← Chapters

လူသားစစ်တပ် ရောက်လာခြင်း

Vol. 71 Ch. 986

လူသားစစ်တပ် ရောက်လာခြင်း

Vol. 71 Ch. 986

ယဲ့ချန်သည် နတ်ဝိညာဥ်ကို ကောင်းကင်တုန်ခါဆေးအိုးထံ စေလွှတ်လိုက်ပြီး မီးတောက်များမှာ တစ်စိတ်တစ်ပိုင်း ဖိနှိပ်ခံထားရသော်လည်း အစွမ်းထက်နေဆဲပင် ဖြစ်သည်။ ဒန်တန်အတွင်း သူက အပြင်ထက် ဆယ်ဆပို၍ သန်မာသော်လည်း ၎င်းကို ဖိနှိပ်ရန် ခက်ခဲနေသဖြင့် မူလနိယာမများကိုသာ အသုံးပြုရပေလိမ့်မည်။

"ဘုန်း"

မူလနိယာမကိုးခုက စုဝေးလာကာ ဆေးအိုးအပေါ် ကျဆင်းလာသည်နှင့်တပြိုင်နက် တုန်ခါသွားပြီး မီးတောက်များ အရောင်မှိန်သွားခဲ့၏။

"မင်း ဘာလုပ်နိုင်မလဲ ကြည့်ရအောင်"

သူက ကြုံးဝါးလိုက်ပြီး နိယာမများဖြင့် ဆေးအိုးကို ဆက်တိုက်ဖိနှိပ်လိုက်သောအခါ မီးတောက်များ ဖိနှိပ်ခံလိုက်ရသော်လည်း ထိခိုက်မှုတစ်စုံတစ်ရာ မရှိပေ။ ၎င်းက အလွန်အစွမ်းထက်သောကြောင့် အပြည့်အဝ ဖိနှိပ်နိုင်စွမ်း မရှိသော်လည်း ယခင်ကဲ့သို့ ကြမ်းတမ်းနေခြင်းမရှိတော့ဘဲ လေထဲတွင် တည်ငြိမ်စွာ မျောလွင့်နေခဲ့သည်။ ၎င်းက ခုခံမည်မဟုတ်ဟု ဝေဝါးစွာ ခံစားနေရသော်လည်း သူက မပေါ့ဆဲရဲသဖြင့် စောင့်ကြည့်နေခဲ့သည်။ ကောင်းကင်တုန်ခါဆေးအိုးသည် အသိဉာဏ်ရှိသောကြောင့် ထွက်ပြေးရန် နည်းလမ်းတစ်ခု စဥ်းစားနေခြင်း ဖြစ်နိုင်၏။ အချိန်ကြာမြင့်စွာ စောင့်ကြည့်ခဲ့သော်လည်း ၎င်းက မလှုပ်ရှားသည့်အပြင် မူလနိယာမတစ်ခုနှင့် ဆက်သွယ်နေကြောင်း ယဲ့ချန်သည် အာရုံခံနိုင်ခဲ့သည်။ ၎င်းနိယာမသည် သူတော်စင်ဘုရင်၏ ပထမဆုံးဘဝတွင် နားလည်ဆင်ခြင်ခဲ့သော စွမ်းအားဖြစ်ကာ ဆေးအိုးသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မူလရတနာ ဖြစ်သောကြောင့် သူက ရုတ်တရက် နားလည်လိုက်သည်။ ဆေးအိုး၏ ပထမဆုံးပိုင်ရှင်သည် သူ၏ပထမဘဝ ဖြစ်နိုင်သောကြောင့် အခွင့်အရေးတစ်ခုကို ရှာတွေ့လိုက်ပြီ ဖြစ်သည်။

