အခန်း (၁၃၄၆)
Vol. 97 Ch. 1346
ယခုအချိန်တွင် ဟန်မူယဲ့၏ အထောက်အထားကို မခန့်မှန်းနိုင်ပေ။ သူက မျက်နှာကို ဖော်ပြထားသော်လည်း အငွေ့အသက်ကို အနည်းငယ် ပြောင်းလဲထားသည်။ ထို့ကြောင့် မှတ်မိရန် ခက်ခဲနေသည်။
ထိုသို့မဟုတ်လျှင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်အသစ်၊ ပင်မအကြီးအကဲအသစ် ဖြစ်လာနိုင်သော ဟန်မူယဲ့က အမြဲတမ်း အာရုံစိုက်ခံနေရလိမ့်မည်။
ပိုင်ကျန်းတင်က အဆောက်အအုံများကို ကျော်ဖြတ်ပြီး အဓိကခန်းဆောင်တစ်ခု၏ရှေ့တွင် ရပ်တန့်လိုက်သည်။
ဝူကျောက်က အပြင်ဘက်တစ်နေရာတွင် နေရစ်ခဲ့သည်။
နက်ရှိုင်းသောအငွေ့အသက်နှင့် အကြီးအကဲတချို့သည် ခန်းဆောင်၏ရှေ့တွင် ရှိနေကြသည်။
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါ အကြီးအကဲတစ်ယောက်က အံ့အားသင့်သွားပုံပေါ်သည်။
“ဒီလူကြီးမင်းက ....”
လူအိုကြီးက ဟန်မူယဲ့ကို သေချာကြည့်လိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ ထို့နောက် သူ့မျက်နှာထားက ပြောင်းလဲသွားပြီး ရှေ့တိုး၍ ဦးညွတ်သည်။
“ပန်းပဲပညာရှင်အစည်းအရုံးရဲ့ လက်ထောက်အကြီးအကဲ ပိုင်ရှစ်ကျူးက အကြီးအကဲဟန်ကို နှုတ်ဆက်ပါတယ်”
သူက တစ်ဖက်သို့လှည့်ပြီး တီးတိုးပြောသည်။
“အားလုံးပဲ ဒါက ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ပင်မအကြီးအကဲအသစ် ဟန်မူယဲ့၊ ဆရာဟန်ပါ”
ပင်မအကြီးအကဲ ....
ဆရာဟန် ....
လူအိုကြီးများက အံ့အားသင့်သွားသည်။
ဝမ်ကျင်းမြို့တွင်ရှိသော မိသားစုတိုင်းသည် ပင်မအကြီးအကဲတစ်ယောက်၏ အဆင့်အတန်းကို နားလည်ကြသည်။
ထို့အပြင် ဆရာဟန်က ကြယ်စင်စုစကြဝဠာတစ်ခုလုံးတွင် နာမည်ကြီးသည်။
ထိုစကားကို ကြားရသောအခါ ပိုင်ကျန်းတင်၏ မျက်လုံးများက တောက်ပသွားသည်။
ပင်မအကြီးအကဲများ၏ မိသားစုသည် ဝမ်ကျင်းမြို့တွင် အသန်မာဆုံးဖြစ်သည်။
ပင်မအကြီးအကဲအသစ်သည် ဝမ်ကျင်းမြို့တွင် အင်အားစုတစ်ခုကို မတည်ဆောက်ရသေးပေ။
“အခုထိ ပင်မအကြီးအကဲတစ်ယောက် မဖြစ်သေးပါဘူး။ အကြီးအကဲဆိုရင် လုံလောက်ပါပြီ”
ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ထိုစကားကို ကြားရသောအခါ ပိုင်ကျန်းတင်က ရယ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။
“ဆရာဟန်ရဲ့နာမည်က ပင်မအကြီးအကဲတစ်ယောက်ထက် မနိမ့်ကျပါဘူး”
“ပိုင်မိသားစုရဲ့ အလုပ်တာဝန်ကို ဆရာဟန်က လက်ခံလိုက်မယ်ဆိုတာ ကြိုသိထားရင် ကျွန်တော်တို့ရဲ့ဆုကြေးက မူလဒင်္ဂါးသန်းရှစ်ရာတင် ဖြစ်နေမှာမဟုတ်ဘူး”
ဝမ်မိသားစုကဲ့သို့ ပိုင်မိသားစုကလည်း တာဝန်ထုတ်ခဲ့သည်။
ဝမ်မိသားစုက ဟန်မူယဲ့ကို လက်မခံခဲ့ပေ။ ထို့ကြောင့် သူက ပိုင်မိသားစုဆီသို့ ရောက်လာသည်။
