အခန်း (၅)
Vol. 1 Ch. 5
ချင်းယွီ ငွေသွင်းပြီး နေရာမှာပြန်ထိုင်လိုက်တယ် ပြီးတော့မန်နေဂျာလုနဲ့စကားပြောနေလိုက်တယ် နောက်တော့ခုံပေါ်ကဂျာနယ်တစ်စောင်ကိုယူပြီးဖတ်နေလိုက်တယ်
ဒါပေမယ့်သူ့စိတ်ကအဲ့ဂျာနယ်ပေါ်မှာလုံးဝရှိမနေဘူး
အခုလေးတင်ယွမ်တစ်သန်းသုံးလိုက်ပေမယ့် စနစ်ထဲကိုဝင်ဖို့ ယွမ်---သုံးရမယ့်ကိစ္စကိုပဲသူတွေးနေမိတယ်
"စနစ်ထဲကိုဝင်လိုက်"
ဂုဏ်ပြုပါတယ် လက်ခံသူသည်စနစ်အတွင်းသို့အောင်မြင်စွာဝင်ရောက်ပြီး ဟွာဂျန်းပလာဇာရဲ့ဆက်ခံသူနေရာကို ရရှိသွားပါပြီ
ဟွာဂျန်းပလာဇာနဲ့ပတ်သက်သည့် စာရွက်စာတမ်းများကို လက်ခံသူ၏ကျောပိုးအိတ်အတွင်းသို့ထည့်ပေးလိုက်ပါပြီ
ကျေးဇူးပြု၍စစ်ဆေးပေးပါ
ချင်းယွီစိတ်လှုပ်ရှားပြီး ခုန်တောင်ခုန်မိတော့မလိုဖြစ်သွားတယ်
ဟွာဂျန်းပလာဇာတဲ့လား....?
သူအရင်တုန်းကအလုပ်လုပ်ခဲ့တဲ့နေရာကဟွာဂျန်းပလာဇာတောင်မဟုတ်ဘူး
ဟွာဂျန်းပလာဇာရှိနေတဲ့နေရာက နမ်ဂျန်းမြို့ရဲ့ အဆင့်မြင့်နေရာတွေထဲကတစ်ခုလို့တောင်ပြောလို့ရတယ်
အဲ့နေရာကအဆောက်အဦးတွေ ဈေးဆိုင်တွေရဲ့ငှားခကလဲသာမန်မဟုတ်ဘူး ဒီကုမ္ပဏီက၂၁ထပ် ဘလော့Aကနေရာတစ်ဝက်လောက်ကိုငှားထားတာငါမှတ်မိသေးတယ် သူတို့ကလတိုင်း1000ကွာတားမီတာထက်ကိုပိုပြီးငှားထားကြတာ အဲ့ငှားခကတောင် သူ့လစာရဲ့ ဘယ်နဲ့ဆလောက်ရှိနေမလဲဆိုတာမှန်းမရဘူး
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ဟွာဂျန်းပလာဇာတစ်ခုလုံးရဲ့သူဌေးဖြစ်သွားပြီးတော့ ဒီကုမ္ပဏီ နောက်ကွယ်ကသူဌေးလဲဖြစ်သွားတယ် ခနနေတော့ဖုန်းမြည်လာတယ် သူဖုန်းကိုင်လိုက်တော့ဖုန်းထဲက ယောကျာ်းတစ်ယောက်က သူ့ကိုလေးလေးစားစားနဲ့ပြောလာတယ်
"ဟယ်လို ဟုတ်ကဲ့ မစ္စတာချင်းယွီလားမသိဘူးဗျ"
"ဟုတ်ပါတယ် ဘာဖြစ်လို့ပါလဲ"
"ဟုတ်ကဲ့ကျွန်တော်က ဂျန်ရှန်းပါ နန်ဂျန်းပလာဇာရဲ့ ပိုင်ဆိုင်မှုခွဲခြားရေး မန်နေဂျာပါ
အခုကျွန်တော်ဆရာ့ကိုဖုန်းခေါ်လိုက်ရတာက နန်ဂျန်းပလာဇာနဲ့ပတ်သက်တဲ့စာရွတ်စာတမ်းတွေမှာ ဆရာလက်မှတ်ထိုးပေးရမှာလေးတွေရှိသေးလို့ဗျ နောက်ပြီးငှားရမ်းခနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းရှိသေးလို့ ဆရာအားတဲ့ချိန်လာပေးလို့ရမလားဗျ"
"ဟုတ်ပြီ ငါအချိန်ရလို့လာဖြစ်ရင်ဖုန်းဆက်လိုက်မယ်"
"ဟုတ်ကဲ့ပါဗျ ဒါဆိုမနှောင့်ယှက်တော့ပါဘူးဗျ ဆရာလာဖြစ်မှဖုန်းခေါ်လိုက်ပါ ဆရာဖုန်းခေါ်မှကျွန်တော်လူကိုယ်တိုင်လာတွေ့လို့ရမှာမို့လို့ပါ"
ချင်းယွီဖုန်းချလိုက်တယ်။
အခြားတစ်ဖက်တွင်....
