← Chapters

ထိုးဖောက်ပစ်မည့် တိုက်စစ်

Vol. 86 Ch. 1115

ထိုးဖောက်ပစ်မည့် တိုက်စစ်

Vol. 86 Ch. 1115

နှစ်၀က်ခန့်ကြာသည့်အခါ နတ်မင်းလေးပါး ကောင်းကင်လက်နက်များကား မဟာလေဟာနယ်နှင့် ကစဉ့်လျားဟင်းလင်းပြင်သို့ ပို့ဆောင်ခံခဲ့ရသည်။

မဟာလေဟာနယ်၏ ကြောက်စရာအကောင်းဆုံးအပိုင်းသည် ၀င်ပေါက်နှင့် မဟာလေဟာနယ် ကြားရှိ ကြယ်တာရာခရီး ဖြစ်၏။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ၊ မိစ္ဆာများက ထိုနေရာကို ကစဉ့်လျားဟင်းလင်းပြင်ဟု နာမည်ပေးထားကြလေသည်။

ကစဉ့်လျားဟင်းလင်းပြင်တွင် လိုချင်အရာဟူသမျှ ရရှိနိုင်ပြီး အတွေးတိုင်းသည် အရှိတရားဖြစ်လာ၏။

လူတစ်ယောက် စိတ်ထဲရှိ အကြောက်တရားများလည်း အမှန်တကယ် ဖြစ်ပေါ်လာသည်။ စိတ်နှလုံးမိစ္ဆာတို့ကလည်း အမှန်ဖြစ်လာပြီး လိုက်လံသတ်ဖြတ်တတ်၏။

ထိုနေရာ၏ ဟင်းလင်းပြင်ထဲတွင် မဟာ‌ဧကရာဇ် မဟာ‌လေဟာနယ်ထဲသို့ ချင်းနင်းကျူးကျော်ခဲ့မှုကြောင့် ဖရိုဖရဲပြိုကွဲသွားသော ကစဉ့်ကလျား ပိုင်ရှင်မဲ့ အသိစိတ်အလျဉ်များ ပြည့်နှက်နေသည်။ မဟာလေဟာနယ်သည် ကမ္ဘာဦးအစ ဖန်ဆင်းရှင်တို့ မြင်ယောင်ဖန်ဆင်းခဲ့သော နေရာတစ်နေရာ ဖြစ်၏။ သို့ထိတိုင် ဤကမ္ဘာပြိုလဲသွားချိန်တွင် မရေမတွက်နိုင်သော ဖန်ဆင်းရှင်များလည်း သေဆုံးသွားခဲ့ကြရာ သူတို့ မြင်ယောင်ဖန်ဆင်းခဲ့သော ကောင်းကင်၊ မြေကြီးနှင့် ကြယ်တာရာတို့လည်း လေဟာနယ်နှင့်အတူ ဖျက်ဆီးခံခဲ့ရသည်။

အပြင်လူများ ၀င်ရောက်လာသည့်အခါ သူတို့စိတ်ထဲရှိ မိစ္ဆာများသည် ပိုင်ရှင်မဲ့အသိစိတ်အလျဉ်တို့၏ ဖမ်းယူခြင်းခံရကာ အမှန်တကယ် ဖွဲ့တည်လာကြ၏။

ထို့ကြောင့်ပင် ကောင်းကင်နတ်ဘုံ၏ စစ်တပ်နှင့် တပ်မှူးများ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ခြင်းပင်။

သို့သော် နတ်မင်းလေးပါး ကောင်းကင်လက်နက်များတွင် စိတ်နှလုံးမိစ္ဆာမျိုး မရှိသဖြင့် မဟာလေဟာနယ်၏ ဆန်းပြားမှုများအား ကျော်လွှားနိုင်လေသည်။