“ဆုကြေးငွေက အရေးမကြီးပါဘူး”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြောသည်။
“ခင်ဗျားတို့ရဲ့ ရုပ်သေးရုပ်တွေကို ကြည့်ချင်ရုံပါပဲ”
ဟန်မူယဲ့၏စကားကို ကြားရသောအခါ ပိုင်မိသားစု၏ အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
ဟန်မူယဲ့က မူလဒင်္ဂါးများကို ဂရုမစိုက်သော်လည်း ပိုင်မိသားစုက ပိုပေးသင့်သည်။
ဆရာဟန်၏ ရာထူးကို ဆုံးဖြတ်ပြီးသားဖြစ်သည်။ ပင်မအကြီးအကဲဖြစ် ကြေညာချက်ထုတ်မည့်အချိန်ကိုသာ စောင့်နေရန် လိုအပ်သည်။ ပိုင်မိသားစုက ဆရာဟန်နှင့် ဆက်သွယ်နိုင်လျှင် စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်ကို ရလိမ့်မည်။
“ဆရာဟန်၊ ကျေးဇူးပြုပြီး”
ပိုင်ရှစ်ကျူးက ညင်သာစွာ ဦးညွတ်လိုက်ပြီး ရှေ့ဆက်သွားရန် အချက်ပြသည်။
မည်သို့ပင်ဖြစ်စေ သူက ဟန်မူယဲ့ထက် ရာထူးနိမ့်သည်။
နတ်ဘုရားအဆင့် အကြီးအကဲများက ဟန်မူယဲ့ကို ခန်းဆောင်ထဲသို့ ခေါ်သွားကြသည်။
ပိုင်မိသားစုခေါင်းဆောင် ပိုင်ကျန်းတင်က လိုက်မလာခဲ့ပေ။
သူက နတ်ဘုရားအဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် အကြီးအကဲများ၏ စကားဝိုင်းတွင် ဝင်မပါနိုင်ပေ။
နတ်ဘုရားအဆင့်များသည် မိသားစု၏စွမ်းအားကို အမှန်တကယ် ထိန်းချုပ်ထားသည်။
မိသားစုခေါင်းဆောင်က မိသားစု၏ အရေးကိစ္စများကို ဆုံးဖြတ်နိုင်သော်လည်း နတ်ဘုရားအဆင့်များ၏ အရေးကိစ္စတွင် ဝင်မပါနိုင်ပေ။
ပိုင်ကျန်းတင်က ဖြည်းဖြည်းချင်းပိတ်သွားသော ခန်းဆောင်၏တံခါးကို ကြည့်နေသည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး သိပ်မဝေးသောနေရာတွင် မတ်တပ်ရပ်နေသည့် ဝူကျောက်ကို ကြည့်လိုက်သည်။
သူက ဝူကျောက်ဆီသို့ လျင်မြန်စွာလျှောက်သွားသည်။
“မိတ်ဆွေလေးဝူ”
သူက စကားပြောလိုက်သောအခါ ဝူကျောက်က လျင်မြန်စွာ ဦးညွတ်သည်။
“ဝူကျောက်က ခေါင်းဆောင်ပိုင်ကို ဂါရဝပြုပါတယ်။ ကျွန်တော့်နာမည်ကိုပဲ ခေါ်လိုက်ပါ”
ဝူကျောက်က ပိုင်ကျန်းတင်နှင့် မယှဉ်နိုင်ပေ။
သူက ပိုင်မိသားစုခေါင်းဆောင်နှင့် စကားပြောခဲ့ကြောင်း ကြွားဝါချင်လျှင်ပင် အရည်အချင်းမရှိပေ။
သူက အဆင့်ငါးချပ်ဝတ်သခင်တစ်ယောက်သာ ဖြစ်သည်။ မိသားစုကြီးများနှင့် မပတ်သတ်နိုင်ပေ။
“ဟားဟား။ မိတ်ဆွေလေးဝူ၊ မင်းက ဆရာဟန်ရဲ့ သစ္စာရှိနောက်လိုက်တစ်ယောက်ပဲ။ ငါက မင်းကို မိတ်ဆွေလေးလို့ ခေါ်ရမှာပေါ့”
ပိုင်ကျန်းတင်က ပြုံးလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးသည်။
“မိတ်ဆွေလေး၊ ဒါက ကျူကျင်းကုန်သွယ်ရေးအဖွဲ့ရဲ့ မူလဒင်္ဂါးတစ်သန်း တံဆိပ်ပြားပါ။ ပိုင်မိသားစုရဲ့ လက်ဆောင်လေးတစ်ခုပါပဲ”
မူလဒင်္ဂါးတစ်သန်း ....
