← Chapters

ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ

Vol. 86 Ch. 1114

ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ

Vol. 86 Ch. 1114

ပိုင်ယွီကျင့်က ချုံးဟွာနန်းတော်မှ ထွက်လာသည်။ သူမ တစ္ဆေတစ်ကောင်လို ဖြတ်ခနဲ ပျောက်သွားသည့်အချိန် တခြားပိုင်ယွီကျင့်သည် အထဲ၌ အလုပ်ကိစ္စများ လုပ်လျက် ကျန်ခဲ့၏။

သူမ၏ကျင့်စဉ်မှာ အလွန်ထူးခြားပေသည်။ အဘယ်ကြောင့်ဆိုသော် ချုံးဟွာနန်းတော်၌ ကျန်ရစ်ခဲ့သော အခြားပိုင်ယွီကျင့်မှာ သူမနှင့် တစ်ထေရာတည်း ချွတ်စွပ်တူသည့် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင် ဖြစ်နေသောကြောင့်ပင်။

ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ကေင်းကင်ဆရာသခင်တစ်ပါး ဖြစ်လာသူများကား ကောင်းကင်အရှင်သခင်ဂုဏ်ထူးနှင့် ထိုက်တန်ကြ၏။

အထူးသဖြင့် ပိုင်ယွီကျင့်ပင်။ ကောင်းကင်ယင်သားတော်နှင့် ထိပ်တိုက်တွေ့ရမှုများက သူမအား မာယာပရိယာယ်ကြွယ်ဝလာစေခဲ့သည်။ ထို့အပြင် နာကျင်စွာ ပြန်လည်ရှင်သန်ခဲ့ရသော အဖြစ်များလည်း ရှိသည်မဟုတ်ပါလော။ ထိုခံစားချက်ကို ပြန်တွေးရင်း မိမိအသက်ကိုယ်မိမိ ကာကွယ်ရန် အစီအစဉ်များ ချရသည့်အခါ သူမသည် ကောင်းကင်ယင်သားတော်ကိုပင် ပြန်လည်လှည့်စားလာနိုင်ခဲ့၏။

တစ်ပါးသူများအပေါ် ကောက်ကျစ်ယုတ်မာတတ်သော ကောင်းကင်ယင်သားတော်မှာ သူမကြောင့် အကြိမ်များစွာ သေအံ့ဆဲဆဲ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုံသည် သူမ၏ အစွမ်းအစများနှင့် ပရိယာယ်များကို အထင်ကြီးလာခဲ့ကာ အနောက်ပိုင်းဂိုဏ်းစစ်တပ်အား တာဝန်ယူရသော ‌ကောင်းကင်အရှင်သခင်အဖြစ် ခန့်အပ်ခဲ့၏။

မကြာမီ ပိုင်ယွီကျင့်က ချင်မူနှင့် နဂါးချီလင်တို့ ထွက်သွားသော ဘက်သို့ လိုက်သွားသည်။ သူမမှာ သိသိသာသာ ဇဝေဇဝါ ဖြစ်နေသည်။ ‘ကောင်းကင်နတ်အရှင်မူလား.. ငါ့ကို ရတနာပြခဲ့တဲ့ ကောင်လေးက ကောင်းကင်နတ်အရှင်မူလား... သူတို့က ရုပ်လည်း မတူပါဘူး.... သူ ‌ကောင်းကင်နတ်ဘုံဆီ လာတုန်းက ငါ အမှတ်တမဲ့ပဲ မြင်ခဲ့ဖူးတာ.... အာ ဟုတ်သား ကောင်းကင်နတ်အရှင်မူက နဂါးဟန်ခေတ်ရဲ့ ပထမနှစ်ကို အချိန်ကူးပြောင်းရောက်သွားလို့ နာမည်တစ်လုံးနဲ့ ကျော်ကြားလာတဲ့သူပဲလေ... အဲဒီတုန်းက သူ့ရုပ်သွင်နဲ့ အခု ရုပ်သွင်က ဘယ်တူပါ့မလဲ...’

