အခန်း (၂)
Vol. 1 Ch. 2
သန်းတစ်ရာ!!!
"စနစ်ကတကယ်မိုက်တာပဲ" ချင်းယွီရုတ်တရက်ပျော်သွားမိတယ်
"ငွေရှာရတာလွယ်လိုက်တာ
ကဒ်လဲမယ်ဆိုရင်ရော ဒီပိုက်ဆံတွေကအလွှဲအေပြာင်းလုပ်လို့ရမှာလား" ချင်းယွီစိတ်ထဲကနေမေးလိုက်မိတယ်
လက်ကျန်ငွေအားလက်ခံသူ၏အမည်ဖြင့် မည့်သည့်ဘလက်ခ်ကဒ်အတွင်းကိုမဆို ပေးပို့နိုင်ပါသည်
ကဒ်လဲရန်အတွက် လက်ဗွေရာ သို့မဟုတ် တိုက်ရိုက် ငွေသွင်းခြင်းကိုပြုလုပ်နိုင်ပါသည်
"ပမာဏအများကြီးလဲမယ်ဆိုလဲဘာမှမဖြစ်ဘူးမလား"
စိတ်မပူပါနဲ့ လက်ခံသူရေ
အရင်ဆုံးသတိပေးချက်ပြထားတဲ့ စနစ်ကထုတ်ထားတဲ့ပစ္စည်းတွေက မည်သည့်ပြသာနာမှဖြစ်စေမှာမဟုတ်ပါဘူး
ချင်းယွီရင်ထဲကအကြီးမားဆုံးသံသယကြီးရှင်းသွားတယ်
"ဟို စနစ်ရဲ့ကျောပိုးအိတ်ထဲကပစ္စည်းတွေကရောဘယ်လိုထုတ်ရမှာလဲ"
စနစ်မှပစ္စည်းများကိုလက်ခံသူမှတိုက်ရိုက်အမိန့်ပေးပြီးထုတ်ယူနိုင်ပါသည်
ထုတ်ယူပြီးပါက စနစ်ရဲ့ကျောပိုးအိတ်ထဲတွင်ရှိနေသေးမည်မဟုတ်တော့ပါ
"အာ"ချင်းယွီသူ့ပါးကိုထိလိုက်တယ်
"အိုခေ အဲ့တာဆို ကျောပိုးအိတ်ထဲကရွှေရောင်ဘလက်ခ်ကဒ်ကိုထုတ်လိုက်"
တင်! ကျောပိုးအိတ်မှပစ္စည်းအား လက်ခံသူဆီသို့ပေးပို့လိုက်ပါပြီ
ချင်းယွီသူ့လက်ပေါ်ကနေပါးလွှာတဲ့လေပမာဏတစ်ခု ဖြတ်သွားတာခံစားလိုက်ရတယ်
သူကောက်ပြီးကြည့်လိုက်တော့ တောက်ပနေတဲ့ဘလက်ခ်ကဒ်လေး ရွှေရောင်နဲ့စာတန်းထိုးထားတဲ့ဘလက်ခ်ကဒ်ရဲ့နောက်ခံကလည်း တောက်ပနေခဲ့တယ်
ကမ္ဘာ့အမြင့်ဆုံးဘဏ်ကနေထုတ်ထားတဲ့ဒီအထူးကဒ်က ကမ္ဘာ့အဆင့်မြင့်ဆုံး ကဒ်လဲဟုတ်တယ် ချင်းယွီယုံကြည်ချက်ရှိရှိနဲ့အိတ်ကပ်ထဲမထည့်ခင် နောက်ဆုံးတစ်ခေါက်ကြည့်လိုက်တယ်
ခနအကြာမှာပဲသူ့ရှေ့ကလေးထောင့်ကွက်လေးကလည်း ပြန်ပြီးပျောက်သွားခဲ့တယ်
"စနစ်ရေ ငါ့ဘလက်ခ်ကဒ်ထဲကိုသိန်းတစ်ထောင်ထည့်လိုက်" ချင်းယွီ ဘာမှမတတ်နိုင်ဘဲထပ်ပြီးအမိန့်ပေးလိုက်မိတယ်
သူဒါတွေအကုန်လုံးကိုလက်တွေ့ဖြစ်နေတာလို့ မယုံကြည်နိုင်သေးလို့ သူ့ကဒ်ထဲကိုအရင်ပိုက်ဆံထည့်ကြည့်လိုက်တယ်
တင်! ငွေရောက်ရှိလာပါပြီ
"ဟာ မြန်လိုက်တာ"
ချင်းယွီသူ့ဖုန်းကိုဖွင့်ပြီး မဖတ်ရသေးတဲ့နိုတီကိုဖွင့်ကြည့်လိုက်တယ်
