အခန်း (၃)
Vol. 1 Ch. 3
"နင့်အနေအထားနဲ့ကားစုတ်လောက်ပဲ ဝယ်စီးနိုင်တာကိုသိပါတယ် ဒီတိုင်းဒီကိုမျက်စိအစာကျွေးဖို့လာတာမလား နင့်ကိုလာရာလမ်းအတိုင်းပြန်ထွက်သွားဖို့ပဲ အကြံပေးလိုက်မယ်နော် ဒီကကားတွေကဈေးကကြီးမှကြီး တစ်ခုခုခိုက်မိပြုမိရင် နင်လျော်နိုင်မှာမဟုတ်ဘူး" ဘိုင်ရှောင်းရွေ ဒီလိုတွေပြောပြီးချင်းယွီကိုလျစ်လျူရှုပြီးလှည့်ထွက်လာလိုက်တယ်
ပြီးတော့နောက်လှည့်သွားပြီး ခပ်ပြုံးပြုံးဗိုက်ရွှဲရွှဲနဲ့သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဆီကိုလျှောက်သွားလိုက်တယ် အဝေးကနေသူပြောနေတာကိုချင်းယွီကြားနေရတယ်
"သူဌေးလေးရောက်လာပြီပဲ အရင်တစ်ခါကလာကြည့်တဲ့ကားလာယူတာလား စာချုပ်တွေပြင်ထားပေးပါတယ်"
ချင်းယွီခနလောက်စိတ်ရှုပ်သွားတယ်
"ဘာကိုကားစုတ်ပဲစီးနိုင်ရမှာလဲ? ငါလည်းဒီကိုကားလာဝယ်တာပဲကို ဘာကိုငါတတ်နိုင်မှာမဟုတ်ဘူး လျော်နိုင်မှာမဟုတ်ဘူးနဲ့ လူကိုသူတောင်းစားလိုလာဆက်ဆံနေတယ် ချီး" သူ ဒီမိန်းမထွက်သွားတာကို သူတိတ်တိတ်လေးပဲကြည့်နေလိုက်တယ်
လော်ဘီထဲကိုသူလျှောက်သွားပြီးတော့ မာစီးဒီး Porsche Rolls-Royce Bentley စတဲ့ကားအမျိုးအစားတွေကိုလျှောက်ကြည့်လိုက်တယ်
အင်း အကြိုက်ပုံစံမရှိတော့ တစ်ခုခုလိုနေသလိုပဲ ပြီးတော့ငါဝတ်ထားတာတွေကတအားသာမန်ဖြစ်လွန်းနေတော့ ဘယ်အရောင်းဝန်ထမ်းမှလဲငါ့ဆီကိုရောက်မလာကြဘူး
အရှေ့စားပွဲခုံမှာထိုင်ပြီးစကားပြောနေတဲ့မိန်းကလေးတွေလဲအများကြီးပဲ အဲ့ထဲမှာအမဝမ်ဆိုတဲ့ဝဝတုတ်တုတ်မိန်းမကြီးလဲပါတာပေါ့
အဲ့ခုချိန်မှာနည်းနည်းရှက်သလိုလိုဖြစ်နေပေမယ့်သူဘာမှမတတ်နိုင်ဘူး
သူကားနဲ့ပတ်သက်ပြီးမေးချင်တာတွေရှိပေမယ့် အကုန်လုံးကသူနဲ့ဝေးဝေးမှာပဲနေနေကြတယ်
အဲ့အချိန်မှာ၂၅နှစ်အရွယ်ေလာက်ရှိတဲ့အမျိုးသမီးတစ်ယောက်က ဝယ်သူတွေကိုတိုက်ဖို့ အအေးခွက်တွေကိုင်လာတာသူတွေ့လိုက်တယ်
