← Chapters

မူလနတ်ပြည်ထောင်၏ ဆက်သားများ

Vol. 71 Ch. 997

မူလနတ်ပြည်ထောင်၏ ဆက်သားများ

Vol. 71 Ch. 997

ယဲ့ချန်သည် ပီဖန်း၏ရှေ့မှောက်တွင် ထွက်ပေါ်လာပြီး နတ်ဝိညာဥ်ကို ထုတ်ဖော်ကာ စတင်ပေါင်းစပ်လိုက်သည်။ ၎င်းက မနာခံလိုသော်လည်း ရိုကျိုးစွာ လက်ခံလိုက်ရပြီး ယဲ့ချန်၏သားရဲ ဖြစ်လာခဲ့သည်။ ထို့နောက် ယဲ့တန်းရွှမ်သည် လူသားစစ်တပ်ကို ဦးဆောင်၍ ထာဝရနတ်ပြည်ထောင်ကို တိုက်ခိုက်ရန် ကြယ်ယာဥ်သန်းရာချီဖြင့် ထွက်ခွာလာခဲ့၏။ ထိုအချိန်တွင် နဂါးငွေ့တန်းကြယ်အဖွဲ့အစည်း၏ တစ်ဖက်နယ်စပ်သို့ အုပ်စုတစ်ခု ရောက်ရှိလာပြီး ခေါင်းဆောင်လာသူမှာ လောကနတ် ထိပ်ဆုံးအဆင့်ဖြစ်၍ အနိမ့်ဆုံးမှာ နတ်အဆင့်များဖြစ်ကာ လူသားမျိုးနွယ်ဝင် ၁၃ယောက်ဖြစ်သည်။ ဤလောကနတ်၏ အမည်က ကွေရန်ဖြစ်ပြီး ဝေးကွာလှသော မူလနတ်ပြည်ထောင်၏ သတင်းပို့ဆက်သား ဖြစ်လေသည်။

"အခြားလူသားခေါင်းဆောင်တွေကို လေးစားရမယ်လို့ ခေါင်းဆောင်က မှာလိုက်တယ်။ ငါတို့က သူတို့နဲ့ အတူပူးပေါင်းဖို့ ရောက်လာတယ်ဆိုတာကို မမေ့ကြနဲ့"

ကွေရန်သည် လူသားခေါင်းဆောင်တစ်ယောက်ဖြစ်သော တန်လင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ တန်လင်သည် ကြယ်အဖွဲ့အစည်း၁၆ခုကို သိမ်းပိုက်ထားသည့် အရှင်သခင်တစ်ယောက်ဖြစ်ကာ မရေမတွက်နိုင်သော လူသားစစ်သည်တော်များကို ဦးဆောင်သည်။

"နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းထဲကို လူသားတွေ အမြဲတမ်း ဝင်ထွက်သွားလာနေတဲ့အတွက် လူသားအင်အားစုတစ်ခု ဖြစ်ရမယ်"

"ငါ ကြားထားသလောက်ဆိုရင် ထာဝရနတ်ပြည်ထောင်ရဲ့ လူသားခေါင်းဆောင်တွေမှာ နယ်မြေ မရှိဘူး။ ဘာကြောင့် ကိုယ့်ကိုကိုယ် နှိမ့်ချနေရမှာလဲ"

လောကနတ်တစ်​ယောက်က မောက်မာစွာ​ပြောလိုက်ခြင်းဖြစ်သည်။ သူတို့က ချောင်ကျသော မူလနတ်ပြည်ထောင်အတွင်း၌ အမြဲတမ်း နေထိုင်ခဲ့သောကြောင့် သူတို့၏အမြင်တွင် တန်လင်၏ အင်အားစုက အသန်မာဆုံး ဖြစ်နေသည်။

"ဆရာတန် ပြောသလောက်ဆိုရင် လူသားမျိုးနွယ်ခေါင်းဆောင်တွေက အတော်သန်မာကြတယ်။ ငါတို့က ပူးပေါင်းဖို့ ရောက်လာတယ်ဆိုပေမယ့် အရမ်းပျော့ပြောင်းလွန်းနေရင် အားနည်းတယ်လို့ အထင်ခံရလိမ့်မယ်။ သူတို့က ဆရာတန်လက်အောက်ကို ဝင်မယ်ဆိုရင် အကောင်းဆုံးပဲ။ တကယ်လို့ မရဘူးဆိုရင်လည်း ပူးပေါင်းဖို့ ဆွေးနွေးပြီး ထာဝရနတ်ပြည်ထောင်ကို အတူတူ တိုက်ခိုက်ရမယ်"

