← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

ဖုန်းကိုဘေးချလိုက်ပြီးတော့ ‌ချင်းယွီဟိုတယ်မှာသူခံစားရမယ့် ဝန်ဆောင်မှုတွေကိုတွေးလိုက်တယ်

"ဘဝမှာ ပိုက်ဆံဆိုတာ ဒီလိုသုံးရမှာ"

ဆယ်မိနစ်အတွင်းမှာသူ ဂျန်းမ်ရွင်ဟိုတယ်ကိုကားမောင်းသွားလိုက်တယ် ဒါပေမယ့် ဟိုတယ်ရှေ့မှာကားတွေပိတ်နေပြီးတော့ ကားတန်းအရှည်ကြီးဖြစ်နေတာတွေ့လိုက်ရတယ် ချင်းယွီအစကတော့ဟိုတယ်ကိုရောက်တာနဲ့ ကားသော့ကို တံခါးစောင့်ဆီကိုပစ်ပေးချင်ခဲ့တာ

ဒါပေမယ့်လည်းသူကဟိုတယ်ရဲ့အထူးဧည့်သည်လေ အဲ့တော့ ဒီကိစ္စအတွက်နဲ့ သူနည်းနည်းလေးမှစိတ်အနှောင့်အယှက်ဖြစ်နေစရာမလိုဘူး ကားတန်းကြီးကိုကျော်ပြီး ယာယီကပါကင်ထိုးတန်းနေရာကိုမောင်းလာလိုက်တယ် လွတ်နေတဲ့ကားပါကင်တစ်နေရာကိုတွေ့လိုက်ရုံပဲရှိသေးတယ် ကားတစ်စီးကသူ့ဘေးကဖြတ်လာပြီး ရုတ်တရက် သူကားထိုးမဲ့နေရာကို ဝင်လုသွားခဲ့တယ်

ကားနှစ်စီးလုံးတိုက်မိမလိုတောင်ဖြစ်သွားတယ် ချင်းယွီနေရာလုခံလိုက်ရတာမို့ သူစိတ်ကြည်နေတာလေးကပါ ဒီကိစ္စကြောင့်နဲ့ပျောက်သွားခဲ့တယ် သူBMWကားအဖြူလေးကိုကြည့်လိုက်တယ် သူအဲ့ကားကိုတစ်နေရာရာမှမြင်ဖူးနေသလိုပဲ ဒါပေမယ့်ဘယ်မှာမြင်ဖူးလဲလုံးဝမမှတ်မိဘူး ထားပါဒီကိစ္စလေးအတွက်နဲ့စိတ်ရှုပ်ခံမနေပါဘူးဆိုပြီး သိပ်မဝေးတဲ့လွတ်တဲ့‌တစ်နေရာမှာပါကင်ထိုးလိုက်တယ် ကားထဲကထွက်သွားပြီးတော့ဟိုတယ်ထဲကိုဝင်လာလိုက်တယ်

"ညီကိုရေ ဆောရီးပါကွာ စိတ်မရှိပါနဲ့ အဲ့ဘက်ကပါကင်ထားမယ်ဆိုတာကို သတိမထားမိလိုက်ဘူး" လည်သာဖိနပ်ကိုစီးပြီးဝတ်စုံပြည့်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ကBMW အဖြူလေးထဲကနေဆင်းလာပြီး သူ့ကိုပြုံးပြလာတယ်

ချင်းယွီခနရပ်လိုက်တယ် ဒါပေမယ့်ဒီလူ့မျက်နှာကကျေနပ်နေတာကိုမြင်ပြီး ချင်းယွီမျက်နှာကအေးစက်သွားတယ်

"ကိစ္စမရှိပါဘူး ဒါပေမယ့်ခင်ဗျား မျက်လုံးသိပ်မကောင်းတဲ့ပုံပဲ ဆေးရုံလေးဘာလေးသွားပြီးတစ်ချက်လောက်စစ်ကြည့်လိုက်ပါလား"လူငယ်လေးရဲ့မျက်နှာကတန့်သွားတယ်

ကောင်လေးရဲ့မျက်နှာက တန့်သွားတယ် သူ့မျက်နှာကအပြုံးတွေကတဖြည်းဖြည်းပျောက်ကွယ်သွားပြီး...