ကဒ်ထဲကနံပါတ်အရှည်ကြီးကိုကြည့်ပြီး ချင်းယွီတစ်ယောက်အရမ်းပျော်နေမိတယ်
"သေချာတယ် အိမ်မက်မဟုတ်ဘူး
စနစ်ရေ အခုငွေသွင်းလိုက်တာကိုထည့်ရေလား"
"ဒီနေ့ငွေသွင်းလို့ရသေးတယ်မလား"
ချင်းယွီထပ်မေးလိုက်တယ်
လက်ခံသူ၏ ပထမဆုံးငွေသွင်းမှုကြောင့်ရရှိလာသည့်အထူးလက်ဆောင်အိတ်ကို စနစ်နဲ့အောင်မြင်စွာချိတ်ဆက်လိုက်ပါပြီ
တစ်ရက်လျှင်တစ်ခါသာငွေသွင်းရမည်ဟူသော ကန့်သတ်ချက်မျိုးမရှိပါ
လက်ခံသူသည် ငွေသွင်းခြင်းလုပ်ငန်းစဉ်ကို အောင်မြင်ပြီးသည်နဲ့တစ်ပြိုင်နက် ထပ်မံဝင်ရောက်နိုင်ပါသည်
စနစ်ပြောတာကိုနားထောင်ပြီးနောက် ချင်းယွီဘာဝယ်ရမလဲဆိုတာကို တွေးမိသွားတယ်
အနည်းဆုံးတော့ ယွမ်သိန်းတစ်ရာလောက်ပေါ့ စီလုနဲ့စတွဲကတည်းက မိဘတွေဖို့ ပိုက်ဆံမသုံးပေးခဲ့ရတာကို တွေးမိပြီး လိပ်ပြာမလုံဖြစ်လာတယ်
အဖေ့ကဒ်ထဲကို mobile banking သုံးပြီး တော့ချက်ချင်းယွမ်းသိန်း၂၀ပို့လိုက်တယ်
ဒါပေမယ့်မိဘတွေ စိတ်ပူသွားမှာစိုးလို့
သူပိုက်ဆံအများကြီးမလွှဲရဲသေးဘူး
သူဘယ်လိုရှင်းပြရမလဲတွေးနေတုန်းမှာပဲ ဖုန်းဝင်လာခဲ့တယ်
"သားရေ ဘဏ်ကနေမက်ဆေ့ခ်ျ(sms)ပို့လာတယ် ဘာလို့ရုတ်တရက်ကြီးအဲ့လောက်ပိုက်ဆံတွေအများကြီးလွှဲလိုက်တာလဲ မင်းတစ်နှစ်လုံးအလုပ်လုပ်ရင်တောင်အဲ့လောက်ငွေပမာဏမကျန်တာကို ဘယ်ကနေဒီပိုက်ဆံတွေကရလာတာလဲ"
သူ..အဖေမေးတာဖြေပြီးဖုန်းချခါနီးကြေတာ့အမေ့ရဲ့စိတ်ပူနေတဲ့အသံကထွက်လာတယ် ချင်းယွီခနလောက်တွေးပြီးတော့ရှင်းပြလိုက်တယ်
"ဟာအမေကလဲ အမေတို့မသိပါဘူး သားအရင်နှစ်အစလောက်တုန်းကလေ သားသူငယ်ချင်းတွေနဲ့အတူ ကုမ္ပဏီတစ်ခုစထောင်ထားတယ် ပြီးကြကုမ္ပဏီရဲ့ဝင်ငွေက တော်တော်ကောင်းလာတာ အထူးသဖြင့်ဒီနှစ်ပေါ့ ဒီနှစ်ဆိုအမြတ်တွေအများကြီးပဲ အဖေနဲ့အမေနှစ်ယောက်လုံး စိတ်ချလက်ချသုံးလို့ရတယ် သုံးစရာရှိတာသုံးပြီး ဝယ်ချင်တာဝယ်ပေါ့ အလုပ်ကြမ်းတွေလဲလုပ်နေစရာမလိုတော့ဘူး အိမ်မှာပဲအေးအေးဆေးဆေးနေတော့နော် ငွေထပ်လိုရင်သားကိုဖုန်းဆက်လိုက်နော်"
အဖေကတော့ဝင်မပြောတော့မယ့် အမေကစိတ်ပူပြီးတော့မေးခွန်းတွေထပ်မေးနေသေးတယ် ချင်းယွီကတော့မေးခွန်းတိုင်းကိုသေချာဖြေပေးလိုက်တယ်