သူမ မစဉ်းစားမိဘဲ မနေပေ။ “ဘာကြောင့် ကောင်းကင်နတ်အရှင်မူက ငါ့ကို အဲဒီကျောက်စိမ်းလည်ဆွဲ ပေးခဲ့တာလဲ... ဘာကြောင့် ကောင်းကင်ယင်သားတော်ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကနေ ကာကွယ်ပေးခဲ့တာလဲ... ကောင်းကင်နတ်အရှင်ယွဲ့ ငါ့ဆီ ပေးထားတဲ့ ငှက်တောင်ကို ဘာလို့ ညာယူသွားတာလဲ”

သူမမှာ နားမလည်သည့်အတွက် အနောက်ပိုင်းဂိုဏ်း၏ စွမ်းအင်အကူးအပြောင်းတံတားဆီ လျှောက်သွားတော့သည်။

‘ကောင်းကင်နတ်အရှင်မူက ဒီတစ်ခေါက် အဆုံးမဲ့တိမ်တိုက်နန်းတော်ကို သွားနေတာလား.... အဲဒါက အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ဝေစွေ့ဖုန်းရဲ့ ပိုက်နက်လေ.... သူက ကောင်းကင်နတ်အရှင်မူရဲ့ အစ်ကိုကြီးလို့လည်း ငါ ကြားဖူးသလားလို့’

ပိုင်ယွီကျင့် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ ‘ဝေစွေ့ဖုန်းက ခိုင်ဧကရာဇ်ရဲ့ တပည့်မှန်း ကောင်းကင်နတ်အရှင်ရှောင် ရှာတွေ့ခဲ့လို့ ငါ့ကိုတောင် ထောင်ချောက်ထောင်ခိုင်းသေးတယ်... ငါက အစိမ်းရောင်နတ်မင်းနဲ့ ပူးပေါင်းပြီးမှပဲ သူ့ကို ဖမ်းနိုင်ခဲ့တာ... အဲဒီလူက သိပ်သန်မာတယ်... အဆုံးမဲ့တိမ်တိုက်နန်းတော်မှာ သူ့ကို ထောင်ဖမ်းဖို့ အစိမ်းရောင်နတ်မင်းအကူအညီသာ မရှိရင် ငါ မ‌အောင်မြင်နိုင်ဘူး.... ကောင်းကင်နတ်အရှင်မူက သူ့အစ်ကိုကြီးအတွက် ကလဲ့စားချေချင်လို့ ငါ့ကို အဆုံးမဲ့တိမ်တိုက်နန်းတော်ဆီ လာစေချင်တာများလား’

သူမမှာ မီးငှက်တောင်ကို ကြည့်ကာ တွန့်ဆုတ်နေသည်။

မီးငှက်တောင်ဆီမှ မီးငှက်အထွတ်အမြတ်မီးလျှံတချို့ ထွက်လာသည်။

အထွတ်အမြတ်မီးတောက်များသည် အတိုင်းထက်အလွန် အားကောင်းပြင်းထန်၍ မည်သည့်အရာကိုမဆို လောင်ကျွမ်းပြာချပစ်နိုင်၏။ ကောင်းကင်မီးလျှံ၏ မဟာတာအိုမီးတောက်များနှင့်ယှဉ်လျှင် ဒုတိယလိုက်သော်လည်း ကောင်းကင်မီးလျှံထက် အန္တရာယ်ပိုများသည်။

‌ကောင်းကင်မီးလျှံက အဏုမြူသလင်းကျောက်မီးတောက် ဖြစ်သည်။ ပုံမှန်အားဖြင့် ဘေးကင်းသည့်အပြင် စွမ်းအားသည် မလှုံ့ဆော်လိုက်သ‌ရွေ့ ထွက်မလာပေ။ သို့သော် မီးငှက်အထွတ်အမြတ်မီးတောက်က ကြမ်းသည်။ ကောင်းကင်နှင့်မြေကြီးကို အချိန်မရွေး မီးလောင်တိုက်သွင်းပစ်နိုင်၏။

