← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

ဖန်ယွမ်မူးပါလဲမလိုဖြစ်သွားတယ် သူကားပါကင်နေရာတစ်ခုအတွက်နဲ့ ယွမ်သိန်းထောင်ချီတဲ့ကားကိုတိုက်မိတော့မလို့

ချင်းယွီ ဒီကားကိုပိုက်‌ဆံချေးပြီးဝယ်ထားတယ်လို့ ဖန်ယွမ်တွေးတောင်မတွေးရဲတော့ဘူး ချေးထားတဲ့ပိုက်ဆံမဟုတ်ဘူးဆိုတော့ ဒီလူ့နောက်ကွယ်မှာအာဏာတစ်ခုခုရှိနေတာသေချာတယ် ကားဝယ်ဖို့ မီလီယမ် ထောင်ချီသုံးနိုင်တဲ့လူတစ်ယောက် အဆင့်မြင့်အခန်းမှာတစ်ရက်တည်းနဲ့သိန်းကိုရာနဲ့ချီသုံးနိုင်တဲ့ဒီလိုလူမျိုးကအကောင်ကြီးပဲဖြစ်ရမယ်

ဖန်ယွမ် သူ့မိဘအပေါ်အားကိုးလို့ရတာ ကံကောင်းနေသေးတယ် ဒါပေမယ့်သူ့ရဲ့တခြားပိုင်ဆိုင်မှုတွေကဒီလူ့ရဲ့ကားလောက်တောင် မရှိဘူး တကယ့်သူဌေးကြီးနဲ့မှလာကြုံနေရတယ်လို့ သူ့လိုကောင်မျိုးကဟိုကလက်လေးနဲ့တစ်ချက်ဖိရင်တောင် သေမဲ့အနေအထားမျိုးဖြစ်သွားပြီ အခြေအနေချင်းကအဲ့လောက်ကိုကွာနေတော့တာ အဲ့လိုလူရဲ့ရည်းစားကိုလည်းလုလာမိသေးတာ ကိုယ့်သေတွင်း ကိုယ်တူးမိနေတာပဲလို့ ဖန်ယွမ်တစ်ယောက်တွေးမိလိုက်တော့ ကြက်သီးတွေပါထသွားတယ် စီလုကိုသူကြည့်လိုက်မိတယ် စီလုပုံစံကပေါက်ကွဲထွက်တော့မယ့်ဗုံးတစ်လုံးလိုပဲ သူဒီမိန်းမနဲ့ဝေးရာမှာနေမှဖြစ်မယ်

"အာ ဆောရီး လုပ်စရာတစ်ခုရှိသေးတာ ခုမှသတိရတယ် ဒင်နာကိုနောက်ရက်မှတော့စားကြတာပေါ့ ကိုယ်အရင်ပြန်တော့မယ့် တာ့တာ"သူအရင်ပြောချင်ရာပြောပြီး စီလုပြန်ဖြေတာတောင်မစောင့်ဘဲ ထွက်လာခဲ့လိုက်တယ် သူဟိုတယ်ထဲကနေချွေးစီးတွေပါကျပြီးပြေးထွက်လာရတယ်

စီလုကတော့မူးပြီးတော့ ကျန်နေခဲ့တယ် ပြီးတော့ဖန်ယွမ်ဟိုတယ်ထဲကနေ သူ့ကားပေါ်တက်သွားတာကိုသူတွေ့လိုက်ရတယ် ဖန်ယွမ်ဒီလိုစိတ်ထားမျိုးရှိလိမ့်မယ်လို့ သူထင်တောင်မထင်ထားခဲ့ဘူး သူ့ထက်သာတဲ့လူကိုလည်းတွေ့ရော ကြောက်ပြီးပြေးသွားလိုက်တာ ယုန်လေးကြလို့ပဲ

သူရဲ့ရည်းစားဟောင်းချင်းယွီအကြောင်းကိုတွေးလိုက်တယ် ဒီလောက်နှစ်တွေကြာ‌တာတောင်မှ သူဒျီလာက်ချမ်းသာမယ်လို့ စီလုမတွေးခဲ့မိဘူး ခုတော့စီလုကအရမ်းကိုနောင်တရမိသွားပြီ

"ဒီနေ့သာသူနဲ့လမ်းမခွဲခဲ့ရင် ခုနေသူဌေးကတော်ဖြစ်နေမှာပဲ"

