အခန်း (၁၁)
Vol. 1 Ch. 11
အထက်တန်းဆန်ဆန်ဝတ်ထားတဲ့မိန်းမတစ်ယောက်က ချင်းယွီကို စိတ်ကြီးဝင်နေတဲ့ပုံစံနဲ့လှမ်းကြည့်နေတယ် သူ့မျက်လုံးတွေကလည်း စိတ်ဝင်စားမှုအပြည့်ဖြစ်နေတယ်ဒီ၂ယောက်ဆိုင်ထဲဝင်လာကတည်းကသူကြည့်နေတာ အထူးသဖြင့် ဆိုင်ထဲဝင်လာတဲ့ေကာင်မေလး....
သူ့ဘေးကသူ့ယောက်ျားရဲ့မျက်လုံးတွေကဆန်းကြယ်နေတယ်(သူ့ယောကျာ်းကကောင်မလေးကိုငမ်းနေတာပါ")
ငါတော်တော်ကြာတဲ့ထိကိုေဒါသထွက်ေနမိတာ ငါမနာလိုတာတွေ မကျေမနပ်ဖြစ်နေတာတွေကိုခန ဖုံးထားလိုက်တယ်
ချင်းယွီဒီလိုဘရမ်းမျိုးတွေ ဝယ်နေတာကိုကြည့်ပြီး သူချင်းယွီကိုအပိုင်ကြံဖို့တွေးလိုက်မိတယ်
ချင်ဒင် အေးစက်စက်နဲ့ပဲကြည့်လိုက်တယ်
တကယ်တည်းကြ သူကလည်းအခြားလူတွေကိုအထင်သေးတတ်တဲ့အရူးတစ်ယောက်ပါပဲ
သူရိုင်းရိုင်းစိုင်းစိုင်းနဲ့ "ဘယ်ကဖားပြုတ်တွေ ဒီနားလာခုန်နေတာလဲ"
"ဘာတွေလာပြောနေတာလဲ သေချင်နေတာလား" အဲ့အမျိုးသမီးရဲ့ဘေးမှာ ဝတ်စုံပြည့်ဝတ်ထားတဲ့ အသက်၅၀လောက်ရှိတဲ့လူတစ်ယောက် ချင်းယွီကိုသေချာစိုက်ကြည့်နေခဲ့တယ် သူ့ပုံစံကနုံချာချာပါပဲ
ဝန်ချိ စိတ်ထဲမှာတော့ သူမိန်းမကတစ်ခြားလူတွေကို မောက်မာပြီးေပြာဆိုတတ်တာပုံမှန်ပဲ ဒါပေမယ့် တစ်ဖက်လူကသူ့မိန်းမကို ပြန်ပြောရင်တော့ အဲ့တာသူ့ကိုပါးရိုက်သလိုပဲ ဒီကုမ္ပဏီရဲ့ဘော့စ် တစ်ယောက်အနေနဲ့ သူ့မှာရှိသင့်တဲ့အာဏာကိုတော့ပြရမှာပဲလေ တစ်ဖက်ကလူကသူ့ထက်ပိုဈေးကြီးတာတွေဝယ်ပြတော့ရောဘာဖြစ်လဲ သူကပိုပြီးတော့ပိုက်ဆံရှိတဲ့သူပဲလေ ပြီးတော့သူဒီလိုကောင်မျိုးကိုလည်းသည်းမခံနိုင်ဘူး အလှလေးတစ်ယောက်က ဒီကောင့်လိုငမွဲနောက်ကိုလိုက်နေတာသနားစရာပဲ နွားခြေရာခွက်ထဲကကျနေတဲ့ ပန်းကလေးကြလို့
"ဒီလိုနုံချာချာလူတွေကို ဆိုင်ထဲဝင်ခံတာလား ဒီကောင်တွေလုပ်လို့ အဝတ်တွေပေကုန်ရင်မင်းလျော်နိုင်လို့လား ဒီဆိုင်ကသူဌေးကတော့တော်တော်အဆင့်နိမ့်တာပဲ"သူပြောလိုက်ပြီးတော့ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်လိုက်တယ် ဆိုင်ထဲကဝန်ထမ်းတွေကိုလည်းအပြစ်တင်နေတယ် အဲ့အချိန်မှာ ဆိုင်ထဲကလက်ထောက်က ပြုံးပြီးတော့ပြောလာတယ်
"သူဌေးအတွက်ကတော့ တကယ်ရှက်ဖို့ကောင်းပါတယ် ဒါပေမယ့်လည်းကျွန်မတို့အနေနဲ့ကြ ဆိုင်ထဲဝင်လာတဲ့ဝယ်သူကိုမောင်းထုတ်လို့မှမဖြစ်တာ"
ဝန်ချိမျက်နှာမဲ့လိုက်ပြီး "ကံဆိုးတာပဲ"လို့ပြောလိုက်တယ်