ဝူကျောက်က တစ်ကိုယ်လုံး တုန်ခါသွားသည်။
ပိုင်မိသားစုခေါင်းဆောင်က သူ့ကို မူလဒင်္ဂါးတစ်သန်း ပေးခဲ့သည်။ သူစိတ်မကူးနိုင်သော ပမာဏတစ်ခု ဖြစ်သည်။
ဝူကျောက်က ငြင်းတော့မည့်အချိန်တွင် ပိုင်ကျန်းတင်က တီးတိုးပြောသည်။
“မိတ်ဆွေလေး၊ ငါ့ကိုပြောပါအုံး။ ဆရာဟန်က ဘယ်မိသားစုကို သွားခဲ့သေးလဲ”
ဝူကျောက်က မူလဒင်္ဂါးတစ်သန်းပါဝင်သော တံဆိပ်ပြားကို မငြင်းနိုင်ခဲ့ပေ။
သူက တုံ့ဆိုင်းနေပြီး ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်က ဆရာဟန်နဲ့အတူ ဝမ်မိသားစုကို သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ....”
သူက ပြန်ပြောပြလိုက်သည်။ ပိုင်ကျန်းတင်၏မျက်နှာထားက တည်ငြိမ်နေသော်လည်း သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းကို မြင်ရသည်။
“ခေါင်းဆောင်၊ ခေါင်းဆောင်ဝမ်က အလည်ရောက်လာပါတယ်”
ဂိတ်တံခါးတွင် တာဝန်ကျနေသော ကျင့်ကြံသူတစ်ယောက်က သတင်းပေးလိုက်သည်။
ပိုင်ကျန်းတင်က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်လိုက်ပြီး ဝူကျောက်၏ပခုံးကို ပုတ်ပေးသည်။
“မိတ်ဆွေလေးဝူက ဆရာဟန်ရဲ့နောက်လိုက်တစ်ယောက် ဖြစ်နေတယ်ဆိုမှတော့ မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိတော့ဘူး”
“မင်းက ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်”
ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဂိတ်တံခါးဆီသို့ လျှောက်သွားသည်။
ဝူကျောက်က မျက်နှာထားပြောင်းလဲသွားပြီး ညင်သာစွာ ခေါင်းညိတ်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ပိုင်”
သူက လက်ဆောင်ကို လက်ခံနိုင်သည်။ သို့သော် ဟန်မူယဲ့ကို ဖုံးကွယ်မထားသင့်ပေ။
ခေါင်းဆောင်ပိုင်က ထိုသို့ သတိပေးသွားသည်။
ဝူကျောက်က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ သူက စိတ်လှုပ်ရှားနေသော်လည်း ဖိနှိပ်ထားလိုက်သည်။
သူက အနာဂတ်မရှိသော အဆင့်နိမ့်ကျင့်ကြံသူလေးတစ်ယောက် မဟုတ်တော့ပေ။
သူက အခွင့်အရေးများကို ဆက်ရလာလိမ့်မည်။
သူ၏ အခြေခံစည်းမျဉ်းကို ထိန်းသိမ်းထားပြီး ပြောသင့်သောစကားနှင့် မပြောသင့်သောစကားကို ခွဲခြားသိရမည်။
ဂိတ်တံခါးတွင် ပိုင်ကျန်းတင်က ဝမ်မိသားစုခေါင်းဆောင် ဝမ်ကျီကျင်းကို နှုတ်ဆက်လိုက်သည်။
“ဟားဟား။ ညီအစ်ကိုဝမ်၊ ဒီနေ့ကတော့ ရက်ရာဇာပဲ။ အခုလေးတင် ဧည့်သည်တော်တစ်ယောက်ကို လက်ခံထားတာ။ အခု ညီအစ်ကိုဝမ်လည်း ရောက်လာတယ် ....”
