှိသော ကျွမ်းကျင်သူများ၏ ၉၀%သည် ပန်းပဲပညာရှင်များ ဖြစ်ကြသည်။

ပန်းပဲပညာရှင်များသည် တိုက်ခိုက်နိုင်သော်လည်း အစစ်အမှန် တိုက်ခိုက်ရေးသမားများ မဟုတ်ကြပေ။

သူတို့၏ ပန်းပဲနည်းစနစ်သည် အလွန်တန်ဖိုးရှိမည်ဟု ထင်မထားခဲ့ပေ။

သို့သော် ယခုအချိန်တွင် လောကကြီးက ပြောင်းလဲသွားသည်ဟု ခံစားရသည်။

ဆရာဟန်သည် အားကောင်းသော ပန်းပဲနည်းစနစ်ကို မှီခိုပြီး စကြဝဠာနယ်မြေမှ မိသားစုကြီးတစ်ခုနှင့် သခင်မင်ရွှမ်း၏ အသိအမှတ်ပြုခြင်းကို ရခဲ့သည်။

“ပန်းပဲပညာရှင်အစည်းအရုံးက တိုးတက်လာတော့မှာလား”

ကျင်းဝူက တီးတိုးရေရွတ်လိုက်ပြီး ဝမ်ကျင်းမြို့သို့ ပျံသန်းသွားသော ဟန်မူယဲ့နှင့် လုကျီရှုကို ကြည့်နေသည်။

ဆရာဟန်သည် အစမှအဆုံးအထိ မလှုပ်ရှားခဲ့ပေ။

သူက ပန်းပဲပညာစွမ်းရည်ဖြင့် သခင်မင်ရွှမ်းနှင့် လုမိသားစုကို ဆွဲဆောင်ခဲ့သည်။

အကယ်၍ ပန်းပဲပညာရှင်အစည်းအရုံးတွင် သူနှင့်တူသော လူအနည်းငယ် ရှိနေလျှင် အစည်းအရုံးက အပြည့်အဝ အသက်ဝင်လာလိမ့်မည်။

ပင်မအကြီးအကဲသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေကြသည်။

ကျန်လူများကိုတော့ မည်သူမှ ဂရုမစိုက်ကြပေ။

လေဟာနယ်တွင်ရှိသော စွမ်းအင်အလင်းများ ပျောက်ကွယ်သွားသောအခါ တစ်လောကလုံး လင်းထိန်နေသည်။

ဂိတ်တံခါးများက ပျောက်ကွယ်သွားသည်။ ကျောက်ကျင်းယွမ်နှင့် တခြားလူများကိုလည်း မမြင်ရတော့ပေ။

ဝမ်နှင့် ကျိုးမိသားစုကလည်း မရှိတော့ပေ။

သို့သော် ထိုဖြစ်ရပ်ကို မည်သူမှ ဂရုမစိုက်ကြပေ။

ယနေ့အပြီးတွင် မိသားစုကြီးနှစ်ခုက ပြန်ပေါ်လာနိုင်တော့မည် မဟုတ်ပေ။

ဝမ်ကျင်းမြို့၊ ကျူကျင်းကုန်သွယ်ရေးအဖွဲ့ ....

စံအိမ်ထဲတွင် ဟန်မူယဲ့နှင့် လုကျီရှုက မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသည်။

ဝိညာဉ်သစ်သီးနှင့် အမျိုးမျိုးသော သွားရည်စာများသည် စားပွဲခုံပေါ်တွင် ရှိနေသည်။

လုကျီရှုက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“မင်းရဲ့ ပန်းပဲစွမ်းရည်က ဒီလောက်သန်မာမယ်လို့ ထင်မထားခဲ့ဘူး”

“နတ်ဘုရားတစ်သောင်းဘုရားကျောင်းရဲ့ အလုပ်တာဝန်ကို မင်းက လက်ခံလိုက်ပြီး နည်းလမ်းကို တင်ပြတဲ့အချိန်မှာ မိသားစုခေါင်းဆောင်က ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘူး”