ချင်းယွီမျက်စောင်းထိုးပြီးတော့ပြောလိုက်တယ် "မင်းတို့လိုကောင်တွေက ချမ်းသာတယ်ဆိုပြီးသာ ကြွားလုံးထုတ်နေတာ တကယ်တမ်းကြ ဘာမှသုံးနိုင်တာမဟုတ်ဘူး ဒီလိုခွေးရူးလိုပဲ ဟောင်ပဲဟောင်နေတတ်တာ ရယ်ရတယ်"
သူ့ဘေးကပါလာတဲ့အမျိုးသမီးက ဒေါသထွက်ရမဲ့အစားပြုံးလိုက်တယ်
"ငါတို့အကြိုက်က အဲ့လောက်လည်းဆိုးမနေပါဘူး နင်ကမှရယ်ရတာ တခြားကိစ္စတွေပြောမနေနဲ့ဦး ငါကတစ်နှစ်ကို ဒီရှော့ပင်းမော်ထဲမှာသုံးတာ ငွေတစ်သန်းထက်မနည်းဘူး ပုံမှန်အဝတ်တစ်ထည်ကိုတောင် ထောင်ဂဏန်းရှိတာကို ဝယ်နိုင်တယ် မင်းတို့အနေနဲ့ ဒီဆိုင်ထဲကအထည်တွေကိုဝယ်နိုင်မယ်ထင်တယ်ပေါ့" ချင်းယွီဘာမှပြန်မပြောဘဲပြုံးလိုက်တယ် သူခုနကယူထားတဲ့အဝတ်တွေအကုန်လုံးကိုလက်ညှိုးထိုးပြလိုက်ပြီး အနားကဝန်ထမ်းလေးကိုပြောလိုက်တယ်
"ဒါတွေအကုန်ထုတ်လိုက် ယူမယ်"
"ဟမ်"အရောင်းသမားလေးကခနလောက်နောက်ဆုတ်ပြီးတော့အံ့ဩသွားတယ် သူချင်းယွီလက်ထဲမှာအဝတ်တွေများကြီးကိုင်ထားတာကိုတွေ့ပေမယ့် ချင်းယွီဝတ်ထားတာက တကယ့်လမ်းဘေးကအထည်လိုမျိုးတွေ အဲ့တာတောင်သူ့လက်ထဲကယွမ်ထောင်နဲ့ချီတန်တဲ့ အဝတ်တွေကိုဝယ်ချင်တယ်ပေါ့သူယူထားတာအကုန်ဆို အနည်းဆုံး ယွမ်*လောက်ရှိနေပြီကို သူ့အနေနဲ့ ဝယ်သူတစ်ယောက်ကဒီလောက်အဝတ်တွေအများကြီးဝယ်တာဒီတစ်ခါပဲတွေ့ဖူးသေးတယ်
ဝန်ချိခနဲ့ပြီးတော့ပြောလိုက်တယ် "မင်းထဲကအဝတ်တွေက အားလုံးပေါင်းဆိုယွမ်[-]လောက်ရှိတယ်မင်းသိလား ပိုက်ဆံတတ်နိုင်တယ်ဆိုရင် စောင့်မနေနဲ့တော့လေ ရှင်းလိုက်တော့"
"မင်းလိုလူကတော့တတ်နိုင်မှာမဟုတ်ဘူး ဒါပေမယ့်မင်းမတတ်နိုင်တိုင်း သူများကိုလည်း မင်းလိုထင်မနေနဲ့"ချင်းယွီ ပေါ့ပေါ့ပါးပါးလေးပဲပြန်ပြောလိုက်တယ်
"ငါ့ယောက်ျား ကုမ္ပဏီကြီးက သူဌေးကြီး နင့်လိုငမွဲကောင်ကယှဉ်နိုင်မှာတောင် မဟုတ်ဘူး အဝတ်အစားလောက်ကတော့ပြောမနေနဲ့ အဲ့ထက်ပိုသာတာလိုချင်ရင်တောင် တတ်နိုင်တယ်"
"ဒီလိုဆိုရင်ရော....ဒီအဝတ်တွေအကုန်မင်းရှင်းနိုင်ရင်ငါမင်းလုပ်စေချင်တာအကုန်လုပ်ပေးမယ် ငါရှင်းနိုင်ရင် မင်းငါခိုင်းတာလုပ်ပေးရမယ်"
ဝန်ချိမျက်လုံးကိုလှည့်လိုက်ပြီးတော့ တစ်ခုခုကိုစဉ်းစားလိုက်တယ်နောက်ပြီး