"ညီကိုရေ အဲ့လောက်ကြီးပြောတာကတော့ သိပ်မဟုတ်သေးဘူးလားလို့ ပါကင်နေရာယူမိရုံလေးမလား"

အဲ့ဒီအချိန်မှာပဲ အနီရယ်အဖြူရယ်အပြာရယ်စပ်ထားတဲ့ crop top(ခါးတို)နဲ့ ပန်းရောင်ခါးရှည်စကပ်ကိုဝတ်ထားတဲ့မိန်းကလေးတစ်ယောက်က BMWထဲကဲနေထွက်လာခဲ့တယ် ချင်းယွီကိုမြင်တော့အံ့ဩသွားပြီး"ချင်းယွီ နင်မလား???"

ချင်းယွီအသံကိုကြားတော့ရင်းနှီးနေသလိုရှိတာမို့ကြည့်လိုက်‌တယ်

"ဟ ဒါငါဒီနေ့ပဲလမ်းခွဲလာတဲ့ ငါ့ရည်းစားဟောင်းစီလုမလား ချီးတဲ့မှ စောက်ခွေးအတွဲ"ချင်းယွီစိတ်ထဲကနေမကျေမနပ်ပြောလိုက်တယ်

ကားထဲကထွက်လာတဲ့စီလုကိုမြင်ပြီး သူအနောက်တိုင်းစားသောက်ဆိုင်အရှေ့မှာကားထဲကိုတက်သွားတဲ့စီလုရဲ့ပုံစံကိုလည်းပြန်မြင်ယောင်လာတယ် အဟင်း တိုက်ဆိုင်ချက်....

"စီလုသူ့ကိုသိလို့လား" ကောင်လေးကမေးလာတယ်

စီလု ကောင်လေးရဲ့လက်မောင်းကိုဖက်ပြီး တမင်ပြောလိုက်တယ် "ဖန်ကောကော သူကညီမရည်းစားဟောင်း ချင်းယွီလေ သူ့ကိုဒီလိုနေရာမျိူးမှာတွေ့ရလိမ့်လို့ ထင်တောင်မထင်ထားဘူး"

"အာ ရည်းစားဟောင်းဖြစ်နေတာပဲ တွေ့ဖို့တကယ်ကံပါတာပဲ ကျွန်တော့်နာမည် ဖန်ယွမ်ပါ ဒီအကိုလည်း ဟိုတယ်ကိုညစာစားဖို့လာတာနဲ့တူတယ် ကျွန်တော်တို့တူတူသွားကြမလား "

"မလိုပါဘူး" ချင်းယွီမျက်နှာက ပုံမှန် မဟုတ်သလိုဖြစ်သွားပေမယ့်ရယ်လိုက်တယ်

စီလုပြုံးလိုက်တယ်"ဖန်ကောကော သူ့ကိုတအားချီးကျူးနေပါပြီ သူ့‌အနေနဲ့ဒီလိုနေရာကိုလာချင်ရင်‌တောင် လာဖို့မဖြစ်နိုင်ဘူးလေ ဒီလိုကြယ်၇ပွင့်နဲ့ထိပ်တန်းဟိုတယ်ကို လာဖို့တောင်သူ့မှာအရည်အချင်းရှိမနေပါဘူး‌"

"မဟုတ်တာ မင်းရည်းစားဟောင်းရဲ့ကားရဲ့သာမန်မဟုတ်ဘူးနော် ဘယ်ကုမ္ပဏီထုတ်လဲတော့သေချာမသိပေမယ့် ကြည့်လို့တော့ကောင်းပါတယ် ကိုယ့်BMWလောက်မကောင်းပေမယ့် ဈေးကတော့ကိုယ့်ထက်မနည်းလောက်ဘူး"

