အခန်း (၁၄)
Vol. 1 Ch. 14
ရှောင်ရှန်ဟွာ ဒီစကားတွေကိုကြားပြီးနောက် မျက်နှာသိပ်တော့မကောင်းဘူး သူဘာသံမှတော့ထွက်မလာဘူး သူချင်းယွီကိုဘာကောင်လို့မှမထင်တာ
"ချင်းယွီမင်းလိုအလုပ်ထုတ်ခံရတဲ့ကောင်က ဒီလိုတွေပြောရဲတယ်ပေါ့ အလုပ်ထုတ်ခံရပြီးရူးသွားတာလား ဘောစ့်ကိုတောင်လာခြိမ်းခြောက်နေသေးတယ်"
"မင်းကအလုပ်ထုတ်ခံရတာပဲမဟုတ်ဘဲ ထွက်တယ်ဆိုတော့ မင်းလစာရော ဘောနပ်စ်ရောဖျက်လိုက်ပြီ" ဇန်ဒါစူ ချင်းယွီရဲ့အခြေအနေကိုသိနေတယ် သူအခုအလုပ်ထုတ်ခံလိုက်ရပြီးလစာရောဘောနပ်စ်ရောမရှိတော့ဘူး သူနည်းနည်းလောက်ထပ်စောင့်လိုက်ရင် ဒီကောင်သူ့ကိုဒူးထောက်ပြီးတောင်းပန်တော့မှာ
ချင်းယွီဒီစကားတွေကိုလျစ်လျူရှုပြီးတော့ပြုံးလိုက်တယ်သူ့မျက်လုံးတွေကလည်း အရောင်တောက်သွားတယ်
အလုပ်ထဲကသူနေရာကိုပဲတိတ်တိတ်လေးပြန်လာလိုက်တယ် နုတ်ထွက်စာရေးဖို့လည်းဂရုစိုက်မနေဘူး ပြီးကြပစ္စည်းတွေကိုရှင်းလိုက်တယ် မန်နေဂျာဇန်ကမော်နီတာကနေ ချင်းယွီရဲ့အချက်အလက်တွေကိုတစ်ယောက်ယောက်ဆီကိုပို့လိုက်တယ်
သူ့ပစ္စည်းတွေကများများစားစားမရှိပါဘူး ဖောင်တွေချည်းပဲဆိုတော့....အိတ်သေးသေးလေးနဲ့တင်သူ့ပစ္စည်းကဆန့်နေပြီ ပြီးတော့ချင်းယွီကုမ္ပဏီကနေထွက်လာခဲ့တယ် အကုန်လုံးရှေ့ကနေပျောက်သွားတယ်
ချင်းယွီ ချီရှန်းကြေညာကုမ္ပဏီကနေထွက်လာတာနဲ့ နန်ဂျန်းပလာဇာရဲ့ ဘဏ္ဍာရေးတာဝန်ခံဖြစ်တဲ့ဂျန်ရှန်းကိုခေါ်လိုက်တယ်
"အေး အခုမင်းဘဏ္ဍာရေးငှာနမှာလား"
"ဟုတ်ပါတယ်ဘော့စ်အခုအဲ့မှာပါ"
"ဟုတ်ပြီ ခနနေငါလာခဲ့မယ်"
ဖုန်းခေါ်ပြီးတော့ဘဏ္ဍာရေးရုံးက ၃၄ထပ်မှာဆိုတာချင်းယွီသိလိုက်တယ်
ဓာတ်လှေကားနဲ့တက်သွားရင်တော့ခနလေးနဲ့ရောက်သွားမှာပါ ဂျန်ရှန်းကဖုန်းေပြာကတည်းက သူလာကြိုမယ်လို့ပြောမလို့ပါပဲ ဒါပေမယ့်ဖုန်းခေါ်ရင်းနဲ့အလုပ်များနေတဲ့အသံကိုသူကြားလိုက်တာမို့ ခနလောက်တန့်သွားတယ် နောက်ပြီးကြမှ သူဌေးအသစ်ကဒီကိုလာလည်တော့မှာဆိုတာသူနားလည်သွားတယ် ကံကောင်းတာကကြိုပြီးတော့ပြင်ဆင်ထားတာလေးတွေရှိလို့တော်သေးတာပေါ့
သူ့ရှေ့မှာထိုင်နေတဲ့လူကအသက်၅၀လောက်ရှိတဲ့လူတစ်ယောက်။ ချင်းယွီသာသူ့ကိုမြင်ရင်အန်နီမာ့ဘရမ်းဆိုင်မှာ သူနဲ့အလောင်းအစားလုပ်ခဲ့ဖူးတဲ့လူဆိုတာမှတ်မိသွားမှာပဲ အဲ့တစ်ယောက်ကတော့ ဝန်ဇီ...
