← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

အန်နီမာဆိုင်ကထွက်လာပြီးတော့တခြားအဝတ်ဆိုင်တွေကိုလည်းဝင်ခဲ့သေးတယ် ရှော့ပင်းမောလ် ထဲကနေထွက်လာတော့ လက်ထဲမှာအိတ်တွေအပြည့်ပဲ ဈေးကြီးပေးရတဲ့အဝတ်တွေ ဖိနပ်တွေပါတဲ့အိတ်တွေပေါ့ ‌ချင်းယွီရဲ့ကိုယ်ပိုင်ဝန်ဆောင်မှုပေးသူတစ်‌ယောက်အနေနဲ့ ဒီအိတ်တွေကိုသယ်ပေးဖို့ကထန်ရှင်ရဲ့တာဝန်ဖြစ်လာတယ်

"မစ္စတာချင်းနဲ့ အပြင်ထွက်ရတာ ဒီနေ့အများကြီးသင်ယူရပါတယ် "

နေ့တစ်ဝက်လောက်တူတူနေပြီးတော့ထန်ရှင် ချင်းယွီရဲ့ အကျင့်စရိုက်ကိုနားလည်လာတယ် တအားတည်တည်တံ့တံ့နေတဲ့သူမဟုတ်ဘူးဆိုတာလည်းသိသွားတယ် ပုံမှန်အတိုင်းပြောဆိုပြီး ဟာသတွေလည်းပြောတတ်တယ်

"လူချမ်းသာတွေရဲ့ဘဝကဘယ်လိုလဲဆိုတာ ပထမဆုံးသိလိုက်တာပဲ ရှောပင်းမောလ်တစ်ခုထဲမှာတင်ကို သိန်း၅၀ကျော်သုံးလိုက်မိပြီ"

"အဲ့လိုပြောတာတွေက တစ်လစာ တစ်လစားနေရတဲ့ကျွန်မတို့လိုလူတွေကို လှောင်လိုက်သလိုပါပဲ"

"မဟုတ်ဘူး မှားနေပြီ ဆင်းရဲတဲ့လူတွေမှာလည်း အခက်အခဲရှိသလို ချမ်းသာတဲ့လူတွေမှာလည်း ချမ်းသာခြင်းရဲ့ပြသာနာတွေရှိတယ်"

"မစ္စတာချင်းရဲ့ပြသာနာတွေကဘာများမို့လို့လဲ "

"ငါ့အတွက်ပြသာနာ......"ချင်းယွီ စဉ်းစားချင်ယောင်ဆောင်လိုက်တယ်

"ငါစိတ်ညစ်နေတဲ့အကြောင်းအရာတွေကမင်းနဲ့တူတူပါပဲငါလည်းဆင်းရဲတာပဲ ငါ့မှာရှိတာဆိုလို့ ပိုက်ဆံတွေပဲရှိတာ အဲ့ပိုက်ဆံတွေကိုဘယ်လိုသုံးရမလဲ လဲမသိဘူး"

"မစ္စတာချင်းကသိပ်ရယ်ရတာပဲ အဲ့လိုပြောကြေးသာဆို ကမ္ဘာပေါ်မှာဘာပြတ်လပ်မှုမှရှိမှာမဟုတ်တော့ဘူး"

နှစ်ယောက်လုံးစကားပြောလိုက်ရယ်လိုက်နဲ့ပဲ ချင်းယွီနေတဲ့‌ဟိုတယ်ကိုပြန်ရောက်လာခဲ့တယ် ခုနကဝယ်ထားတဲ့ညအဝတ်တွေလည်းရောက်လာပြီ ချင်းယွီအဝတ်တွေကိုသေချာထုပ်ပြီးတော့ လျှော်ဖို့လုပ်တဲ့နေရာမှာလည်းကူပေးတယ်

နောက်ရက်ဟိုတယ်ကစီစဉ်ပေးတဲ့မနက်စာကိုစားပြီးတော့ ချင်းယွီ ‌ဟွာကျန်းပလာဇာကို ကားမောင်းထွက်လာတယ်

အချိန်ကမနက်ခင်းပိုင်းကြီး...တန်လာနေ့လည်းဖြစ်တယ် ပုံမှန်တိုင်းသာဆို သူခုချိန်အလုပ်သွားနေရမှာပဲ ချင်းယွီနောက်ကျပြီးရလာတာကိုစိတ်ပူမနေတော့ဘူး အလုပ်ကိုနောက်ကျမှလာပြီး စောစောပြန်ရတဲ့နေ့တွေကို နှုတ်ဆက်လိုက်ဖို့အချိန်ကျပြီ

ဟွာကျန်းပလာဇာကိုရောက်ဖို့နောက်ထပ်၁နာရီလောက်ကြာသွားတယ် မြေအောက်ပါကင်ထိုးတဲ့နေရာမှာကားကိုထားလိုက်တယ် ပြီးတော့ အဆောက်အဦးAရဲ့21ထပ်မြောက်ကိုတက်လာလိုက်တယ် နံပါတ်2102..