ကောင်းကင်နတ်ဘုံမှ ဂိုဏ်းလေးဂိုဏ်း၏ စစ်တပ်များသည် ပျက်စီးနေနေသည့် ‌လေဟာနယ်ထဲသို့ လက်နက်များ စေလွှတ်ခဲ့ကြ၏။ အစပိုင်းတွင် အင်အားကြီးမားသော ကောင်းကင်လက်နက်များက သူတို့ပတ်၀န်းကျင်ရှိ ကစဉ့်ကလျား အသိစိတ်အလျဉ်တို့ကို ဖိနှိပ်နိုင်ခဲ့သဖြင့် အရာအားလုံး အဆင်ပြေခဲ့သည်။ ထို့နောက် သူတို့က လေဟာနယ်၏ ဧရိယာတစ်ပိုင်းကို စောင့်ရှောက်ကြကာ ကောင်းကင်နတ်ဘုံ၏စစ်တပ် မဟာလေဟာနယ်၏ ၀င်ပေါက်မှ အတွင်းထဲသို့ တိုက်ရိုက်၀င်ရောက်နိုင်ရန် ရည်ရွယ်ခဲ့ကြသည်။

သို့ထိတိုင် ကောင်းကင်လက်နက်များအား နေရာချနေစဉ် မည်သူမှ မျှော်လင့်မထားသည့် အဆန်းတကြယ်ပြောင်းလဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ ကောင်းကင်လက်နက် အနောက်နတ်မင်းသည် ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာကာ အနောက်ပိုင်းဂိုဏ်းစစ်တပ်ကို သတ်ဖြတ်ခဲ့သဖြင့် ၀ရုန်းသုန်းကား ဖြစ်ခဲ့၏။

တာအိုရသေ့ပိုင်ယွီနှင့် ကိုယ်တော်လင်ယွဲ့က အနောက်နတ်မင်း၏ ပခုံးတစ်ဖက်စီတွင် ရပ်လျက် ရှိနေပြီး သူတို့၏မူလဝိညာဉ်များသည် ကောင်းကင်လက်နက်ကို မောင်းနှင်ရင်း သောင်းကျန်းနေသည်။

‌ကောင်းကင်လက်နက် အ‌နောက်နတ်မင်းသည် အနောက်နတ်မင်း၏ ရုပ်ခန္ဓာကို ကူးယူ၍ ဖန်ဆင်းခဲ့သော ကောင်းကင်လက်နက်တစ်လက်ဖြစ်၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် မတူသော်လည်း အတော်လေး အံ့အားသင့်ဖွယ် ကောင်းချေသည်။ သူတို့အနေဖြင့် ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးကို ထိန်းချုပ်နေရသကဲ့သို့ ကောင်းကင်နတ်သိုင်းတို့ဖြင့် ၎င်းကို ကြိုးကိုင်ချယ်လှယ်နိုင်သည်။

ကောင်းကင်လက်နက် အနောက်မင်းက သူတို့၏ ကောင်းကင်နတ်သိုင်းတို့ကို အသက်သွင်းလိုက်သည့်အခါ ဓားရောင်များသည် ကျယ်ပြောလှသည့် ကစဉ့်လျားဟင်းလင်းပြင်အတွင်း၌ ကြက်ခြေခတ်သွား၏။ မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ရွှေရောင်နဂါးတို့က ပျံသန်းရစ်ဝဲလျက် စစ်ရထားများကို ဖျက်ဆီးကာ ရထားလှည်းပေါ်ရှိ လူတို့ကို သတ်ဖြတ်နေကြသည်။ အလောင်းများမှာ လေဟာနယ်တခွင် ပြန့်ကြဲနေတော့သည်။

ကစဉ့်လျားဟင်းလင်းပြင်အတွင်းထဲရှိ ထိုဧရိယာမှာ ပျောက်ဆုံးသွားချေပြီ။ အနောက်ပိုင်းဂိုဏ်းစစ်တပ်မှာ ရှုံးနိမ့်သွားသဖြင့် မိစ္ဆာတို့က စစ်သားများ၏ နှလုံးသားထဲတွင် မွေးဖွားလာကာ လေဟာနယ်ထဲ၌ အမှန်တကယ် ဖြစ်တည်လာကြသည်။

