← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

"မင်းဒီဇိုင်းဆွဲထားတာမဟုတ်ဘဲလုခယ်ရှင် ဒီဇိုင်းဆွဲထားတာလို့ ဝန်ခံလိုက်တယ်နော် ငါတို့အကုန်ကြားတယ်"

လုခယ်ရှင်နဲ့ရင်းနှီးတဲ့ဝန်ထမ်းတစ်ယောက်ကလည်းသူ့ဘက်ကိုပါပြီးတော့ထောက်ခံပေးတယ်

"အင်း ငါလည်းကြားလိုက်တယ် ဘာမှလာကစားမနေနဲ့တော့ သူဌေးကိုလည်းတရားစွဲမယ်"

လုရှောင်ထုန် လေဝေ့လာတဲ့အသံကိုကြားတော့ပြေးသွားလိုက်တယ် အသံဆူ‌ဆူတွေကြောင့်မလို့ ရုံးကဝန်ထမ်းတွေအာရုံစိုက်မိသွားတယ် လူတော်တော်များများကတော့ ဒီကိစ္စရဲ့အကြောင်းအရင်းကိုသိပါတယ် ရှောင်ဂျွန်းကကုမ္ပဏီမှာ သတင်းသိပ်မကောင်းဘူးလေ သူ့အကြောင်းအတင်းပြောတဲ့လူတွေလည်းအများကြီးရှိနေတယ် ကိစ္စတွေကထိန်းမရအောင်ဖြစ်သွားတော့ ရှောင်ဂျွန်းစိတ်တိုတိုနဲ့လုရှောင်ထုန်ကိုလက်ညှိုးထိုးလိုက်တယ်

"လုရှောင်ထုန် နဲ့လီပင်း မင်းတို့ပါထပ်ပြီးဘာစကားမှလာမပြောနဲ့ ငါအဲ့စကားတစ်ခါမှမပြောဖူးဘူး ဘာလိမ်မနေနဲ့"

"ဘာလဲ ပြောပြီးမှခုမှကြောင်တောင်တောင်လာလုပ်နေတယ် ကိုယ်ပြောတာကို ဝန်မခံတော့ဘူးလား" လုရှောင်ထုန်ရွဲ့ပြီးတော့ပြောလိုက်တယ်

"အဲ့တာ‌ပဲလေ ငါ့မှာဒီဇိုင်းဆွဲဖို့အရည်အချင်းမရှိဘူး အဲ့တာကြောင့်ငါ့ဦးလေးကိုအားကိုးတယ် သူများတွေဆီကမူပိုင်ခွင့်ကိုယူတယ် ငါပြောရဲတယ် ဒါပေမယ့် ငါဝန်မခံရဲဘူး ငါ့မျက်နှာဘယ်မှာသွားထားရမလဲမသိဘူး"

လီပင်းသဘောတူလိုက်တယ်

"ဒီမှာဘာလာလုပ်နေကြတာလဲ ခုကအလုပ်ချိန်နော် အလုပ်မလုပ်ပဲနဲ့ ဒါဘာလုပ်နေကြတာလဲ"

အသံကြားတော့ ပွဲကိုစပ်စုနေကြတဲ့ကြောက်သွားတဲ့ငှက်တွေလိုပဲ လူစုကွဲသွားကြတယ် ဌာနမန်နေဂျာရောက်လာတာလည်းတွေ့ရော လီပင်းနဲ့လုရှောင်ထုန်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ် တစ်‌ယောက်နဲ့တစ်ယောက်ကြည့်ပြီးတော့လူစုခွဲလိုက်ကြတယ် အလုပ်သမားတော်တော်များများက ဇန်ဒါစူကိုသဘောမကျကြပေမယ့် သူကမန်နေဂျာလေ အလုပ်မှာလည်းအာဏာရှိတယ် စိတ်တိုနေတဲ့ငှက်တစ်‌ကောင်လိုလုခယ်ရှင်တောင် ဘာသံမှမထွက်ရဲတော့ဘူး