ဖုန်းလည်းချပြီးရောဂျန်ရှန်းသက်ပြင်းအရှည်ကြီးချလိုက်တယ် ဟွာဂျန်းပလာဇာရဲ့ပိုင်ရှင်ပြောင်းသွားတာကို သူသတိထားမိတယ်
သူရထားတဲ့သတင်းတွေအရတော့ ပလာဇာရဲ့ပိုင်ရှင်က တက္ကသိုလ်၃နှစ်တက်ပြီး ဘွဲ့ရထားတဲ့လူငယ်လေးတစ်ယောက်ပဲ အဲ့လိုလူငယ်လေးကယွမ်သန်းလေးဆယ်တန်တဲ့ဒီဟွာဂျန်းပလာဇာကိုဝယ်လိုက်တယ် အရင်တုန်းကတော့ဒီပလာဇာမှာရှယ်ယာရှင်တွေအများကြီးရှိပေမယ့် အခုတော့ချင်းယွီတစ်ယောက်တည်းအပိုင်ဖြစ်သွားပြီ
ဒီအချက်နဲ့တင်သူ့နောက်ကွယ်ကေငွကြေးနဲ့အာဏာကိုမှန်းလို့ရနေပြီလေ အဲ့တော့ဒီသူဌေးလေးကိုဘယ်လိုပဲဖြစ်ဖြစ်စိတ်ကျေနပ်အောင်လုပ်ပေးရမယ်
သူချွေးသုတ်လိုက်တယ် ဂျန်ရှန်းသူဌေးအသစ်ကိုကြိုဆိုဖို့ လိုတာတွေပြင်ဆင်လိုက်တယ်
ဖုန်းလဲချပြီးရော ချင်းယွီစနစ်ကလေးထောင့်ကွက်လေးကို နှိပ်လိုက်တယ် နောက်ပြီးကျောပိုးအိတ်X1လို့ရေးထားတာလေးကိုတွေ့လိုက်တယ် ပြီးတော့သူလိုတဲ့အချိန်မှာသုံးဖို့ နန်ဂျန်းပလာဇာရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကိုထုတ်လိုက်တယ်
သိပ်မကြာခင်မှာပဲ ကားလိုင်စင်ကဒ်ပြားလဲရလာတယ် သူစိတ်ကျေနပ်သွားပြီမို့ပြောလိုက်တယ်
"ကားလိုင်စင်လဲဖြစ်ပြီဆိုတော့သွားလိုက်ပါဦးမယ် မန်နေဂျာလုရဲ့ ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးတင်ပါတယ်"
"အာ မဟုတ်တာ ဒါကျွန်တော်လုပ်သင့်တာတွေပါ အချိန်မရွေးလိုတာရှိရင်လာခဲ့ပါဗျ"
လုရှင်းလေးလေးစားစားနဲ့ သူ့လုပ်ငန်းကဒ်နဲ့ ဆိုင်ရဲ့VIPမန်ဘာကဒ်ကိုထုတ်ပေးလိုက်တယ်
"နောက်ခါ ကားလာဝယ်ချင်ရင် ကျွန်တော့်ကိုဆက်သွယ်လိုက်ပါ ဒီကဒ်နဲ့သာဆို လျော့ဈေး---ရာခိုင်နှုန်းရမှာပါ"
ချင်းယွီလဲသူပြောတာနားထောင်ပေးပြီးတော့ လေးလေးစားစားနဲ့ပဲငြင်းလိုက်ပြီး ချန်ယန်နဲ့အတူအောက်ဆင်းလာလိုက်တယ်
(T/N-မန်နေဂျာကသူကတဆင့်ဝယ်ရင်ဒစ်စကောင့်ပေးမယ်ဘာညာဆိုတဲ့သဘောကိုချင်းယွီကငြင်းလိုက်တာပါ)
ကားသော့နဲ့စာချုပ်တွေကို ကိုင်ပြီးတော့ ပထမထပ်ကလောဘီထဲကိုပြန်လာခဲ့တယ် အရောင်းဝန်ထမ်းတွေအများကြီးကောင်တာမှာစကားပြောနေကြတယ် အဲ့ထဲမှာဘိုင်ရှောင်းရွေလဲပါတယ် သူချင်းယွီကိုထပ်တွေ့လိုက်ရတော့နည်းနည်းအံ့ဩသွားတယ်
