← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

"လမ်းခွဲကြရအောင်ချင်းယွီ"

နန်ကျန်းမြို့အနောက်တိုင်းစားသောက်ဆိုင်အတွင်း.....

စီလုသူ့ကောင်လေးကို အေးစက်စက်ကြည့်ပြီးပြောလိုက်သည်

ညာဘက်လက်မှာပန်းစည်းကိုကိုင်... ဘယ်ဘက်လက်မှာ စိန်လက်စွပ်ကိုကိုင်ထားပြီး သူ့ကောင်မလေးကိုလက်ထပ်ခွင့်တောင်းတော့မယ့် ချင်းယွီ... ခနလောက် ကြက်သေသေပြီး အသည်းကွဲသွားရတယ်။

"လုလုဘာလို့လဲ"

"ကိုယ်ဘာလုပ်မိလို့လဲ"

"ကိုယ်သိပါတယ် ဘာလို့ကိုယ့်ကိုလိမ်ခဲ့တာလဲ ကိုယ်ဘာလုပ်မိလို့လဲ ဘာလို့လမ်းခွဲရမှာလဲ" ချင်းယွီတုန်ယင်စွာ မေးလိုက်တယ်။

သူတို့တစ်နှစ်ကျော်တောင်တွဲခဲ့ကြတာလေ

အရင်ကဖြူစင်ပြီးတော့အပြစ်ကင်းတဲ့မိန်းကလေးကသူစိမ်းဆန်ပြီး သူ့ပေါ်ခုလိုပြောင်းလဲသွားလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူး

သူနဲ့စီလုကအထက်တန်းကျောင်းပထမနှစ်တုန်းကသူငယ်ချင်းတွေဖြစ်ပေမယ့် လွန်ခဲ့တဲ့တစ်နှစ်ကမှ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲမှာပြန်တွေ့ပြီး တွဲဖြစ်ခဲ့ကြတာဖြစ်တယ်

ချင်းယွီကစီလုကို အထက်တန်းကျောင်းကတည်းက ကြိတ်ကြိုက်နေခဲ့တာဖြစ်ပေမယ့် ကျောင်းပြီးတဲ့ထိ ဖွင့်ပြောဖို့သတ္တိမရှိခဲ့ဘူး

ဒါပေမယ့် ကျောင်းသား‌‌ဟောင်းများတွေ့ဆုံပွဲမှာပြန်တွေ့တဲ့ချိန် စီလုက ရည်းစားမရှိသေးတာ သိလိုက်ရတာမို့ သူမူးနေတဲ့ချိန် သတ္တိမွေးပြီး ပါတီထဲမှာ ဖွင့်ပြောလိုက်တယ်

အဲ့လိုနဲ့သူတို့တွဲဖြစ်သွားကြပြီး စီလုကလည်း ချင်းယွီနဲ့တူတူ တစ်မြို့တည်းမှာ အလုပ်လုပ်ဖို့ဖြစ်လာတယ်

စီလုကအရမ်းလှပြီးအထက်တန်းကျောင်းမှာကတည်းက အလှဆုံးပန်းပွင့်လေးဖြစ်ခဲ့ပေမယ့် ချင်းယွီရဲ့ရုပ်ရည်က‌တော့ သာမန်ပါပဲ

အဲ့လိုမျိုးသူတို့၂ယောက်ကတွဲဖြစ်ခဲ့တာမို့ တခြားအတန်းဖော်ဆီကဘယ်လောက်တောင် မနာလိုခံခဲ့ရလဲဆိုတာကိုသူတို့ကတော့မသိခဲ့ဘူး

ဒီနေ့က520ရက် (တရုတ်ချစ်သူများနေ့)

ဒီချစ်သူများနေ့ကိုအသုံးချပြီး ချင်းယွီကသူ့ကောင်မလေးစီလုကိုလက်ထပ်ခွင့်တောင်းဖို့ပြင်ထားတယ်

ပန်းစည်းနဲ့စိန်လက်စွပ်ပါဝယ်ထားပြီးပေါ့....

