← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

ချန်ယန်ဘာမှပြောမထွက်တဲ့အထိဖြစ်သွားတယ်

တစ်‌ယောက်ယောက်က ယွမ်သိန်းတစ်ရာတန်တဲ့ကားကို ဝယ်သွားမယ်ဆိုတာကို သူမယုံနိုင်ဖြစ်နေတာများလား

တကယ်လို့သူက သိန်း200အလကားရထားရင်တောင်မှ ဒီလောက်ပိုက်ဆံအများကြီးကို လုပ်ငန်းတစ်ခုခုလုပ်တာမဟုတ်ဘဲ ကားဝယ်ချင်တယ်ပေါ့

အဲ့လောက်ပိုက်ဆံအများကြီးရှိနေရင် စီးပွားရေးလုပ်ငန်းတစ်ခုခုစတာဖြစ်ဖြစ် ဗီလာတစ်ခုခုဝယ်တာဖြစ်ဖြစ်လုပ်သင့်တယ်မဟုတ်ဘူးလား?

ဒီကားကသူဒီကုမ္ပဏီမရောက်ခင်ကတည်းကရှိနေတဲ့ကားလေ ပြောရရင် ဒါကရှယ်ယာအဟောင်းလိုတောင်ဖြစ်နေပြီ ဒါပေမယ့် ဒီကားကိုခုဝယ်မဲ့သူပေါ်လာပြီပေါ့

ကားလေးတစ်စီးအတွက် ဒီလောက်ငွေပမာဏအများကြီးသုံးပစ်ဖို့လိုလိုလား

ဘယ်လိုပဲဖြစ်ဖြစ် ကာစတန်မာကနံပါတ်တစ်ဦးစားပေးပဲမို့သူ့သဘောအတိုင်းပဲလုပ်ပေးရမှာပေါ့

"ဆရာရေ ဒီကားတန်ဖိုးက သိန်း၈၉၀၀ကျော်ရှိပါတယ် ဝယ်မှာသေချာတယ်ဆိုရင်စီးကြည့်လို့ရပါတယ် ဒါပေမယ့်ကားရဲ့တန်ဖိုးကအရမ်းမြင့်တာမို့ ဆရာအနေနဲ့ ကုမ္ပဏီကသတ်မှတ်ထားတဲ့ စရံ‌ငွေကိုအရင်ပေးသွင်းပေးရပါမယ်ရှင့် စရံငွေအနေနဲ့ကားတန်ဖိုးရဲ့၁၀ရာခိုင်နှုန်းကိုသွင်းပေးထားရင်ရပါပြီရှင့်"

"အဲ့တာကြောင့် အရင်ဆုံးသိန်း၈၉၀ကိုအရင်ပေးချေထားပါမယ် စမ်းစီးကြည့်ပြီးမှသဘောမကျရင် စရံငွေအကုန် ပြန်အမ်းပေးပါတယ်ရှင့်" ချန်ယန်သူနောက်ဆုတ်သွားမလားဆိုပြီး ကားဈေးနှုန်းကိုတမင်ပြောလိုက်တယ်

ချင်းယွီကားဈေးကို ကြားလိုက်ရတော့ နည်းနည်းတော့တွန့်သွားတယ်

တကယ်ထင်ထားတာထက်ဈေးကြီးနေတာပဲ သူသာ‌ဝယ်မယ်မပြောရင် ကားဈေး‌တောင်သိခွင့်ရမှာမဟုတ်ဘူး

"ရပြီ" မင်းပြောတာနားလည်ပြီမို့ ဒီမှာဘလက်ခ်ကဒ်ယူသွားလိုက်‌တော့ ကားကိုအရင်စမ်းကြည့်တာပေါ့ ကဒ်ထဲကနေစရံငွေယူထားလိုက် " ချန်ယန် ဘလက်ခ်ကဒ်ကိုယူထားလိုက်တယ်

သူအနေနဲ့တစ်ခါမှဒီလိုကဒ်မျိူးမကိုင်ဖူတာမို့ အထူးရွှေရောင်ကဒ်တို့ဘာတို့ဆိုတာလဲသူမသိဘူး

ဘလက်ခ်ကဒ်ဆိုတာ အဆင့်မြင့်ခရက်ဒစစ်ရှ်ကဒ် ဒါမှမဟုတ် ပိုက်ဆံတွေအများကြီး အလွှဲအပြောင်းလုပ်လို့ရတဲ့ကဒ်လို့ပဲသိထားခဲ့တာ