ဒီနေရာကချင်းယွီအလုပ်လုပ်တဲ့နေရာ

အရှေ့စားပွဲမှာအနက်ရောင်နဲ့ရေးထားတဲ့ ချီရှန်းကြေညာဆိုတဲ့ဟာက သူတို့ကုမ္ပဏီရဲ့နာမည်ဖြစ်တယ် သူအလုပ်စားပွဲမှာထိုင်လိုက်တာနဲ့သူ့လုပ်ဖော်ကိုင်ဖက် လုရှောင်တုန်က လာပြီးတော့တိုးတိုးလေးပြောတယ်

"ချင်းယွီမင်းဘာလို့ခုမှရောက်လာတာလဲ

ငါတို့ဒီဇိုင်းဌာနကအခု‌လေးတင် ဂိမ်းအသစ်ကြေညာနဲ့ပတ်သက်တာမီတင်လုပ်လိုက်တာ ဒီဇိုင်းကိုလည်း ကွီယွန် ဂိမ်းကုမ္ပဏီဆီကိုအရင်ပတ်ကပဲ ပို့လိုက်ပြီ အဆင်လဲပြေသွားတယ် မန်နေဂျာ ရှောင်ဂျွန်းတောင် ချီးကျူးခံလိုက်ရသေးတယ်"

"ရှောင်ဂျွန်း ဟုတ်လား ဇန်ဒါစူရဲ့တူကိုလေ"

"တိုးတိုး‌ေပြာဟ" လုရှောင်တုန်‌မြန်မြန်ပြောလိုက်ပြီး ဘေးကိုလှည့်ကြည့်လိုက်တယ် တစ်ယောက်ယောက်ကြားသွားမလားဆိုပြီး ကြောက်နေမိတယ်

"ကုမ္ပဏီရဲ့ မန်နေဂျာကိုဘယ်လိုဖြစ်လို့ နာမည်တပ်ခေါ်ရတာလဲ တစ်‌ယောက်ယောက်သာကြားသွားရင်မင်းတော့အသေပဲ"

ဇန်ဒါစူဆိုတာ ဒီဇိုင်းဌာနကလူ ခေါင်းကြီးနားရွက်ကြီးကြီးနဲ့ ကုမ္ပဏီကဝန်ထမ်းတွေကိုအနိုင်လဲကျင့်တယ် ဖိုင်းကြေးတွေလည်းကောက်တယ်(ဖိုင်းကြေး ဟိုကြေးဒီကြေး ဘာညာဆိုပြီး ယူတာကိုပြောတာ) လတိုင်းလစာလဲလျော့တယ် လူတွေကိုလည်းပညာပြချင်သေးတယ် ဇန်ဒါစူဆိုတာအဲ့လိုလူမျိုးပဲ ဝန်ထမ်းတွေကသူ့နောက်ကွယ်မှာတော့သူ့ကိုအတင်းပြောကြတယ် ချင်းယွီဆက်ပြီးတော့မေးလိုက်တယ်

"ရှောင်ဂျုန်းကသူ့အဆင့်နဲ့ ဘယ်လိုလုပ် ဂိမ်းအသစ်ရဲ့ဒီဇိုင်းကိုလက်ခံနိုင်မှာလဲ ဘာတွေဖြစ်နေတာလဲ"

လုရှောင်တုန် ချင်းယွီမေးတာကြားတော့သက်ပြင်းချပြီးပြောလိုက်တယ်

"တကယ်တမ်းကဒီ ဒီဇိုင်းကို လုခယ်ရှင် ဆွဲထားတယ်ဆိုတာလူတိုင်းသိတယ် အဲ့တာကိုမှ မန်နေဂျာတူလေးနာမည်ထည့်လိုက်တော့ ရှောင်ဂျွန်းနာမည်နဲ့ဖြစ်သွားတာပဲ မနက်တုန်းကလုခယ်ရှင်နဲ့ မန်နေဂျာဇန်နဲ့တောင်စကားများသေးတယ် ငါကတော့အဲ့မှာထိုင်ပြီးငိုပဲငိုနေမိတယ် ဘယ်သူသည်းခံနိုင်မှာလဲ အဲ့လောက်ကြီးကြ"

