← Chapters

ကောင်းကင်နတ်အရှင်လင်၏ စာ

Vol. 86 Ch. 1116

ကောင်းကင်နတ်အရှင်လင်၏ စာ

Vol. 86 Ch. 1116

အဆုံးမဲ့တိမ်တိုက်နန်းတော်၊ စွမ်းအင်အကူးအပြောင်းတံတားတွင်

အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ကောင်းကင်နဂါး ရတနာရထားလှည်းအား တံတားပေါ်တွင် ဖွဲ့တည်လိုက်သည်။

ချင်မူက အပြင်သို့ထွက်၍ ပတ်၀န်းကျင်အား လေ့လာအကဲခတ်သည်။ ပြိုကျနေသည့် နန်းဆောင်များဖြင့် ပျက်စီးနေသော အဆုံးမဲ့တိမ်တိုက်နန်းတော်ကို တွေ့လိုက်ရ၏။ ရွှေစင်ရွှေသားတချို့နှင့် သတ္ထုများပင်လျှင် ဖဲ့၍ အသုံးပြုခံခဲ့ရဟန်တူသည်။ ကျန်ခဲ့သမျှမှာ ပြိုကျနေသော နံရံများသည်။

တစ်စုံတစ်‌ယောက်က ဤနေရာသို့ ဓားပြ၀င်တိုက်၍ အဖိုးတန်အရာအားလုံးကို ပြောင်တလင်းခါအောင် သယ်သွားသည့်အလားပင်။

လက်ရှိတွင် အဆုံးမဲ့တိမ်တိုက်နန်းတော်ကို စောင့်ကြပ်နေသော နတ်ဘုရားအချို့သာ ရှိလေသည်။ ထိုအစောင့်များသည် ခေါင်းမွှေးများ ဖြူဆွတ်နေကြသည့်အပြင် ဖြူဖပ်ဖြူလျော် ဖြစ်နေကြပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော၀တ်ရုံများကို ၀တ်ဆင်ထားကြ၏။ သူတို့က ချင်မူ့ရထားလှည်းကို အဝေးမှ လှမ်းအကဲခတ်နေကြပြီး အနားမကပ်ရဲကြချေ။

ယန်အာ ပျံသန်းသွားသည့်အခါ ထိုနတ်ဘုရားများက ထွက်ပြေးကြသော်လည်း ယန်အာက ဖမ်းမိသွားပြီး မြေပေါ်သို့ ဖိချထားသည်။

“အသက်ချမ်းသာပေးပါခင်ဗျာ” နတ်ဘုရားများက ဒူးထောက်လျက် ပြားပြား၀ပ်နေကြသည်။

ချင်မူက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ “အဆုံးမဲ့တိမ်တိုက်နန်းတော်က ဘာဖြစ်သွားတာလဲ”

“ခင်ဗျား မသိဘူးလား... အဆုံးမဲ့တိမ်တိုက်ဧကရာဇ်နဲ့ နောက်ဆုံး မတော်တဆမှုပြီးတဲ့အချိန်မှာ ကောင်းကင်နတ်ဘုံက ဒီနေရာကို ကာကွယ်ဖို့ အဆုံးမဲ့တိမ်တိုက်ဧကရာဇ်အသစ်တစ်ယောက် မစေလွှတ်ပေးခဲ့ဘူးလေ..... ဒါကြောင့်‌ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံနဲ့ စီရင်စုကိုးစုက ထကြွသောင်းကျန်းပြီး ဒီနေရာကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဝင်ရောက်စီးနင်းခဲ့ကြတယ်”

စုတ်ပြတ်ဟောင်းနွမ်းနေသော အ၀တ်အစားများဖြင့် နတ်ဘုရားတစ်ပါးက ငိုသည်။ “ဒီနေရာကို အရင်က ကာကွယ်ပေးခဲ့တဲ့ ညီအစ်ကိုတွေ အများကြီးရှိပေမယ့် အကုန်လုံး ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရတယ်.... သက်ကြီးရွယ်အိုတွေ၊ အားနည်းတဲ့သူတွေနဲ့ ရောဂါရှိတဲ့သူတွေပဲ ကျန်ခဲ့တာ..... လွန်ခဲ့တဲ့နှစ်ရက်တုန်းက သူခိုးအုပ်တစ်အုပ်လည်း ထပ်ပြီး ၀င်စီးခဲ့သေးတယ်.... ဘာမှ ရှာမတွေ့တော့ ကျုပ်တို့ညီအစ်ကိုတွေရဲ့ သွေးကို ရတနာတွေ သန့်စင်ဖို့ လိုတယ်ပြောပြီး ဖောက်ထုတ်သွားကြတာပဲ”