"အော် ချင်းယွီမင်းဖြစ်နေတာပဲ နောက်ကျနေတာကိုမပြောသေးနဲ့ ဒီမှာတောင်ပြသာနာရှာလိုက်သေးတယ်" ဇန်ဒါစူလုစုခွဲသွားတာကိုမြင်လိုက်တယ် ချင်းယွီတစ်ယောက်တည်းမလှုပ်ပဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ရပ်နေတယ် ပြီးတော့သူ့ကိုလည်းပြန်ကြည့်နေသေးတယ် အဲ့တော့ဒီကစ္စရဲ့အကြောင်းရင်းကဒီကောင်လေးကြောင့်ဆိုတာလည်းသူသိလိုက်တယ် ဟိုပြောဒီပြောပြောနေတာကိုလည်းသူကြားတယ် အဲ့တော့ပြသာနာကဂိမ်းဒီဇိုင်းနဲ့ပတ်သက်နေတာကိုလည်းသူသိလိုက်တယ်

အခုဒီစကားနည်းတဲ့ကောင်လေးကိုဖမ်းပြီး မျောက်တွေကိုခြောက်ဖို့ ဥပမာအနေနဲ့သုံးရမယ်(ဘိုးတော် soutကျင့်ကိုကမကောင်းဘူး) အဲ့ကြမှ ငါ့နောက်ကွယ်မှာဘယ်သူအတင်းပြောရဲမလဲကြည့်ကြသေးတာပေါ့

"ဦးလေး အချိန်မှီရောက်လာတာပဲ ဒီကောင်တွေကျွန်တော့်ကိုပြန်ပြောနေတာ ဦလေးကိုလည်း ဝက်ပုပ်ကြီး ဇန်ဒါစူလို့လည်း‌ေခါ်‌ေနသေးတယ် သူ့ကိုလွယ်လွယ်နဲ့မလွတ်ပေးနဲ့ "

ရှောင်ဂျွန်းကသူ့ဦးလေးကိုလီဆယ်ပြီးပြောလိုက်တယ် နောက်ခံရှိနေ‌‌ေတာ့ဘာမှမသိတဲ့ပုံစံနဲ့ ချင်းယွီကိုလက်ညှိုးထိုးပြတယ်

ဇန်ဒါစူ အမုန်းဆုံးစကားက ဇန်ဒါစူဆိုတဲ့သူ့နာမည်ကို‌ေခါ်တာပဲ ဒီအကြောင်းအရင်းကြောင့်ပဲ လူတော်တော်များများကိုအလုပ်ဖြုတ်ပြီးတော့အဆင်မပြေအောင်လည်းလုပ်ဖူးတယ်

ချင်းယွီပြန်ပြောလိုက်တယ် "သူပြောတာမှန်တယ်"

"မင်းငါ့ကိုဇန်ဒါစူလို့ခေါ်ရဲတယ်ပေါ့ "လုခယ်ရှင် ချင်းယွီကိုအသာလက်ကုတ်လိုက်တယ် သဘောကတော့ အခြားသူတွေကိုပါမမဲအောင်လို့သူ့အမှားသူဝန်ခံခိုင်းတာ

"ဟဟ "ချင်းယွီလုခယ်ရှင်လက်ကုတ်တာကိုလျစ်လျူရှုပြီးတော့ရယ်လိုက်တယ်

"ခင်ဗျားကို ဇန်ဒါစူလို့ခေါ်တာဘာဖြစ်လဲ ဝက်မျက်လုံး ဝက်ဦးနှောက်နဲ့ အဲ့လိုခေါ်တာမမှားပါဘူး"