စိန်လက်စွပ်ကအရမ်းသေးပြီးတော့စိန်တောင်သေချာမမြင်ရပေမယ့် သူ့သုံးလစာတော့ကုန်သွားခဲ့တယ်

ဘာသတ္တုမျိုးပါလိမ့်? (စိန်ကိုရည်ညွန်း)

ရမယ့်ရလဒ်ကတော့ထူးခြားနေမှာပါ

အဲ့အချိန်မှပဲသူသတိပြန်ဝင်လာတော့တယ် တခြားအဖွဲ့ကလူတွေကတော့သူ့ကိုအားကျနေတာပေါ့

ဒါပေမယ့် စီလုက အရင်တုန်းကလိုမှမဟုတ်တော့တာ

စီလုကသူ့လက်ထဲက စိန်လက်စွပ်ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီး သူကိုင်ထားတဲ့ သနပ်ခါးရောင်ပိုက်ဆံအိတ်ကို ပြပြီးပြောလိုက်တယ်

" နင်တွေ့လား ဒါနောက်ဆုံးပေါ်Gucciပဲ ဂဏန်း၆လုံးလောက်ကုန်တယ်

နင်တစ်သက်လုံးတတ်နိုင်မှာမဟုတ်တဲ့ပမာဏလေ

ဒီမြို့ထဲမှာအိမ်လေးတစ်လုံးဝယ်ဖို့တောင် နင်မှာနှစ်နဲ့ချီစုဆောင်းလိုက်ရတာ

နင်နဲ့ဒီလောက်အကြာကြီးတွဲခဲ့ပေမယ့်

ကြည့်လေ ခုထိကားလေးတစ်စီးတောင်မပိုင်သေးဘူး

ဒီလောက်အကြာကြီးတွဲခဲ့တာတောင် ဒီလိုပဲဆိုမှတော့ လမ်းခွဲလိုက်ကြတာပေါ့"

ချင်းယွီ အံကြိတ်ပြီး လက်သီးဆုပ်ထားလိုက်မိတယ်

ဒီစကားလုံးတွေကသူ့အတွက်‌တော့ဆူးတွေလိုပဲ ဒါပေမယ့် သူ့အနေနဲ့ပြန်ပြီးချေပစရာစကားလုံးလဲမရှိပြန်ဘူး

"မင်းပြောတာမှန်ပါတယ် ဒါပေမယ့် ကိုယ့်ကြိုးစားမှုနဲ့သာဆို နောက်ကြရင်ခုလောက်ဆိုးမှာမဟုတ်တော့ဘူးလေ" ချင်းယွီကလက်မလွှတ်ချင်တာမို့ တောင်းပန်ကြည့်လိုက်တယ်

"ဟက် အလုပ်ကြိုးစားမယ်ဟုတ်လား?

နင်ကိုကဆင်းရဲနေတာလေ

နင့်မိသားစုဆိုတာလဲ ဘာပိုက်ဆံမှရှိတာမဟုတ်ဘူး နောက်ခံဆိုတာဝေးလာဝေး နင်ကြိုးစားတော့ရောဘာလုပ်နိုင်မှာမို့လို့လဲ ငါအရင်ကကန်းနေလို့နင့်နောက်လိုက်ခဲ့မိတာ အခုနင့်မှာရှိသမျှပိုက်ဆံအကုန်လုံးနဲ့တောင် ငါထမင်းတစ်နပ်စားဖို့မတတ်နိုင်ဘူး

လမ်းခွဲကြတာပေါ့" ဒီလိုတွေပြောပြီး စီလုထွက်သွားလိုက်တယ်

"မင်းပြောခဲ့တာမင်းနောင်တမရဖို့ပဲမျှော်လင့်ပါတယ်" ချင်းယွီအံကြိတ်ပြီးပြောလိုက်တယ်

"အဲ့တာဆိုလဲ ငါနောင်တရမယ့်အထိအရည်အချင်းရှိအောင်လုပ်ပြလိုက်လေ" စီလု ခေါင်းပြန်လှည့်ပြီး အထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးပြောလိုက်တယ်