ချန်ယန်သူ့ရှေ့ကကဒ်ကိုကြည့်ရင်းတွေးလိုက်မိတယ် ဒီလူကတကယ်သူပြ‌ပေးခဲ့တဲ့ ကားကိုဝယ်ချင်နေတာပဲ

"ဟုတ်ကဲ့ပါဆရာ ခနလောက်စောင့်ပေးပါဦးနော်" ချန်ယန်တစ်ယောက်ချင်းယွီကိုနှုတ်ဆက်ပြီးတော့ ဒုတိယထပ်ကကောင်တာမှာ ငွေရှင်းလိုက်တယ်

ဒီကိစ္စကိုသူ့ကိုတော်တော်လေး စိတ်လှုပ်ရှားစေတယ် ဒီကားကိုသူပြပေးတဲ့ကာစတန်မာကဝယ်သွားတယ်ဆိုတာသူ့အတွက်အိမ်မက်လိုပဲ

ကားကိုစမ်းစီးတယ်ဆိုကတည်းက ဝယ်ဖို့သေချာလို့ပဲမလား ဒီကားရောင်းလိုက်ရလို့သူရလာမယ့် ကော်မရှင်ခကလဲတွေးကြည့်ရုံနဲ့တင်မိုက်နေပြီ ဒါပေမယ့်နေဦး ဒီကဒ်ထဲမှာငွေမရှိတာလည်း ဖြစ်‌နေနိုင်သေးတယ်

ချန်ယန်အတွေးပေါင်းစုံနဲ့ကဒ်ကိုငွေလက်ခံမယ့်စက်ထဲထည့်လိုက်တယ် ပြီးတော့ ငွေပမာဏရ်ိုက်ထည့်ပြီး လေးစားသမှုနဲ့ချင်းယွီကိုပြောလိုက်တယ်

"ဆရာ ငွေပေးချေဖို့လျှို့ဝှက်နံပါတ်လေး ရိုက်ထည့်ပေးပါအုံးရှင့်"

"အိုခေ" ချင်းယွီနံပါတ်ကိုရိုက်ထည့်ပေးပြီးအတည်ပြုပေးလိုက်တယ်

ဒီအပိုဒ်က စရံငွေကိုယူထားလိုက်ဆိုတဲ့အသံကိုတကယ်အူယားလို့နားထောင်နေတာပြန်ပြန်ပြီး အား နင်သော်ကေရင်တောင်ခလေးသံပျောက်မှာမဟုတ်ဘူး

ငွေပေးချေမှုအောင်မြင်စွာပြီးဆုံးသွားပါပြီ

စက်ထဲကနေ ပြေစာစာရွက်ထွက်လာတာကို ကြည့်ပြီး ချန်ယန်စိတ်လှုပ်ရှားနေတာတွေကို မပေါ်အောင် အတတ်နိုင်ဆုံးထိန်းထားလိုက်တယ်

ဘလက်ခ်ကဒ်ကိုပါစက်ထဲကနေပြန်ယူပြီး ချင်းယွီလက်ထဲကိုပေးလိုက်တယ်

"ဆရာ့ကို ကားစမ်းမောင်းဖို့ ခေါ်သွားပါရစေ"

"အင်း...ကောင်းပြီလေ "နှစ်ယောက်လုံးကားဆီကိုလျှောက်သွားလိုက်တယ်

ချင်းယွီကားတံခါးကိုဖွင့်ပြီး မောင်းဖို့လုပ်လိုက်တယ် ခုံမှာထိုင်ထိုင်ချင်း နူးညံ့ပြီးတော့သက်သောင့်သက်သာရှိနေတာကိုခံစားလိုက်ရတယ်

ခေတ်ဆန်တဲ့အမိုး ကျယ်ဝန်းတဲ့ထိုင်ခုံ‌ေနရာ လူတွေပြည့်ကျပ်နေတာလဲမရှိဘူး

ကားစက်နှိုးတဲ့အသံကြားပြီးသူကျက်သီးတွေပါထလာတယ်

ကား‌စမောင်းလိုက်တာနဲ့ ချန်ယန်ရဲ့လမ်းပြမှုနဲ့အတူ အထူးဓာတ်လှေကားရှိရာကိုရောက်လာခဲ့တယ် အဲ့ကနေမှလမ်းပေါ်ကို‌ရောက်သွားတယ် ဈေးကြီးပေးရတဲ့ကားဆိုတဲ့အတိုင်းပဲ စမောင်းရတဲ့အရှိန်နဲ့ သက်သောင့်သက်သာရှိမှုက ဘာနဲ့မှယဉ်လို့‌ကိုမရအောင်ပဲ တစ်စက်မှုလှုပ်တာပြုတာတွေမရှိဘဲ မောင်းလို့ရတယ် အထူးသဖြင့်အပြင်က နေ‌ကျစ်ကျစ်တောက်ပူနေတာတောင်ကားထဲမှာ တစ်စက်ကလေးမှမပူတာပဲ....