“ပထမဆုံး အနောက်ပိုင်းဂိုဏ်းစစ်တပ်ကို ဖျက်ဆီးမယ်... ပြီးရင် တောင်ပိုင်းဂိုဏ်းစစ်တပ်...ပြီးရင် အရှေ့ပိုင်းဂိုဏ်းစစ်တပ်... အဲ့ဒီနည်းနဲ့ဆို ကျွန်တော်တို့ တောင်နတ်မင်း ကောင်းကင်လက်နက်ရော၊ အရှေ့နတ်မင်း ကောင်းကင်လက်နက်ကိုပါ ယူလို့ရမယ်”

တာအိုရသေ့ပိုင်ယွီက ခပ်ပြတ်ပြတ် ပြောသည်။ “မြောက်ပိုင်းဂိုဏ်းစစ်တပ်ကတော့ နောက်ဆုံးပေါ့... မြောက်နတ်မင်း ကောင်းကင်လက်နက်ကို ယူပြီးတာနဲ့ မဟာလေဟာနယ်ထဲ ၀င်ပြီး ရွှင်ပျော်ပျော်ကျေးရွာရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေနဲ့ တွေ့လို့ရပြီ”

ကိုယ်တော်လင်ယွဲ့သည် မျက်မှောင်ကြုတ်သွား၏။ “ငါတို့က အံ့မခန်းလိလိ အစွမ်းထက်နေရင်တောင် ဂိုဏ်းကြီးလေးဂိုဏ်းစစ်တပ်တွေနဲ့ ယှဉ်နိုင်ပါ့လား... စစ်တပ်တစ်တပ်စီက ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင် လေး၊ ငါးယောက်နဲ့ ယှဉ်နိုင်တယ်.... ပြီးတော့ သူတို့က ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေး‌ဦးလက်အောက်ကပဲ.... ဉာဏ်အမြော်အမြင်ကြီးမားတဲ့ တပည့်တွေလည်း အများကြီးပါတယ်.... ခက်ခဲလိမ့်မယ်”

“ဧကရာဇ်၊ စစ်ပွဲမှာ အမြန်နှုန်းက အရေးပါတဲ့ အရာတစ်ခုပဲ.... ဧကရာဇ်ပြောတဲ့အတိုင်းဆို ကျွန်တော်တို့ သေနေပြီ ... ဒါကြောင့် ကျွန်တော်တို့ တိုက်စစ်နဲ့ ထိုးဖောက်နိုင်ပြီး အနိုင်ယူမှ ရမယ်.... တိုက်ခိုက်မယ်ဆိုရင် သူတို့ကို အငိုက်ဖမ်းရမယ်”

တာအိုရသေ့ပိုင်ယွီက ရုတ်တရက် ပြောသည်။ “ပြီးတော့ ကျွန်တော်တို့ချည်းပဲ မဟုတ်ဘူးလေ... ဧရာမစစ်တပ်ကြီးရှိတာပဲဟာ”

ကိုယ်တော်လင်ယွဲ့မှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သူ လှည့်ကြည့်လိုက်သည့်အခါ သူတို့ထံ အစုလိုက်အပြုံလိုက် လာနေသော ကြောက်မက်ဖွယ်ရာ စိတ်နှလုံးမိစ္ဆာများစွာအား တွေ့လိုက်ရသည်။

တာအိုရသေ့ပိုင်ယွီက ပြော၏။ “သူတို့က ကျွန်တော်တို့ရဲ့ စစ်တပ်ပဲ... သူတို့အကူအညီနဲ့ တောင်ပိုင်းဂိုဏ်းစစ်တပ်ကို ချေမှုန်းပြီး အရှေ့ပိုင်းဂိုဏ်းစစ်တပ်ကိုလည်း ကျန်တာနဲ့ တိုက်ခိုက်လိမ့်မယ်.... ကောင်းကင်လက်နက် နောက်နှစ်ခု ရတာနဲ့ မြောက်ပိုင်းဂိုဏ်းစစ်တပ်ကို အနိုင်ယူဖို့ လွယ်သွားပြီ”