သူစိတ်ရောကိုယ်ပါနောင်တတွေလွှမ်းမိုးခံလိုက်ရတယ်

"ဒါပေမယ့်လည်းငါတို့ကလမ်းခွဲတယ်ဆိုရုံပဲလေ စီလုစိတ်ထဲငါ့ကိုရှိနေလောက်သေးမှာပဲ ဒီလောက်နှစ်အကြာကြီးချစ်ခဲ့ကြတာလေ ပြီးတော့ငါတို့ကကျောင်းကတည်းကတူတူရှိနေခဲ့တာပဲကို သူနဲ့သာပြန်အဆင်ပြေရင် လူချမ်းသာမိသားစုက သူဌေးကတော်ဖြစ်သွားမှာပဲ" စီလုမျက်လုံးကျယ်သွားတယ် မြန်မြန်ဖုန်းကိုယူပြီးတော့ချင်းယွီရဲ့နံပါတ်ကိုရှာလိုက်တယ်

အဲ့ချိန်မှာပဲသူချင်းယွီရဲ့နံပါတ်ကိုဖျက်ထားမိတာကိုသတိရသွားတယ်

"အာ ငါလမ်းခွဲပြီးတော့ ဝီဝီအက်ပ်ပလီကေးရှင်း(စာပို့ဘာညာလုပ်တဲ့appရဲ့နာမည်) ကိုလည်းဖျက်လိုက်မိတာပဲ"

သူအရင်ဖုန်းခေါ်ထားဖူးတာတွေကိုပဲပြန်ရှာနေလိုက်တယ်

နောက်ဆုံးတော့ချင်းယွီရဲ့ဖုန်းနံပါတ်ကိုရှာတွေ့သွားပြီ......

ချင်းယွီဓာတ်လှေကားထဲကိုဝင်လိုက်တယ် ဓာတ်လှေကားကိုအဆင်မြင့်မြင့်ပြင်ဆင်ထားရုံတင်မကဘဲ ‌‌ေဘးကနံရံတွေမှာလည်းမတူညီတဲ့ဒီဇိုင်းမျိုးစုံနဲ့အလှဆင်ထားသေးတယ် ဒီနေရာတစ်ခုလုံးကလုံးဝကိုအထက်တန်းဆန်လွန်းတယ် သူအရင်တုန်းကစီးဖူးတဲ့ဓာတ်လှေကားတွေနဲ့မတူဘူး ဓာတ်လှေကားစတက်သွားတာနဲ့ တစ်ချက်လေးမှလှုပ်သွားတာလည်းမရှိဘူး အဲ့အချိန်မှာပဲသူ့ဖုန်းကမြည်လာခဲ့တယ် သူကြည့်လိုက်တော့စီလုဆီကဖုန်းဖြစ်နေတယ် သူခနလောက်‌တော့နေလိုက်ပေမယ့်ကိုင်‌ေတာ့ကိုင်ပေးလိုက်တယ်

"ချင်းယွီ ငါအရင်တုန်းကမှားသွားပါတယ် နင်ကပဲငါ့အတွက်အကောင်း‌ဆုံးလို့ထင်တယ် ငါအခုလေးတင်ပဲဖန်ယွမ်နဲ့လမ်းခွဲလိုက်ပြီ အရင်လိုပြန်နေကြရအောင်လေနော်" ဖုန်းထဲကစီလုအသံကိုကြားပြီးချင်းယွီခေါင်းထဲမေးခွန်းတွေပြည့်နှက်လာတယ် သူဒီမိန်းမရဲ့အကြံတွေကိုကြိုသိနေတယ်လေ သူ့သူငယ်ချင်းဘိုင်ရှောင်းရွေဆီကနေ ကားတန်ဖိုးကိုသိသွားလို့ သူ့ဆီပြန်လာချင်နေတာပဲဖြစ်မှာပဲ သူဒီလိုတွေးမိသွားတော့စီလုကိုပိုရွံသွားတယ်

"စိတ်ပျက်ဖို့ကောင်းလိုက်တာ နောက်ထပ်ပြီး ငါ့လာမဆက်သွယ်နဲ့!"