ချင်းယွီဘာမှပြန်မပြောပေမယ့် သူ့မျက်နှာကတော့တော်တော် ပုံပျက်ပန်းပျက်ဖြစ်သွားတယ် တကယ်တော့ လုခယ်ရှင်တင်မကဘူး ကုမ္ပဏီထဲကတခြားကြိုးကြိုးစားစားအလုပ်လုပ်တဲ့သူတွေရဲ့ဒီဇိုင်းတွေက နောက်ဆုံးကြတော့ရှောင်ဂျွန်းလက်ထဲပဲရောက်သွားရတာ ဘောနပ်တွေ ကော်မရှင်တွေအများကြီးရရမှာကို နောက်ဆုံးကြသူတို့ပေးတဲ့ ပမာဏနည်းနည်းနဲ့ပဲကျေနပ်လိုက်ကြရတာ

ဒီဇိုင်းဌာနကအခြေခံအလုပ်သမားတစ်‌ယောက်ရဲ့လစာကယွမ်၂၀၀၀ပဲရှိတယ် တကယ့်လစာကလစဉ်လုပ်ဆောင်ချက်ကိုကြည့်ပြီးပေးတာ

ရှောင်ဂျွန်းကဌာနမန်နေဂျာဖြစ်တဲ့သူ့ဦးလေးကိုပဲအားကိုးပြီး ဘာအရည်အချင်းမှမရှိပေမယ့် အဲ့လိုကောင်တွေကပဲနာမည်ခနခနထွက်တယ် သူကပိုအလုပ်ကြိုးစားပြီးအရည်အချင်းရှိတဲ့အလုပ်သမားတွေထက်တောင်ပိုအကျိုးအမြတ်ရသေးတယ်

လုခယ်ရှင်က ဒီကုမ္ပဏီမှာရှင်းယွီနဲ့ရင်းနှီးတယ် နှစ်ယောက်လုံးကအဆောက်အဦးတစ်ခုထဲမှာပဲ တူတူငှားနေကြတာ တစ်ယောက်ကတတိယထပ်မှာနေတယ် တစ်‌ယောက်ဒုတိယထပ်မှာနေတယ် ချင်းယွီဆိုလည်း လုခယ်ရှင်ရဲ့တိုက်ခန်းကိုသွားပြီး ခနခနညစာစားတယ်

"ချင်းယွီမင်းနောက်ကျမှလာတာဆိုတော့သတိထားနေနော် ဘိုးတော်ကမနက်ကမီတင်မှာမင်းကိုနာမည်တပ်ပြီးကိုဆဲဆိုသွားတာ မင်းကိုနောက်မှတွေ့ရင်လည်းထပ်ပြီးဆူမှာပဲ လစာလဲဖြတ်ရင်ဖြတ်မှာ" လုရှောင်တုန်ကောင်းကောင်းမွန်မွန်သတိပေးတာကိုသူနားထောင်ပြီးပြုံးပြလိုက်တယ်

"အေးပါဘာမှမဖြစ်ပါဘူး အခုတော့ လုခယ်ရှင်ဆီအရင်သွားလိုက်အုံးမယ်"

"အေး မင်းကသူနဲ့ရင်းနှီးတာဆိုတော့ သွားနှစ်သိမ့်ပေးလိုက်အုံး အဲ့တာမှသူထပ်တွေးမနေမှာ" လုရှောင်တုန်ပြောလိုက်တယ်

လုခယ်ရှင်က တခြားရုံးခန်းထဲမှာ ပုံတွေကွန်ပြူတာထဲစီထည့်နေတယ် ချင်းယွီသူ့အနားကပ်လာတာမြင်တော့ ပုံမှန်မဟုတ်တဲ့လေသံနဲ့ "မင်းလည်းသိတယ်မလား ငါတော့ဟာသတွေလုပ်‌မိခဲ့တာပဲ"

ချင်းယွီသူကိုမြင်တော့ သူ့ပုံစံကထူးပြီးဝမ်းနည်းမနေပါဘူး ဒါပေမယ့် သူ့မျက်လုံးတွေကတော့နီနေတယ် ကြည့်ရတာခုနလေးတင်အများကြီးငိုထားတဲ့ပုံပဲ

