← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ထန်ရှင်ရှေ့တိုးပြီးတော့ခါးညွှန့်လိုက်တယ် ပြီးတော့လေးလေးစားစားပဲပြောလိုက်တယ်

"မစ္စတာချင်းမဂ်လာပါရှင့် ဆရာ့ရဲ့အဆင့်မြင့်အခန်းအတွက်ဝန်ဆောင်မှုပေးရတာဝမ်းသာပါတယ် ဒါကျွန်မရဲ့ဝန်ထမ်းကဒ်ပါ နောက်ကြတစ်ခုခုလိုအပ်တာရှိရင်အချိန်မရွေးခေါ်လို့ရပါတယ် ဆရာ့ကိုအကောင်းဆုံးဆားဗစ်တွေနဲ့ဝန်ဆောင်မှုပေးပါ့်မယ် အကြံပေးချင်တာရှိရင်လည်းပေးလို့ရပါတယ်ရှင့်"ထန်ရှင်ကိုယ့်ကိုကို မိတ်ဆက်ပြီးတော့သူ့ကဒ်ကိုပေးလိုက်တယ်

ဒီကဒ်က ဟိုတယ်ကထုတ်ပေးထားတာတော့မဟုတ်ဘူး ဒါပေမယ့်ဟိုတယ်လာတဲ့ဧည့်သည်တွေဆီကိုသူပေးဖြစ်တယ်

ချင်းယွီထန်ရှင်ကိုကြည့်မိတယ် အသားဖြူဖြူကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ကြည့်လို့ကောင်းတဲ့မျက်နှာ ဆံပင်ကိုသပ်တင်ထားတယ် အညိုရောင်မျက်လုံးတွေနဲ့အပြုံးချိုချိုနဲ့ ချိုမြိန်တဲ့မိန်းကလေးတစ်‌ယောက်ပုံစံမျိုးပေါ့

ဒီလိုရုပ်ရည်မျိုးနဲ့မိန်းမတစ်ယောက် လမ်းပေါ်ထွက်သွားရင်တောင်သူ့ကို လာခေါ်ချင်တဲ့ လူအပြည့်ဖြစ်နေမှာပဲ

"ဟုတ်ပါပြီ ဒါမဲ့ နောက်မှပဲ အနှောင့်အယှက်ပေးပါတော့မယ် "ချင်းယွီထန်ရှင်ရဲ့လုပ်ငန်းကဒ်ကိုယူလိုက်တယ်

"ဟုတ်ကဲ့ပါရှင့်" ထန်ရှင် ချင်းယွီကိုထပ်ပြီးနှုတ်ဆက်လိုက်တယ် ပြီးတော့ထန်ရှင်နောက်ကနေVIPတွေစီးတဲ့ဓာတ်လှေကား‌ေပါ်ကိုတက်ဖို့လုပ်လိုက်တယ်

ထန်ရှင်ကဒ်ကိုဖြတ်လိုက်တယ် ဓာတ်လှေကားတံခါးချက်ချင်းပွင့်သွားတယ် သူပြုံးပြီးတော့ပြောလိုက်တယ်

"ဒီဓာတ်လှေကားကိုအဆင့်မြင့်အခန်းသုံးတဲ့ဧည့်သည်တွေပဲစီးလို့ရတာပါရှင့် သာမန်အခန်းသုံးဧည့်သည်တွေအသုံးပြုလို့မရပါဘူး"ချင်းယွီ ဒီစကားကိုကြားတော့စိတ်ကျေနပ်သွားပြီး ခေါင်းညိတ်ပြလိုက်တယ် ပြီးတော့ဓာတ်လှေကားထဲကိုဝင်သွားလိုက်တယ်

ချင်းယွီတို့ထွက်သွားတော့ ဟန်ချွမ်တစ်ယောက်လဲလော်ဘီထဲမှာတခြားလုပ်စရာတွေနဲ့အလုပ်ရှုပ်နေခဲ့တယ် ကောင်တာမှာချင်းယွီကိုအချက်အလက်တွေဖြည့်ပေးဖို့ကူညီခဲ့တဲ့လူကတော့ ချင်းယွီရဲ့အချက်အလက်တွေကိုမြင်ပြီးအံ့ဩမိနေတယ်

"တစ်ရက်နေဖို့တောင် ၁၁သိန်းကျတဲ့အခန်းကို ဒီလူကတစ်လတောင်နေတယ် သိန်း၃၃၃ဆိုတဲ့ပမာဏကဒီမြို့ထဲမှာအိမ်တောင်ဝယ်လို့ရနေပြီကို ဒီလူကဟိုတယ်မှာလာနေတယ်ပေါ့???"