သူ့ကောင်မလေးစီလုအကြောင်းမေးတော့လဲ ချင်းယွီကအမှန်တိုင်းပဲပြောပြလိုက်တယ် အဲ့ကြတော့မှသူ့အမေက စိတ်အေးသွားပြီးဖုန်းချသွားတော့တယ် ချင်းယွီတိတ်တိတ်လေးသက်ပြင်းချလိုက်ပြီးတစ်ခုခုတွေးလိုက်တယ် နောက်ပြီးတော့ စနစ်ကိုထပ်မေးလိုက်တယ်
"စနစ်ရေ အခုချက်ချင်း မင်းငါ့မိဘတွေဆီကိုပိုက်ဆံလွှဲပေး
သိန်းတစ်ရာလွှဲပေးရင် ဝင်လို့ရလား"
မရပါ ဒီလိုအသုံးပြုခြင်းကိုရေတွက်လို့မရပါ နေ့စဉ် လိုအပ်သည့်ပစ္စည်းများရှယ်ယာများစသည်တို့ဝယ်ယူခြင်းသည် အကျုံးမဝင်ပါ
ချင်းယွီသိပ်မအံ့ဩဘဲ ခေါင်းညိတ်လိုက်တယ် ညနေတောင်ရောက်တော့မယ် သူလဲဗိုက်ဆာနေပြီမို့ ဝိတ်တာဆီကိုအနောက်တိုင်းစားစရာအများကြီးမှာလိုက်တယ်
စားပြီးတော့အနောက်တိုင်းစားသောက်ဆိုင်ထဲကထွက်လာလိုက်တယ် အပြင်မှာလူတွေဝင်လိုက်ထွက်လိုက်နဲ့အလုပ်ရှုပ်နေကြတယ် အပြင်ဘက်က အဆောက်အဦးအကြီးကြီးတွေကိုကြည့်ပြီးေတာ့သူ့စိတ်ထဲရုတ်တရက်အားရှိလာတယ်
အိမ်မက်တွေနဲ့လူငယ်လေးတစ်ယောက်မို့ ချင်းယွီမှာလည်းအိမ်မက်တွေရှိတယ်
အိမ်ဝယ်တာ ကားဝယ်တာ အဆောက်အဦးကြီးတွေပိုင်တာ ဘော့စ်လုပ်တာ ဒါမှမဟုတ် နောက်ဆုံးပေါ်ဖုန်းကိုဝယ်တာ
ဒါပေမယ့်အခုဒါတွေကသူ့အတွက်ပါမွှားပဲ သူဝယ်ချင်တာဝယ်လို့ရပြီလေ
ဒါပေမယ့်အခုအရေးပေါ် ပြသာနာကကားသွားရွေးဖို့ပဲ
ခရီးသွားဖို့ ဟိုနားဒီနားသွားဖို့ ကားလေးနဲ့ဆို လုပ်ရကိုင်ရတာသက်သောင့်သက်သာဖြစ်တယ်လေ အရင်နှစ်တွေကလျှောက်ထားတဲ့ ကားလိုင်စင်ကလည်း ခုတော့လွှင့်ပစ်စရာမလိုတော့ဘူးပေါ့
သူတက်စီတစ်စီးကိုတားပြီး အနီးဆုံးCar Show Room(ကားအရောင်းပြခန်း)ရှိရာဆီပို့ပေးဖို့ပြောလိုက်တယ် ကားသမားကသူ့ပုံစံကိုကြည့်ပြီး စိတ်တောင်မဝင်စားနဲ့ပုံနဲ့မောင်းပို့ပေးခဲ့တယ်
မီးပွိုင့်အချို့ကိုကျော်ပြီး ၄၅မိနစ်လောက်ကြာတော့ ကားအရောင်းအဝယ်လုပ်တဲ့နေရာကိုရောက်လာတယ်
သူတက်စီခရှင်းပေးပြီးဆိုင်ထဲဝင်သွားလိုက်တယ် သူအထဲရောက်တော့ကားအမျိုးအစားစုံစုံလင်လင်တွေ့လိုက်ရတယ် ပုံမှန်အိမ်စီးကားတွေရော သန်းချီတန်တဲ့ဇိမ်ခံကားတွေရော အစုံအလင်ပဲပေါ့ နောက်ဆုံးသူဂျာမန်နဲ့ဗီယက်နမ်ကားအမျိုးအစားတွေရှိတဲ့ဘက်မှာရပ်လိုက်တယ်