ကွေရန်ကိုယ်တိုင်လည်း မောက်မာနေသည်။ တန်လင်သည် ကောင်းကင်သခင်လင်ယု၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားကာ လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြင့် ရှေးဦးမူလမျိုးနွယ်၏ ရုပ်ခန္ဓာကို ရယူနိုင်ခဲ့သော ပါရမီရှင်တစ်ယောက် ဖြစ်သည်။ လက်ရှိတွင် သူက အာကာသနတ်အဆင့်ဖြစ်ပြီး လက်အောက်ငယ်သားတိုင်းမှာလည်း ရှေးဦးမူလမျိုးနွယ်၏ ရုပ်ခန္ဓာကိုယ်စီ ပိုင်ဆိုင်ထားကြ၏။ ထို့အပြင် သူက အရေအတွက် ထရီလီယံချီအောင် စုစည်း၍ ပြိုင်တူအဆင့်တက်စေခဲ့ပြီး ကောင်းကင်ကံဗျတ်စောင်းကို ထိခိုက်စေနိုင်ခဲ့သည်။ ဤအောင်မြင်မှုက သမိုင်းတွင်လောက်သော အောင်မြင်မှုမျိုး ဖြစ်သောကြောင့် ကွေရန်၏အမြင်တွင် အခြားခေါင်းဆောင်များအနေဖြင့် သူ့ကို အရိုအသေ ပေးရပေလိမ့်မည်။ မည်သည့်ခေါင်းဆောင်မှ တန်လင်ကို မယှဥ်နိုင်ဟု သတ်မှတ်ထားသော်လည်း သူက မာနတရားကို ထိန်းချုပ်ကာ နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းအတွင်း တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။

"ဘယ်သူလဲ။ နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းထဲကို ကျူးကျော်ရဲသလား"

ထိုအချိန်၌ အော်သံတစ်ခုနှင့်အတူ ဟင်းလင်းပြင် နတ်သုံးယောက်၏ ဖိအားများ ကျဆင်းလာခဲ့သည်။ ကွေရန်၏စိတ်က တုန်လှုပ်သွားကာ မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မသိရသဖြင့် ယဥ်ကျေးစွာ အသိပေးလိုက်၏။

"ကျုပ်က မူလနတ်ပြည်ထောင်ရဲ့ ဆက်သားတစ်ယောက် ဖြစ်ပါတယ်။ ငါ့သခင်က လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး စာတစ်စောင် ပေးခိုင်းလိုက်ပါတယ်။ ဒီနေရာရဲ့ ခေါင်းဆောင်ကို တွေ့ခွင့်ပေးပါ"

"ကောင်းပြီ။ မင်းတို့ကို ခေါင်းဆောင်ဆီ ခေါ်သွားပေးမယ်"

ဟင်းလင်းပြင်နတ်တစ်​ယောက်က ခဏတာစဥ်းစား၍ ခွင့်ပြုပေးလိုက်ကာ ကွေရန်နှင့် အုပ်စုကို နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းအတွင်း ဦးဆောင်ခေါ်လာခဲ့သည်။

"ကျုပ်က ခင်ဗျားတို့ကို ဘယ်လိုခေါ်ရမလဲ။ ဘာရာထူးလဲ"

ဟင်းလင်းပြင် နတ်အဆင့်များသည် ကွေရန်၏အမြင်တွင် လူသားခေါင်းဆောင်၏ လူယုံများ ဖြစ်ကြပေလိမ့်မည်။

"ရာထူးလား။ ငါတို့က ကင်းသမားတွေသက်သက်ပါကွာ။ နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းကို ကင်းလှည့်ဖို့ တာဝန်ယူထားတာပါ"