ချင်မူမှာ ကြောင်အသွားမိသည်။ “ဘာလို့ ကောင်းကင်နတ်ဘုံဆီ အကြောင်းမကြားရတာလဲ”

“မလုပ်ရဲပါဘူးဗျာ”

နတ်ဘုရားအိုများက ငိုကြွေးကြလေသည်။ “မိစ္ဆာဘုရင်တွေက ကျုပ်တို့အကြောင်းကြားရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်”

ချင်မူမှာ မည်သို့လုပ်ရမလဲ မသိတော့သဖြင့် အဆုံးမဲ့တိမ်တိုက်နန်းတော်၏ ထိပ်မှ ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။ နန်းတော်သည် ပထမ၊ ဒုတိယ၊ တတိယထောက်တိုင်နှင့် စီရင်စုကိုးစုကြားတွင် ရပ်တည်နေသည်ကို တွေ့ရ၏။ ၎င်းတို့အားလုံးကို ဤနေရာမှ မြင်ရလေသည်။

ပထမထောက်တိုင်နှင့် ဒုတိယထောက်တိုင်တို့မှာ ထောက်တိုင်ကောင်းကင်ဘုံများ ဖြစ်ကြသည်။

ထောက်တိုင်ကောင်းကင်ဘုံများမှာ ထောက်တိုင်ပုံစံ ကမ္ဘာများ ဖြစ်လေသည်။ ချင်မူ အဝေးသို့ လှမ်းကြည့်လိုက်ရာ စီရင်စုကိုးစုအပေါ်၌ ထောက်တိုင်သုံးတိုင်ကို မြင်လိုက်၏။ ၎င်းတို့က ကြယ်တာရာများမှ ဖွဲ့တည်လာသော ကမ္ဘာများဖြစ်သဖြင့် ကြယ်စင်တာရာများ စုဝေးနေကြသည်။

အနောက်ကောင်းကင်ဘုံ၏ စီရင်စုကိုးစုထဲတွင် အရှေ့စီရင်စု - ရှင်းထူ၊ အရှေ့တောင်စီရင်စု - ချန်းထူ၊ တောင်စီရင်စု - ရှန်းထူ၊ အနောက်တောင်စီရင်စု - တောက်ထူ၊ အနောက်စီရင်စု - ခိုက်ထူ၊ အနောက်မြောက်စီရင်စု - ဖေးထူ၊ အလယ်စီရင်စု - ပိုင်ထူ၊ မြောက်စီရင်စု - ချုန်းထူ နှင့် အရှေ့မြောက်စီရင်စု - ယင်ထူ၊ တို့ ပါဝင်သည်။

စီရင်စုများတွင် ကိုယ်ပိုင်ရှေးဟောင်းနတ်ဘုရားများ အသီးသီး ရှိကြ၏။ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံမှာလည်း အလားတူပင်။ သူတို့ကို ထောက်တိုင်နတ်ဘုရားများဟု ခေါ်ကြလေသည်။

အဆုံးမဲ့တိမ်တိုက်နန်းတော်မှာ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံနှင့် စီရင်စုကိုးစုအကြားတွင် တည်ဆောက်ထားခြင်းဖြစ်သည်။

နဂါးဟန်ခေတ်နှောင်းပိုင်းတွင် ‌ကောင်းကင်နတ်ဘုံသည် ကမ္ဘာဦးဘုံနှင့် ဝေးရာသို့ ပျံတက်သွားခဲ့၏။ နဂါးဟန်က ပြိုကွဲသွားပြီး ကြယ်တာရာနတ်ဘုရားများနှင့် ရှေးဟောင်းနတ်မင်းလေးပါးသည် ကမ္ဘာဦးဘုံနှင့် ကောင်းကင်နတ်ဘုံအား စွန့်ခွာကာ စကြ၀ဠာ၏ အခြားနေရာများဆီသို့ ထွက်ခွာသွားခဲ့ကြသည်။

၀င်ရိုးစွန်းလေးခုမှာ နတ်မင်းလေးပါး၏ နေထိုင်ရာ‌ ဖြစ်ပြီး အနောက်ကောင်းကင်ဘုံ၊ အရှေ့ကောင်းကင်ဘုံ၊ တောင်ကောင်းကင်ဘုံနှင့် မြောက်ကောင်းကင်ဘုံတို့ကို အစိမ်းရောင်နတ်မင်း၊ အဖြူရောင်နတ်မင်း၊ ဇာမဏီနတ်မင်း (အနီ) နှင့် မဟူရာနတ်မင်းတို့က အသီးသီး အုပ်ချုပ်ကြလေသည်။