“ခေါင်းဆောင်က စကြဝဠာနယ်မြေမှာ အရေးကြီးကိစ္စမရှိရင် မင်းကို ကိုယ်တိုင်လာတွေ့လိမ့်မယ်”

လုကျီရှုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ညီအစ်ကိုဟန်၊ စကြဝဠာအဆင့် လက်နက်ကို တကယ်ပဲ ပြုပြင်နိုင်တာလား”

“စကြဝဠာအဆင့် လက်နက်တွေကို ပျိုးထောင်ပေးဖို့ပဲ လုပ်နိုင်တာမဟုတ်ဘူးလား”

စကြဝဠာအဆင့်လက်နက်ကို ပျိုးထောင်ပေးထားလျှင် ကိုယ်တိုင် ပြုပြင်နိုင်သည်။

သို့သော် အချိန်ကြာလိမ့်မည်။

ထို့အပြင် ကမ္ဘာတစ်ခု၏ ရင်းမြစ်စွမ်းအားဖြင့် စကြဝဠာအဆင့် လက်နက်တစ်ခုကိုသာ ပျိုး‌ထောင်ပေးနိုင်သည်။

လက်နက်ကို ပျိုးထောင်ပေးခဲ့သော ကမ္ဘာက ပျက်စီးသွားလိမ့်မည်။

စကြဝဠာနယ်မြေတွင် ထိခိုက်ထားသော စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် လက်နက်များ ရှိကြသည်။

ထိုပစ္စည်းများကို ချိပ်ပိတ်ထားရုံသာ တတ်နိုင်ခဲ့သည်။

သူတို့ကို မလှုပ်ရှားနိုင်ပေ။

စကြဝဠာအဆင့် ပစ္စည်းများကို ပျိုးထောင်ပေးရန် လုပ်ဆောင်ခဲ့လျှင် စကြဝဠာနယ်မြေတွင်ရှိသော အင်အားစုများအားလုံး၏ ဖိနှိပ်မှုကို ခံရလိမ့်မည်။

ထိုသို့ မည်သူမှ မလုပ်ရဲကြပေ။

အင်အားစုကြီးများကလည်း မလုပ်ရဲပေ။

သူတို့အတွက် စကြဝဠာအဆင့်လက်နက်ကို ပျိုးထောင်ခြင်းထက် လုယက်ခြင်းသည် ပိုအဆင်ပြေသည်။

ထိုလုပ်ငန်းစဉ်သည် ထိရောက်မှုရှိသည်။

စကြဝဠာအဆင့်လက်နက်ကို ပြုပြင်မည့် အလုပ်တာဝန်များသည် နတ်ဘုရားတစ်သောင်းဘုရားကျောင်းတွင် အမြဲရှိနေသည်။ သို့သော် မည်သူမှ လက်မခံကြပေ။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က လုမိသားစု၏ အလုပ်တာဝန်ကို တိတ်ဆိတ်စွာ လက်ခံခဲ့ရုံသာမက ပြုပြင်မည့် အစီအစဉ်ကိုလည်း ပေးပို့ခဲ့သည်။

သူ၏ အစီအစဉ်သည် ဖြစ်နိုင်ခြေရှိသည်။

ခေါင်းဆောင်နှင့် အကြီးအကဲများက တွက်ချက်ကြည့်ခဲ့သည်။

သို့သော် ထိုအစီအစဉ်ကို ဟန်မူယဲ့ကသာ လုပ်ဆောင်နိုင်သည်။

ထို့ကြောင့် လုကျီရှုက ဟန်မူယဲ့ကို ဆက်သွယ်ပြီး ချန်ယန်ခန်းဆောင်နှင့် ယွမ်ချန်းခန်းဆောင်ကို တစ်ခါတည်း ဖြေရှင်းခဲ့သည်။

ထိုသို့ဖြင့် ကောင်းမွန်သော စိတ်သဘောထားကို ဖော်ပြခဲ့သည်။

All Chapters