ဖန်ယွမ် သိပ်မဝေးတဲ့နေရာမှာရပ်ထားတဲ့ကားကိုကြည့်ပြောလိုက်တယ် ဒါပေမယ့်သူချင်းယွီကိုအထင်မသေးရဲဘူး စီလုခနလောက်တွေးပြီးတော့ ပြောလိုက်တယ်

"အာ ဒီနေ့သူ့ကိုဖြတ်လိုက်တာကို ရှက်ပြီးတော့ကားကိုအရစ်ကျနဲ့ဝယ်လာတာနေမှာပေါ့ ဒီတိုင်းခပ်ပေါပေါကားပဲကို ဟိတ်ဟန်ပြချင်ရုံနဲ့ ဝယ်ထားတာနေမှာပါ

"အော် အဲ့လိုကို"ဖန်ယွမ်ခနလောက်တန့်သွားတယ်

ချင်းယွီ သူတို့ပြောတာတွေကို ဆက်နားထောင်မနေဘဲ ဟိုတယ်ဘက်ကိုလျှောက်သွားလိုက်တယ်

"တကယ်ကြီး ဟိုတယ်ကိုညစာစားဖို့လာတာလား သွားမယ် သူနောက်လိုက်ကြမယ်"ဖန်ယွမ်စိတ်ဝင်စားသွားမိတာမို့ စီလုကိုချင်းယွီနောက်သူနဲ့တူတူလိုက်ဖို့ဆွဲခေါ်လိုက်တယ်

ဟိုတယ်ရဲ့အပေါက်ဝကိုရောက်တော့ အသက်၃၀အရွယ် မိန်းမတစ်ယောက် အပြာရောင်ဝတ်စုံကိုစကပ်အကျပ်နဲ့ ဒူးအပေါ် ငါးစင်တီမီတာလောက် ဖော်ပြီး ဒေါက်မြင့်ဖိနပ်နဲ့ တစ်ယောက်ယောက်ကို အလောတကြီးစောင့်နေတဲ့ပုံကို တွေ့လိုက်ရတယ်

"အဲ့တစ်‌ယောက်ကဟိုတယ်ထိန်းသိမ်းရေးဌာနက ဟန်ချွမ်မလား တကယ့်ကာစတန်မာကြီးကိုလာကြိုတာနဲ့တူတယ်"

ဖန်ယွမ် ဒီကိုလာနေကြမလို့ ဟန်ချွမ်ကိုခနခနမြင်ဖူးနေတယ်

" ဟန်ချွမ်က ဟိုတယ်ထိန်းသိမ်း‌‌ရေးဌာနက မန်နေဂျာလဲဟုတ်သလို ဒီဟိုတယ်တစ်ခုလုံးရဲ့မန်နေဂျာလဲဟုတ်တယ်"

ဟန်ချွမ်ကအဲ့လိုလူမလို့သူလေးလဲလေးစားတယ် ဒါပေမယ့်ဟန်ချွမ်ဟိုတယ်တံခါးပေါက်ရှေ့မှာရပ်နေတာလည်းမြင်တော့သူအံ့ဩမိသွားတယ်

" ဒီကြယ်၇ပွင့်ဟိုတယ်တစ်ခုလုံး‌ရဲ့မန်နေဂျာကတောင်လာကြိုရတယ်ဆိုတော့ ဘယ်လိုဧည့်သည်မျိုးကများလာလို့လဲမသိဘူး ဟိုတယ်ရဲ့အဆင့်မြင့်ခန်းမှာနေမယ့်ဧည့်သည်မို့လို့များလား..."

စီလုလဲစိတ်ဝင်စားသွားတယ်

သူဆိုဒီဟိုတယ်ရဲ့အဆင့်မြင့်ခန်းမှာနေဖို့ ဖန်ယွမ်ကိုပွစိပွစိလုပ်နေတာကြာပြီ ဒါပေမယ့် ဒီဟိုတယ်ခန်းရဲဈေးကတအားမြင့်မှန်းသိတယ် အထူးသဖြင့်ကြယ်၇ပွင့်ရှိတဲ့ဟိုတယ်မျိုးမှာဆို ဈေးကကြောက်ခန်းလိလိပဲ