ဂျီယွမ်ကုမ္ပဏီရဲ့ဥက္ကဌ
ကုမ္ပဏီရဲ့လိပ်စာက နန်ဂျန်းပလာဇာ ဧရိယာCရဲ့၁၁ထပ်မြောက်။
ကုမ္ပဏီကတော်တော်တော့ကြီးပါတယ်
ဝန်ဇီက ဂျန်ရှန်းဖုန်းပြောနေတာကိုတွေ့လိုက်တယ် ဖုန်းပြောတဲ့ချိန်ကတအားတိုပေမယ့် ဂျန်ရှန်းအဲ့လူကိုလေးလေးစားစားဆက်ဆံနေတာကိုသူတွေ့ရတယ်
စကားပြောရင်တော့သတိထားရမှာပဲ သူသိချင်နေတာတွေရှိပေမယ့်မမေးရဲဘူး သူဒီနေ့မေးစရာရှိလို့လာခဲ့တာ တစ်ဖက်လူကဖုန်းပြောပြီးတာလည်းမြင်ရတော့ သူအသာလေးချောင်းဟန့်ပြီးတော့ပြုံးပြလိုက်တယ်
"မစ္စတာဂျန်ဒီနေ့ကျွန်တော်လာတာ နောက်ထပ် ငှားရမ်းခအတွက်ပါ အဲ့တာလေးနည်းနည်းစောင့်ပေးလို့ရမလားလို့ပါ ၈လပိုင်းအကုန်လောက်ဆိုရင်တော့သေချာပေါက်ပေးပါ့မယ်"
ဂျန်ရှန်းပြန်ပြောလိုက်တယ်
"အင်း အရင်လတွေတုန်းကနေရာအတွက်ငှားခပေးထားတာလည်း မဆိုးပါဘူး ကောင်းပါတယ်
ကုမ္ပဏီရဲ့ဘော့အသစ်ရောက်လာရင်ပြောပေးပါမယ် ပြသာနာသိပ်မရှိပါဘူး"
ဝန်ဇီအံ့ဩသွားတယ် နန်ဂျန်းပလာဇာကသူဌေးပြောင်းသွားပြီတဲ့လား ဘာသတင်းမှလည်းမထွက်ဖူးလေ နေရာငှားတဲ့လူတွေအတွက်တော့ဒီကိစ္စကတော်တော်ကြီးတဲ့ကိစ္စ။သူဌေးအသစ်သာ နေရာငှားခကိုတိုးတောင်းလို့ရှိရင် သူ့လိုလူအတွက်ကယွမ်****လောက်တောင် ထပ်ကုန်သွားမှာ စိတ်ထဲမှာတော့ မုန်တိုင်းတွေဝင်သလိုဖြစ်နေပေမယ့် အပြင်မှာတော့ပြုံးပြီးပဲပြောလိုက်တယ်
"ပလာဇာကသူဌေးပြောင်းသွားတာ ခုမှသိတာပဲ ဒီအခွင့်အရေးကိုအသုံးချပြီး တစ်ခါလောက်လာလည်ဦးမှပဲ မစ္စတာဂျန်ခနနေ သူဌေးလာရင်သေချာလေးပြောပေးဖို့တောင်းဆိုပါတယ်နော့်..."