ထန်ရှင်ကိုကြည့်ပြီးသူပြုံးလိုက်တယ် သူထန်ရှင်ရဲ့အလှအပမှာလုံးဝကြီးဆွဲဆောင်ခံလိုက်ရတယ် သူ့ကုမ္ပဏီကဝဝပုပုအတွင်းရေးမှူးတွေနဲ့ ဘာမှကိုယှဉ်လို့မရဘူး ဒီကောင်လေးသူ့အရှက်သူခွဲနေတာပဲ သူသာပိုက်ဆံကုန်ခံလိုက်ရင် ဒီအလှလေးက သူနဲ့အဲ့ကောင်ကြားကကွာခြားချက်ကိုသိသွားမှာပဲ သူကိုယ်တိုင်လည်းငါ့ဆီရောက်လာချင်ရောက်လာမှပေါ့
"အိုကေလေ မင်းပြောတာလက်ခံတယ် ရှုံးမှနောင်တမရနဲ့"
ချင်းယွီပုံမှန်လေးပဲနေလိုက်တယ်
"လောင်ကုန်း~(ယောကျာ်းလို့ခေါ်တာ) တကယ်လို့သူတကယ်ကြီးချမ်းသာနေရင်ဘယ်လိုလုပ်မလဲ တကယ်ကြီးအမှားဝန်ခံမှာမို့လို့လား"
"ပူမနေပါနဲ့ ဒီကောင်သက်သက်အာချောင်နေတာပါ အခုနောက်ဆုတ်လိုက်ရင်တော့ပိုကောင်းတာပေါ့ "ဝန်ချီ ဒေါင်ယုတိုင်ကိုပြောလိုက်တယ် ရှုံးမဲ့ကိစ္စကိုတော့သူလုံးဝမတွေးထားဘူး
"ကောင်းတာပေါ့အာ့ဆိုလည်း"အမျိုးသမီးဖြစ်သူကခုမှစိတ်အေးသွားပြီးတော့ပြောလိုက်တယ်
ချင်းယွီပေါက်ကရတွေပြောနေတာကိုရပ်လိုက်ပြီး ဆိုင်ကဝန်ထမ်းကိုပြောလိုက်တယ် "ဒါတွေအကုန် ဘယ်လောက်ကျလဲတွက်လိုက်"
"ဟုတ်ကဲ့ခနစောင့်ပေးပါရှင့်" အမျိုးသမီးဝန်ထမ်းက ကျသင့်ငွေတွက်ဖို့ပြေးသွားခဲ့တယ်
"ဟုတ်ကဲ့ဆရာ အမျိုးသမီးဝတ်ထားတဲ့ဝတ်စုံပါအပါဆို[-----]ကျသင့်ပါတယ် ဒါပေမယ့် ၃၀ရာခိုင်နှုန်း လျော့ဈေးပေးနေတာမို့ ဒီလောက်အများကြီးဝယ်မယ်ဆို [----]ပဲကျသင့်ပါမယ်"
"ဟုတ်ပြီ ရော့ကဒ်ဖြတ်လိုက်" ချင်းယွီသူ့ဘလက်ခ်ကဒ်ကိုထုတ်ပြီးပေးလိုက်တယ်
တင်!ငွေပေးချေခြင်းအောင်မြင်ပါသည်
"တကယ်ကြီးငွေချေလိုက်တာဟ"ဝန်ချိမျက်နှာကပြာသွားတယ် ဒီလိုမျိုးသူရှုံးလည်းရှုံးသွားတဲ့အပြင် မျက်နှာသာလည်းမရတော့ဘူး စိတ်ထဲမှာတအားမကျေမနပ်ဖြစ်သွားတယ် ဒီကောင်လေးရဲ့ တစ်ကိုယ်လုံးဝတ်ထားတာအကုန်ပေါင်းရင်တောင်ယွမ်၂၀ဝမတန်တာကို ဒီလောက်ပိုက်ဆံအများကြီးသုံးနိုင်တယ်ပေါ့
"အလောင်းအစားလုပ်ထားတာပဲ ခုဘာလုပ်ခိုင်းရပါ့မလဲ" ချင်းယွီပြန်ခနဲ့လိုက်တယ်
"ဒီနေ့မင်းကံကောင်းသွားတယ် ဒီတစ်ခေါက်ရှုံးပေမယ့်နောက်တစ်ခေါက်တော့မင်းမနိုင်စေရဘူး သွားရအောင်"သူသူ့မိန်းမကိုပြောလိုက်တယ်
ဝန်ချိတကယ်ကံမကောင်းသလိုခံစားလိုက်ရတယ် သူလုံးဝမရှံုးဘူး သူ့အတွက်လူမြင်ကွင်းကြီးမှာတောင်းပန်ဖို့ဆိုတာမဖြစ်နိုင်ဘူး
ထန်ရှင်ေပြာလိုက်တယ် "ဒီလိုလောင်းထားပြီးရှုံးလို့ပြေးသွားတဲ့လူမျိုး တကယ်မမြင်ဖူးဘူး နောက်ပြီး သူတို့ကိုယ်တိုင်ကလူကြီးတွေဖြစ်ပြီး...."