သို့သော် ပူသည်ဟု သူမ မခံစားရပေ။

ပိုင်ယွီကျင့် နားမလည်နိုင် ဖြစ်နေသည်။

သူမ၏သိုင်းအဆင့်က မြင့်မားသော်လည်း မီးကောင်းကင်နတ်သိုင်းများနှင့်ပတ်သက်၍ မလေ့လာဖူးပေ။ သူမ၏ ကောင်ကင်နတ်သိုင်းက နေရာဟင်းလင်းပြင်လမ်းစဉ်အပေါ် အခြေခံထားသည့်အပြင် တာအိုဂိုဏ်း၏ သင်္ချာနှင့် ဗုဒ္ဓကျမ်းစာများကိုလည်း တတ်မြောက်သည်။

ထိုစဉ်တုန်းက မသေရန်အလို့ငှာ သူမသည် တာအိုဘိုးဘေးကြီး၏ တာအိုဂိုဏ်းအောက်တွင် တာအိုရသေ့မတစ်ဦးအဖြစ် တစ်သက်သာ ကုန်ဆုံးခဲ့ဖူး၏။ ဗြဟ္မဗုဒ္ဓအောက်တွင်လည်း ဗောဓိသတ္တတစ်ပါးအဖြစ် တစ်ဘဝ စံမြန်းတော်မူခဲ့ဖူးသည်။

မီးကောင်းကင်နတ်သိုင်းများနှင့် မရင်းနှီးသည့်တိုင် မီးငှက်အထွတ်အမြတ်မီးတောက်က သူမကို အန္တရာယ်မပြုရာ စိတ်ဝင်စားမိလာစေသည်။

ဤမီးငှက်တောင်ကို ကောင်းကင်နတ်အရှင်ယွဲ့မှ သူမဆီ ပေးခဲ့ခြင်း ဖြစ်သည်။ ဤအရာက သူမ၏ဇာတိနှင့် ဇစ်မြစ်နှင့် ပတ်သက်သည်ဟုလည်း ပြောခဲ့ဖူး၏။ သို့သော် ပိုင်ယွီကျင့်မှာ အတိတ်ဘဝ ၁၉၇ ဘဝအား မှတ်မိနိုင်ပြီဖြစ်သည်။ ၉၉ ဘဝမြောက်၏ အရှေ့ဘဝများတွင် ကောင်ကင်နတ်အရှင်ယွဲ့က သူမကို မီးငှက်တောင်ကို ပေးကာ ထိုအတိုင်း အမြဲပြောခဲ့ဖူးသည်။ သူမ၏ မှတ်ဉာဏ်များအနေဖြင့် ကမ္ဘာဦးခေတ်သို့ပင် ပြန်နောက်ကြောင်းလိုက်နိုင်သော်လည်း သူမ ထိုသို့မလုပ်ချင်ပေ။

သို့သော် သိချင်မိသေးသည်။

စွမ်းအင်အကူးအပြောင်းတံတားထဲ သူမ ဝင်တော့မည့်အချိန်မှာပဲ ချုံးဟွာနန်းတော်အတွင်းရှီ အခြားပိုင်ယွီကျင့်က သူမ၏စစ်တပ်ကို မဟာလေဟာနယ်သို့ ချီတက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။

ထိုနေရာရှိ စခန်းထဲတွင် နတ်ဘုရားများ၊ မိစ္ဆာများသည် အနောက်နတ်မင်းး၏ ရုပ်ခန္ဓာအတိုင်း တည်ဆောက်ထားသော အနောက်နတ်မင်း ကောင်းကင်လက်နက်ကို ကိုင်ဆောင်ထားကြ၏။ ထိုလက်နက်က ကြီးမားပြီး အဆုံးမဲ့သောစွမ်းအင်တို့ ကိန်းဝပ်နေသည်။

စွမ်းအင်အကူးအပြောင်းတံတားဆီ ချီတက်နေကြသည့် မိစ္ဆာထောင်ချီအကြားထဲ၌ သက်လတ်ပိုင်း ရဟန်းတစ်ပါးနှင့် သက်လတ်ပိုင်း ရသေ့တစ်ပါးတို့မှာ ထင်းနေသည်။