စမ်းမောင်းကြည့်ပြီးတာနဲ့ ချင်းယွီပိုပြီးသဘောကျသွားတယ် ကားကိုပထမထပ်ပါကင်မှာထိုးရင်း သူချန်ယန်ကိုလှမ်းပြောလိုက်တယ်

"ဒီကားပဲယူမယ် ဒါပေမယ့်‌ေတာင်းဆိုချင်တာ‌တော့နည်းနည်းရှိနေတယ် " ချန်ယန်တစ်ယောက် ဝယ်သူဘက်က ကားကိုဝယ်ဖို့အတည်ပြုသံကိုကြားပြီး ဝမ်းသာသွားတယ် ဒါပေ့မယ် ချင်းယွီ နောက်ဘာဆက်ပြောမလဲဆိုတာကိုမသိတာမို့ နည်းနည်းတော့စိတ်လှုပ်ရှားမိသွားတယ်

နေဦး သူဟိုလိုကိစ္စ‌ေတွကို‌ေတာ့‌ေမးလာမှာမဟုတ်လောက်ပါဘူးနော့် မေးလာရင်ဘယ်လိုလုပ်ရမလဲ....! ငါသဘောတူလိုက်ရမလား ငြင်းလိုက်ရင်ရော ငါ့ကော်မရှင်ခလေးတွေ!!!

ဝယ်သူတစ်ယောက်နဲ့တအားရင်းရင်းနှီးနှီးနေလို့လဲမရပြန်ဘူး

ဒီလိုလူမျိုးတွေကသေချာပေါက်ငွေသုံးနိုင်တဲ့လူတွေပဲ သူ့ရှေ့ကဒီလူဆို အရပ်လဲရှည််တယ် ပိုက်ဆံလဲရှိတယ် ရုပ်ရှိရေလျှုံ သူဌေးသားတစ်ယောက်လေ ဒီလိုလူမျိုးဆီကတောင်းဆိုချင်တာရှိတယ်ဆိုတာက....

ချန်ယန်ဒီလောကထဲစဝင်တာတစ်လလောက်ပဲရှိသေးပေမယ့် ဒီလိုသဘောတရားတွေ သူနားလည်သင့်သလောက်တော့နားလည်ပါတယ်

"ဟုတ်ကဲ့ပါ ဆရာပြောပါရှင့် ဘာများတောင်းဆိုချင်တာရှိလို့လဲရှင့်"

"ဒီကားကခုတန်းမောင်းသွားမှာမို့ ဒီကားနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဒီနေ့အပြီးလုပ်ပေးလို့ရမလား?"

"အော် ဟုတ်ကဲ့ ရပါတယ်ရှင့် သာမန်ကားတွေဆိုတစ်ရက် နှစ်ရက်လောက်ကြာနိုင်ပေမယ့် ဒီလိုမျိုးအဆင့်မြင့်ကားတွေအတွက် ဝန်ဆောင်မှုပေးဖို့ သီးသန့်ခန့်အပ်ထားတဲ့ဝန်ထမ်းတွေရှိပြီးသားပါရှင့်"

"ချက်ချင်းရနိုင်တဲ့ ကားနံပါတ်ပြားတွေလည်းရှိပါတယ်ရှင့် ဒါပေမယ့်ထုတ်လုပ်ခကတော့ပိုဈေးကြီးနိုင်ပါတယ်ရှင့်"

"ရတယ် ဘယ်လောက်ကျကျ ကိစ္စမရှိဘူး"

ချန်ယန်အခုမှပဲသက်ပြင်းချနိုင်တော့တယ်

"အာ ဆရာ ဆရာ့နာမည်မသိသေးဘူးရှင့် နာမည်လေးတစ်ချက်လောက် ပြောပြပေးလို့ရမလားရှင့်"