ချင်းယွီဖုန်းချပြီး ဒင်ဆိုတဲ့အသံနဲ့အတူ ဓာတ်လှေကား၃၆ထပ်မြောက်မှာပွင့်သွားခဲ့တယ်

"မစွတာချင်း ကျေးဇူးပြုပြီးတော့ လိုက်ခဲ့ပေးပါ"ထန်ရှင်သွားရမယ့်ဘက်ကို လက်ပြပြီး‌ရိုရိုသေသေပြောလိုက်တယ်

ဓာတ်လှေကားထဲကဆင်ပြိးတော့သိုးမွှေးနဲ့လုပ်ထားတဲ့ ကော်ရစ်တာကိုဖျက်လိုက်ရင်သူ့အခန်းဖြစ်တယ့်၃၆၀၁ဆီကိုရောက်ပြီ တံခါးဝမှာဝန်ထမ်းနှစ်‌ယောက်ရပ်နေတယ် ကြည့်ရတာသူ့ကိုစောင့်နေတဲ့ပုံပဲ အဲ့ဝန်ထမ်း၂ယောက်ကခေါင်းညွတ်ပြီးတော့ပြောလာတယ်

"မဂ်လာပါ မစ္စတာချင်းယွီ!!!"

ထန်ရှင်အချက်ပြ‌လိုက်တော့ဝန်ထမ်းလေးတွေက အခန်းတံခါးဖွင့်ပေးတယ်

ချင်းယွီစိတ်ကိုကြိုတင်ပြင်ဆင်ထားပေမယ့် တံခါးဖွင့်ပြီးတော့ သူ့ရှေ့ကအရာတွေကိုမြင်လိုက်ရချိန်မှာတော့ လုံးဝအံ့ဩသွားမိတယ်

အခန်းတံခါးကိုဖွင့်လိုက်တော့ သူစိတ်ထဲပထမဆုံး‌ေရာက်လာတဲ့အရာက ဒီအခန်းကတအားကိုကျယ်လွန်းတယ် သူပထမ‌ဆုံးအခန်းတစ်ခုထဲကိုဝင်လိုက်တော့ **ကွာတားမီတာကျယ်တဲ့အခန်းကြီးဖြစ်နေပြီး အထဲမှဘားကောင်‌တာလည်းရှိတယ် ဝိုင်တွေတင်ထားတဲ့စင်ကြီးလည်းရှိနေပြီး ကိုယ်ပိုင်စားဖိုဆောင်အထိပါရှိနေတယ် နောက်ထပ် ဂျင်မိတွေ မီတင်ခန်းတွေ ပုံမှန်ထက်ပိုကျယ်တဲ့အိပ်ခန်း‌တွေ အခန်းပိုတွေ လည်းအများကြီးရှိသေးတယ် ပြီးတော့ ရေကူးကန်နဲ့ပန်းခြံလည်းရှိနေတယ်

ဒါတွေအကုန်လုံးကိုလည်းသူအသုံးပြုလို့ရတယ် အဆင့်မြင့်မှုကတော့လုံးဝသူမတူအောင်ပဲ

ချင်းယွီအခန်းထဲကိုပတ်ပြီးလျှောက်ကြည့်လိုက်တယ် ထန်ရှင်ကတော့သူနောက်ကနေလိုက်ပြီး အခန်းတွေဖွဲ့စည်းထားပုံတွေ အသုံးပြုပုံတွေကိုတစ်ခုပြီးတစ်ခုစိတ်ရှည်ရှည်နဲ့ရင်းပြပေးနေတယ်

ချင်းယွီကထန်ရှင်းရဲ့အသံချိုချိုလေးကို နားထောင်ပြီးစိတ်ကျေနပ်သွားတယ် သူဆက်တိုက်ကိုအံ့ဩနေမိတယ် လူချမ်းသာတွေနဲ့သာမန်လူတွေကလုံးဝမတူညီတဲ့ဘဝမှာနေနေရတာပဲ အစားအသောက်ပုံစံတွေ အသုံးအဆောင်ပစ္စည်းတွေ စီးတဲ့ယာဉ်ကအစပေါ့ သာမန်အဆင့်ကနေ လှမ်းထိလို့မ‌ရလောက်အောင်ကိုကွာခြားတယ် ချင်းယွီတစ်ခန်းလုံးကိုအသိအမှတ်ပြုတဲ့အနေနဲ့လိုက်ကြည့်လိုက်တယ် ပြီးတော့ဧည့်ခန်းဘက်ကိုပြန်လာပြီး ‌ဆိုဖာပေါ်မှာထိုင်လိုက်တယ် ထန်ရှင်းကချိုချိုသာသာနဲ့ပြောလိုက်တယ်