သူတို့ကို အရောင်နတ်မင်းလေးပါး ခေါ်ဆိုကြပြီး ကိုယ်ပိုင်အရောင်တို့ဖြင့် ခွဲခြားမှတ်သားကြသည်။ သူတို့သည် ကမ္ဘာခေတ်နှောင်းသတ္တဝါများ သို့မဟုတ် နတ်ဘုရားတစ်ပိုင်းဘဝမှ ကျင့်ကြံကြခြင်းဖြစ်သဖြင့် နတ်မင်းလေးပါးနှင့် မတူပေ။

အရောင်နတ်မင်းများသည်လည်း အာဏာများစွာနှင့် မဟာကောင်းကင်နန်ဆောင်လေးဆောင်အား လက်၀ယ်ပိုင်ဆိုင်ကြ၏။ အဆုံးမဲ့တိမ်တိုက်နန်းတော်က အဖြူရောင်နတ်မင်း၏ ပိုင်ဆိုင်မှုဖြစ်‌သော အနောက်ကောင်းကင်ဘုံတွင် တည်ရှိပေသည်။

နဂါးဟန်ခေတ်မှ ယနေ့အထိတိုင်အောင် တိုက်ပွဲများ မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့ဖူးသလို အရောင်နတ်မင်းလေးပါးလည်း ပြောင်းလဲခဲ့သည်။ သူတို့ထဲမှ တစ်ဦးသေဆုံးသွားတိုင်း ကောင်းကင်နတ်ဧကရာဇ်သည် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်အား ရွေးချယ်ကာ အစားထိုး၏။

မဟူရာနတ်မင်းယန်ချောင်ကျင့်တစ်ယောက်သာ အစားထိုးမခံရသေးချေ။ သူသည် ကောင်းကင်ယင်သားတော် ဖြစ်ပြီး မဟူရာနတ်မင်းနေရာအား မြဲမြံစွာ ဆုပ်ကိုင်ထား၏။ သူက မြောက်ကောင်းကင်ဘုံကို အုပ်စိုးကာ မင်တုကို တည်ဆောက်ခဲ့သည်။

အဆုံးမဲ့တိမ်တိုက်နန်းတော် တည်ရှိသည့် နေရာသည် အနောက်ကောင်းကင်ဘုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ ၎င်းအပြင် ကျန်သေးသော ကျန်ကောင်းကင်ဘုံသုံးခုနှင့် ပေါင်းစည်းလိုက်ပါက အနောက်ကောင်းကင်ဘုံအဖြစ် ဖွဲ့တည်သွားလိမ့်မည်။

“အစ်ကိုကြီးက ရှေးဟောင်းနတ်ဘုရား ၁၂ ပါးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာ ချီးကျူးစရာပဲ”

ချင်မူမှာ အောက်ရှိ စီရင်စုကိုးစုကို ငုံ့ကြည့်လိုက်မိသည်။ ၎င်းတို့အားလုံးသည် တစ်စုနှင့်တစ်စု ဆက်သွယ်နေပြီး နတ်ဘုရားတစ်ပိုင်းမျိုးနွယ်များစွာနှင့် ကမ္ဘာခေတ်နှောင်းသတ္တဝါတို့လည်း နေထိုင်နေကြောင်း တွေ့လိုက်ရ၏။ သူက အဝေးသို့ ကြည့်လိုက်သည့်အခါ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် လွှမ်းမိုးနေသော နယ်မြေတစ်ခုကို တွေ့လိုက်ရ၏။ စီရင်စုများတွင် စစ်ပွဲများ ဖြစ်ပွားနေသောကြောင့် သွေးရောင်တို့က ကောင်းကင်ကို ဖုံးလွှမ်းနေချေသည်။

ထိုနေရာမှ အောက်သို့ ငုံ့ကြည့်လျှင် ကြောက်မက်ဖွယ် ကောင်းကင်နတ်သိုင်းများကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များကို တွေ့မြင်နိုင်၏။ မှိုပွင့်သဏ္ဍာန် မီးခိုးတိမ်တိုက်တို့က လင်းလက်တောက်ပနေသော နတ်ဘုရားအလင်းရောင်တို့နှင့်အတူ မြင့်တက်လာတတ်ကြသည်။