ချန်ယန်...ဒီကားအရောင်းပြခန်းမှာ အလုပ်ဝင်တာ တစ်လပဲရှိသေးတယ် သူ့ဝမ်းကွဲရဲ့အကူအညီနဲ့ဒီအလုပ်ကိုသူရလာတာဖြစ်တယ် အစကတော့ကားအကောင်းစားတွေရှိတော့ လစာကောင်းမယ်ထင်ထားပေမယ့် အရင်လကလဲကားတစ်စီးပဲရောင်းရတယ် လူကြိုက်များတဲ့ကားတွေပဲအရောင်းသွက်တော့ သူ့မှာ ဒီလတားဂတ်တောင်မပြည့်နိုင်သေးဘူး
သူလိုလူသစ်တစ်ယောက်အနေနဲ့ အဆင့်မြင့် အထက်တန်းစားကာစတန်မာ ဝယ်သူတွေရောက်လာရင် သူတို့ကိုလိုက်ပြဖို့အခွင့်အရေးမရှိဘူး အဲ့တာကြောင့် ကာစတန်မာတွေကို အအေးတိုက် ဘာတိုက်လောက်ပဲသူလုပ်နိုင်တယ်
ချင်းယွီရပ်နေတာကိုဘယ်သူကမှမကြိုတာ သူတွေ့လိုက်ရတော့ သူမချင်းယွီဆီလျှောက်သွားလိုက်တယ်
"ဆရာ ဘာများအကူအညီသေးလဲရှင့် ကျွန်မသိသလောက်ကားမော်ဒယ်လေးတွေ မိတ်ဆက်ပေးလို့ရပါတယ်" ချန်ယန် သူ့ဆီကိုလျှောက်သွားပြီး ယဉ်ယဉ်ကျေးကျေးပြောလိုက်တယ်
ချန်ယန်ဒီကိုရောက်ပြီးကားတွေအများကြီးမရောင်းဖူးသေးပေမဲ့ သူကားတွေအကြောင်းကိုတော့သေသေချာချာလေ့လာထားတယ်
အထူးသဖြင့်ဒီပြခန်းကရှိတဲ့ကားတွေအကြောင်းကိုပေါ့
အရောင်းဝန်ထမ်းရောက်လာတော့ချင်းယွီသူ့ကိုသတိထားမိသွားတယ်
သူမကငယ်ရွယ်ပြီး ချစ်စရာအသံလေးနဲ့ နူးနူးညံ့ညံ့ပုံစံလေး ဟီး
ချင်းယွီနှလုံးသားလေးမြန်မြန်လှုပ်ရှားသွားတယ်
"ဟို အမ် ဟိုဟာ ကားဝယ်ချင်လို့ လိုက်ပြပေးပါအုံး"
"ဟုတ်ကဲ့ရှင့် ဆရာလိုချင်တဲ့ကားပုံစံကဘယ်လိုမျိုးလဲမသိဘူး ဘယ်လိုမော်ဒယ်ထဲကကြည့်ချင်တာလဲဟင်"
"အင်း ငါဒီမှာရှိသမျှကားတွေအကုန်ကြည့်ပြီးသွားပြီ တော်တော်များများကပုံစံတွေကရိုးနေတော့ သိပ်အကြိုက်မတွေ့ဘူး ဒီထက်ပိုေကာင်းတာေလးေတွရှိသေးလား" ချင်းယွီမေးလိုက်တယ်
သူကစနစ်ထဲကိုဝင်ဖို့ ပိုက်ဆံသုံးဖို့ရောက်လာတာလေ အဲ့တော့ပိုက်ဆံပိုသုံးသုံးလေလေ အရည်အသွေးကောင်းတာရလေလေမလား အဲ့တော့သူများများသုံးရမှာပေါ့
ချန်ယန်နည်းနည်းတော့တန့်သွားတယ်
ဒီလူဒီလာပြီးပြသာနာလာရှာနေတယ်လို့ပဲတွေးမိသွားတယ် ဟုတ်တယ်လေ ဘယ့်နှယ့် ဒီကရှိသမျှကားတွေက ယွမ်သိန်းချီ ဒေါ်လာသန်းချီပြီးတန်နေတာကို သူကအကြိုက်မတွေ့ဖူးတဲ့!