"ဆရာ ဟိုတယ်ကဆရာ့အတွက် အထူးအနေနဲ့ညစာကိုပြင်ဆင်ပေးထားပါတယ် ဆရာအဆင်ပြေတဲ့အချိန်သုံးဆောင်လို့ရပါတယ်ရှင့် အပေါ်ထပ်၅၁ထပ်မြောက်က ဝေဟင်စားသောက်ဆိုင်ကိုလည်းသွားလို့ရပါတယ် အဲ့စားသောက်ဆိုင်က ဟိုတယ်ရဲ့အဆင့်မြင့်ခန်းမှာလာတည်းတဲ့ဧည့်သည်တွေအတွက်ပဲပြင်ဆင်ပေးထားတာပါ ညစာကို၁နာရီခွဲအတွင်းမှာပဲ ဝိုင်နီတစ်ပုလင်းနဲ့အတူပို့ဆောင်ပေးပါ့မယ့်ရှင့်"

ချင်းယွီခေါင်းညိတ်ပြပြီး‌ပြောလိုက်တယ်"ကောင်းပါပြီ ဒါနဲ့ဟိုတယ်မှာအဝတ်အစားလဲစရာရှိလား ရေချိုးပြီးရင်လဲရမှာမို့လို့လေ"

ထန်ရှင်း‌ခေါင်းညိတ်ပြီးဖြေလိုက်တယ်"ဟုတ်ကဲ့အဝတ်တွေက အထဲကဗီဒို‌ထဲမှာရှိပါတယ် ဆရာတစ်ချက်ကြည့်ကြည့်လို့ ရပါတယ်"

"အာ အိုခေလေ အဲ့တာဆိုဒါပါပဲ သွားလို့ရပြီနော် လိုအပ်တာရှ်ိရင်လာပြောလိုက်ပါမယ်" ချင်းယွီအရမ်းကိုစိတ်ကျေနပ်သွားပြီးတော့ပြောလိုက်တယ်

"ဟုတ်ကဲ့ပါဆရာ လိုအပ်တာရှိရင်အချိန်မရွေးပြောလို့ရပါတယ် ဆရာ့ကို၂၄နာရီလုံးဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ် ညစာကိုလည်းခနနေရင်လာပို့လိုက်ပါမယ်"ထန်ရှင်းခေါင်းလေးညွတ်ပြီးတော့ပြောကာ ထွက်လာခဲ့လိုက်တယ်

ချင်းယွီအကြော‌ဖြေလိုက်တယ် ပြီးတော့ ဆိုဖာပေါ်က‌ေနထကာ မာစတာအိပ်ခန်းထဲကိုဝင်လိုက်တယ် နံရံဘေးမှာရှိနေတဲ့အဆင့်မြင့်ဗီဒိုကြီးကိုဖွင့်လိုက်တယ် အဝတ်အစားတွေအများကြီးတော့ရှိမနေပေမယ့် ဝတ်စုံပြည့်တွေ သာမန်အဝတ်အစားတွေ ညအိပ်ဝတ်တွေ အတွင်းခံတွေထိပါတော့ရှိနေတယ် တခြားတစ်ဖက်ကတော့အမျိုးသမီးတွေအတွက်ပေါ့ ဒီဝတ်စုံတွေကိုကြည့်ပြီးသူတခုတွေးမိသွားတယ် ခနနေလာပြုစုဖို့လူတွေခေါ်ရင် ဒီဝတ်စုံတွေထဲက ယုန်ပုံလေးတွေ နားရွက်လေးတွေ အိမ်ဖော်ဝတ်စုံလေးတွေကိုစမ်းဝတ်ကြည့်ခိုင်းရမယ်ဆိုပြီး သူအဲ့ပုံစံလေးတွေစဉ်းစားမိရုံနဲ့တင် သူ့တစ်ကိုယ်လုံးမယိုးမယွဖြစ်လာတယ် သူမဟုတ်တဲ့အတွေးတွေ လွင့်သွားအောင်ခေါင်းခါပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ် သူပြန်ထွက်လာ‌တော့ညစာကလာပို့ပြီးသားဖြစ်နေတယ်…

All Chapters