သူတို့သည် မြောက်နတ်မင်းကောင်းကင်လက်နက်အား စိတ်နှလုံးမိစ္ဆာများကို ဦးဆောင်စေ၍ တောင်ပိုင်းဂိုဏ်းထံ ဦးတည်စေလိုက်၏။ တောင်ပိုင်းဂိုဏ်းစစ်တပ်မှာ သတင်းမရသေးသောကြောင့် သူတို့ထံ ပြေး၀င်လာနေသော မရေမတွက်နိုင်သည့် စိတ်နှလုံးမိစ္ဆာတို့အား မြင်တွေ့ရသည့်အခါ နောက်ကျသွားချေပြီ။

ကောင်းကင်လက်နက်ကို စောင့်ကြပ်နေကြသော စစ်သားများမှာ အတွေ့အကြုံရင့်သန်ကြသည့်အလျောက် သူတို့၏မူလဝိညာဉ်တို့ကို တောင်နတ်မင်း ကောင်းကင်လက်နက်အထဲ ထည့်သွင်း၍ မီးငှက်အသွင်ပြောင်းကာ ရန်သူများနှင့် ရင်ဆိုင်စေသည်။ သို့ထိတိုင် နောက်တခဏတွင် တောင်ပိုင်းဂိုဏ်းစစ်တပ်သည် အနောက်နတ်မင်းကောင်းကင်လက်နက်ကြောင့် ရှုံးနိမ့်သွား၏။ ကောင်းကင်လက်နက်များ ထိပ်တိုက်တွေ့ခြင်းက ရှေးဟောင်းနတ်ဘုရား တောင်နတ်မင်းနှင့် ရှေးဟောင်းနတ်ဘုရား နောက်နတ်မင်းတို့ ထိပ်တိုက်တွေ့မှုနှင့် ဆင်တူသည်။ တောင်ဂိုဏ်းစစ်တပ်မှာ ရလဒ်အနေဖြင့် အသေအပျောက်များစွာ ခံစားလိုက်ရသည်။

စိတ်နှလုံးမိစ္ဆာစစ်တပ် ချီတက်လာသည့်အခါ တောင်ပိုင်းဂိုဏ်းစစ်တပ်မှာ ပြိုလဲသွားတော့သည်။ စိတ်နှလုံးမိစ္ဆာတို့ စစ်သည်တော် အမဲဖျက်သတ်ဖြတ်နေသောကြောင့် ကစဉ့်လျားဟင်းလင်းပြင်မှာ သားသတ်ရုံတစ်ရုံအလား ပွက်လောရိုက်နေတော့သည်။

ထိုသို့ ၀ရုန်းသုန်းကားအခြေအနေတွင် တာအိုရသေ့ပိုင်ယွီနှင့် ကိုယ်တော်လင်ယွဲ့က အတူတကွ ပူးပေါင်း၍ တောင်နတ်မင်း ကောင်းကင်လက်နက်ကို ထိန်းချုပ်နေသော စစ်သည်တော်များကို ချေမှုန်းသတ်ဖြတ်ကြသည်။ တစ်ယောက်စီက ကောင်းကင်လက်နက်တစ်ခုစီကို မောင်းနှင်လျက် ပိုမိုများပြားသော စိတ်နှလုံးမိစ္ဆာများနှင့်အတူ အရှေ့ပိုင်းဂိုဏ်းစစ်တပ်ဆီ ဦးတည်သွားကြသည်။

သူတို့သည် စစ်ပွဲကို စစ်ပွဲဖြင့် ထိပ်တိုက်တွေ့ပေးနေသကဲ့သို့ အရှေ့ပိုင်းဂိုဏ်းစစ်တပ်ကို စိတ်နှလုံးမိစ္ဆာ အမြောက်အမြားဖြင့် တိုက်ခိုက်နေကြ၏။ ထို့ကြောင့် စစ်တပ်မှာ အလျင်အမြန်ပင် ပြိုကွဲသွားပြီး မဟာလေဟာနယ်၀င်ပေါက်၌ အလောင်းများ ပြန့်ကြဲနေတော့သည်။