သူပြုံးပြီးတော့နှစ်သိမ့်ပေးလိုက်တယ်

"ဘာမှပူမနေနဲ့ ဒီကိစ္စဒီတိုင်းပဲပြီးသွားမှာမဟုတ်ဘူး ငါခနနေဘော့စ်သွားလိုက်မယ်"

လုခယ်ရှင်နည်းနည်းစိတ်အဆင်ပြေသွားပြီးတော့ပြန်ပြောလိုက်တယ်"မင်းစိတ်ပူပေးတာကျေးဇူးပါ ဒါပေမယ့်ထားလိုက်ပါတော့ အရင်တစ်ခေါက်ကလည်း ဒီလိုဖြစ်လို့ လူတော်တော်များများတရားစွဲချင်တာတောင် လုပ်မရဘူးလေ နောက်ဆုံးကြသူတို့ပဲအလုပ်ဖြုတ်ခံလိုက်ရတာလေ ငါ့ကြောင့်နဲ့တော့ အလုပ်ပြုတ်မခံပါနဲ့ ဒီကရတဲ့လစာကလည်းမဆိုးဘူးလေ"

"ဒီလိုအနိုင်ကျင့်တဲ့ဟာတွေကို ဒီတိုင်းထားပေးလို့ဖြစ်မလား ရှောင်ဂျွန်းရောဇန်ဒါစူဆိုတဲ့ကောင်ရော၂‌ယောက်လုံးကြည့်ရတာ မျက်စိဆံပင်မွှေးစူးတယ် ဒီနေ့ကတော့သူတို့ကိုသင်ခန်းစာပေးကိုပေးရမယ်" ချင်းယွီမျက်လုံးကိုမှေးလိုက်ပြီး စိတ်ထဲမှာတစ်ခုခုကိုကြံစည်လိုက်တယ်

"ဟိတ်ကောင်လေး မင်းဘာတွေပြောနေတာလဲ ငါ့ဦးလေးကိုနာမည်တပ်ခေါ်ရဲတယ်ပေါ့ ဒီမှာဆက်မနေချင်တော့ဘူးလား" ဒီလိုပြောလိုက်တာကတော့ရှောင်ဂျွန်း

သူကအရပ်ရှည်ပြီးပိန်တယ် မျက်နှာကတြိဂံပုံပေါက်တယ် မေးရိုးမြင့်မြင့်နဲ့ ‌ေ‌မျာက်မျက်နှာနဲ့ကောင်မျိုး သူချင်းယွီကိုကြည့်နေတယ် ချင်းယွီကလည်းပြုံးလိုက်တယ်.....

"ဘာဖြစ်လဲ ငါသူ့ဘက်ကရပ်တည်ပေးချင်တာမို့လေ"

"မင်းဒီနေ့နောက်ကျတယ်လို့ကြားတယ်အဲ့တာတောင်ငါ့ဦးလေးကိုနာမည်တပ်ပြီးခေါ်ရဲသေးတယ်ပေါ့"

"ရှောင်ဂျွန်း မင်းကတော်တော်စောက်ရှက်မရှိတာပဲ မင်းဦးလေးသာမရှိရင် ဒီကုမ္ပဏီမှာ မင်းကဘာမှမဟုတ်တဲ့အမှိုက်ကောင်ပဲ" လုခယ်ရှင် ဒေါသထွက်သွားပြီးတော့ပြောလိုက်တယ်

"အဲ့တာဆိုရင်‌‌ေတာင် မင်းဒီဇိုင်းကိုငါခိုးလိုက်တော့ရောမင်းဘာလုပ်နိုင်မှာလဲ မင်းငါ့ဦးလေးကိုပြန်တိုင်ရဲလား မင်းဒီမှာမလုပ်ချင်တော့ရောတိုင်လိုက်လေ"

"မင်း.....!" လုခယ်ရှင်တော်တော်ဒေါသထွက်သွားပြီး ထထိုးချင်စိတ်တွေပါဖြစ်လာတယ် သူဒေါသတအားထွက်ရင်အသေလူရိုက်ပစ်ချင်တာ ထိုး‌မိတော့မလိုဖြစ်နေတဲ့ လုခယ်ရှင်ကို ချင်းယွီတားလိုက်တယ်

"ရှောင်ဂျွန်း မင်းအခုလေးတင် ကွီယွန်ဂိမ်းကုမ္ပဏီရဲ့ ဒီဇိုင်းတွေက မင်းဟာမဟုတ်ဘူးလို့ ဝန်ခံလိုက်ပြီနော်..."

All Chapters