"ဆက်ပြောမနေနဲ့တော့ ငါ့ကောင်လေးငါ့ကိုစောင့်နေပြီ ဘာမှလုပ်စရာမရှိလည်း ငါ့လာနှောင့်ယှက်မနေနဲ့ "

အဲ့လိုတွေပြောပြီး စီလုဆိုင်ထဲကနေထွက်သွားလိုက်တယ်

ပြီးတော့စီလုက ပန်းစည်းကိုင်ထားပြီး တစ်ကိုယ်လုံးဘရန်းအပြည့်ဝတ်ထားတဲ့ ကောင်လေးကိုလက်ချိတ်ပြီး ကားထဲဝင်သွားတာတွေ့လိုက်ရတယ်

အဲ့အချိန်မှာချင်းယွီရဲ့ နှလုံးသားကတစ်ဆစ်ဆစ်ကိုက်ခဲလာပြီး‌တော့ဒီမိန််းမကမိသားစုအသစ်ကိုရှာတွေ့ပြီးသားကို

အစကတည်းကသူနဲ့လမ်းခွဲဖို့အချိန်ကိုစောင့်နေတယ်ဆိုတာနားလည်လိုက်တယ်

ဆုံးရှုံးလိုက်ရတယ်လို့ခံစားမိရင်း နည်းနည်းလည်း စိတ်တိုမိတယ်

"ဂုဏ်ပုဒ်တွေကိုပဲ မြတ်နိုးတဲ့မိန်းမ!

ငါဒီလိုမိန်းမကိုအစကတည်းကဘာလို့ချစ်မိခဲ့တာလဲ" ချင်းယွီအဓိပ္ပာယ်မဲ့စွာခေါင်းခါလိုက်မိတယ်

ပြီးတော့သူ့ကိုကြည့်နေတဲ့ထူးဆန်းတဲ့အကြည့်တွေကိုလျစ်လျူရှုပြီးတော့ ထိုင်ချပစ်လိုက်တယ်

လက်ထပ်ခွင့်တောင်းဖို့ သူဝယ်လာတဲ့စိန်လက်စွပ်ကိုကြည့်လိုက်တယ်

"အလကားဝယ်ခဲ့မိတာပဲ အခုဘာမှအသုံးမဝင်တော့ဘူး"

ရုတ်တရက်သူ့ခေါင်းပေါ်မှာအလင်းတန်းလေး ပေါ်လာပြီးတော့ ခနလေးအတွင်းမှာ သူ့လက်ထဲကစိန်လက်စွပ်ကလဲ ပျောက်သွားခဲ့တယ်

ချင်းယွီရုတ်တရက်လန့်သွားပြီးတော့ သူ့ကိုယ်သူမူးနေတယ်လို့တောင် တွေးလိုက်မိတယ် အဲ့အချိန်မှာပဲ သူ့ခေါင်းထဲမှာ စူးရှရှစက်ရုပ်သံ တစ်သံကိုကြားလိုက်ရတယ်

စနစ်အတွင်းသို့ဝင်‌ရောက်နိုင်သည့်အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်

စနစ်ကိုစတင်ပြီးတည်ဆောက်နေပါတယ်

1% 2% 50% .....100% ချည်နှောင်မှု အောင်မြင်သွားပါပြီ

ချင်းယွီပဲမြင်ရတဲ့ကြည်လင်နေတဲ့ လေးထောင့်ကွက်လေးတစ်ခု သူ့ရှေ့မှာပေါ်လာခဲ့တယ်

လက်ခံသူ- ချင်းယွီ

အသက်-၂၅နှစ်

ကိုယ်ခန္တာကြံခိုင်မှု- ၅၀ (ပုံမှန်)

စိတ်စွမ်းအား-၅၀ (ပုံမှန်)

အရည်အချင်း- မရှိ

စစ်ဆေးခြင်းလုပ်ငန်းစဥ်- ၀ (သုည)

တာဝန်-မရှိ

စစ်ဆေးခြင်းအမှတ်- ၀(သုည)

