← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

" ဘာ ချန်ယန်တဲ့လား " ဘိုင်ရှောင်းရွေအံ့ဩသွားတယ်

မစ္စဝမ်ကတော့လန့်သွားတယ်သူတို့တွေမယုံနိုင်တဲ့အကြည့်တွေနဲ့ချန်ယန်ကိုကြည့်လာတယ်

"အဲ့တော့မင်းပေါ့ အဲ့ကားကိုရောင်းလိုက်တာ ဒီက ကောင်မလေးပေါ့" မစ္စဝမ်ခုမှ သတိပြန်ကပ်ပြီ ချန်ယန်ကိုကြည့်ပြောလိုက်တယ်

"ခုနကတည်းကဘာလို့မပြောတာလဲ ငါတို့တွေဒီကိစ္စကိုပြောနေတဲ့ဟာကို"

ချန်ယန်ချင်းယွီကိုပဲ လက်ညှိုးထိုးပြလိုက်တယ် ....

သူတို့အကုန်ရုတ်တရက်ကြောင်သွားကြတယ် ဒီသာမန်လူငယ်လေးတစ်ယောက် ဒီလိုကားမျိုးကိုဝယ်သွားတယ်တဲ့လား...! တစ်ချိန်လုံး သူတို့အကုန်‌ဟာသဖြစ်နေတာပဲ

ဘိုင်းရှောင်းရွေ တော်တော်လေးအံ့ဩသွားတယ် ဒီကားကိုချင်းယွီဆိုတဲ့ကောင်ဝယ်လို့ရမယ့်ဖြစ်နိုင်ချေတွေကိုသူစဉ်းစားလိုက်တယ် ဒါပေမယ့်ဘာမှမဖြစ်နိုင်ဘူး

"နင်ကဒီကားကိုဝယ်တယ်?ဘယ်လိုလို့ဖြစ်နိုင်မှာလဲနင်ကငမွဲလေ နင်သာတကယ်ပိုက်ဆံရှိရင် ဘာလို့ကုမ္ပဏီသေးသေးလေးမှာအလုပ်လုပ်ပြီး ဈေးပေါတဲ့နေရာမှာဘာကိစ္စအိမ်ငှားနေမှာလဲ ပြောစမ်းပါနင်ချန်ယန်ကိုငါတို့ရှေ့မှာသရုပ်‌ဆောင်ဖို့ပိုက်‌ဆံပေးထားတာမလား"

ချန်ယန်မျက်မှောင်ကြုတ်ပြီးတော့ပြောလိုက်တယ် "ဒီကားသော့နဲ့စာရွက်စာတမ်းတွေပါ မစ္စတာချင်းယွီရဲ့လက်ထဲမှာရှိပါတယ် အမမယုံရင်မေးကြည့်လိုက်လို့ရတယ်"

ဘိုင်းရှောင်းရွေခေါင်းပူသွားတယ် သူတစ်ချက်မှမတွန့်ဘဲ ရှေ့ထွက်လာပြီး ချင်းယွီလက်ထဲက အချက်အလက်အိတ်ကိုဆွဲလုလိုက်တယ်

ပါးစပ်ကလဲပြောနေတယ် ငါနင့်ကိုဖော်ပြမယ်နင်လိမ်နေတာဟန်ဆောင်နေတယ်ဆိုတာ&#;*#@**...ဆိုပြီးပေါ့

သူအိတ်ကိုဖွင့်လိုက်တော့စာအုပ်ထဲကချင်းယွီနာမည်ကိုတွေ့လိုက်ရတယ် နောက်‌ဆုံးမှာတော့သူဘာမှတောင်မပြောနိုင်ဖြစ်သွားတော့တယ် သူဘယ်လောက်မယုံမယုံ စာချုပ်ထဲမှာရော စာအုပ်အစိမ်းလေးထဲမှာပါ ချင်းယွီနာမည်တွေနဲ့ချည်းပဲဖြစ်နေတယ်

ဘိုင်ရှောင်းရွေစိတ်မကျေမနပ်ဖြစ်သွားတယ် ဒီလူကသူထင်ထားသလိုမဟုတ်ဘူးပေါ့ သူသိတဲ့သူ့သူငယ်ချင်းရဲ့ငမွဲကောင်လေးဟုတ်မနေဘူးပေါ့

အဲ့တာဆိုဒီကောင်က ဝက်ယောင်ဆောင်ပြီးကျားကိုစားသွားတာပဲ တကယ်တမ်းကသူကလူချမ်းသာမိသားစုက သူဌေးသားလေးဖြစ်နေခဲ့တာကို

သူကဒီလိုလူမျိုးကိုမောက်မောက်မာမာဆက်ဆံမိခဲ့တာပဲ သူသာကောင်းကောင်းမွန်မွန်သူ့အပေါ်ဆက်ဆံပေးခဲ့ရင်ဒီနေ့ဒီ‌ကားရောင်းရတဲ့လူကသူဖြစ်နေမှာ သိတယ်မလား ဒီနေ့သူဌေးလီကိုကားရောင်းဖို့တောင်သူ့မှာရက်တွေအကြာကြီးပြုစုပေးထားရတာ အားတွေးကြည့်ရုံနဲ့တင်ကိုစိတ်ပျက်တယ်