"ကောင်မလေးရေ ဘာပေါက်ကရတွေလာပြောနေတာလဲ ဘာလောင်းထားတာလဲ ဘာသက်သေရှိလို့လဲ" အမျိုးသမီးဖြစ်သူကမျက်နှာပြောင်တိုက်ပြီး လိမ်လိုက်တယ်
"နင်!!!" ထန်ရှင်စိတ်တိုသွားပေမယ့် သူရှေ့ကရန်လိုရိုင်းစိုင်းနေတဲ့မိန်းမကိုမြင်ပြီး ပြန်ပြောစရာစကားတွေပျောက်ရှကုန်တယ်
"ခင်ဗျားကို တစ်နေရာမှာမြင်ဖူးသလိုပဲ ဟွာကျန်းပလာဇာမှာကုမ္ပဏီဖွင့်ထားတာမလား" ချင်းယွီကတော့စိတ်တိုမနေပါဘူး ဒီလိုပဲငြင်းမယ်ဆိုတာသူသိပြီးသားလေ ပြီးတော့လောင်းလိုက်တယ်ဆိုတာကလည်းတစ်ဖက်ကလူကိုအရှက်ခွဲချင်ရုံပဲ ရုတ်တရက်ဒီလူကိုဟွာကျန်းပလာဇာမှာခနခနမြင်ဖူးနေတာကိုမှတ်မိသွားတယ် စတွေ့ကတည်းကမြင်ဖူးနေသလိုဖြစ်နေတာမဆန်းပါဘူးစိတ်ဝင်စားဖို့ကောင်းတာပဲ
"ကြည့်စမ်း မင်းငါကိုသိသားပဲ"ဂျန်းဇီဟုမေးလိုက်တယ်
"တစ်ယောက်နဲ့တစ်ယောက်သိလားမသိပေမယ့် အခုပြောချင်တာလောင်းထားတာရှုံးရင် ရှုံးတာကိုလက်ခံရမှာပဲ ပြီးတော့ကတိတည်ရတယ်"
"ကောင်လေး ဒီမှာစကားကိုကြမ်းကြမ်းတမ်းတမ်းမပြောတတ်တဲ့သူမရှိဘူးနော် အေး မင်းကရောငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ" ဝန်ချိနောက်တောင်လှည့်မကြည့်ဘဲပြောလိုက်တယ် သူတံခါးကနေထွက်လာတယ် သူ့ပတ်ပတ်လည်မှာထူးဆန်းတဲ့အကြည့်တွေပြည့်နေတာကိုလည်းသတိထားမိတယ် အဲ့တာကြောင့်သူဒီနေရာမှဆက်ပြီးရှိမနေချင်တော့ဘူး
ချင်းယွီပြုံးလိုက်ပြီးတော့ ၂ယောက်သားထွက်သွားတော့မဲ့အချိန်မှာပဲပြောလိုက်တယ် "ကျုပ်တို့ထပ်တွေ့အုံးမှာပါ အဲ့ကြမှနောင်တမရနဲ့ပေါ့"
"ဟုတ်ပါပြီ စောင့်နေပါမယ်...."ပြောပြီးသူတို့ထွက်သွားတယ်
ဝန်ချိလည်းထွက်သွားရော ဘေးကပွဲကြည့်နေကြတဲ့ဝန်ထမ်းတွေလည်းသူ့နေရာသူပြန်သွားကြတယ် ဆိုင်ထဲကလက်ထောက်တွေကလည်းသူ့ကိုတလေးတစားရှိလာတယ်
"ဆရာအဝတ်တွေကိုတစ်ခါတည်းယူသွားမလား ဒါမှမဟုတ်သက်သက်ပို့ပေးလိုက်ရမလားရှင့်"
"အင်း ဂျန်းယွမ်ဟိုတယ်ကိုပို့လိုက်ပါ" ချင်းယွမ်သူနေတဲ့အခန်းနံပါတ်ကိုပါပြောပြလိုက်တယ်
"ဟုတ်ကဲ့ပါဆရာ သေချာထုပ်ပို့ပြီးတာနဲ့ ပို့ပေးလိုက်ပါမယ်"
ဝန်ထမ်းတွေကချင်းယွီဂျန်းယွမ်ဟိုတယ်မှာနေတာကိုသိပြီးပိုပြီးလေးလေးစားစားဆက်ဆံလာတော့တယ်.....