ဒါပေမယ့်လဲချန်ယန်ပြုံးပြလိုက်ပြီး ပြန်ပြောလိုက်တယ် "ဟုတ်ကဲ့ရှိပါတယ်ရှင့် ဒုတိယထပ်ကိုလိုက်ပြပေးပါရစေရှင့်
ဒုတိယထပ်ကကားတွေကတော့ပိုဈေးကြီးပြီး အနည်းဆုံးတော့ ဒေါ်လာတစ်သိန်းကနေစပါတယ်ရှင့်"
ချွင်းယွီပြုံးလိုက်တယ်
"အိုခေလေ ဒါဆိုလဲအနှောင့်အယှက်ပေးပါရစေ ဒါနဲ့နာမည်လေးဘယ်လိုခေါ်လဲမသိဘူး"
ချန်ယန်ပြုံးလိုက်တယ် "ချန်ယန်လို့လဲခေါ်ပါရှင့်"
စကားပြောပြီးသွားတော့သူ့ကိုအေပါ်ထပ်ကိုလမ်းပြပေးဖို့ လက်ဟန်ခြေဟန်နဲ့ပဲပြောလိုက်တယ် အဲ့ဒီနောက် ဓာတ်လှေကားဝင်ပေါက်ဆီကိုလျှောက်သွားလိုက်ကြပြီး အပေါ်တက်ဖို့ပြင်လိုက်တယ်
သူတို့ထွက်သွားပြီးတာနဲ့ ဧည့်ကြိုကောင်တာကလူတွေ စပြီးအတင်းတုပ်ကြတော့တာပဲ
"အဲ့လူပုံစံကြည့်ရတာလည်း စုတ်ပြတ်သတ်နေတာပဲ ဒီဝတ်ပုံစားပုံနဲ့
ကားဘီးတောင်ဝယ်နိုင်မဲ့ပုံလဲမပေါ်ပါဘူး ပြောသာပြောတာအချို့လူတွေကတော့တကယ် ယုံတဲ့ပုံပါပဲဒီလိုလူတွေက ဒီနေရာတွေရောက်လာတယ်ဆိုတာ ကားနဲ့ဓာတ်ပုံရိုက်ေဟာပြီးရင် လိုင်းပေါ်တင်ကြွားလုံးထုတ် ဒါမျိုးတွေပါပဲ"
အမဝမ်ဆိုတာကလဲဝင်ပြီးေပြာလာတယ် 'ချန်ယန်လိုငတုံးမပဲ အဲ့လိုလူကိုလေကုန်ခံရှင်းပြပေးနေမှာ"
"အခုပဲကြည့်လေ နှစ်ယောက်သားဒုတိယထပ်ကိုတက်သွားကြပြီ အဲ့ကောင်မလေးကတော့မျက်စိမှုန်နေတဲ့ပုံပဲ နည်းနည်းလောက် ခြေညောင်းခံပြီးမှပဲ လောကကြီးအကြောင်းနားလည်သွားမှာ လွှတ်ထားလိုက်"
"အခုရှောင်ရွေ လိုက်ပြပေးတဲ့လူမျိုးကိုပဲကြည့်
သူမနေ့ကကားလိုက်ပြခဲ့တဲ့ဘော့စ်လီလိုလူမျိုးကမှ တကယ့်သန်းချီသုံးမယ့်ပုံစံ
ဘော့စ်လီကတကယ့်ကုမ္ပဏီကြီးရဲ့ဥက္ကဌလေ သူကမှတကယ့်VVIP (အထူးစပရှယ်)ကာစတန်မာပဲ"
"အော် နောက်တော့မှဧည့်သည်တွေကိုညစာကျွေးဖို့ပြောရမယ်"
ချင်းယွီ ချန်ယန်နောက်ကိုလိုက်ပြီး ဒုတိယထပ်ကိုရောက်လာတယ် ဒီအထပ်မှာလဲအဆင့်မြင့်ကားတွေအများကြီးပဲ
ကားတစ်စီးချင်းဆီတိုင်းကအဆင့်မြင့် အထက်တန်းဆန်တာတွေချည်းပဲ အလယ်မှာတော့မီတာတစ်ဝက်လောက်ရှိတဲ့ ပလက်ဖောင်းတစ်ခုထားထားတယ် အဲ့အပေါ်မှာကားသုံးစီးကိုပြထားတယ် ချင်းယွီအဲ့ကားကိုမြင်လိုက်တာနဲ့သဘောကျသွားတယ် ဒါနဲ့ပဲအဲ့ကားဆီကိုလျှောက်သွားလိုက်တယ်