လက်ကျန်ငွေ- မရှိ

ကျောပိုးအိတ်-မရှိ (စနစ်မှရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများအတွက် ခေတ္တထားရှိရန် နေရာစီစဉ်ပေးထားပါသည်)

ယခုစနစ်မှာအထူးဝင်ရောက်ရသည့်စနစ်ဖြစ်ပါသည်

ဝင်ရောက်သည့်အချိန်တိုင်းတွင် လက်ဆောင်အိတ်လေးရရှိနိုင်ပါသည်

ဝင်ရောက်ရသည့်ပုံစံ၂ မျိုးရှိပါသည်

ပထမတစ်ခုမှာ ကမ္ဘာ့ငွေကြေးကိုအသုံးပြုပြီးဝင်ရောက်ရမှာဖြစ်ပြီး

ဒုတိယတစ်ခုမှာတော့ စနစ်မှာတာဝန်ပေးထားသည့် မစ်ရှင်များကို ပြီး‌ဆုံးအောင်လုပ်ပြီး ဝင်ရောက်နိုင်ပါသည်

တာဝန်ရရှိချိန်မှလွဲ၍ တစ်ရက်လျှင်တစ်ကြိမ်သာ ဝင်ရောက်နိုင်ပါသည်

သင်ဝင်ရောက်နိုင်သည့်ပမာဏမှာငွေကြေးပမာဏမှာ တစ်သိန်း ဆယ်သိန်း သိန်းတစ်ရာ ဆယ်သန်း သန်းတစ်ရာဖြစ်ပါသည်

ငွေပိုသုံးသည်နှင့်အမျှပိုအဆင့်မြင့်သည့် လက်ဆောင်အိတ်ကိုရရှိနိုင်ပါသည်

ဝင်ရောက်ပြီးနောက်ရရှိလာသည့်ငွေကြေးဖြင့် နောက်တစ်ကြိမ်ထပ်မံဝင်ရောက်နိုင်ပါသည်

ဆုလာဒ်များတွင် ငွေကြေး လက်တွေ့အသုံးဆောင်ပစ္စည်းများ ခရီးသွားအသုံးအဆောင်ပစ္စည်းများ

item cards(ပစ္စည်းကဒ်များ) ဆေး နှင့် အိမ်မွေးတိရစ္ဆာန်များ စသည်တို့ပါဝင်ပါသည်

လက်ရှိစနစ်၏ အဆင့်မှာ ကနဦးအဆင့်ဖြစ်ပါသည်

လက်ခံသူမှ ငွေတစ်သန်းနှင့်အထူးတာဝန်ကိုထည့်သွင်းပါက အဆင့်တိုးသွားမည်ဖြစ်ပါသည်

စနစ်အတွင်းမှရရှိသည့်ပစ္စည်းသည် လက်ရှိကမ္ဘာတွင် တရားဝင်ပါသည်

လက်ခံသူအားမလိုအပ်သောပြသာနာများ ဖြစ်စေမည်မဟုတ်ပါ

"ငါ...ငါ အိမ်မက်မက်နေတာမဟုတ်ဘူးလား ငါ့မှာလဲစနစ်ဆိုတာမျိုးရှိတယ်ပေါ့" ချင်းယွီအခုမှသတ္တိပြန်ဝင်လာပြီး မျက်လုံးတွေကျယ်လာတယ်

သူ့စိတ်တွေလည်း ရုတ်တရက် တက်ကြွလာတယ်

"ငါ့မှာလဲငါ့ကိုယ်ပိုင်စနစ်ရှိသေးတာပဲ ဒါကြီးကထီပေါက်တာထက်တောင် အဆတစ်ရာ ပိုလန်းသေးတယ် ဒါသာရှိနေရင် ဘယ်စီလု ဘယ်မိန်းမကိုမှဂရုစိုက်မနေတော့ဘူး " တော်တော်ကြာမှသူစိတ်လှုပ်ရှားတာတွေ သက်သာသွား‌‌ေတာ့တယ်