"ချင်းယွီငါကနင့်ကိုထွက်သွားပြီထင်နေတာ ဒီကိုပိုက်ဆံမရှိဘဲနဲ့များ လာရဲတယ်နော်" သူပြောတာကိုကြားပြီး ချင်းယွီနည်းနည်းမျက်နှာပျက်သွားတယ်
သူတခြားလူတွေကိုအထင်သေးသလိုကြည့်လိုက်တယ် ဒီလိုလာကြောတာကိုသူငြိမ်ခံနေမှာမဟုတ်တော့ဘူး အဲ့တာကြောင့် ပြန်ပြောလိုက်တယ်
"ဒီနေရာကမင်းအပိုင်လဲမဟုတ်ဘူး ငါ့ဘာသာလာချင်လာမယ် ထွက်ချင်ထွက်မယ် မင်းနဲ့မဆိုင်ဘူး မင်းကဒီမှာအရောင်းဝန်ထမ်းသာသာပဲ ဝယ်သူကိုဘုရားသခင်လိုဆက်ဆံရတယ်တဲ့ နင့်ဘုရားသခင်ကိုဒီလိုပဲဆက်ဆံတယ်ပေါ့"
"တောက်စ် နင် နင်" ဘိုင်ရှောင်းရွေနည်းနည်းတော့ရုပ်ပျက်သွားတယ် သူ့ကိုတခြားလူတွေက ဒီလိုလျစ်လျူရှုထားမယ် မထင်ထားခဲ့ဘူး
သူချင်းယွီကိုအရင်ကတည်းကသဘောမကျခဲ့တာ တွေ့ဖူးသမျှထဲမှာသူကအဆင်းရဲဆုံးပဲ သူ့ထက်ဆိုးတဲ့သူမရှိတော့ဘူး ဒါပေမယ့်စီလုကတော့ သူ့ကိုသဘောကျရှာတယ်
"ငါနင့်ကိုပြောပိုင်ခွင့်မရှိတာမှန်ပေမယ့် နင်ငမွဲဆိုတာငါသိနေတယ်လေ ဘာကိစ္စနဲ့ ဒီလိုနေရာတွေလာပြီး ဟန်ဆောင်နေမှာလဲ"
အမဝမ်ဆိုတဲ့လူကလည်း ချန်ယန်ကိုကြည့်ပြီးပြောလာတယ်
"ချန်ယန် နင်ဒီလူနဲ့ကားတွေလိုက်ကြည့်နေတာကြာပြီ သူဘယ်ကားဝယ်သွားလဲဆိုတာလဲပြောပါဦး အပေါ်ထပ်သွားကြည့်ဦးမလား" ဒီလိုတွေခနဲ့ပြီးပေါ့
"ဟားဟား မစ္စဝမ်နောက်မနေပါနဲ့ ဒီလူကြီးမင်းက ဘယ်လိုကားမျိုးဝယ်ရမလဲဆိုတာသိပါတယ် အစကသူတတ်နိုင်မှာမဟုတ်ဘူးထင်နေတာ"
"နင်ကလဲဟယ် ဒီလိုလူကိုမျက်နှာချိုသွေးမနေပါနဲ့" တစ်ယောက်ကလည်းဝင်ပြောလာတယ်
"တစ်ချို့တွေနဲ့ဆန့်ကျင်ဘက်ပဲ အမရှောင်းရွေက ဒီနေ့လည်းထပ်ပြီးဒေါ်လာသိန်းချီတဲ့ကားတစ်စီးထပ်ပြီးရောင်းလိုက်နိုင်တယ်လေ အခါ၂၀မြောက်ရောင်းရတဲ့ကားကတောင်သိန်း၈၀၀ပဲတန်တာ ဒါပေမယ့် ဒီကားရဲ့ကော်မရှင်ခကတောင်ထောင်ချီနေပြီ မနာချင်စရာကြီး လူတိုင်းကအလုပ်ကြိုးစားကြတာပါပဲ သိပ်ပြီးတော့လည်း ကွာတာမဟုတ်ပါဘူး"
ဘိုင်ရှောင်းရွေ တစ်ယောက် မာန်တက်သွားပြီးတော့ ချင်းယွီကိုကြည့်ပြီးတော့လှောင်လိုက်တယ်
ဒါပေ့မယ့်တကယ်တမ်းကသူ့ပုံစံကကြက်ကလေးတစ်ကောင်ရထားတာကို ဖီးနစ်ငှက်ရထားသလိုတွေပျော်ရွှင်နေတာလေ
"ဒါနဲ့ ဒီကားအရောင်းပြခန်းထဲက တစ်ခုတည်းသော အိန်ဂျယ်ကားစီးရီးထဲကကားရောင်းထွက်သွားပြီးဆိုတာသိလား အဲ့ကားကလုံးဝဘရန်းလေ ဒုတိယထပ်မှာပါကင်ထိုးထားတာ အခုလေးတင်စာရင်းကိုင်အမဆီကသိလာတာ " အခုလေးတင်အထဲဝင်လာတဲ့တစ်ယောက်ကပြောလိုက်တယ်