ကောင်းကင်တုန်ခါဆေးအိုးသ​ည် သခင်ကို အသိစိတ်ဖြင့် ရွေးချယ်တတ်သောကြောင့် အတင်းအကြပ် ဖိအားပေးရန် မဖြစ်နိုင်သော်လည်း ပိုင်ရှင်ဖြစ်ခဲ့ဖူးသူအတွက် ပို၍လွယ်ကူပေလိမ့်မည်။ ထိုမူလနိယာမသည် ၎င်းနှင့် ပေါင်းစပ်သွားသောအခါ အတိတ်တွင် သူတော်စင်ဘုရင်သည် မကွယ်လွန်ခင် ၎င်းကို ရှာတွေ့ခဲ့ပြီး ကျောက်စိမ်းနန်းတော်အတွင်း ထားရစ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းက ဆက်လက်ရုန်းကန်မနေတော့သဖြင့် သူက တင်ပျဥ်ခွေထိုင်ချ၍ တိတ်ဆိတ်စွာ စောင့်ဆိုင်းလိုက်ပြီး အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်လာခဲ့သည်။ မူလနိယာမနှင့် ဆေးအိုးက အပြည့်အဝ ပေါင်းစပ်သွားသောအခါ သူ့ကို ဆက်သွယ်လာသောကြောင့် အလွန်ဝမ်းမြောက်သွားခဲ့၏။ သူက နတ်ဝိညာဥ်ကို ၎င်းထံ စေလွှတ်လိုက်သောအခါ မီးတောက်များအကြားတွင် သန့်စင်ခံလိုက်ရသဖြင့် အတိတ်တွင် ကိုယ်ပွားဆေးအိုးကို ရယူခဲ့သော အဖြစ်အား သတိရလိုက်သည်။

ယဲ့ချန်၏ နတ်ဝိညာဥ်ကို ကောင်းကင်တုန်ခါဆေးအိုးက သန့်စင်ပေးခဲ့သောကြောင့် ပို၍သန်မာလာခဲ့သည်။ ဤဖြစ်စဥ်က အလွန်နာကျင်ရသော်လည်း သူက သည်းခံ၍ နတ်ဝိညာဥ်အား ဆေးအိုး၏ နေရာအနှံ့သို့ ဖြန့်ကျက်လိုက်၏။ နောက်ဆုံးတွင် မူလရတနာတစ်ခုဖြစ်သော ကောင်းကင်တုန်ခါဆေးအိုးသည် ယဲ့ချန်ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဝိညာဥ်ချင်း ဆက်နွယ်သွားခဲ့သည်။ ဤအောင်မြင်မှုတွင် သူက ပထမဆုံးဘဝကို ကျေးဇူးတင်ရမည်ဖြစ်ကာ ၎င်းနိယာမကြောင့်သာ မဟုတ်လျှင် ချောချောမွေ့မွေ့ ပြီးဆုံးသွားစရာ အကြောင်းမရှိချေ။ ၎င်းက ရတနာများကို သန့်စင်နိုင်သော အစွမ်းရှိသဖြင့် ယဲ့ချန်သည် ပိုင်ဆိုင်သော ရတနာများကို ထည့်သွင်းလိုက်သည်။ ဆေးအိုးသည် ကိုယ်ပိုင်အသိစိတ်ဖြင့် သန့်စင်ပေးနိုင်သောကြောင့် စောင့်ကြည့်ပေးရန် မလိုအပ်ချေ။

"အရှင် ကောင်းကင်တုန်ခါဆေးအိုးရဲ့ သခင် ဖြစ်သွားပြီလား"

ကျိုးလီက မေးလိုက်သောအခါ ယဲ့ချန်က အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြလိုက်သည်။ ဤအတွေ့အကြုံကို အခြေခံ၍ သူက နောက်ထပ်မူလရတနာတစ်ခုဖြစ်သော နတ်စက်လုံးကို သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။ မူလတွင် သူက ချီရှုကို စိုးရိမ်နေခဲ့သော်လည်း တစ်ဖက်လူသည် လူသားမျိုးနွယ်နှင့် ပူးပေါင်းရာတွင် ရိုးသားသောကြောင့် စိတ်ချရနိုင်ပေသည်။ နတ်စက်လုံးကို ဒန်တန်အတွင်း ထည့်သွင်းလိုက်သောအခါ ကောင်းကင်တုန်ခါဆေးအိုးကဲ့သို့ ပြင်းထန်စွာ ရုန်းကန်ခြင်း မရှိသော်လည်း သခင်ဖြစ်လာရန် မလွယ်ကူသောကြောင့် မူလနိယာမများဖြင့် ဖြည်းဖြည်းချင်း ပေါင်းစပ်ရပေလိမ့်မည်။