ပိုင်ယွီကျင့်က သူတို့နှစ်ယောက်ကို တားကာ ပြောသည်။ “ရသေ့ကြီးပိုင်ယွီ၊ ကိုယ်တော်လင်ယွဲ့ ဒီကို ခဏလောက် ကြွပါဦး ... ကျွန်မ ကိုယ်တော်တို့အမြင်ကို မေးစရာ ရှိလို့”

သူတို့က ရှေ့တက်လာကြပြီး မေးလေသည်။ “ဘာများလဲ ကောင်းကင်အရှင်သခင်”

သူတို့သည် သူမဆီမှ ပညာသင်ယူရန် ရောက်လာခဲ့ကြသော တာအိုဂိုဏ်းနှင့် ဗုဒ္ဓဂိုဏ်း၏ တပည့်များ ဖြစ်ကြ၏။ သူတို့မှာ အဆင့်နိမ့်ကျသော်လည်း ပိုင်ယွီကျင့်က သူတို့၏ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိကို မြင်နိုင်လေသည်။ သူတို့က သူမအတွက် မကြာခဏ ဗျူဟာရေးဆွဲပေးတတ်သလို၊ ရှားမှ ရှားသော ပါရမီရှင်များလည်း ဖြစ်သည့်အတွက် အားကိုးရသည်။

ပိုင်ယွီကျင့်မှာ ဖန်တရာတေအောင် သေပြီးနောက်မှ ဉာဏ်ပညာ တိုးတက်လာခဲ့ခြင်း ဖြစ်သော်လည်း သူတို့ကမူ သဘာဝအလျောက် ဉာဏ်အမြော်အမြင် ကြီးမားကြသူများ ဖြစ်သည့်အတွက် အခက်ကြုံရတိုင်း သူတို့ဆီမှ အကြံ‌တောင်းတတ်လေသည်။

ကောင်းကင်လက်နက်ကို မဟာလေဟာနယ်သို့ သယ်ဆောင်သွားရန် ကိစ္စကိုလည်း သူတို့နှစ်ယောက်ဆီ လွှဲအမ်းထား၏။

ပိုင်ယွီကျင့်က သူမစိတ်ထဲရှိ အတွေးများကို ပြောပြလိုက်သည်။ ရသေ့နှင့် ရဟန်းသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ကိုယ်တော်လင်ယွဲ့က ပြုံးတော်မူ၏။ “ကောင်းကင်နတ်အရှင်မူနဲ့ ရင်းနှီးလွန်းသွားရင် ကျန်တဲ့‌ကောင်းကင်နတ်အရှင်တွေနဲ့ မသင့်မမြတ် ဖြစ်ရမှာ စိုးရိမ်နေတာလား.. ဒါမှမဟုတ် ကောင်းကင်နတ်အရှင်မူက အဆုံးမဲ့တိမ်တိုက်ဧကရာဇ်အတွက် ဒကာမကြီးကို ကလဲ့စားပြန်ချေမှာ ကြောက်နေတာလား”

ပိုင်ယွီကျင့်သည် ဖြေလိုက်၏။ “နှစ်ခုလုံးပဲ”

ကိုယ်တော်လင်ယွဲ့က သူမကို မေးခွန်းပြန်ထုတ်သည်။ “ကောင်းကင်နတ်အရှင်မူသာ ဒကာမကြီးကို အန္တရာယ်ပြုချင်ရင် နဂါးဟန်ခေတ်မှာကတည်းက လုပ်ခဲ့မှာပဲ... သူ့အနေနဲ့ ဒကာမကြီးကို မကယ်ဘဲ ထားခဲ့လိုက်လို့ ရတာပဲလေ... အဲဒါဆို ဒကာမကြီး ကောင်းကင်သားတော်ယင်လက်ချက်ကြောင့် သေသွားပြီး လူပြန်ဝင်စားနိုင်တော့မှာ မဟုတ်ဘူး.. သူ ဘာကြောင့် ဒုက္ခခံနေတော့မလဲ”