သူချင်းယွီသာမန်လိုပဲဝတ်စားလာတာကိုမြင်လိုက်တော့ အော်အခုခေတ်လူချမ်းသာတွေကရိုးရိုးလေးနေရတာကိုပဲသဘောကျကျတာပါလားအဝတ်အစားကသာဈေးပေါပေမယ့် လူလို့ကိုမထင်‌ထားလောက်အောင်ပိုက်ဆံသုံးနိုင်တာလို့တွေးလိုက်တယ်

သူ‌တွေးနေတုန်းမှာပဲ မိန်းမတစ်‌ယောက်ရဲ့အသံကိုကြားလိုက်ရတယ်

"ဟိုင်း... ဟိုလေအခုလေးတင်ဝင်သွားတဲ့လူကြီးမင်းကရှင့်တို့‌ဟိုတယ်ရဲ့အဆင့်မြင့်ခန်းမှာနေတာလားဟင်" စီလုအလောတကြီးမေးလိုက်တယ်

သူချင်းယွီကိုဟိုတယ်ထဲစဝင်လာကတည်းက ဆက်တိုက်ကြည့်နေတာ သူနဲ့ဟန်ချွမ် ကောင်တာကိုရောက်လာတာကိုလည်းမြင်လိုက်တယ် လက်မှတ်ထိုးပြီးတော့ယူနီ‌ေဖာင်းဝတ်ထားတဲ့ အရမ်းလှတဲ့မိန်းကလေးတစ်ယောက်နဲ့VIPဓာတ်လှေကားထဲတူတူဝင်သွားတာလည်းတွေ့လိုက်ရတယ်

ဖန်ယွမ်ရဲ့လန့်သွားတဲ့ပုံစံကိုမြင်တာနဲ့တင် ဒီဓာတ်လှေကားကသာမန်လူတွေသာဆိုအသုံးပြုလို့မရဘူးဆိုတာနားလည်လိုက်တယ်

အဲ့တာကြောင့်သူမစောင့်နိုင်တော့ပဲကောင်တာကိုအပြေးသွားမေးမိတယ်

ကောင်တာမှာထိုင်နေတဲ့သူကစီလုကိုကြည့်ပြီးတော့ပြုံးပြလာတယ်

"ဟုတ်ပါတယ်ရှင် မစ္စတာချင်းကဒီဟိုတယ်ရဲ့အဆင့်မြင့်အခန်းကိုအသုံးပြုတဲ့ဧည့်သည်တစ်ယောက်ပါ ဘာများကူညီပေးရမလဲရှင့်"

စီလုခနလောက်ဘာပြောရမလဲမသိဖြစ်ပြီးကြောင်သွားတယ် "ဘာမှမဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ"

နောက်ကရောက်လာတဲ့ဖန်ယွမ်ကတော့လုံးဝမအံ့ဩဘူး ပြီးတော့စီလုကိုလည်းပြောလိုက်သေးတယ်

"ဒီလောက်အဆင့်မြင့်အခန်းမှာနေရုံလေးပဲဟာကို ဒီတိုင်းတစ်ည‌ယွမ်ထောင်ဂဏန်းလောက်ရှိတဲ့အခန်းမှာနေတာနေမှာပေါ့ အဆင့်မြင့်အခန်းတွေထဲမှာလည်း ဈေပေါတာနဲ့ဈေးကြီးတာကွာသေးတယ်လေ ဘေဘီရဲ့ ဟုတ်တယ်မလား ပြီးကြဟိုတယ်မှာကိုယ်တို့တူတူနေဖို့ဆိုတာကသိပ်မကောင်းသေးဘူးမလား"

စီလုနည်းနည်းစိတ်ဓာတ်ကျသွား‌ေပမယ့်ချက်ချင်းပြန်ပြီးပြုံးလိုက်တယ်

"ဖန်ကောကောကအကောင်းဆုံးပဲ ချင်းယွီဖန်ကောကောကိုယှဉ်လို့မရဘူးဆိုတာသိသားပဲ" ဖန်ယွမ်စီလုရဲ့ပါးလေးကိုညစ်လိုက်တယ် သူစိတ်လှုပ်ရှားစွာပြောလိုက်တယ်