ဒီshowroom(ကားအရောင်းပြခန်း)ရဲ့အပြင်အဆင်ကအရမ်းမိုက်တယ် လေးထပ်အဆောက်အဦးကြီးဖြစ်ပြီး တစ်ထပ်တစ်ထပ်ကိုမီတာနဲ့ချီပြီးေတာ့ကျယ်တယ် အထဲမှာဘရမ်းမျိုးစုံရဲ့ အဆင့်မြင့်ကားတွေ စီတန်းနေတာမြင်လိုက်ရတယ်
သူတစ်စက်မှမတွန့်ဘဲshowroomထဲဝင်သွားလိုက်တယ် သူဝင်လိုက်တာနဲ့မြင်လိုက်ရတာကဟောခန်းတလျှောက်လုံး အရောင်တောက်တောက်နဲ့အဆင့်မြင့်ကားမျိုးစုံနဲ့ရှိနေတယ် တစ်ချို့ကားအရောင်တွေကမြင်တာနဲ့ခေါင်းမူးပြီး တစ်ချို့အရောင်တွေကတော့ မော်ဒန်ဆန်တယ် သူအထဲရောက်သွားတဲ့ချိန်မှာပဲရင်းနှီးတဲ့အသံတစ်သံကိုကြားလိုက်ရတယ်
အနက်ရောင်စကပ်တိုတိုနဲ့ယူနီဖောင်းဝတ်ထားတဲ့မိန်းမတစ်ယောက်က ချင်းယွီဝင်လာတာကိုကြည့်ပြီး ပြုံးပြလာတယ် ဒါပေမယ့်ချင်းယွီရဲ့ပုံစံကိုကြည့်ပြီး အထင်သေးတဲ့လေသံနဲ့ပြောလာတယ်
" ဘိုင်ရှောင်းရွေ နင် လား?"
သူအရောင်းဝန်ထမ်းကိုမှတ်မိနေတယ် သူကစီလုရဲ့အတန်းဖော်လဲဖြစ်ပြီး သူ့သူငယ်ချင်းကောင်းလဲဖြစ်တယ် ဒါပေမယ့်ချင်းယွီကသူ့ရှေ့ကလူကိုစိတ်မဝင်စားပါဘူး
သူကသိပ်ကိုမာနကြီးပြီးေမာက်မာတဲ့မိန်းမ.... သူစီလုနဲ့တူတူရှိနေတုန်းကလဲ သူ့ဆီကနေအနိုင်ကျင့်တာအမြဲခံရတယ်
ပြီးတော့စီလုကိုလဲအမြဲ ယောကျာ်းရှာရင်ပိုက်ဆံရှိတဲ့လူမျိုးကိုပဲရှာဖို့ ချင်းယွီလိုငမွဲနဲ့မတွဲဖို့ အမြဲတိုက်တွန်းနေတာ
စီလုပြောင်းလဲသွားတာလဲသူ့ကြောင့်ပဲဖြစ်ရမယ်
"ဟုတ်တယ်လေ ဒီကိုကားဝယ်ဖို့လာတာ ဘာဖြစ်လို့လဲ" ချင်းယွီပေါ့ပေါ့လေးပဲမေးလိုက်တယ်
"နင်က ဒီကိုကားဝယ်ဖို့လာတယ်? ကြည့်ရတာနင်တော့ နေရာမှားလာတဲ့ပုံပဲ" ဘိုင်းရှောင်းရွေ ခနဲ့ပြီးပြောလိုက်တယ်
"ဒီမှာရှိတဲ့ကားထဲကအနိမ့်ဆုံးဈေးကတောင်ယွမ်သိန်း၅၀ကျော်တယ်နော် နင်တတ်နိုင်မဲ့ပုံမပေါ်ဘူး" သူပြောပြီးတော့ အနောက်ကအမျိုးသမီးတစ်ယောက်ရောက်လာခဲ့တယ်
"ရှောင်းရွေ နင်သူ့ကိုသိတာလား"
"အမဝမ် အော် သူကကျွန်မသူငယ်ချင်းရဲ့ကောင်လေးလေ တအားဆင်းရဲတာလေ သူဝတ်ထားတာကြည့်ရုံနဲ့တင် သိသာပါတယ် အချိန်ကုန်ခံပြီး အာရုံစိုက်မနေပါနဲ့"
"အော်"အမဝမ်ဆိုတဲ့အမျိုးသမီးက ခေါင်းညိတ်ပြီးသူ့ကိုအာရုံစိုက်မနေတော့ဘဲ စကားတိုးတိုးလေးပြောပြီးပြန်ထွက်သွားတော့တယ်
။