ပိုင်ယွီကျင့်လည်း သူဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသဖြင့် စိတ်အေးလက်အေး ဖြစ်သွားသည်။ “ကျွန်မ သူ့ကို သွားရှာမယ်... မဟာလေဟာနယ်ဆီ ကောင်းကင်လက်နက် သယ်ဆောင်သွားဖို့ ကိစ္စက ကိုယ်တော်တို့ဆီပဲ လွှဲရတော့မယ်... ကိုယ်တော်တို့က ဉာဏ်အမြော်မြင် ကြီးမားပြီး ထက်မြက်ကြတဲ့အတွက် လမ်းမှာ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကြပါ... သတိလည်း ထားကြပါ... အဲဒီခိုင်ဧကရာဇ်ချင်ယဲ့လက်အောက်မှာ ပါရမီရှင်တွေ အများကြီး ရှိတယ်.. ကောင်းကင်ဆရာသခင်လေးယောက်လည်း ရှိထားတယ်... “

သူမက ရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ “ကောင်းကင်ဆရာသခင် တံငါသည်နဲ့ သိုင်းပညာ ကောင်းကင်ဆရာသခင်က စိတ်ပူစရာမလိုဘူး... တန်ခိုးရှင်သစ်ခုတ်သမားနဲ့ ကောင်းကင်ဆရာသခင် စာပေသမားကိုပဲ စိတ်ပူရမယ်.. အထူးသဖြင့် သစ်ခုတ်သမား... သူက ကောက်ကျစ်တယ်... ကျွန်မ သူနဲ့ ခဏခဏ တိုက်ခိုက်ဖူးတယ်... မနိုင်ခဲ့ဘူး... ကျစ်ရှီလို့ခေါ်တဲ့ ကောင်းကင်ဆရာသခင် စာပေသမားကိုရောပဲ... သူက စာပေသမားဆိုပေမယ့် သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာက ကြီးမြတ်တော့ အန္တရာယ်များတယ်”

တာအိုရသေ့ပိုင်ယွီနှင့် ကိုယ်တော်လင်ယွဲ့တို့ ခေါင်းညိတ်လိုက်ကြသည်။

ပိုင်ယွီကျင့်မှာ တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ကျောက်စိမ်းလည်ဆွဲတစ်ကုံးနှင့် လက်ကိုင်ပဝါတစ်ထည် ထုတ်ကာ ပြောလိုက်၏။ “ကျစ်ရှီက အင်အားကြီးတယ်... ကိုယ်တော်တို့ သူ့ကို မနိုင်တော့ရင် ဒီပစ္စည်းနှစ်ခု ထုတ်ပြလိုက်ပါ”

သူမအသွင်သည် ရှက်ရွံ့သွားသော အမူအရာလေး ရှိ၏။ “သူက ကျွန်မကို ကျောက်စိမ်းလည်ဆွဲ ပေးခဲ့တယ်... ကျွန်မလည်း အပြန်အလှန်အနေနဲ့ လက်ကိုင်ပဝါ ပေးချင်လို့ သိမ်းထားတာ.... ဒီပစ္စည်းနှစ်ခု သူ့ကို ပြလိုက်... သူ ကိုယ်တော်တို့ကို လွှတ်ပေးလောက်မှာပါ... သွားလို့ရပြီ”

သူတို့နှစ်ယောက်မှာ မိန်းမဆန်နေသည့် သူမပုံစံကို တွေ့ရရှားသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင် ကြည့်လိုက်မိကြသည်။

ပိုင်ယွီကျင့်က သူတို့နှစ်ယောက်ကို မောင်းထုတ်ပြီးနောက် အဆုံးမဲ့တိမ်တိုက်နန်းတော်ဆီ ဦးတည်သော စွမ်းအင်အကူးအပြောင်းတံတားဆီ ခပ်သုတ်သုတ် ဝင်သွားတော့သည်။