ချင်းယွီရိုးရိုးလေးပဲပြန်ပြောပြလိုက်တယ်

"ဟုတ်ကဲ့ပါ မစ္စတာချင်းယွီ ဒီကားရဲ့တန်ဖိုးက သိန်း၈၉၀၀ကျသင့်ပါတယ် ဒါပေမယ့်လျော့ဈေး သိန်း၂၀၀ရရှိတာမို့ စုစုပေါင်းသိန်း၈၇၀ဝကျသင့်ပါမယ်

အခွန်နဲ့အာမခံပေါင်းထည့်လိုက်ရင်တော့ယွမ်သိန်း ၉၈၀၀ကျသွားပါမယ်ရှင့် "

အခုချန်ယန်လဲဆိုင်ရဲ့မန်နေဂျာကိုလှမ်းခေါ်လိုက်တယ် တကယ်တမ်းလျော့ဈေးရတာသူပြောပြလို့ဒီလူသက်သာသွားတာ သူများတွေသာဆို၂၀၀ကို ၁၀၀လို့ပြောပြီး ကျန်တဲ့၁၀၀ကိုဖြတ်ယူဖို့လုပ်ကြမှာ....

သူကတော့အမှန်တိုင်းပြောပြလိုက်ပေမယ့် ရုတ်တရက်ချင်းယွီပြောလာတဲ့စကားကြောင့် သူနည်းနည်းတော့ကြောင်သွားတယ်

"လျော့ဈေးမလိုဘူး ပထမဈေးနဲ့ပဲဖြတ်လိုက်" ချင်းယွီစနစ်ထဲဝင်ဖို့အလျင်လိုနေလို့သာသိန်း၂၀၀ကိုအဆုံးခံလိုက်တာ ဘယ်သူကအဲ့လောက်ငွေပမာဏကိုအဆုံးခံချင်မှာလဲ...

ဘေးကချန်ယန်ကတော့တွေးနေတာပေါ့

ဒါပဲလေ လူချမ်းသာတွေရဲ့ကမ္ဘာကအဲ့လိုပဲပေါ့ ငွေကိုငွေလို့သဘောမထားတဲ့လူတွေ အင်းလေသူမယူတော့လဲငါရတာပေါ့အဲ့ပိုက်ဆံတွေ

"ဟုတ်ကဲ့မစ္စတာချင်းယွီ မစ္စတာသဘောအတိုင်းပါရှင့်"

၂ယောက်လုံးဒုတိယထပ်ကိုတူတူတက်လာလိုက်တယ် ကားတန်ဖိုးကမြင့်တာမို့ စာချုပ်ချုပ်တာကိုလည်း VIPအခန်းမှာပဲလုပ်မှဖြစ်မှာမို့ ဒုတိယထပ်ကိုတူတူပြန်တက်လာရတာဖြစ်တယ်

ဒုတိယထပ်ကိုတက်လာတာနဲ့အသက်၄၀လောက်ရှိတဲ့အရပ်ပုပုအဘိုးကြီးတစ်ယောက် ပြုံးဖြီးပြီး ဝတ်စုံအပြည့်နဲ့ ကြိုနေတာတွေ့လိုက်ရတယ်

"ဒီဘက်က လူကြီးမင်းက အိန်ဂျယ်---ကုမ္ပဏီကထုတ်တဲ့ကားကို သဘောကျတယ်နဲ့တူတယ် စမ်းစီးခဲ့ရတာရောအဆင်ပြေရဲ့လားဗျ"

သိပ်မကြာခင်တုန်းကပဲ လုရှင်းအပြင်မှာ စကားပြောနေတုန်း တစ်ယောက်ယောက်က ဒီကားကိုဝယ်ဖို့လုပ်နေတယ်လို့ ချန်ယန်ခေါ်တာ‌လဲကြားရော သူအပြေးအလွှားကိုတက်လာခဲ့တော့တာပဲ ကားဝယ်ဖို့ငွေဒီလောက်သုံးထားပေးမှတော့သူ့အနေနဲ့လဲ ဒီလိုကာစတန်မာကိုပဲဦးစားပေးပေးရမှာပေါ့

ချန်ယန်သာမန်အဝတ်အစားဝတ်ထားတဲ့ ကောင်လေးတစ်ယောက်နဲ့ အပေါ်တက်လာတာမြင်တော့ သူနည်းနည်းတော့အံ့ဩမိသွားတယ်