လူသားမျိုးနွယ်၏ အမှတ်က ကိုးသန်းကျော်အထိ တစ်ချက်တည်း မြင့်တက်သွားကာ အဆင့်ငါးမျိုးနွယ် ဖြစ်လာရန်အတွက် အမှတ်တစ်သန်းသာ လိုအပ်သည်။ မူလရတနာတစ်ခုကို ပိုင်ဆိုင်ခြင်းသည် အမှတ်ခြောက်သန်းကျော် မြင့်တက်လာစေသောကြောင့် မည်မျှအစွမ်းထက်ကြောင်း သိသာနေသည်။ သူ၏ဒန်တန်အတွင်းရှိ နတ်စက်လုံးကပါ သခင်အဖြစ် အသိအမှတ်ပြုလိုက်လျှင် အဆင့်ငါးမျိုးနွယ်တစ်ခု ဖြစ်လာပေလိမ့်မည်။ အဆင့်တစ်ခုချင်းစီတွင် လွန်စွာကွာခြားသောကြောင့် လူသားမျိုးနွယ်ဝင်များ၏ ခွန်အားက ခုန်ပေါက်တိုးတက်လာပေလိမ့်မည်။

"အရှင် ကောင်းကင်တုန်ခါဆေးအိုးကို အသုံးပြုပြီး ရတနာတွေကို သန့်စင်လိုက်ရင် လူသားမျိုးနွယ်ရဲ့အင်အား မြင့်တက်လာပါလိမ့်မယ်"

ကျိုးလီက မျှော်လင့်ချက်ရောင်ခြည်သန်းနေသော မျက်လုံးများဖြင့် အကြံပေးလာခဲ့သည်။ အတိတ်ဘဝတွင် သူတော်စင်ဘုရင် ကျရှုံးခဲ့ရခြင်းသည် သူ့အတွက် ထိုးနှက်ချက်ကြီးမားခဲ့ပြီး ယဲ့ချန်တစ်ယောက်တည်းဖြင့် လူသားမျိုးနွယ်၏ ကံတရားကို ပြောင်းလဲနိုင်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း မူလရတနာတစ်ခုဖြစ်သော ကောင်းကင်တုန်ခါဆေးအိုးကို ယဲ့ချန်က သိမ်းပိုက်လိုက်သောအခါ မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် ယဲ့ချန်သည် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၏ အစပ်သို့ စစ်ဆေးလိုက်သောအခါ ပျံသန်းလာနေသည့် မရေမတွက်နိုင်သော ယာဥ်အုပ်စုလိုက်ကို မြင်လိုက်ရသည်။ ထိုစစ်တပ်က ရှင်းဟွမ်ကင်းထောက်တပ်ထက် များစွာကြီးမားနေပြီး အနည်းဆုံး ယာဥ်ပေါင်း ဘီလီယံချီ၍ တစ်စီးချင်း၌ လူသားအရေအတွက် ရာထောင်ချီ ပါဝင်နေခဲ့သည်။

ယဲ့ချန် မသိသည်မှာ လူသားမျိုးနွယ် အဆင့်တက်လာသောအခါ ခွန်အားမြင့်မားလာသည့် ကျင့်ကြံသူအားလုံးကို လှုပ်ရှားစေခဲ့သည်။ သူတို့က ခေါင်းဆောင်ကို ရှာဖွေရန်အတွက် နီးစပ်ရာယာဥ်များဖြင့် စကြဝဠာအတွင်း ခရီးထွက်လာကြသည်။ အရေအတွက် အလွန်များပြားသောကြောင့် အဖွဲ့ဆယ်ခုကျော် ခွဲထွက်ကာ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းသို့ ရောက်လာသည်မှာ အဖွဲ့တစ်ခုတည်းသာ ဖြစ်၏။ ကျန်လူသားခေါင်းဆောင်များသည်လည်း ရောက်ရှိလာသော လူသားများကို စုဆောင်း၍ အင်အားများ လေးငါးဆမက တိုးတက်လာကြသည်။ ဤစစ်တပ်သည် လူသားခေါင်းဆောင်ကို ရှာဖွေရန် ရောက်လာကြောင်းကို သူက နတ်ဝိညာဥ်ဖြင့် ထောက်လှမ်းရာမှ သိခဲ့ရသည်။

"အဘိုး သူတို့ကို ကြိုဆိုလိုက်ပါ"

သူ၏ဒန်တန်က အလွန်ကျယ်ဝန်းပြီး ဤလူသားများကို လေ့ကျင့်ပေးလိုက်လျှင် အင်အား များပြားလာမည် ဖြစ်သောကြောင့် ယဲ့ချန်အနေဖြင့် ငြင်းစရာ အကြောင်းမရှိပေ။ ကျိုးလီက ထိုစစ်တပ်အတွင်းရှိ လူသားတစ်ယောက်ချင်းစီထံ အသံဖြင့် ဆက်သွယ်လိုက်သောအခါ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။