သူတို့က တစ်ချက်ပြုံး၍ပြော လိုက်သော်လည်း ကွေရန်က ဟာသလုပ်နေသည်ဟု ထင်မှတ်ခဲ့သည်။ ဟင်းလင်းပြင်နတ်များ ကင်းလှည့်နေသည်မှာ မူလနတ်ပြည်ထောင်၌ ကြားပင်မကြားဖူးသော ကိစ္စဖြစ်သည်။ သူတို့က ကြယ်အဖွဲ့အစည်း၏ အလယ်သို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာသောအခါ လေထဲတွင် လွန်းထိုးသွားလာနေသည့် ယာဥ်ကြီးတစ်စင်းအား မြင်လိုက်ရသည်။

"ဒါက ဘယ်လိုယာဥ်မျိုးလဲ"

ကြယ်ယာဥ်သည် နတ်ဆိုးယာဥ်ထက် များစွာကြီးမားသည့်အပြင် ရေးထွင်းထားသော ရုန်းများမှာလည်း ကွဲပြားနေသောကြောင့် ကွေရန်က စပ်စုလိုက်သည်။

"ကြယ်ယာဥ်"

ကင်းသမားသုံး​ယောက်က ဤသို့သော အမူအရာမျိုးကို အသားကျနေဟန်ဖြင့် ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။ သူတို့က အတွင်းသို့ရောက်လေလေ၊ ပို၍အံ့သြရလေလေဖြစ်ပြီး ကွေရန်နှင့် နောက်လိုက်များသည် မြို့ကြီးတစ်ခုသို့ ပထမဆုံး ရောက်ဖူးသော တောသားများပမာ ခံစားနေရသည်။ မြင်ရသော မြင်ကွင်းက တုန်လှုပ်စရာကောင်းနေသည့်အပြင် စကြဝဠာအတွင်း လောကနတ်အဆင့်များစွာနှင့် ဟင်းလင်းပြင်နတ်များ ဝင်ထွက်သွားလာနေကြသည်။ လူသားမျိုးနွယ်သည် ကောင်းကင်ကံဗျတ်စောင်း၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်လာသည်မှာ မကြာသေးသော်လည်း ဤနေရာရှိ ကျင့်ကြံသူများကြောင့် မျက်လုံးပြူးနေခဲ့ကြသည်။ သူတို့က နတ်အဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်မှာ ရှေးဦးမူလမျိုးနွယ်၏ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

လမ်းတလျှောက် မြင်ရ ကြားရသမျှသည် ကွေရန်နှင့် နောက်လိုက်များ၏ မောက်မာမှုကို ပျောက်ကွယ်သွားစေပြီး ပို၍ရိုကျိုးလာကြသည်။ ကွေရန်သည် လောကနတ်တစ်ယောက် ဖြစ်သောကြောင့် လူသားမျိုးနွယ်တွင် အစွမ်းထက်သည်ဟု ကိုယ့်ကိုကိုယ် သတ်မှတ်ထားသော်လည်း နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းသို့ ရောက်သောအခါ အမှိုက်တစ်စထက် မပိုကြောင်း နားလည်လိုက်၏။ မူလနတ်ပြည်ထောင်က ချောင်ကျပြီး သီးခြားကွဲထွက်နေသောကြောင့် အပြင်ကမ္ဘာမှ သတင်းများ မရခဲ့ပေ။ တန်လင်ကိုယ်တိုင်ပင် လူသားမျိုးနွယ်ကို အားနည်းသည်ဟု ထင်ထားသော်လည်း ဤနေရာရှိ လူသားမျိုးနွယ်က ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေခဲ့သည်။ ကွေရန်၏လေသံက ပို၍ယဥ်ကျေးလာပြီး မောက်မာစွာပြောဆိုနေသော လောကနတ်များမှာလည်း နှုတ်စောင့်စည်းကာ တစ်ခွန်းမှ မဟရဲတော့ပေ။