ချင်းယွီ‌အဲ့လိုပြောလိုက်တော့ ဒီကိစ္စကိုစပ်စုချင်နေတဲ့ဝန်ထမ်းတွေအကုန်ငြိမ်ကျသွားတယ် ပြီးကြချင်းယွီကိုလေးစားတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ် အနီးစပ်ဆုံးလုခယ်ရှင်တောင် အံ့ဩလွန်းလို့ ပါးစပ်ကနေ 'အို'ဆိုပြီးတောင်ထွက်သွားတယ် သူချင်းယွီကိုမကောင်းဆိုးဝါးတစ်ကောင်ကိုစိုက်ကြည့်နေသလိုမျိုးကြည့်လိုက်တယ် ချင်းယွီဒီနေ့အရင်နဲ့မတူသလိုခံစားလိုက်ရတယ်

ချင်းယွီကအရင်တုန်းကလို ငြိမ်ခံနေတတ်တဲ့သူမျိုးမဟုတ်တော့ဘဲ ယုံကြည်ချက်တအားရှိတဲ့ပုံပေါ်နေတယ်

ဇန်ဒါစူမျက်နှာက ဝက်အသည်းအရောင်ပြောင်းသွားတယ် ပြီးကြအံကြိတ်လိုက်ပြီး

"ချင်းယွီမင်းဒီလဘာဘောနပ်စ်မရဘူးသာမှတ် ဒီလမှမဟုတ်ဘူး နောက်လ‌လဲမရဘူး နောက်လာမဲ့လာမဲ့လတွေလည်းဘာ ဘောနပ်စ်မှမျှော်မနေနဲ့‌တော့ လူစုပြီးတောင်သူဌေးကိုစော်ကားတာ ကုမ္ပဏီစည်းကမ်းကိုချိုးဖောက်တာပဲ ဒီကိစ္စကို ကုမ္ပဏီရဲ့ အထက်လူကြီးကိုငါတိုင်မယ် သူမင်းကိုအလုပ်ဖြုတ်မဖြုတ်ကြည့်ကြသေးတာပေါ့ "

"အစကတည်းက ဒီလိုကိုယ့်အထက်လူကြီးကိုမလေးစားတဲ့ကောင်တွေကို အလုပ်ထုတ်ပစ်ရမှာ ဦးလေး" ရှောင်ဂျွန်းဝင်ပြောလိုက်တယ်

"ငါ့ကိုအလုပ်ထုတ်မယ်ပေါ့ ငါသူဌေးဆီသွားပြီး မင်းကုမ္ပဏီရဲ့ဝန်ထမ်းတွေဆီက မူပိုင်ခွင့်ခိုးတာတွေ ဝန်ထမ်းတွေကိုခေါင်းပုံဖြတ်တာတွေကိုတိုင်ပစ်ချင်နေတာ တူတူသွားကြတာပေါ့ လာလေ" ချင်းယွီရဲ့မျက်နှာမှာဘာစိတ်တိုနေတဲ့အမူအရာမှပေါ်မနေဘူး

"မင်းကကုမ္ပဏီက အောက်ခြေဝန်ထမ်းလေးသာသာပဲ ငါကဌာနမှူး သူဌေးက ဘယ်သူ့ကိုယုံမယ်လို့ထင်လဲ ပုံမှန်ဆိုရင် သူဌေးက ကုမ္ပဏီကိုပိုအကျိုးအမြတ်ယူလာပေးတဲ့သူကိုပဲယုံတ‌ာလေ အဲ့တော့ချင်းယွီမင်းငါ့ကိုမနိုင်ပါဘူး "ဇန်ဒါစူ လူယုတ်မာပြုံးနဲ့ပြုံးပြီးပြောလိုက်တယ်

"မန်နေဂျာဇန် ဘာတွေဖြစ်နေတာလဲ" သူဌေးလုပ်သူ ရှောင်ရှန်ဟွာရောက်လာတယ် သူချင်းယွီကိုကြည့်လိုက်ပြီးတော့ ဇန်ဒါစူ ဘက်ကိုကြည့်လိုက်တယ် သဘောကတော့သူ့ကိုဘာတွေဖြစ်နေလည်း ပြောဆိုတဲ့သဘော။