"ဒီကားတွေကတော်တော်မိုက်တာပဲ ဒီကားလေးတစ်ချက်လောက်ပြပေးကြည့်" ချန်ယန်သူပြောတာကိုနားထောင်ပြီးသူ့နောက်လိုက်သွားလိုက်တယ်
ကားတွေကိုဘယ်ဘက်ကနေစပြီး မိတ်ဆက်ဖို့ပြင်လိုက်တယ်
"ငွေရောင်လေးကတော့လက်ဘရော်ဂနီ ငွေရောင်တောင်ပံဖြန့်ကားအမျိုးအစားဖြစ်ပါတယ် တစ်နာရီကိုကီလိုမီတာ ၃ထောင်သွားနိုင်ဖို့ ၂.၈စက္ကန့်ပဲလိုပါတယ် ဈေးလေးကတော့ သိန်းတစ်ထောင်ပါ
အနက်ရောင်နဲ့ငွေရောင်အရောလေးကတော့ လာအိုရယ် ရို့ဖန်သွယ်ပါ (ကားအမျိုးအစားကိုေပြာတာဖြစ်)
မီလီယမ်***တန်ပါတယ်
အလယ်ကအနက်ရောင်လေးကတော့ အိန်ဂျယ်ဆိုက်ကင်ခ်ဆိုတဲ့ကုမ္ပဏီကထုတ်လုပ်ထားတာဖြစ်ပါတယ် ဒီကားရဲ့ပါဝါကအခြားရိုးရိုးsport (စပေါ့)ကားတွေထက်သာပါတယ်
ဒီကားရဲ့အပြင်ပိုင်းကသာမန်နဲ့တူပေမယ့် ဒီကားရဲ့အားသာချက်က ကျည်ကာဒဏ်ခံနိုင်ရုံသာမကပဲ ရေကာပါ ပါဝင်ပြီးသားဖြစ်ပါတယ် ကုမ္ပဏီရဲ့အနက်ရောင်နည်းပညာနဲ့ပေါင်းစပ်ပြီးထုတ်လုပ်ထားတာမို့ ဓာတ်ရောင်ခြည်ကာကွယ်တဲ့စနစ်လဲပါဝင်ပြီးဖြစ်ပါတယ်
သူ့ရဲ့သက်သောင့်သက်သာဖြစ်မှုကတော့တခြားကားတွေနဲ့ယှဉ်လို့ကိုမရပါဘူး"
ချန်ယန်ကုမ္ပဏီနာမည်ပြောလိုက်တော့ ချင်းယွီမျက်လုံးတွေကျယ်သွားတယ်
ဒီကုမ္ပဏီကကမ္ဘာပေါ်မှာအာဏာအရှိဆုံးကုမ္ပဏီထဲကတစ်ခုလေ
ဒီ့အပြင် နောက်တစ်ခုက ဒီကုမ္ပဏီရဲ့ထုတ်ကုန်တွေကို စစ်တပ်တော်တော်များများနဲ့လက်နက်အဖွဲ့အစည်းတွေမှာသုံးကြတာလေ
သူကုမ္ပဏီကြားပြီးကတည်းကဒီကားရဲ့ ကွာလတီ (အရည်အသွေး)ကိုသံသယဝင်မနေတော့ဘူး
အထူးသဖြင့်သူဒီကားရဲ့သိပ္ပံရုပ်ရှင်ေတွထဲကလိုအရောင်နဲ့ပုံစံအနေအထားကိုတော်တော်လေးသဘောကျသွားမိတာ
ဒါပဲသူဒီကားကိုလိုချင်တယ်
"ဒီကားကိုယူမယ်"ချင်းယွီ ကားကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်
"ရှင် ဒီကားကိုယူမှာလား ဟိုဟို ဈေးကလေ" ချန်ယန်ကားအကြောင်းရှင်းပြနေရင်း ကြားလိုက်ရတာကို သေချာအောင်ပြန်မေးလိုက်တယ်
"ဈေးဘယ်လောက်လဲသိလားဟင် ဟို ဒါကိုပဲယူမှာလားဟင်"
"ရတယ် ဈေးဘယ်လောက်ဖြစ်ဖြစ် ဝယ်မယ်!" ချင်းယွီပုံစံကလုံးဝပြောင်းလဲနေတယ် ဒါပေါ့ သူကအရင်ကလိုငမွဲလေးမှမဟုတ်တော့တာ သူ့လက်ထဲငွေသားသန်းတစ်ရာလောက်ရှိနေပြီလေ
"ဘာဖြစ်လဲ ဒီနေ့တော့နည်းနည်းလောက်မောက်မာပြလိုက်တာပေါ့"