ဟင်းလင်းပြင် နတ်သုံးယောက်သည် မူလနတ်ပြည်ထောင်၏ ဆက်သားများကို ကြယ်ကောင်းကင်ခံတပ်ထံ ခေါ်ဆောင်လာခဲ့သောအခါ ဧရာမကြီးမားသော ခေါင်းကိုးလုံး သားရဲကြီးတစ်ကောင်က မြင်ကွင်းအတွင်း ဝင်ရောက်လာခဲ့သည်။ ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဝါက မြင်ရသူတိုင်း၏စိတ်ကို တုန်လှုပ်သွားစေပြီး ကွေရန်တို့အား ခြေထောက်များ ပျော့ခွေသွားသည်အထိ ကြောက်လန့်စေခဲ့သည်။ ဤအရှိန်အဝါက လောကနတ်အဆင့် တစ်ယောက်ပင် မခုခံနိုင်သော အာကာနတ်အဆင့်သာ ပိုင်ဆိုင်နိုင်သော အရာ ဖြစ်၏။ ၎င်း၏ခေါင်းထက်တွင် ပုံရိပ်တစ်ခုက တည်ငြိမ်စွာ မတ်တပ်ရပ်နေပြီး အစွမ်းထက် နတ်ချီမျိုး ထုတ်ဖော်ထားသည်။

"ခေါင်းဆောင် မူလနတ်ပြည်ထောင်ရဲ့ လူသားခေါင်းဆောင် တန်လင် စေလွှတ်လိုက်တဲ့ ဆက်သားတွေ ရောက်လာပါတယ်။ သူတို့က အခစား ဝင်ခွင့်တောင်းပါတယ်"

ဟင်းလင်းပြင်နတ်သုံး​ယောက်က ချက်ချင်းဒူးထောက်ချလိုက်ပြီး နတ်ဝိညာဥ်ဖြင့် ဆက်သွယ်ကာ သတင်းပို့လိုက်သည်။ ယဲ့ချန်၏ နတ်ဝိညာဥ် ပြန့်ထွက်လာသောအခါ ကွေရန်တို့မှာ ဒူးများ ပျော့ခွေသွားပြီး ကြောက်လန့်တကြား ဒူးထောက်လိုက်ကြ၏။

"သတင်းပို့ပါတယ် အရှင်။ ကျုပ်တို့က ကောင်းကင်သခင် တန်လင်ရဲ့ နောက်လိုက်တွေ ဖြစ်ပါတယ်။ သခင်တန်က အရှင်နဲ့ ပူးပေါင်းဖို့အတွက် စေလွှတ်လိုက်တာပါ"

ကွေရန်က သတ္တိမွေး၍ လေးစားစွာ တင်ပြလိုက်သည်။ တစ်ဖက်လူ၏ အရှိန်အဝါက တန်လင်ထက် ပို၍သန်မာကြောင်း သူက အာရုံခံနိုင်ခဲ့သည်။ ထို့အပြင် အာကာသနတ်အဆင့် သားရဲကြီးတစ်ကောင်လည်း ရှိနေသောကြောင့် နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်း၏ အင်အားက သူတို့ထက် များစွာသာလွန်နေသည်။

"မင်းတိုရဲ့ ခေါင်းဆောင် မလာဘူးလား"

ယဲ့ချန်က မေးလိုက်သည်။

"မှန်ပါတယ် အရှင်။ ဒါပေမယ့် သခင်တန်က စာတစ်စောင်ပေးလိုက်ပြီး ရှင်းဟွမ်မျိုးနွယ်ကို စစ်ကြေငြာဖို့ ပူးပေါင်းလိုနေပါတယ်"

သူ၏စကားကြောင့် ကွေရန်မှာ ခါးသက်သက် ဖြစ်သွားခဲ့သည်။ တစ်ဖက်လူက ပြိုင်ဘက်ကင်းလောက်အောင် သန်မာသောကြောင့် တန်လင်ကိုယ်တိုင် ရောက်လာလျှင်ပင် ယဥ်ယဥ်ကျေးကျေး ဆက်ဆံရပေလိမ့်မည်။ အကယ်၍ ယဲ့ချန်သာ ဒေါသထွက်သွားလျှင် လက်တစ်ဖက်ယမ်းရုံဖြင့် သူ၏တည်ရှိမှုက ထာဝရ ပျောက်ကွယ်သွားနိုင်သောကြောင့် တုန်ရီနေသည်။