ဇန်ဒါစူသူဌေးကိုလည်းမြင်ရော ချက်ချင်းဖားတဲ့အပြုံးနဲ့ပြုံးလိုက်တယ် ပြီးတော့ဘာတွေဖြစ်သွားလဲပြောပြလိုက်တယ် သူ့ပါးစပ်ထဲမှာတော့ ချင်းယွီကရိုင်းစိုင်းပြီးတော့ဘာအရည်အချင်းမှမရှိတဲ့ဝန်ထမ်းတစ်‌ယောက် အထက်လူကြီးကိုလည်းမလေးစားပဲ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုပ်ငန်းခွင်ကိုပါအနှောင့်အယှက်ပေးပြီး ကုမ္ပဏီကိုထိခိုက်စေတဲ့အထိ ပုံကြီးချဲ့ခံလိုက်ရတယ်

ရှောင်ရှန်ဟွာ ဒါတွေကိုလည်းကြားရောမျက်မှောင်ကြုံ့မိသွားတယ် သူအခြေအနေကိုမသိဘဲနဲ့ ဇန်ဒါစူပြောတာကိုပဲနားထောင်မိရင် သူပြောနေတာ‌အမှန်လို့ယုံမိသွားမှာ လုခယ်ရှင် စိတ်တိုတိုနဲ့ထလိုက်တယ် သူလုံးဝဆက်နားမထောင်နိုင်တော့ဘူး

"သူဌေးမန်နေဂျာဇန်ရဲ့စကားတွေကယုံလို့မရပါဘူး သူတခြားဝန်ထမ်းတွေဆီကမူပိုင်ခွင့်ခိုးပြီ‌းတော့ သူ့တူနာမည်တပ်သုံးနေတာအသိသာကြီးပါ အမြဲတမ်းဘောနပ်စ်နဲ့ ပရောဂျက်ကရပိုင်ခွင့်တွေကိုလည်းနှုတ်ပါတယ် အဲ့တာကြောင့်ခုကိစ္စကိုသေချာလေးကိုင်တွယ်သင့်ပါတယ်"

"လုခယ်ရှင်မင်းကပါငါ့ကိုဆန့်ကျင်ရဲတယ်‌ပေါ့ ငါဘယ်တုန်းကကုမ္ပဏီဝန်ထမ်းတွေဆီကမူပိုင်ခွင့်ခိုးလို့လဲ သက်သေပြလေ" ဇန်ဒါစူ ဘော့စ်ကိုလှမ်းကြည့်ပြီးတော့လုခယ်ရှင်ကိုလက်ညှိုးထိုးလိုက်တယ်

ရှောင်ရှန်ဟွာ ဇန်ဒါစူကိုအေးစက်စက်ကြည့်လိုက်တယ် သူကကုမ္ပဏီရဲ့သူဌေးလေ အဲ့လောက်ကြီးအစရာလား ပြသာနာ‌မျိုးစုံကိုလည်းရှင်းခဲ့ဖူးတယ်

"မန်နေဂျာဇန်မင်းပြောတာမှန်တယ် ငါပုံမှန်ဆိုရင်တော့ကုမ္ပဏီကိုပိုအကျိုးအမြတ်ပေးတဲ့လူကိုပဲယုံမိမှာပဲအထက်လူကြီးဆီကအနိုင်ကျင့်ခံနေရတဲ့ဝန်ထမ်းရှိလည်းငါမျက်ကွယ်ပြုမိမှာပဲ" သူအသာလေးချောင်းဟန့်လိုက်တယ်ပြီး‌ေတာ့မေးလိုက်တယ်

"မန်နေဂျာဇန် ဌာနရဲ့မန်နေဂျာအနေနဲ့ ဒီကိစွကိုမင်းဘယ်လိုတာဝန်ယူမှာလဲ ဒီကိစ္စကမင်းမှာပဲတာဝန်ရှိတာနော် နောက်တစ်ခါဒီလိုထပ်ဖြစ်ရင်မင်းနေရာကိုတခြားသူကိုအစားထိုးရလိမ့်မယ်"