“ရှေးဟောင်းနတ်ဘုရားတွေ ရှိနေတာတောင် ဘာလို့ ၀ရုန်းသုန်းကား ဖြစ်နေကြတာလဲ”

ဆံဖြူနတ်ဘုရားက ခေါင်းခါရမ်းလျက် ဖြေသည်။ “ဒီနေရာကို စောင့်ရှောက်တဲ့ ရှေးဟောင်းနတ်ဘုရားတွေက အဲ့လိုကိစ္စတွေကို စိတ်မ၀င်စားဘူး.. အဲ့ဒီအောက်က လူရမ်းကားတွေ စစ်ကြေညာပြီး ‌အသွေးအသားတွေ ယဇ်ပူဇော်ကြမှ ဆင်းသက်လာပြီး သတ်ဖြတ်ကြလိမ့်မယ်”

ချင်မူ မျက်မှောင်ကြုတ်လျက် မေးလိုက်မိသည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ရဲ့ တပည့်တွေကရော”

“သူ အဖမ်းခံရပြီးတော့ ထွက်ပြေးကုန်ကြတယ်လေ.... အောက်ဘုံမှာ နတ်ဆိုးတွေ၊ မိစ္ဆာတွေ ဖြစ်သွားဖို့ များပါတယ်.... အဆုံးမဲ့တိမ်တိုက်နန်းတော်ကို ၀င်ရောက်စီးနင်းတဲ့ အထဲမှာလည်း ပါရင်ပါမှာပေါ့”

နတ်ဘုရားအိုတစ်ပါးက ပြောသည်။ “ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက‌ ကောင်းကင်နတ်ဘုံက သူတို့ကို လာရှာသေးတယ်.... ဒီမှာ မတွေ့လို့ အောက်ကို ဆင်းသွားကြတာပဲ.... အခုထိ ပြန်မလာကြသေးဘူး”

ချင်မူက လက်ဝှေ့ရမ်း၍ သူတို့ကို ပြန်ချပေးလိုက်သည်။ ယန်အာမှာ မကြည့်ရက်သဖြင့် သူတို့ဗိုက်၀စေရန် စွမ်းအင်ဆေးလုံးအနည်းငယ် ပေးလိုက်လေသည်။

နတ်ဘုရားများမှာ ကျေးဇူးတင်စွာဖြင့် အလျင်အမြန် စားနေကြရင်း မျက်ရည်များ ကျလာကြသည်။ “အရမ်းကြာခဲ့ပြီ.... ကျုပ်တို့ နန်းတော်ရဲ့ သစ်ခေါက်တွေ၊ သစ်ရွက်တွေကိုပဲ စားခဲ့ရတာ.... ဒါပေမဲ့ အဲ့ဒီ ခွေးကောင်တွေက လာပြီး နတ်သစ်ပင်တွေကိုတောင် ယူသွားခဲ့ကြတယ်....အခု သစ်ခေါက်တောင် မရှိတော့ဘူး”

နတ်ဘုရားအိုများက ပြောပြရင်း ငိုနေကြသည်။

ချင်မူက ဝေစွေ့ဖုန်း၏ မြေပုံကို ထုတ်၍ နန်းတော်နှင့် တိုက်ကြည့်လိုက်၏။ အမှတ်အသားပြထားသော နေရာကို တွေ့သော်လည်း အပျက်အစီးများမှ လွဲ၍ မည်သည်မှ မရှိချေ။

ချင်မူ မျက်ခုံးများ တွန့်ချိုးလျက် လက်မြှောက်ကြည့်လိုက်သည်။ ထိုအခါ အပျက်အစီးများသည် မြောက်ကြွလာပြီး လေထုထဲသို့ တဖြည်းဖြည်း မြင့်တက်သွားသည့် နန်းတော်ကြီးတစ်ခုကို ‌ဖော်ဆောင်လိုက်ကြ၏။

ချင်မူက ၀င်ပြီး ဟိုဟိုသည်သည် ကြည့်လိုက်ရာ အမိုးတွင် ပျက်စီးနေသော ကြယ်မြေပုံတစ်ခုအား မြင်လိုက်ရသည်။

ထို့ကြောင့် ၎င်းအောက်သို့ သွား၍ စစ်ဆေးကြည့်လိုက်သည်။ မြေပုံမှာ ပျက်စီးနေသောကြောင့် အကောင်းအတိုင်းဆိုပါက မည်သို့ပုံစံဖြစ်မည်ကို မှန်းရခက်နေသည်။