"စိန်လက်စွပ်က မှော်ဆန်ဆန်ပျောက်သွားတယ် ထင်နေတာ တကယ်တမ်းက စနစ်ထဲကိုထည့်လိုက်ရတာပဲမလား

အဲ့စိန်လက်စွပ်ကထူးဆန်းတဲ့နေရာကနေ ရတနာဆိုင်ထဲကိုကျလာတာကို ငါကဝယ်လိုက်မိလို့နဲ့တူတယ်"

စနစ်ကလေးထောင့်ကွက်လေးကိုသေချာကြည့်လိုက်တယ်

'သိန်းတစ်ရာ'

"ဟာ တစ်ခါဝင်ဖို့ကိုသိန်းတစ်ရာတောင်ကုန်တာတဲ့ ဘယ်လိုစနစ်ကြီးလဲ" ချင်းယွီ စနစ်ဆီကနေညစ်ခံရတယ်လို့ခံစားလိုက်ရတယ်

သူကဖြင့်လစာဘယ်လောက်မှ မရတဲ့ ကုမ္ပဏီသေးသေးလေးက ဝန်ထမ်းဟာကို... ဒီမြို့ကြီးကဘယ်‌ေနရာ ဘယ်‌ဂျောင်နေနေ အရာရာဈေးကြီးနေတာကို အိမ်ငှားခနဲ့ နေ့စဉ်အသုံးစရိတ်နဲ့ဆိုရင် သူ့မှာဘာမှမကျန်တော့ဘူး

အထူးသဖြင့်စီလုနဲ့ဒိတ်ပြီးကတည်းကသူ့လစာတစ်ဝက်လောက်ကိုဒီမိန်းမပေါ်မှာပဲသုံးခဲ့တာ

သူစုထားတာတွေက ယွမ်တစ်ရာ နှစ်ရာလောက်ပဲရှိတော့တာကို....

"သိန်းတစ်ရာကိုဘယ်နေရာကနေသွားရှာရမှာလဲ!!!

စီလုအတွက်သုံးပေးခဲ့တဲ့ပိုက်ဆံတွေကိုတွေးမိရင်ရင်နာလာတယ်!!!"

တင်! (စနစ်မှအချက်ပေးသံ)

လက်ခံသူမှစနစ်အားကြီးကြပ်လိုက်ပါပြီ။ လွတ်လပ်စွာလူသစ်ဝင်ရောက်ခြင်းရရှိပါသည်

ဝင်ရောက်ချင်ပါသလား

"ဒါပေါ့ စနစ်ကတော့စိတ်မပျက်ရဘူး ဝင်မယ်!" ချင်းယွီကတစ်စက်မှမတုန်လှုပ်ပဲ ပြောလိုက်တယ်

သူ့အသံရပ်သွားတော့ စူးရှရှအသံတစ်ခုပေါ်လာပြီး....

ဂုဏ်ယူပါတယ် အောင်မြင်စွာဝင်ရောက်ပြီး သိန်းတစ်ရာရရှိပါသည်

ငွေသိန်းတစ်ရာကိုသင့်လက်ကျန်ငွေထဲ လွှဲပေးလိုက်ပါပြီ

တင်!

လက်ခံသူမှအသုံးပြုရလွယ်ကူစေရန် စနစ်မှ ကမ္ဘာ့အကြီးဆုံးဘဏ်ငါးခုမှ ထုတ်လုပ်ထားသည့် စူပါရွှေရောင်ဘလက်ခ်ကဒ်ကို ပေးပို့လိုက်ပါသည်

ဤကဒ်ပျောက်ဆုံးခြင်းအတွက် ကန့်သတ်ချက်မရှိပါ

စနစ်မှပေးသည့်ငွေကြေးပမာဏများ လည်ပတ်နိုင်ပါပြီ

လက်ခံသူ၏ကဒ်အား ကျောပိုးအိတ်အတွင်းသို့ ထည့်သွင်းလိုက်ပါပြီ

လျှို့ဝှက်နံပါတ်မှာ လက်ခံသူ၏မွေးနေ့နံပါတ် ၆လုံးဖြစ်ပါသည်။

All Chapters