ဘိုင်ရှောင်းရွေတစ်ယောက်နှမြောမိပေမယ့်လည်းသူ့ဘာသာစိတ်ဖြေလိုက်ပါတယ်...တခြားဝယ်သူတွေလည်းသန်း---သုံးမယ့်သူတွေရှိမှာပဲ ထားလိုက်ပါ

"ကျွန်မလုပ်ခဲ့တဲ့အမှားတွေအတွက် တောင်းပန်ပါတယ် မဆင်မခြင်ပြုမူမိတဲ့အတွက်တကယ်ပဲနောင်တရမိပါတယ် သခင်လေး တကယ့်ကိုတောင်းပန်ပါတယ် သခင်လေး" ဘိုင်ရှောင်းရွေတစ်ယောက် ရိုရိုကျိုးကျိုးနဲ့တောင်းပန်ပြီး စာချုပ်တွေကိုလည်းသေသေချာချာပြန်ထည့်ပေးလိုက်တယ်

ချင်းယွီအရင်တုန်းကမောက်မာခဲ့တဲ့ဒီမိန်းမရဲ့ပုံစံတွေကိုတွေးပြီးစိတ်တိုမိပေမယ့် သူ့ရှေ့ကခခယယနဲ့တောင်းပန်နေတာမြင်လိုက်ရတော့ကျေနပ်မိသွားတယ်။အဲ့နောက် ပေါ့ပေါ့ပါးပါးပဲပြောလိုက်တယ် "တောင်းပန်ပြီးပြီပဲထားလိုက်ပါတော့"

အဲ့တာပြီးတော့အရောင်းဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်သူ့နားလာပြီးမျက်စိမှိတ်ပြလာကြတယ် ဘာလိုအပ်တာရှိသေးလဲဆိုပြီးမေးတဲ့လူတွေလည်းများလာတော့ တစ်ယောက်တည်းနေတတ်တဲ့ချင်းယွီနည်းနည်းတော့ရှက်လာတယ်

သူခေါင်းခါရင်းနဲ့ပဲဘာမှမလိုဘူးလို့ပြောနေမိတယ်

ငါအရင်ငှားထားတဲ့အိမ်လေးကိုပြန်ချင်ပမယ့် ငါ့မှာအခုပိုက်ဆံရှိနေပြီပဲ ဘာကိစ္စနဲ့အဲ့လိုစုတ်ချာနေတဲ့နေရာကိုပြန်သွားရမှာလဲ လေကမဝင် ကျဉ်းကကျဉ်း အနံ့အသက်ကဆိုးကဆိုးနဲ့ ‌လောလောဆယ်နေဖို့ဟိုတယ်တစ်ခုပဲရှာလိုက်‌တာပေါ့ အိမ်မဝင်ခင်၁ရက် ၂ရက်လောက်စောင့်လိုက်‌မယ်လေ ပြီးတော့သူ့ဘဝရဲ့ပထမဆုံးအိမ်မက်ကိုတွေးမိသွားတယ်

ချင်းယွီဖုန်းထုတ်ပြီးတော့ဟိုတယ်ရှာလိုက်တယ် နမ်ဂျန်းမြို့ထဲကနာမည်အကြီးဆုံး‌ဟိုတယ်ကိုရှာလိုက်တယ်

ဂျန်းမ်ရွင်ဟိုတယ် ကြယ်၇ပွင့်အဆင့်ရှိပြီး ကမ္ဘာပေါ်ကအကောင်းဆုံးဟိုတယ်တွေထဲမှာလည်းပါတယ် နမ်ဂျန်းမြို့ထဲကနာမည်ကြီးမြစ်ဘေးမှာဆောက်ထားတာအဲ့တော့မြစ်ရှုခင်းလဲကြည့်လို့ရတယ် ဆယ်လီတွေနဲ့လူချမ်းသာအများစုလည်းအဲ့မှာနေကြတယ် သူ့အခုလက်ရှိနေရာနဲ့လည်း ၇မိုင်လောက်ပဲကွာတယ် သူအဲ့ကိုပဲသွားဖို့ဆုံးဖြတ်လိုက်ပြီး ဟိုတယ်ရဲ့တရားဝင်ပေ့ခ်ျထဲကိုဝင်ပြီး ဘိုကင်တင်ဖို့လုပ်လိုက်တယ် ဒါပေမယ့် ဟိုတယ်မှာအဆင့်မြင့်အခန်းတွေပဲကျန်တာ့မှန်းသိလိုက်တယ် ဈေးကတော့တစ်ညကို ယွမ်၂‌၀၀၀ ကျော်တယ်အထက်တန်းစားအခန်းတွေအကုန်လုံးကတော့ဘိုကင်ယူထားတဲ့လူတွေရှိပြီးသားဖြစ်နေတယ် အင်း....ကောင်တာကိုသွားစုံစမ်းကြည့်ရင်တော့တခြားအခန်းရမလားမသိနိုင်ပေမယ့် အဆင့်မြင့်‌ဆုံးအခန်းတွေကတော့လူပြည့်နေပေမယ့်တစ်ခန်းတော့ကျန်နေသေးတယ် အဲ့အခန်းကတခြားအခန်းတွေထက်ကိုဈေးကြီးနေတယ် ဟိုတယ်ရဲ့၃၆လွှာမြောက်မှာရှိပြီးအခန်းခကသူ့တစ်လစာလောက်ရှိနေတယ် စနစ်ဆိုတာသာရှိမလာရင်သူ့ဒီလိုနေရာတွေလာဖြစ်မှာတောင်မဟုတ်ဘူး