"ဒါပေမယ့်အဆင့်မြင့်ခန်းမှာနေမယ်ဆိုရင်တောင်မှ မန်နေဂျာဟန်လိုလူမျိုးကလာကြိုမှာမဟုတ်ဘူး သေချာပေါက် အထက်တန်းစားထဲကလူဖြစ်ရင်ဖြစ် မဟုတ်ရင် အာဏာရှိတဲ့အသိုင်းအဝန်းထဲကလာတဲ့လူမျိုးတွေပဲ ဒီလိုဝန်ဆောင်မှုမျိုးကိုရနိုင်မှာ" ဖန်ယွမ်စီလုကိုပြန်ဖြေပေးလိုက်တယ်

"ဒါဆို ဖန်ကောကောကရော ဘယ်တော့မှဒီလိုနေရာမျိုးကိုခေါ်သွား‌ပေးနိုင်မှာလဲ" စီလု‌လဲရုတ်တရက်ကြီးမေးလိုက်တယ် နောက်ပြီးဟိုတယ်ဝင်ပေါက်ကိုသွားနေတဲ့ချင်းယွီကိုကြည့်ပြီးတွေးလိုက်တယ်

ဟွန့် ငါဒီလိုငတုံးငအ ငမွဲကောင်မျိုးနဲ့လမ်းခွဲလိုက်တာမှန်သွားတယ် သူနဲ့ဖန်ယွမ်လိုလူမျိုးနဲ့လုံးဝကိုကွာခြားမိုးနဲ့မြေလိုပဲ

"မင်းသာလိမ္မာမယ်ဆိုရင် အလိုလိုအဲ့ဒီနေရာကိုရောက်သွားလိမ့်မယ်" ဖန်ယွမ်တအားကိုစိတ်ကြီးဝင်နေတဲ့ပုံစံနဲ့ပြောလိုက်တယ်

အဲ့ချိန်မှာဟန်ချွမ်ကချင်းယွီရောက်လာတာနဲ့လေးလေးစားစားနှုတ်ဆက်လိုက်တယ် သူ့နောက်ကလုပ်ငန်းရှင်နဲ့ပါလာတဲ့အမျိုးသမီးနှစ်ယောက်ကလည်းချင်းယွီကို ခါးညွန့်ပြီးနှုတ်ဆက်လိုက်ကြတယ်

"ဟန်ချွမ်လာနှုတ်ဆက်တဲ့လူကချင်းယွီတဲ့လား ဘာတွေဖြစ်နေတာလဲ မင်းပြောတော့မင်းရည်းစားဟောင်းကဆင်းရဲတယ်ဆို အခုကတော့ဟန်ချွမ်တောင် တံခါးပေါက်ကနေကြိုနေရတဲ့လူဖြစ်နေပါ့လား" ဖန်ယွမ်စိတ်ရှုပ်သွားတယ်

"ဒါကြီးကဘယ်လိုလို့ဖြစ်နိုင်မှာလဲ သူတကယ်ဟန်ချွမ်ကိုသိတာလား မဖြစ်နိုင်ဘူး" စီလုလုံးဝကိုအံ့ဩသွားတယ်

ဟန်ချွမ်လာနှုတ်ဆက်တဲ့လူကသူ့exချင်းယွီတဲ့လား တကယ်ကြီး!!! ချင်းယွီက ဒီလိုလူကုံထံမျိုးလို့ တစ်ယောက်ယောက်ကလာပြောရင်တောင် နောက်နေတာပဲလို့သူပြန်ပြောမိမှာပဲ

"လာလာသွားကြည့်ရအောင်"ဖန်ယွမ်ဘာမှမသိတော့လို့ စီလုကိုဆွဲပြီး ဟိုတယ်ထဲဝင်ဖို့လုပ်လိုက်တယ်

တခြားတဖက်မှာတော့ ချင်းယွီက ဟန်ချွမ်အပေါက်ဝမှာစောင့်နေတာကိုတွေ့ပြီးနည်းနည်းလည်းအံ့ဩသွားတယ် ရင်လဲခုန်သွားတယ်