"ကောင်းကင်ဘုံ ငါတို့မျိုးနွယ်မှာ အာကာသနတ်တစ်ယောက် ရှိနေပါလား"

"ငါတို့ရှာတွေ့တဲ့ ခေါင်းဆောင်က အရှင်ရဲ့ လူဝင်စား ဖြစ်နိုင်တယ်"

"နောက်ဆုံးတော့ လူဝင်စားခေါင်းဆောင်ကို ရှာတွေ့ပြီ။ ကောင်းကင်က လူသားမျိုးနွယ်ကို ပစ်မထားဘူး"

"ဘိုးဘေးများ ကောင်းချီးပေးကြပါ"

"ကျွန်တော်တို့က အရှင့်နောက်ကို သေတပန်သက်တဆုံး လိုက်ချင်ပါတယ်။ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ကြရအောင်"

လူသားကျင့်ကြံသူများက ဒူးထောက်၍ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းထံ ဦးညွှတ်လိုက်ကြသည်။ သူတို့က စကြဝဠာ၏ ကြယ်ဒေသအသီးသီးမှ ဖြစ်သော်လည်း တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းဖြစ်၏။ ဘိုးဘေးများ၏ အောင်ပွဲကို ပြန်လည်ရယူနိုင်ရေးနှင့် လူသားမျိုးနွယ်၏ အနာဂတ်အတွက် အရာရာကို စွန့်လွှတ်ဝံ့သူများ ဖြစ်ကြသည်။ ဤမြင်ကွင်းကို နတ်ဝိညာဥ်မှတဆင့် မြင်လိုက်ရသောအခါ ယဲ့ချန်၏စိတ်ထဲတွင် လေးစားမှုများ ဖြစ်တည်လာကာ နှလုံးသားထဲ၌ လေးနက်သော ဆုံးဖြတ်ချက်တစ်ခု ခိုင်မာလာခဲ့သည်။ သူတော်စင်ဘုရင်သည် ရှစ်ဘဝတိုင်တိုင် လူသားမျိုးနွယ်၌ ဝင်စားရန် ရွေးချယ်ခဲ့ကြောင်းကို သူက ရုတ်တရက် နားလည်သွားခဲ့သည်။ သူ၏အတိတ်ဘဝတိုင်းတွင် လူသားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ခဲ့ပြီး ဘဝဆက်တိုင်း မျိုးနွယ်အား ကာကွယ်ပေးခဲ့သည်။ လူသားမျိုးနွယ်၌ ကောက်ကျစ်ယုတ်မာသူများ ရှိကြသော်လည်း ကာကွယ်ပေးရန် ထိုက်တန်သည့် မျိုးနွယ်တစ်ခုပင်။

"ငါက လူသားမျိုးနွယ်အတွက် တိုက်ခိုက်မယ်"

ယဲ့ချန်က လက်သီးကို တင်းကြပ်စွာဆုပ်၍ ကျိန်ဆိုလိုက်သည်။

ဘိုးဘေးနတ်ဘုရားနယ်မြေ၏ အစပ်ရှိ ရှင်းဟွမ်မျိုးနွယ်တွင် အာကာသနတ်များအားလုံး စုဝေးနေကြပြီး ရှင်းဟွမ်ဘုရင်သည် ပလ္လင်ထက်၌ နေရာယူထား၏။

"လူသားမျိုးနွယ်က အေးအေးဆေးဆေး မနေချင်တော့ဘူး ထင်တယ်"

သူက အေးစက်စက် ရေရွတ်လိုက်သည်။

"မင်းကြီး အောက်ဘုံမှာ လူသားမျိုးနွယ်တွေက စုစည်းပြီး ခေါင်းဆောင်ကို ရှာဖွေဖို့အတွက် စကြဝဠာထဲမှာ သွားလာနေကြတယ်"

အာကာသနတ်တစ်ယောက်က သတင်းပို့လိုက်သည်။

"ဒီအမှိုက်ကောင်တွေက ဘာလုပ်ချင်နေတာလဲ။ သူတို့က နတ်ပြည်ကို ပြန်ရောက်လာနိုင်မယ်လို့ တကယ်ထင်နေကြတာလား။ လက်ရှိမှာ အာကာသနတ်တစ်ယောက်တောင် မရှိဘဲ ဘယ်လိုတိုက်ခိုက်ချင်နေတာလဲ"

နောက်ထပ်အာကာသနတ်တစ်ယောက်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်​လေသည်။

All Chapters