"ဘာ အဲ့ကားကရောင်းထွက်သွားပြီပေါ့ ဘယ်သူကများဒီလောက်ပိုက်ဆံအများကြီးသုံးပြီးဝယ်သွားတာလဲ အဲ့ကားကိုဝယ်ဖို့ဆိုသိန်းထောင်ချီကုန်မှာမဟုတ်ဘူးလား ဒီနေ့ကားလာကြည့်တဲ့လူတွေထဲမှာ ဟိုက်ဘော့စ်တွေဘာတွေများတွေ့မိသေးလား" အမဝမ်ကလဲစိတ်လှုပ်ရှားပြီးမေးလာတယ်
"အာ သူဌေးချန်ပဲဖြစ်ရမယ် သူဒီနေ့ဒုတိယထပ်ကိုတက်သွားတာတွေ့လိုက်တယ် ဟွာရှန်လုပ်ငန်းရဲ့ဥဣဌလေ သူသာဆိုရင်တော့သေချာပေါက်ဝယ်နိုင်မှာ"
"သူပဲဖြစ်မှာပဲ" တစ်ယောက်ကလည်းဝင်ပြောလိုက်တယ်
ဘိုင်ရှောင်းရွေလဲ စိတ်လှုပ်ရှားပြီးမေးလိုက်တယ် "အဲ့တာဆိုဘယ်အရောင်းဝန်ထမ်းကအဲ့ကားကိုရောင်းပေးလိုက်တာလဲ သိလား "
"မန်နေဂျာလဲအပေါ်ရောက်နေတယ်လို့ကြားတယ် မန်နေဂျာပဲ တိုက်ရိုက်ရောင်းလိုက်တာထင်တယ်"
အရောင်းသမားတစ်ယောက်ကလည်း မနာလိုပြီးဝင်ပြောလာတယ် "အဲ့အော်ဒါသာငါရလိုက်ရင်သိပ်ကောင်းမှာပဲကွာ ငါသာဒီလိုအဆင့်မြင့်ကားတစ်စီးလောက်ရောင်းလိုက်ရရင် တစ်လလုံးအေးဆေးပဲ "
"မင်းကလည်းကွာအခုမင်းရတာမှမဟုတ်တော့တာ မနာလိုဖြစ်မနေနဲ့တော့"
သူတို့ပြောနေတော့ကားက ချင်းယွီဝယ်သွားတဲ့ကားလေ ချင်းယွီ အကုန်လုံးကိုကြည့်ပြီး ချန်ယန်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ် ချင်းယွီပုံစံကထူးဆန်းနေတယ် သူချန်ယန်ကိုကြည့်ပြီးခေါင်းခါပြလိုက်တယ် သူတို့စိတ်နဲ့သူတို့ပြောချင်ရာပြောပါစေဆိုတဲ့ သဘောနဲ့ပေါ့ သူတို့အုပ်စုကိုလျစ်လျူရှုပြီး သူအပြင်ထွက်ဖို့ပြင်လိုက်တယ်
"အာ ချန်ယန်နင်လည်းဒုတိယထပ်ကိုရောက်နေတာမလား သူဌေးချန်ကတကယ်ကြီးဝယ်သွားတာလား"အမဝမ်က ချန်ယန်အပေါ်တက်သွားတာသတိရပြီးမေးလိုက်တယ်
ချန်ယန်လည်းအပြင်ထွက်ဖို့ပြင်နေတုန်းအမဝမ်မေးလာလို့ ရပ်လိုက်တယ်
ချန်ယန်အသံတိုးတိုးလေးနဲ့ပြန်ပြောလိုက်တယ် "အဲ့ကားကိုဝယ်သွားတဲ့လူကသူဌေးချန်မဟုတ်ဘူး"
"ဟင် သူဌေးချန်မဟုတ်ရင် ဘယ်သူလဲ"အကုန်လုံးကအံ့ဩပြီးမေးလာတယ်
အဲ့ကားရောင်းထွက်သွားကြောင်းလာပြောတဲ့တစ်ယောက်ကပဲ ခနလောက်စဉ်းစားပြီးထပ်ပြောလိုက်တယ်
"အမလီဆီကသိလာရတာ ထပ်ပြီးရှိသေးတယ် အဲ့အိန်ဂျယ်စီးရီးကိုရောင်ပေးလိုက်တဲ့လူက ချန်ယန်တဲ့ "