ဒါပေမယ့်လည်းသူသွားနှုတ်ဆက်လိုက်တယ်

ချန်ယန်မိတ်ဆက်ပေးတော့မှာချင်းယွီသူ့ရှေ့ကလူက ဒီကားအရောင်းပြခနရဲ့မန်နေဂျာဆိုတာသိလိုက်တယ်

"အင်း ဒီကားနဲ့တင်တော့သိပ်မကျေနပ်သေးဘူး ထပ်ဝယ်ချင်တာလေးတွေလည်းရှိနေသေးတယ်"

"အာ ကောင်းတာပေါ့ဗျာ" လုရှင်းအရမ်းပျော်သွားတယ်

သုံးယောက်လုံးVIPခန်းထဲကိုတူတူဝင်လာလိုက်ပြီးအထူးပြုလုပ်ထားတဲ့လက်ဖက်ရည်တစ်မျိုးနဲ့ချင်းယွီကိုဧည့်ခံလိုက်တယ်

လုရှင်းကသူအကြာကြီးသိမ်းထားတဲ့ ဒါဟုမ်ဖောင်အရက်ကို‌ေတာင်ထုတ်ပြီး ဧည့်ခံလာတာမို့ ချန်ယန်လိုလူသစ်လေးတောင်သောက်လိုက်ရတယ်

ချင်းယွီကားတွေပေါ်မှာထားတဲ့စိတ်ကိုသိသွားတော့ မန်နေဂျာလုကချင်းယွီအပေါ်အများကြီးလေးစားလာမိတယ်

အဲ့တာပြီးတော့ ချန်ယန် ဆွေးနွေးထားတဲ့ဈေးအတိုင်းပဲ စာချုပ်ချုပ်လိုက်ကြပြီး ငွေပေးချေဖို့လုပ်လိုက်တော့တယ်

ကားရဲ့အရင်စရံငွေပေးထားတဲ့သိန်း၈၉၀ကိုနုတ်ပြီးကျန်တဲ့ငွေသွင်းဖို့ကို ပြခန်းကလဲ ခရက်ဒစ်ရှ်ကဒ်နဲ့လက်ခံပေးတာမို့ ငွေပေးချေဖို့လုပ်လိုက်တော့တယ်

အေးအေးဆေးဆေးပဲ သူလျှို့ဝှက်နံပါတ်ရိုက်ထည့်ဖို့လုပ်လိုက်တယ်

အဲ့အချိန်သူ့ဘေးက ချန်ယန် မန်နေဂျာလုနဲ့ ခုနကမှရောက်လာတဲ့‌ ငွေကြေးစီမံခန့်ခွဲ‌ရေးဌာနကဝန်ထမ်းတစ်ယောက်က သူလှုပ်ရှားမှုတိုင်းကို အသက်အောင့်ပြီးရပ်ကြည့်နေကြတယ်

သူတို့ရှေ့ကသိန်းထောင်နဲ့ချီတဲ့ကားကိုဝယ်တဲ့သူက သာမန်ပဲဝတ်စားထားပြီး အသက်အရွယ်အားဖြင့်လဲတော်တော်ငယ်ပြီး သိန်းနဲ့ချီပြီးဝင်ငွေရှိနေတဲ့လူလို့ကိုမထင်ရတာလေ

တင်!ငွေပေးချေမှုအောင်မြင်ပါသည်

စက်ကအတည်ပြုသံကြားမှပဲ သုံးယောက်သားစိတ်သက်သာရာရသွားတော့မယ်

ချင်းယွီပြန်‌ယူလိုက်တဲ့ကဒ်ကို လုရှင်းသေချာကြည့်လိုက်မိတယ် သူဒီကဒ်ကိုတစ်နေရာရာမှာမြင်ဖူးနေသလိုလိုဖြစ်နေတယ် သူခေါင်းခါလိုက်တယ် သူအခုတွေးချင်တာဒီကဒ်ကိစ္စမဟုတ်ဘူး ဝယ်သူကလဲပိုက်ဆံချေပြီးသွားပြီ

သူကပိုက်ဆံချေပြီးတော့ နံပါတ်ပြားကိုလှတာလေးပေးဖို့တောင်းဆိုလာတယ်

ရတာပေါ့ ပို‌လှလေလေ ပိုကောင်းလေလေပဲ အကြာကြီးစောင့်နေရရင်အလုပ်ရှုပ်တယ်

သူစီမံမှုအောက်မှာပဲနံပါတ်ပြားကိစ္စကလည်းလျောလျောရှူရှူနဲ့အဆင်ပြေသွားတော့မယ်

All Chapters