တာအိုရသေ့ပိုင်ယွီနှင့် ကိုယ်တော်လင်ယွဲ့တို့သည် အရှေ့နတ်မင်း ကောင်းကင်လက်နက်ကို ထိန်းချုပ်နိုင်သည်နှင့် တာအိုရသေ့ပိုင်ယွီက တောင်နတ်မင်း ကောင်းကင်လက်နက်ကို သုံးရန် ချက်ချင်း ကောက်ယူလိုက်သည်။ သူက စိတ်နှလုံးမိစ္ဆာတို့ကို ရှောင်ရှားရန် လေပေါ် ပျံတက်၍ အနီးရှိ မြောက်ပိုင်းဂိုဏ်းစစ်တပ်ဆီသို့ ကိုယ်တော်လင်ယွဲ့ ထိန်းချုပ်သော အနောက်နတ်မင်း ကောင်းကင်လက်နက်နှင့်အတူ ဦးတည်သွား၏။

မြောက်ပိုင်းဂိုဏ်းစစ်တပ်၏ စစ်သည်တော်များသည် သတင်းရရှိထားပြီးဖြစ်၍ ထောင်ပေါင်းများစွာသော နတ်ဘုရားများနှင့် မိစ္ဆာတို့၏ မူလဝိညာဉ်တို့က မြောက်နတ်မင်း ကောင်းကင်လက်နက်၏ ရုပ်ခန္ဓာထဲသို့ အဆင်သင့် ၀င်ရောက်ထားကြသည်။ သို့သော် သူတို့ထံ ပြေး၀င်လာနေသည့် များပြားလှသော စိတ်နှလုံးမိစ္ဆာတို့ကို တွေ့လိုက်ရသည့်အခါ တုန်လှုပ်ခြောက်ခြားမှုက ကြီးစိုးသွားလေသည်။

ကောင်းကင်နတ်ဘုံမှာ ထိုသတင်းအား ကြားသိခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ဟုန်တို့ ရောက်သည့်အချိန်တွင် ဂိုဏ်းလေးဂိုဏ်း၏ စစ်တပ်အများစုမှာ ရှုံးနိမ့်နေပြီးဖြစ်၏။

ကောင်းကင်နတ်ဘုံ၏ သန်းချီသော အင်အားဖြင့် စစ်တပ်ကြီးမှာ အားလုံးနီးပါး သေဆုံးသွားခဲ့သည်။ အရှေ့ပိုင်းဂိုဏ်းစစ်တပ်သာ အင်အားတစ်၀က်ဖြင့် လွတ်မြောက်ခဲ့၏။ မရေမတွက်နိုင်သော စစ်သားများမှာ ကစဉ့်လျားဟင်းလင်းပြင်ထဲ၌ ပိတ်မိနေပြီး စိတ်နှလုံးမိစ္ဆာတို့ဖြင့် ၀န်းရံခံထားရကာ သေလုဆဲဆဲအခြေအနေကို ရင်ဆိုင်နေကြရသည်။

ကောင်းကင်နတ်အရှင်နှစ်ပါးမှာ လိုက်လံရှာဖွေသော်လည်း နတ်မင်းလေးပါး ကောင်းကင်လက်နက်တို့ကို ရှာမတွေ့နိုင်ခဲ့ချေ။

ထိုအဖြစ်အပျက်က ကောင်းကင်နတ်ဘုံကို အံ့အားသင့်စေခဲ့သည်။ ဤသည်မှာ ချုံဧကရာဇ်ခေတ်မှစ၍ ယနေ့ခေတ်အထိ ကောင်းကင်နတ်ဘုံအတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်၏။