အကုန်လုံးဟိုတယ်လော်ဘီထဲကိုဝင်လာကြတယ် အဲ့ဟိုတယ်လော်ဘီက လ‌နဲ့ကြယ်လေးတွေဝိုင်းပြီးဖွဲ့စည်းထားတဲ့အတိုင်းပဲ တီဗီ နဲ့ ဒရမ်မာတွေထဲက အင်ပါယာကြီးနဲ့တူတယ် ဒီကြယ်၇ပွင့်ဟိုတယ်ရဲ့ ထိန်းသိမ်းရေးမန်နေဂျာ ဟန်ချွမ်‌အနေနဲ့ကတော့ဒီဟိုတယ်မှာလုပ်လာကြာလှပြီ သူ့အတွက်တော့လူချမ်းသာမိသားစုတွေနဲ့သူတို့ရဲ့သားသမီးတွေကိုမြင်ရတွေ့ရတာကပုံမှန်ပဲ ဒါပေမယ့် တစ်လကိုယွမ်သိန်းသုံးရာမနည်းတဲ့အဆင့်မြင့်အခန်းကိုလာတဲ့ဒီလူငယ်ကတော့အရမ်းကိုငယ်ရွယ်လွန်းနေပြီး သာမန်မဟုတ်တဲ့ နောက်ခံနဲ့ ဒုတိယမျိုးဆက်ရဲ့ချမ်းသာတဲ့သခင်လေးဖြစ်နေတယ် ဒီလိုလူမျိူးကိုဟိုတယ်ဘက်ကလည်းအကောင်းဆုံးဝန်ဆောင်မှုတွေပဲပေးရမှာဖြစ်ပြီး စိတ်အနှောင့်အယှက်တစ်စုံတရာကိုမှဖြစ်စေမှာမဟုတ်ဘူး

ချင်းယွီကတော့ဟိုတယ်လော်ဘီထဲဝင်လာလိုက်ပြီး ဟိုတယ်ရဲ့အလှဆင်ထားတာတွေကိုပတ်ကြည့်နေလိုက်တယ်

သူဒီဟိုတယ်ကိုပုံတွေထဲမှာပဲမြင်ဖူးတာ အခုလက်တွေ့မြင်လိုက်ရတော့ဒီဟိုတယ်ရဲ့အဆင့်မြင့်မှုကိုလုံးဝအံ့အားသင့်သွားတယ် ခြေထောက်အောက်ကအထက်တန်းဆန်တဲ့ကြမ်းခင်း ခေါင်းပေါ်ကအဆင့်မြင့်မျက်နှာကြက်တွေနဲ့ စိန်မီးဆိုင်းမီးပန်းတွေ ပြီးတော့နံရံမှာဆွဲထားတဲ့ ဆေးရေးပန်းချီတွေနဲ့အရမ်းကိုအဆင့်မြင့်ပြီးအထက်တန်းဆန်လွန်းတယ် ချင်းယွီလူံဝကိုအံ့ဩနေပေမယ့် မျက်နှာကို‌အတတ်နိုင်ဆုံးတည်တည်တံ့တံ့ဖြစ်အောင်လုပ်လိုက်ပြီး သူဟန်ချွမ်နောက်ကနေ လိုက်သွားရင်းနဲ့ပဲ လော်ဘီထဲကကောင်တာကိုရောက်လာတယ် သူ့နာမည်ကိုကဒ်ပေါ်မှာရေးလိုက်ပြီးတော့ အောင်မြင်စွာပဲ ကြယ်ငါးပွင့်အခန်းကို check in (ဝင်ရောက်လို့)ရသွားတယ်

ဟန်ချွမ်ကသူတို့နောက်တစ်ချိန်လုံးလိုက်နေတဲ့ ဟိုတယ်ယူနီဖောင်းဝတ်ထားတဲ့လှပတဲ့ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးကိုညွှန်ပြပြီးမိတ်ဆက်ပေးလာတယ်

"မစ္စတာချင်းယွီဒါကတော့ရှင့်ရဲ့ ဘဏ္ဍာရေးတာဝန်ခံထန်ရှင်ပါ"...

All Chapters