"ကလေးသာပျော်မယ်ဆိုကိုယ်ပိုက်ဆံဘယ်လောက်သုံးရသုံးရကိစ္စမရှိပါဘူး" သူကောင်တာကအမျိုးသမီးကိုပြုံးပြီးမေးလိုက်တယ်

"မင်းတို့ဟိုတယ်မှာအဆင့်မြင့်အခန်းရှိတယ်မလား "

ကောင်တာကအမျိုးသမီးက၂ယောက်လုံးကိုကြောင်ကြည့်ပြီးပြောလိုက်တယ်

"အားနာပေမယ့် အဆင့်မြင့်အခန်းတွေအကုန် လူပြည့်သွားပါပြီ ၁၁ည နေလို့ရတဲ့အခန်းရှိပေမယ့် အခုလေးတင်ပဲ မစ္စတာချင်းကဘိုကင်ယူလိုက်ပါပြီ"

"၁၁ည နေလို့ရတဲ့အခန်း?ပြောချင်တာက အခုလေးတင်ဝင်သွားတဲ့တစ်ယောက်က ၁၁ညစာကုန်တဲ့အခန်းကိုယူသွားတယ်ပေါ့ " ဖန်ယွမ်အေးအေးဆေးဆေးမနေနိုင်တော့ဘူး

"တစ်လလောက်တောင်နေဖို့စီစဉ်သွားတာပဲ" ကောင်တာကဝန်ထမ်းကသူ့ရှေ့ကနှစ်ယောက်စိတ်ဓာတ်ကျသွားတာမြင်ချင်လို့ တမင်တစ်လဆိုပြီးပြောလိုက်တယ် ပြောပြီးဖြစ်သွားတဲ့သူတို့ရုပ်တွေကိုကြည့်ပြီး သူအရမ်းကိုကျေနပ်မိသွားတယ်

တကယ်ပါးရိုက်လိုက်သလိုပါပဲ အကြမ်းဆုံးရိုက်ချက်ပါပဲ ဖန်ယွမ်တစ်ယောက်ရှက်လွန်းလို့မျက်နှာတစ်ခုလုံးပါပူထူသွားတယ် သူမြေကြီးထဲတောင်ဝင်နေလို့ရရင်ဝင်လိုက်ချင်သေးတယ် အထူးသဖြင့်ဒီကောင်တာကအမျိုးသမီးရဲ့ထူးဆန်းတဲ့အကြည့်တွေကိုသူမခံစားနိုင်တော့ဘူး

စီလုကတော့မိုးကြိုးပစ်ခံလိုက်ရသလိုပါပဲ သူအရင်တုန်းကအထင်သေးခဲ့တဲ့ချင်းယွီ သူ့ကိုလက်စွပ်လေးတစ်ကွင်းဝယ်ပေးဖို့တောင်မှမနည်းကြိုးစားခဲ့ရတဲ့ကောင်က ကြယ်၇ပွင့်ဟိုတယ်မှာ ၁၁ညစာကုန်တဲ့အခန်းကိုတစ်လလုံးတောင်ငှားနေနိုင်တယ်ပေါ့ ဒီကမ္ဘာကြီးကဘာတွေဖြစ်ကုန်တာလဲ လူတွေကဘာဖြစ်လို့လမ်းခွဲပြီးမှပြောင်းလဲကုန်တာလဲ

"ဟိုတယ်မှာနေဖို့သိန်း၃၀၀လောက်လေးသုံးတာမလား သုံးရာလောက်လေးပါပဲ ကိုယ့်မိဘတွေဆီမှာသိန်းရာနဲ့ချီပိုင်ဆိုင်မှုရှိတာသိတယ်မလား သိန်း၃၀၀ရဖို့ဆိုတာအလွယ်လေးပါ အဲ့လောက်ကြီးအံ့ဩမနေပါနဲ့ ကလေးကလည်း"