"ဒီစာကို ဖတ်စရာ မလိုတော့ပါဘူး။ သိပ်မကြာခင် ငါက နတ်ပြည်ကိုသွားပြီး ရှင်းဟွမ်ဘုရင်ကို စိန်ခေါ်မယ်။ မင်းတို့ရဲ့ခေါင်းဆောင်က လိုက်ချင်တယ်ဆိုရင် နတ်ပြည်ကို လာခဲ့ဖို့ ပြောလိုက်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သောအခါတွင်မှ ကွေရန်မှာ စိတ်အေးသွားခဲ့ပြီး ကျောတစ်ခုလုံး ချွေးများ စိုရွှဲနေသည်။ နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်း၏ လူသားခေါင်းဆောင်က အာကာသနတ် ထိပ်ဆုံးအဆင့် ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။ ယဲ့ချန်က စာကို မဖတ်ခဲ့သောကြောင့် သူက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့၏။ သူက တန်လင်၏မောက်မာမှုကို ကောင်းစွာသိထားပြီး တစ်ဖက်လူသည် အာကာသနတ်ထိပ်ဆုံးအဆင့်ဖြစ်ကြောင်း မသိထား၍ စော်ကားသော စကားလုံးများ ပါဝင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့အုပ်စုအနေဖြင့် အသက်ရှင်လျက် ထွက်သွားနိုင်စရာ အကြောင်း မရှိတော့ပေ။

"ကိစ္စပြီးပြီဆိုရင် ထွက်သွားကြမယ်"

ဟင်းလင်းပြင် နတ်သုံးယောက်က ပြောလိုက်ခြ င်းဖြစ်သည်။

"လိုက်ပါပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်က စီနီယာတို့ကို တစ်ခုလောက် မေးချင်ပါတယ်။ ဒီအရှင်ရဲ့ နာမည်က ဘယ်လိုခေါ်ပါသလဲ"

ကွေရန်က သူတို့၏ဦးဆောင်မှုဖြင့် ထွက်ခွာလာရင်း နှိမ့်ချစွာ မေးလိုက်သည်။

"သူတော်စင်ဘုရင်"

ဟင်းလင်းပြင်နတ်တစ်ယောက်က ဂုဏ်ယူစွာ တစ်လုံးချင်း ဖြေလိုက်သည်။ ကွေရန်၏မျက်လုံးများ ပြူးကျယ်သွားကာ ယဲ့ချန်သည် နတ်ပြည်သို့သွား၍ ရှင်းဟွမ်ဘုရင်အား စိန်ခေါ်မည့်အဖြစ်ကို သံသယဝင်စရာ မရှိတော့ပေ။ သူ၏နောက်လိုက်များမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကာ စကားတစ်ခွန်းမှ ထွက်မလာတော့ပေ။ ထိုအချိန်တွင် ပီဖန်းသည် ယဲ့ချန်ကို သယ်ဆောင်၍ အဝေးရှိ စကြဝဠာအတွင်း ထွက်ခွာသွားသောကြောင့် ပျောက်ကွယ်နေပြီဖြစ်သည်။

"ဘာ မင်းတို့ရဲ့စစ်တပ် အကုန်လုံး အသတ်ခံလိုက်ရတယ် ဟုတ်လား"

နတ်ပြည်ရှိ ရှင်းဟွမ်နန်းတော်အတွင်း ပလ္လင်ထက်တွင် ထိုင်နေသော ရှင်းဟွမ်ဘုရင်သည် မင်ကျောက်၏ သတင်းပို့ချက်ကြောင့် လက်ထဲရှိ ကျောက်စိမ်းဝိုင်ခွက်ကို ချေမွပစ်လိုက်သည်။

"အမှိုက်ကောင်တွေ ဘာဖြစ်ခဲ့တာလဲ အတိအကျ ပြောစမ်း"

"မင်းကြီးကို တင်ပြပါတယ်။ နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းမှာ လူသားမျိုးနွယ်ဝင် အာကာသနတ်ထိပ်ဆုံးအဆင့် ခြောက်ယောက် ရှိနေပါတယ်။ ကျုပ်တို့က တည်နေရာပြောင်းဖို့အတွက် လျှို့ဝှက်ကျင့်စဥ်ကို အသုံးမပြုခဲ့ရင် အသတ်ခံနေရလောက်ပါပြီ"

မင်ကျောက်က ကြောက်ရွံ့နေဟန်ဖြင့် လေးစားစွာ လျှောက်တင်လိုက်၏။

"အာကာသနတ် ထိပ်ဆုံးအဆင့် ခြောက်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းတို့ သေချာလား"

ရှင်းဟွမ်ဘုရင်၏ မျက်လုံးများ အေးစက်တင်းမာလာခဲ့လေသည်။

All Chapters