ပိုင်ကျန်းတင်က ဧည့်သည်တော်တစ်ယောက်ဟု ပြောလိုက်သောအခါ ဝမ်ကျီကျင်း၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။
ဝမ်ကျီကျင်းက အသက်ရှူသွင်းလိုက်ပြီး စိတ်ငြိမ်အောင်ထားသည်။
သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ညီအစ်ကိုပိုင်၊ ငါတို့ ဝမ်မိသားစုနဲ့ ပိုင်မိသားစုက အမြဲတမ်း အဆင်ပြေပြေနေခဲ့ကြတယ်။ ငါတို့က တစ်ဖက်တည်းပါပဲ”
ထိုစကားကြောင့် ပိုင်ကျန်းတင်၏အပြုံးက ထင်ရှားလာသည်။
ပိုင်မိသားစုနှင့် ဝမ်မိသားစုသည် အဆင်မပြေခဲ့ပေ။
“ဟုတ်တယ်။ ညီအစ်ကိုဝမ်ပြောတာ မှန်ပါတယ်”
ပိုင်ကျန်းတင်က လက်မြှောက်ပြီး အထဲသို့ ဖိတ်ခေါ်သည်။
“ညီအစ်ကိုဝမ် အလည်လာတာ ရှားပါးတယ်။ ခင်ဗျားအတွက် သီးသန့်ဧည့်ခံပွဲ ကျင်းပပေးပါ့မယ်”
သီးသန့်ဧည့်ခံပွဲဟူသော စကားကို ကြားလိုက်ရသောအခါတွင် ဝမ်ကျီကျင်း၏မျက်နှာထားက ပြောင်းလဲသွားပြန်သည်။
သူက ပိုင်ကျန်းတင်ကို စိုက်ကြည့်နေပြီး အသက်ရှူသွင်းသည်။ သူက တီးတိုးပြောသည်။
“ညီအစ်ကိုပိုင်၊ ငါက ကွေ့ဝိုက်မနေတော့ဘူး။ မင်းက ဧည့်သည်တော်တစ်ယောက်ကို လက်ခံထားတယ်မဟုတ်လား”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ငါက အဲဒီဧည့်သည်တော်ကို ဧည့်ခံပေးဖို့ အရည်အချင်းမရှိဘူးလေ။ မိသားစုရဲ့ အကြီးအကဲတွေက အဖော်လုပ်ပေးနေကြတယ်”
ပိုင်ကျန်းတင်က လျင်မြန်စွာ ရှင်းပြသည်။
မိသားစု၏ အကြီးအကဲများက အဖော်လုပ်ပေးနေသည်။
‘အဲဒါက ဘယ်လိုလူမျိုးလဲ’
ဝမ်ကျီကျင်းက တစ်ကိုယ်လုံး တုန်ခါသွားသည်။
“ဘာလဲ။ ညီအစ်ကိုဝမ်က အဲဒီလူကို မသိဘူးလား”
ပိုင်ကျန်းတင်က ပျော်ရွှင်မှုကို ထိန်းမထားနိုင်တော့ပေ။ သူက ပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးသည်။
“ညီအစ်ကိုဝမ်၊ အဲဒီလူက မင်းတို့ ဝမ်မိသားစုကို အရင်လာခဲ့တယ် ....”
ဝမ်ကျီကျင်းက ပိုင်ကျန်းတင်၏မျက်နှာကို ထိုးပစ်ချင်နေသည်။
သို့သော် ယခုအချိန်တွင် ဒေါသထွက်နေလျှင်လည်း အရေးမပါပေ။
သူက မိသားစုခေါင်းဆောင်တစ်ယောက် ဖြစ်သောကြောင့် အခြေအနေနှင့် လိုက်လျောညီထွေရှိရမည်။
“ငါက ညီအစ်ကိုပိုင်ရဲ့ရှေ့မှာ အရှက်ရနေပြီ”
သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောသည်။
“အဲဒီလူက ဘယ်သူလဲဆိုတာ ပြောပြနိုင်မလား ....”
ဤတစ်ကြိမ်တွင် ပိုင်ကျန်းတင်က ထိန်ချန်မထားတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။
“အဲဒါက ဆရာဟန်ပဲ။ လောကမှာ တစ်ယောက်တည်းရှိတဲ့ ဆရာဟန်၊ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ၁၉ယောက်မြောက် ပင်မအကြီးအကဲဖြစ်လာမယ့် ဆရာဟန်ပဲ”
ဆရာဟန် ....
ပင်မအကြီးအကဲအသစ် ဖြစ်လာမည့်လူ ....