"တောင်းပန်ပါတယ် ဘော့စ် ဒီကိစ္စက ဝန်ထမ်းတွေစည်းမရှိ...တာဝန်မဲ့လို့ဖြစ်ရတာပါ နောက်မဖြစ်စေရပါဘူး"မန်နေဂျာဇန် နဖူးကချွေးတွေကိုသုတ်ပြီး ပြောလိုက်တယ်‌ ရှောင်ရှန်ဟွာချင်းယွီကိုထပ်ကြည့်ပြီးတော့ပြောလိုက်တယ်

"ဝန်ထမ်းတွေအတွက်ကတော့ မင်းတို့ခေါင်းဆောင်ကိုဘာတွေမကျေနပ်လဲငါဂရုမစိုက်ဘူး ဒါပေမယ့်မင်းတို့ဒီနေ့လုပ်လိုက်တဲ့ကိစ္စက ကုမ္ပဏီရဲ့အလုပ်ခွင်ကိုထိခိုက်စေတယ် ပြီးတော့ကုမ္ပဏီရဲ့အကျိုးအမြတ်ကိုထိခိုက်စေတယ် ဆိုတော့ပြောရမှာအားတော့နာတယ် မင်းကဒီကုမ္ပဏီရဲ့ဝန်ထမ်းဖြစ်ဖို့မသင့်‌ေတာ်ဘူး

သူဌေးစကားလည်းဆုံးရောရုံးထဲမှာတိုးတိုးတိုးတိုးအသံလေးတွေထွက်လာတယ် ဒါပေမယ့်ရုတ်တရက်ဘာအသံမှမထွက်တော့ဘဲငြိမ်ကျသွားတယ် ချင်းယွီအလုပ်ဖြုတ်ခံရလိမ့်မယ်လို့ဘယ်သူမှထင်မထားဘူး ဒါပေမယ့်လည်း လူတော်တော်များများကဒီပြသာနာကသူတို့ခေါင်းပေါ်ကျလာမှာကြောက်ကြတယ် အဲ့တာကြောင့်အသက်ရှူသံပါမထွက်ရဲတဲ့ထိငြိမ်နေတယ် လုခယ်ရှင်ပဲ ဒီကိစ္စသူ့ကြောင့်လို့ထင်သွားတယ် အံကြိတ်လိုက်ပြီးတော့ ချင်းယွီတစ်ခုခုပြောတော့မယ့်အချိန်မှာသူချင်းယွီကိုတားဖို့လက်ပြလိုက်တယ် အပျော်ဆုံးဖြစ်နေ‌တာတွေကတော့ ဇန်ဒါစူနဲ့ရှောင်ဂျွန်းပေါ့

"ချင်းယွီ မင်းအလုပ်ပြုတ်သွားပြီ မင်းပစ္စည်းတွေသိမ်းပြီးလစ်လိုက်တော့ ဒီနေရာကမင်းကိုမကြိုဆိုတော့ဘူး"

ချင်းယွီခပ်ယုတ်ယုတ်မန်နေဂျာဇန်ပြောတာ‌ကိုလျစ်လျူရှုလိုက်တယ်

ဒါပေမယ့်သူရှောင်ရှန်ဟွာကိုတော့ကြည့်ပြီးပြန်ပြောလိုက်တယ် "မင်းငါ့ကိုအလုပ်ထုတ်လည်းအလကားပဲ ငါအစကတည်းကဒီနေ့ဒီကိုလာတာ အလုပ်ထွက်ဖို့ပဲ... မန်နေဂျာကောင်ဘက်ကိုလိုက်တာကတော့မင်းအမှားပဲ ငါကမင်းကိုအခွင့်အရေးပေးချင်ပေမယ့် မင်းကတန်ဖိုးမထားတာကနှာမြောဖို့တော့ကောင်းတယ် ပြီးမှငါ့ကိုအပြစ်လာမတင်နဲ့ပေါ့”

.............................................................

All Chapters