သူတို့နှစ်ယောက်လည်း အနောက်ပိုင်းဂိုဏ်းစစ်တပ်ကို ဦးဆောင်လျက် ကောင်းကင်နတ်ဘုံမှ ထွက်လာခဲ့ကြ၏။ သင်္ဘောမရှိသောကြောင့် ရထားလုံးများသာ စီးကြရသည်။ သင်္ဘောထက် မြန်‌သော်လည်း အနောက်နတ်မင်း ကောင်းကင်လက်နက်ကို စောင့်ရှောက်ရန် အရှိန်လျှော့ထားရ၏။

“‌ကောင်းကင်အရှင်သခင်ပိုင် ကြည့်ရတာ ကောင်းကင်ဆရာသခင်ကျစ်ရှီကို သဘောကျနေသလိုပဲနော်”

ကိုယ်တော်လင်ယွဲ့က ခပ်တိုးတိုး ပြောသည်။ “ကောင်းကင်ဆရာသခင်ကျစ်ရှီက မိန်းကလေးမှန်း တကယ် မသိတာလား”

ရသေ့ကြီးပိုင်ယွီက ပြန်ဖြေ၏။ “မသိဘူးထင်တာပဲ.... သူ့ကြည့်ရတာ တော်တော်လေး ချစ်နေတဲ့ပုံပေါက်တယ်... သိုင်းပညာကောင်းကင်ဆရာ ကွမ်းချာလည်း ကျစ်ရှီက မိန်းကလေးမှန်း မမြင်ဘူးလေ”

ကိုယ်တော်လင်ယွဲ့သည် ပြုံးလျက် ပြောလေသည်။ “သိုင်းပညာကောင်းကင်ဆရာသခင်က နွားထက် ပိုပြီး ဉာဏ်ရှိတယ်ဆိုရုံလေးပဲဟာ... ဒါပေမဲ့ ပိုင်ယွီကျီက သိပ်ပါးနပ်တဲ့လူ... သူလိုလူက ကောင်းကင်ဆရာသခင်ကျစ်ရှီကို သဘောကျနေတာဆိုတော့... ဒီအမျိုးသမီးနှစ်ယောက်တော့....”

တာအိုရသေ့ကြီးပိုင်ယွီက သူ့ကို ကြည့်၍ ချောင်းဟန့်လိုက်၏။ “ဧကရာဇ်၊ အခု ဘုန်းကြီးဝတ်ကြီးနဲ့နော်....ဣန္ဒြေလေးဘာလေး ထိန်းဦး”

ကိုယ်တော်လင်ယွဲ့သည် သိက္ခာတော်ရ ရဟန်းတစ်ပါး ဖြစ်သွားသကဲ့သို့ ချက်ချင်း တည်ကြည်လေးနက်လာပြီး ပြောလိုက်၏။ “ပိုင်ကွေ့၊ မင်း ဒီခရီးအတွက် ဘာပြင်ဆင်ထားလဲ... ငါတို့က တကယ်ပဲ လက်နက်ကို မဟာလေဟာနယ်ဆီ ပို့ဆောင်ပေးရမှာလား”

တာအိုရသေ့ပိုင်ယွီက ပြုံးလိုက်သည်။ “ကျားဖြူက စစ်တပ်ကို ထိန်းချုပ်ပြီး တာအိုပညာရှင် ရှေးဟောင်းနတ်ဘုရားတွေကိုပဲ သတ်ဖို့ အသုံးချခဲ့တယ်... ကောင်းကင်နတ်အရှင်ဆယ်ပါးဆီမှာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ရှိတယ်... ကျွန်တော်တို့က နတ်မင်းလေးပါး နတ်လက်နက်တွေကို ထိန်းချုပ်ထားတယ်... ‌ကောင်းကင်နတ်ဘုံရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေရဲ့ အင်အားကို ကျွန်တော်တို့ စမ်းသပ်ကြည့်ရင် စမ်းသပ်ကြည့်နိုင်မှာပေါ့”

သူက လေးနက်သောအကြည့်ဖြင့် ခပ်တိုးတိုး ပြောလိုက်၏။ “မဟာလေဟာနယ်က အကြီးအကျယ် သွေးချောင်းစီးမယ့် နေရာဖြစ်ဖို့ ကံကြမ္မာပါလာပြီးသားပဲ”

All Chapters