ဖန်ယွမ်တွေးကြည့်လိုက်‌တော့သူ့မှာပိုသာတဲ့နေရာရှိသေးတာတွေ့လိုက်တယ်

ဖန်ယွမ်ပြောတာကြားတော့ စီလုပြုံးပြုံးလေးနဲ့ ပြောလိုက်တယ်

"ဖန်ကောကော ပြောတာဟုတ်တယ် ဒီရည်းစားဟောင်းကောင်ကသူ့ပိုက်ဆံသုံးတာဟုတ်ချင်မှဟုတ်မှာပါ တစ်နေရာရာကချေးလာတာဖြစ်ရင်ဖြစ်နေမှာ သူအတိုးတောင်ဆပ်ရင်ဆပ်ရအုံးမှာ"

တင်!တင်!တင်! စီလုလဲစကား‌ဆုံးရော သူ့ဖုန်းမြည်သံကြားလိုက်ရတယ် သူကကြည့်‌လိုက်တော့သူ့အချစ်ဆုံးသူငယ်ချင်းဘ်ုင်ရှောင်းရွေဖြစ်နေတယ်

"ဟယ်လို ရှောင်းရွေ အေးပြော ဘာဖြစ်လို့လဲ"

"ဟဲ့ စီလုနင်သိလား ဒီနေ့နင့်ကောင်လေး ချင်းယွီလေ ကားလာဝယ်သွားတယ်"သူဖုန်းကိုင်လိုက်တာနဲ့ရှောင်းရွေရဲ့စိတ်မရှည်တဲ့လေသံနဲ့မေးခွန်းထုတ်ချင်နေတဲ့အသံကိုကြားလိုက်ရတယ် သူရုတ်တရက်ကြောင်သွားတယ်

"တွေ့သားပဲ ဒီတိုင်းသာမန်ကားအမည်းလေးမလား အဲ့တာဘာလုပ်ရမှာလဲ

"ဘာသာမန်ကားအမည်းလေးကမှာလဲ နင်ဘာဖြစ်သွားတာလဲ အဲ့တာအိန်ဂျယ်စီးရီးရဲ့အမြင့်ဆုံးကားဟဲ့ TISကအရင််ထုတ်တဲ့ကားတွေထက်တောင်ဈေးကြီးသေးတယ် တစ်ကမ္ဘာလုံးမှာတောင် ၁၀စီးပဲရှိတာ ပြီးတော့ကားဈေးပြောလိုက်ရင်နင်လန့်တောင်သွားအုံးမယ် "

"ဘာ! TISကထုတ်တဲ့ကားဟုတ်လား"စီလုရှော့ရသွားတယ် အဲ့ကထုတ်တဲ့ကားတွေကတအားဈေးကြီးတယ်လို့သူသိထားတာဈေးက အနည်းဆုံးယွမ်၁သိန်းလောက်ရှိတယ်ဆိုပဲ ထိပ်ဆုံးမော်ဒယ်ဆိုယွမ် သိန်း၁ထောင်ကျော်နေမှာပဲ ချင်းယွီကဒီလိုကားမျိုးကိုတတ်နိုင်‌တယ်ပေါ့

အရင်လိုသာဆိုသူမယုံနိုင်လောက်ပေမယ့်သူအခုလေးတင်ဘိုကင်ယူသွားတဲ့အခန်းကိုကြည့်ပြီးသူယုံလိုက်ရတော့တယ် သူစိတ်လှုပ်ရှားပြီးမေးလိုက်တယ်

"အဲ့တာဆိုအဲ့ကား...ကားက ဘယ်လောက်တန်တာလဲ?"

"သိန်းတစ်ထောင်! ဂုဏ်ယူပါတယ်စီလုရေ ငါနင့်ကောင်လေးကအဲ့လောက်ချမ်းသာမှန်းမသိခဲ့ဘူး ငါမျက်လုံးတော်တော်ကန်းခဲ့တာပဲ ငါရဲ့‌ခွေးလိုမျက်လုံးနဲ့‌လူတွေကိုအထင်သေးခဲ့မိတာ နင်နင့်ရည်းစားကိုအသေဆွဲထားနော်အေး သူကလုံးဝချမ်းသာတဲ့မိသားစုကသခင်လေးပဲဖြစ်မယ် အရင်တုန်းကဆင်းရဲချင်ယောင်ဆောင်နေခဲ့တာနေမှာ

အရင်လိုသာဆိုသူမယုံနိုင်လောက်ပေမယ့်သူအခုလေးတင်ဘိုကင်ယူသွားတဲ့အခန်းကိုကြည့်ပြီးသူယုံလိုက်ရတော့တယ် သူစိတ်လှုပ်ရှားပြီးမေးလိုက်တယ်

"အဲ့တာဆိုအဲ့ကား...ကားက ဘယ်လောက်တန်တာလဲ?"