ထိုလူမျိုးသည် ဝမ်မိသားစုသို့ အရင်လာခဲ့သော်လည်း ငြင်းပယ်ခံလိုက်ရသည်။
ဝမ်ကျီကျင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းမထားနိုင်တော့ဘဲ စိတ်ပျက်သွားသည်။
ပိုင်ကျန်းတင်က ပြုံးလိုက်သည်။
ပိုင်မိသားစုနှင့် ဝမ်မိသားစုသည် ပြိုင်ဘက်များဖြစ်ကြသည်။ ဤတစ်ကြိမ်တွင် ပိုင်မိသားစုက အနိုင်ရခဲ့သည်။
“ခေါင်းဆောင်၊ တတိယအကြီးအကဲက အရေးကြီးကိစ္စရှိလို့ ခေါ်နေပါတယ်”
အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က လျင်မြန်စွာ ချဉ်းကပ်လာပြီး တီးတိုးပြောလိုက်သည်။
ဝမ်ကျီကျင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ညီအစ်ကိုပိုင်၊ ငါ့မှာ ကိစ္စလေးတွေရှိသေးတယ်။ ပြန်နှင့်တော့မယ်”
ပိုင်ကျန်းတင်က ပြုံးလိုက်ပြီး ပြောသည်။
“ညီအစ်ကိုဝမ်၊ ခဏလောက် မနေတော့ဘူးလား”
‘နေရမှာလား’
‘ငါက ဘယ်မျက်နှာနဲ့ နေရမှာလဲ’
ဝမ်ကျီကျင်းက လှည့်ထွက်သွားသည်။ ပိုင်ကျန်းတင်က ရယ်လိုက်သည်။
ဝမ်ကျီကျင်းက ဝမ်မိသားစုသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။
သူက အဓိကခန်းဆောင်သို့ ရောက်လာသောအခါ လေးနက်သောမျက်နှာထားနှင့် နတ်ဘုရားအဆင့် အကြီးအကဲငါးယောက်ကို မြင်လိုက်ရသည်။
“အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်”
ဝမ်ကျီကျင်းက စကားပြောလိုက်သောအခါ စားပွဲထိပ်ဆုံးတွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက လက်မြှောက်သည်။ ကျောက်စိမ်းပြားတစ်ခုသည် ဝမ်ကျီကျင်း၏ရှေ့သို့ ရောက်လာသည်။
ဝမ်ကျီကျင်းက လက်ကိုဆန့်ထုတ်၍ ဖမ်းယူလိုက်ပြီး သေချာစစ်ဆေးကြည့်သည်။ သူ့မျက်နှာထားက ပြောင်းလဲသွားသည်။
“ဒါက ....”
“စကြဝဠာနယ်မြေရဲ့ ဘွားလေးဆီကပဲ”
ထိပ်ဆုံးတွင်ရှိသော အကြီးအကဲက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ့မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေသည်။
“ဝမ်ယုယောင်ကို ကျူကျင်းကုန်သွယ်ရေးအဖွဲ့ဆီ ပို့လိုက်တော့။ သူမက ဝူကျောက်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာလိမ့်မယ်”
“သူမက ဆရာဟန်ကိုတောင် ငြင်းထုတ်ခဲ့တယ်။ ငါတို့ ဝမ်မိသားစုကို ဖျက်ဆီးချင်နေတာပဲ”
လူအိုကြီး၏စကားကြောင့် ဝမ်ကျီကျင်းက ခေါင်းငုံ့ထားလိုက်သည်။
သူက ပိုင်ကျန်းတင်၏ ဂုဏ်ယူနေသောမျက်နှာထားကို မြင်ခဲ့ရသည်။ ဆရာဟန်ကဲ့သို့ လူတစ်ယောက်နှင့် ဆက်သွယ်မိလျှင် အလွန်အကျိုးအမြတ်ရှိကြောင်း သိနိုင်သည်။
ထို့အပြင် ဆရာဟန်က ဝမ်မိသားစု၏ တံဆိပ်ပြားနှင့် ရောက်လာခဲ့သည်။ ထိုတံဆိပ်ပြားသည် စကြဝဠာနယ်မြေမှ ဖြစ်သည်။
ဆရာဟန်နှင့် ဆက်သွယ်ပြီး စကြဝဠာနယ်မြေ၏ ဘိုးဘေးများအား နှစ်သိမ့်ပေးနိုင်သော ထိုအခွင့်အရေးမျိုးကို တောင်းဆိုလျှင်ပင် မရနိုင်ပေ။
ထိုအရာကို မျိုးဆက်သစ်တစ်ယောက်က ဖျက်ဆီးသွားပြီး ဆရာဟန်ကိုပင် နှင်ထုတ်ခဲ့သည်။
“ငါတို့ ဝမ်မိသားစုက မြို့ရဲ့ ဟာသတစ်ခု ဖြစ်လာခဲ့ပြီ”
တခြားအကြီးအကဲတစ်ယောက်က တီးတိုးပြောလိုက်သည်။