‌ကောင်းကင်နတ်ဘုံသည် ဒေါသူပုန်ထသွားပြီး ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်အား လက်နက်များ ပြန်လည်ဖန်ဆင်းစေသည်။ ‌ကောင်းကင်ဆရာသခင်လေးပါးက ဂိုဏ်းလေးဂိုဏ်း၏ အင်အားကို ပြန်လည်ဖြည့်တင်း၍ နတ်မင်းလေးပါးစစ်တပ်များအား ပြန်လည်စုစည်းခဲ့ကြသည်။ ကောင်းကင်နတ်မြစ်ရေတပ်ကိုပါ ပေါင်းထည့်၍ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ဟုန်ကို ဦးဆောင်စေကာ မဟာလေဟာနယ်ဆီ ချိတက်ကြသည်။

တစ်ချိန်တည်းမှာပင် တာအိုရသေ့ပိုင်ယွီနှင့် ကိုယ်တော်လင်ယွဲ့တို့ကလည်း နတ်မင်းလေးပါး ကောင်းကင်လက်နက်တို့နှင့်အတူ မဟာလေဟာနယ်ထဲ၌ ဆင်းသက်လိုက်ကြသည်။ သူတို့မှာ သိသိသာသာ ခရီးပန်းနေကြပြီး ဖန်ဆင်းရှင်တို့၏ နတ်ဘုရားမြို့တော်သို့ လမ်းလျှောက်သွားရင်း တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြ၏။

ဖန်ဆင်းရှင်များမှာ ဧရာမရန်သူကြီးကို ရင်ဆိုင်နေရသည့်အလား နိုးနိုးကြားကြား ဖြစ်နေကြသည်။ သူတို့နှစ်ဦး မြို့အနား ရောက်သွားသည့်အခါ တာအိုရသေ့ပိုင်ယွီက တည်ကြည်စွာ ပြောလိုက်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့နဲ မဟာဧကရာဇ် ယန်ဖုန်းက ကူညီပေးဖို့ ရောက်လာပါတယ်”

ဖန်ဆင်းရှင်များသည် သူတို့နာမည်အား မကြားဖူးသဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဂိတ်ပေါက်အား ဖွင့်မပေးကြချေ။

ထိုအချိန်တွင် ယန်ယွင်ရှီက ဖန်ဆင်းရှင်စစ်တပ်နှင့် ရွှင်ပျော်ပျော်ကျေးရွာနှင့်အတူ အလောတကြီး‌ ရောက်လာသည်။ သူမသည် သတင်းကြားလိုက်ရသည့်အချိန်တွင် အလွန်၀မ်းသာခဲ့မိပြီး မြို့မျှော်စင်ဆီ ရောက်လာသည့်အခါ ပို၍ပင် ၀မ်းမြောက်နေတော့၏။ သူမက ဖန်ဆင်းရှင်ခေါင်းဆောင်များထံ ပြောလိုက်သည်။ “နံပါတ်တစ် ကောင်းကင်ဆရာသခင်နဲ့ ‌ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်ဧကရာဇ် ကြွလာပြီ... အားလုံးပဲ ကျွန်တော်အနဲ့အတူ လိုက်ကြိုဆိုကြပါ”

ဂိတ်ပေါက်က ပွင့်လာပြီး အဟန့်အထည်ကောင်းသော ဖန်ဆင်းရှင်များသည် ဘေးတစ်ဖက်တစ်ချက်စီ၌ ရပ်နေကြ၏။ ယန်ယွင်ရှီက သူတို့ကို ကိုယ်တိုင်ကြိုဆိုရင်း ဖန်ဆင်းရှင်ခေါင်းဆောင်များအား ခေါ်လာ၍ ပြော၏။ “ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင် ကျစ်ရှီ.... နံပါတ်တစ် ကောင်းကင်ဆရာသခင်နဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်ဧကရာဇ်ကို ဖန်ဆင်းရှင်ခေါင်းဆောင်တွေနဲ့အတူ ဂုဏ်ပြုကြိုဆိုပါတယ်”