"သိန်းတစ်ထောင်! ဂုဏ်ယူပါတယ်စီလုရေ ငါနင့်ကောင်လေးကအဲ့လောက်ချမ်းသာမှန်းမသိခဲ့ဘူး ငါမျက်လုံးတော်တော်ကန်းခဲ့တာပဲ ငါရဲ့‌ခွေးလိုမျက်လုံးနဲ့‌လူတွေကိုအထင်သေးခဲ့မိတာ နင်ကတော့မျက်လုံးကောင်းတဲ့ပုံပါပဲ နင်နင့်ရည်းစားကိုအသေဆွဲထားနော်အေး သူကလုံးဝချမ်းသာတဲ့မိသားစုကသခင်လေးပဲဖြစ်မယ် အရင်တုန်းကဆင်းရဲချင်ယောင်ဆောင်နေခဲ့တာနေမှာပဲ ဟဲ့စီလုဘာလို့ဘာမှပြန်မဖြေတာလဲ ငါပြောနေတာကြားလား"

စီလုဘာမှပြန်မပြောနိုင်တော့ဘူး သူရှော့ရပြီး နှလုံး‌ပါအောင့်တက်လာတယ် ဘိုင်ရှောင်းရွေပြောတဲ့စကားသံတွေကနားထဲမှာပဲ့တင်ထပ်နေတယ်

"သိန်း၁ထောင်တန်တဲ့အဆင့်မြင့်ကား ...

လူချမ်းသာမိသားစုကသခင်လေး..."

ဒီလောက်ပိုက်‌ဆံတွေ သူများဆီက‌သွားချေးဖို့မဖြစ်နိုင်တော့ဘူး မသကာသူတို့ချေးနည်းနည်းပေါ့ ခု....ခုဟာက

စီလုဖုန်းကိုင်ပြီးဖြစ်သွားတဲ့ရုပ်ကိုမြင်တော့စိတ်ရှုပ်ပြီးမေးလိုက်တယ်

"ဘာတွေပြောနေတာလဲ ဘယ်ကသခင်လေး သိန်းတစ်ထောင်ကရောဘာကြီးလဲ" စီလုဖန်ယွမ်ကိုကြည့်ပြီးတော့ပြုံးလိုက်တယ်

"ရည်းစားဟောင်းရဲ့ကားတန်ဖိုးရဲ့သိန်းတစ်ထောင်တဲ့လား"

" မဖြစ်နိုင်တာ ဈေးကြီးတဲ့ကားတွေရှိတာသိပေမယ့် သူ့ကားကအဲ့လောက်ဈေးကြီးတဲ့ပုံလဲမပေါ်ပါဘူး" ဖန်ယွမ်ရယ်လိုက်တယ်

"ကလေး သူငယ်ချင်းဖုန်းဆက်လာတာ သူတို့ပြခန်းကိုကားလာဝယ်သွားတာတဲ့

သူကတော့မလိမ်နိုင်ဘူး TIS ကထုတ်တဲ့ကားလေ ဘာစီးရီး အာ အိန်ဂျယ်စီးရီးထဲကတဲ့"

ဖန်ယွမ်ရုတ်တရက်ဒီကုမ္ပဏီကိုမှတ်မိသွားတယ် သူဖုန်းကိုချက်ချင်းထုတ်ပြီးဒီကုမ္ပဏီကိုရှာကြည့်ဖို့လုပ်လိုက်တယ်‌ ဟုတ်တာပေါ့တွေ့ပြီ အိန်ဂျယ်စီးရီး...ပုံစံကလဲ ချင်းယွီစီးလာတဲ့ကားနဲ့တစ်ပုံစံတည်းပဲ ဈေးကသိန်း၈၇၀၀ အဲ့တာဆိုအဲ့ကားတစ်စီးတည်းနဲ့တင်ဈေးက၉ထောင်နီးပါးပေါ့!!!

All Chapters