နောက်ဆုံးသူဘာမှထပ်မတွေးတော့ဘဲဒီအခန်းကိုတိုက်ရိုက်ဘိုကင်ဖို့ဖုန်းဆက်လိုက်တယ်

ကိုယ်ပိုင်အချက်အလက်တွေဖြည့်ပြီး‌ဟိုတယ်ရဲ့မန်ဘာအနေနဲ့လဲစာရင်းသွင်းလို့ရသေးတာမို့

ဘိုကင်တင်ပြီး သိန်း၃၃၀ကိုတစ်ခါတည်းအကောင့်ထဲထည့်ဖို့လုပ်လိုက်တယ်

ဒင်! ချင်းယွီဘိုကင်တင်ပြီး ဟိုတယ်ကိုသွားဖို့အလုပ် သူ့ဖုန်းထဲကိုနံပါတ်အစိမ်းတစ်ခုဝင်လာတာတွေ့လိုက်တယ်

"ဟယ်လို ဘယ်သူလဲမသိဘူး"

"ဟယ်လို ဟုတ်ကဲ့ မစ္စတာချင်းယွီလားခင်‌‌ဗျ ကျွန်မက ဂျန်းမ်ရွင်ဟိုတယ်ရဲ့ထိန်းသိမ်းရေးမန်နေဂျာပါဗျ နံပါတ်၃၆၀၁ မှာ တစ်လစာ ဘိုကင်တင်ထားတာတွေ့လိုက်ရလို့ပါ"

"ဟုတ်ပါတယ်ကျွန်တော်ပါ မန်နေဂျာဟန် ဘာဖြစ်လို့လဲမသိဘူး"

ချင်းယွီဟန်ချွမ်ရဲ့အသံကိုကြားပြီး သူ့စိတ်ထဲ မန်နေဂျာဟန်ကတည်ကြည်ပြီး ရင့်ကျက်မယ့်အမျိုးသမီးတစ်ယောက်ဖြစ်မယ်လို့တွေးလိုက်မိတယ်

"ဟုတ်ကဲ့ပါရှင့် နှောင့်ယှက်မိသလိုဖြစ်သွားရင်တောင်းပန်ပါတယ် ဒီဟိုတယ်အခန်းရဲ့ တခြားဝန်ဆောင်မှုနဲ့ပတ်သက်တာလေးတွေရှင်းပြချင်လို့ပါရှင့် ဆရာအခုနားထောင်ပေးဖို့အဆင်ပြေရဲ့လားရှင့်"

"အော်ဟုတ်ကဲ့ရပါတယ်"

"လူကြီးမင်းကအခုကစပြီးကျွန်မတို့ဟိုတယ်ရဲ့အထူးဧည့်သည်ဖြစ်သွားပါပြီဒါကြောင့်မို့အခုကစပြီးဟိုတယ်ရဲ့ အဆင့်မြင့်‌ဆုံးဆားဗစ်တွေကိုလည်းခံစားလို့ရပါပြီ ဇိမ်ခံမှန်လုံကားကနေစပြီး တချို့အထူး‌ဆားဗစ်တွေ ဥပမာပြောရရင်စီမံခန့်ခွဲရေးဆားဗစ်နဲ့ ဟိုတယ်ကစီစဉ်ပေးတဲ့အဆင့်မြင့်အစားအသောက်နဲ့လူကြီးမင်းလိုအပ်တာကိုပါ‌ေတာင်းဆိုနိုင်တဲ့အထိ အကျိုးခံစားခွင့်တွေရရှိနိုင်ပါတယ်ရှင်

လူကြီးမင်းအခုဟိုတယ်ကိုလာဖို့ ကျွန်မတို့ဘက်က ကားစီစဉ်ပေးလို့လဲရပါတယ်ရှင့် လာကြိုပေးရဦးမလားရှင့်"

"‌နေပါစေနော် ရတယ် ကိုယ့်ဘာသာလာခဲ့မှာမို့".....

ချင်းယွီ ဟန်ရွင်ရှင်းပြတာနားထောင်ပြီး စိတ်သက်သာရာရသွားတော့တယ် အင်းလေဈေးကြီးပေးလိုက်ရပေမယ့် ဒီလောက်ဝန်‌ဆောင်မှုအပြည့်နဲ့ဂရုစိုက်ပေးမှာဆိုတော့ ပေးရတာတန်ပါတယ်လေ

All Chapters