ချင်မူမှာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူ၏ချီစွမ်းအင်က ထွက်ပေါ်လာကာ ကြယ်တာရာများ ဖန်ဆင်းလျက် ကြယ်မြေပုံ၏ ကျန်တစ်ဝက်ကို ဖြည့်စွက်လိုက်သည်။

သူသည် ဝေစွေ့ဖုန်း၏ ခုနစ်စဉ်ကြယ်ကျင့်စဉ်ကို သိထား၏။ ၎င်းက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၌ ပါသည့်အတွက် ကြယ်မြေပုံကို ပြင်ဆင်ရန် လွယ်ကူလေသည်။

မြေပုံ အကောင်းပကတိအတိုင်း ဖြစ်သွားသည့်အခါ ပစ္စည်းတစ်ခု ထွက်ကျလာသည်။ ပန်းအိုးတစ်အိုးပင်။

ချင်မူ ၎င်းကို ဖမ်းယူလိုက်သည်။ ပန်းအိုးသည် လေးထောင့်ပုံစံ ရှိပြီး အထဲ၌ တောင်တန်းအတုများ၊ သစ်ပင်များအပြင် ရေလည်း ရှိနေသည်။ အလယ်ရှိ တောင်တန်းအတုဘေးတွင် အသေးစား အပ်သစ်ရွက် ထင်းရှူးပင် ရှိနေပြီး ၎င်း၏သစ်ကိုင်းများက လှည့်ပတ်နေသည်။ သစ်ပင်အောက်တွင် ခြံ၀န်းတစ်၀န်းနှင့် အိမ်လေးတစ်လုံး တည်ရှိ၏။

အိမ်၏ဘေးတစ်ဖက်စီတွင် အခန်းသုံးခန်း ရှိပြီး တံခါးများ၊ ပြတင်းပေါက်များဖြင့် ခန်းမသုံးခု ပါသည်။ အလင်းရောင်သည် အတွင်းမှ ဖြာထွက်နေသည့်အပြင် စားပွဲခုံနှင့် ထိုင်ခုံများပေါ်တွင် စာရွက်များကိုလည်း တွေ့ရ၏။ ဆူပွက်နေသည့် ရေနွေးအိုးတစ်အိုးလည်း ရှိလေသည်။

'ကောင်းကင်နတ်အရှင်လင်ရဲ့ စာ'

ပန်းအိုးမှာ ပန်းအိုးတစ်အိုး မဟုတ်သဖြင့် ချင်မူ စိတ်တက်ကြွသွား၏။ ၎င်းက ဝေစွေ့ဖုန်း၏ နေရာရွှေပြောင်းကောင်းကင်နတ်သိုင်းဖြင့် ဖန်တီး၍ ပန်းအိုးထဲ ထည့်ထားသော ကောင်းကင်နတ်အရှင်လင်၏ နေအိမ်ဟောင်း ဖြစ်လေသည်။

သူမအိမ်မှာ ရိုးရှင်းလှသည်။ သူမသေဆုံးပြီးနောက် သူမ၏မှတ်တမ်းများသည် ကောင်းကင်နတ်ဘုံ၏ ဖယ်ရှားခြင်း ခံခဲ့ရ၏။ သူမ၏နေအိမ်ကိုပင် ဖယ်ရှားခဲ့လေသည်။

မကြာမီ ၎င်းမှာ အခိုးခံခဲ့သည်။ သူခိုးကား ဝေစွေ့ဖုန်းပင်။

‘ကောင်းကင်နတ်အရှင်လင်ရဲ့ စာကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ'

ချင်မူက ရင်တဒိန်းဒိန်းခုန်လျက် အခြားအခန်းများကို ကြည့်နေသည်။ အခန်းမျးတွင် မှတ်တမ်းတို့ဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်နတ်အရှင်လင်သည် ဖန်ဆင်းခြင်းလမ်းစဉ်နှင့် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းအကြောင်း လေ့လာရာ၌ အတော်လေး ကြိုးစားအားထုတ်ခဲ့သည်မှာ သိသာလှသည်။

‘အဲ့စာနဲ့ဆို ကောင်းကင်နတ်အရှင်လင်ရဲ့ ‌မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းနဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းကို နားလည်နိုင်ပြီ.... ပြီးရင် အဲဒါနဲ့ ထိုက်ရှီဥရဲ့ မဟာတာအို သင်္ကေတအမှတ်အသားကို ပြောင်းပြန်လှန်ပြီး အဲ့ဒီကနေ မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်လို့တောင် ရတယ်'

All Chapters