ကိုယ်တော်လင်ယွဲ့မှာ အနောက်နတ်မင်း ကောင်းကင်လက်နက်၏ လက်ဖဝါးပေါ်တွင် ရပ်လျက် အံ့အားသင့်နေ၏။ သူက ပြုံး၍ မိန့်လိုက်သည်။ “ဘယ်လိုလုပ် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်ဧကရာဇ် ဖြစ်သွားရတာလဲ... အဲ့လိုမပြောပါနဲ့.... ကျုပ်က ဧကရာဇ်တစ်ပါးပါပဲ”

တာအိုရသေ့ပိုင်ယွီက ရှေ့သို့လျှောက်သွားလိုက်ရင်း ပြောလိုက်သည်။ “ကောင်းကင်ဆရာသခင်ကျစ်ရှီ၊ ကျုပ်က ‌ဧကရာဇ်အတိုင်ပင်ခံဟောင်းပါပဲ....ကောင်းကင်ဆရာသခင် မဟုတ်ရပါဘူးဗျာ”

“သမိုင်းရဲ့ ခေတ်တစ်ခေတ်စီတိုင်းမှာ အင်မတန် ထက်မြတ်တဲ့ လူတစ်စု ရှိတတ်ကြတယ်.... သူတို့က အံမခန်းလိလိ အစွမ်းထက်ကြသလို ပင်ကိုယ်အားဖြင့်လည်း တော်ကြတယ်.... ဒါက သူတို့ကို အောင်မြင်မှုနဲ့ ကျော်ကြားမှု မရှိစေတဲ့ အရာပဲ”

ယန်ယွင်ရှီက သူတို့ကို အထဲသို့ ဖိတ်ခေါ်ရင်း ပြောသည်။ “ကျွန်တော်က သမိုင်းကို လေ့လာပြီး ရှေးဟောင်းစာတွေ မရေမတွက်နိုင်အောင် ဖတ်ခဲ့တယ်.... ကောင်းကင်ဆရာသခင် ရှန့်ပင်းယင်ကို အနိုင်ယူခဲ့တဲ့ နဂါးဟန်ခေတ်ရဲ့ နံပါတ်တစ် ကောင်းကင်ဆရာသခင် လုံရှန်းဆန်းရန်အကြောင်း ရေးထားတဲ့ မှတ်တမ်းတစ်ခုကို တွေ့ခဲ့ရတယ်...ဒါပေမဲ့ ရှေးဟောင်းမှတ်တမ်းက သူ့ရဲ့ တိုက်ပွဲဝက်မှတ်တမ်းတွေကို မဖော်ပြခဲ့ဘူး.... ကျန်းပိုင်ကွေ့၊ တာအို‌မိတ်ဆွေကျန်း.... ခင်ဗျားက ကောင်းကင်နတ်ဘုံက မဟာကောင်းကင်ဆရာသခင်လေးဦးရဲ့ စစ်သားတစ်သန်းကို ဖြိုခွင်းခဲ့တဲ့လူပါ.... ဘယ်သူမှ အဲ့ဒါကို မှတ်တမ်းတင်နိုင်မှာမဟုတ်ဘူး.... ခင်ဗျားတို့နှစ်ယောက်က သိပ်တော်ခဲ့တာဆိုတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ နံပါတ်တစ်ကောင်းကင်ဆရာသခင်တွေ ဖြစ်လာသင့်တယ် မဟုတ်ပေလားလား”

“နဂါးဟန်ခေတ်ရဲ့ နံပါတ်တစ်ကောင်းကင်ဆရာသခင် လုံရှန်းဆန်းရန်တဲ့လား”

တာအိုရသေ့ပိုင်ယွီသည် အေးအေးလူလူ ရေရွတ်လိုက်၏။ “အဲ့ဒီလူကြီးမင်းက ကျော်ကြားမှုရော၊ ကြွယ်၀မှုနောက်ကိုပါ မလိုက်ခဲ့ဘူးပဲ....ကျုပ် သူ့ကို လေးစားမိတယ်”

ယန်ယွင်ရှီက ရယ်လျက် ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်ရဲ့ ဒီနေ့အောင်မြင်မှုက အဲ့ဒီလုံရှန်းဆန်းရန်နဲ့ ထပ်တူကျတယ်”

All Chapters