ဂျန်ရှန်းခေါင်းညိတ်ပြီး"ခင်ဗျားက ကုမ္ပဏီရဲ့အကြီးစား နေရာငှားရမ်းတဲ့သူလို့ေတာင် ပြောလို့ရတဲ့သူပဲဟာ
ခနနေသူဌေးလာရင်လည်း ခင်ဗျားကို အရှက်ရစေမှာမဟုတ်ပါဘူး"ပြောပြီးသူထရပ်လိုက်တယ်
"သူဌေးအသစ်ကိုသွားနှုတ်ဆက်လိုက်ပါဦးမယ် သူခနနေရောက်တော့မှာမလို့"
"ကျွန်တော်လည်းတူတူလိုက်ပါရစေ သူဌေးအသစ်ကိုလေးစားမှုလေးပြရာရောက်တာပေါ့"ဝန်ဇီမတ်တပ်ရပ်လိုက်ပြီးတော့ ဂျန်ရှန်းနောက်ကနေလိုက်သွားလိုက်တယ်
၂ယောက်လုံးဘဏ္ဍာရေးဌာနကနေ ထွက်လာတော့ ချင်းယွီဂိတ်ကနေဖြတ်ပြီးလျှောက်လာတာကိုတွေ့လိုက်တယ် ဂျန်ရှန်းချင်းယွီရဲ့ပုံကိုအချက်အလက်တွေထဲမှာမြင်ဖူးတယ် ပုံထဲမှာထက်ငယ်ပေမယ့်သူ့ဘော့စ်ကိုသူမှတ်မိနေတယ် တစ်ချက်မှနောက်မကျဘဲရောက်လာတာတော်တော်အံ့ဩဖို့ကောင်းတယ်
သူချင်းယွီဆီကိုပြေးသွားလိုက်ပြီးတော့ ခါးညွတ်ပြီးတော့လေးလေးစားစားနှုတ်ဆက်လိုက်တယ်
"ဆရာ ဝင်ပါခင်ဗျ"
"အင်း မင်းကဂျန်ရှန်းမလား အလုပ်လုပ်တာအဆင်ပြေသရွေ့ ဒီလိုမဟုတ်တာတွေနဲ့တွေ့စရာမလိုပါဘူး"
ချင်းယွီပြုံးလဲပြုံးလိုက်တယ် ချင်းယွီဒီလူကိုသူ့ကုမ္ပဏီရဲ့အားအထားရဆုံးလူလို့တောင်ပြောလို့ရတယ် ချင်းယွီ သူ့အပေါ်ကိုအရမ်းလဲမျှော်လင့်ထားတယ်
သူဒီမှာအလုပ်လုပ်လာတာ၂နှစ်ရှိပြီ ဌာနအပေါ်ထားတဲ့အမြင်ကလည်း မဆိုးပါဘူး အဲ့တော့ဒီလူကအရည်အချင်းရှိတယ်ဆိုတာလည်းသိတယ် ဒါပေမယ့်သူ့နောက်ကဝန်ဇီကပြုံးနေပေမယ့် မျက်နှာကြီးတစ်ခုလုံးကအေးစက်နေတယ်
"မဖြစ်နိုင်ဘူး ဘယ်လိုလို့သူဌေးအသစ်က သူဖြစ်နေရတာလဲ" ဝန်ဇီမှတ်မိသွားတယ် သူမနေ့ညကတွေ့ခဲ့တဲ့သူက သူ့မျက်လုံးထဲမှာတော့ဘာမှမဟုတ်တဲ့လူပဲ သူရှုံးသွားတဲ့လူကဟွာဂျန်းပလာဇာရဲ့သူဌေးအသစ်ဖြစ်နေတယ်ပေါ့ ဒီလူမှာဒီလောက်အာဏာရှိမှန်းသိရင် သွားပြီးတော့ရန်မစပါဘူး...
"ဒါက ဂျီယွမ်ဂိမ်းကုမ္ပဏီရဲ့ ဥက္ကဌ ဝန်ဇီပါ သူကလည်းကျွန်တော်တို့ဆီကနေရာငှားတဲ့လူပါပဲ "
ဂျန်ရှန်းကဟွာဂျန်းပလာဇာကပဲပိုင်တဲ့ရုံးထဲကို ချင်းယွီကို လိုက်ပြပေးတယ် ဝန်ဇီကတော့ကြောင်ပြီးရပ်နေတယ် သူမပျော်ပေမယ့်အနည်းဆုံးတော့နှုတ်ဆက်လိုက်သေးတာပဲ ချင်းယွီလောင်းပြီးတော့ရှုံးတာကိုလက်မခံတဲ့သူကို ထပ်တွေ့ရမယ်လို့ထင်မထားဘူး
"အော် ခင်ဗျားက မစ္စတာဝန်လား တွေ့ရတာဝမ်းသာပါတယ် "
တစ်ဖက်လူက သူကုမ္ပဏီရဲ့နေရာကိုပိုင်ရုံတင်မဟုတ်ဘဲ ယွမ်သန်း၄၀ထက်မနည်းတဲ့ ဟွာဂျန်းပလာဇာကိုပါပိုင်တာ ပြီးတော့နေရာတစ်ခုချင်းဆီအတွက်ငှားရမ်းခကလည်းယွမ်ပေါင်းများစွာရသေးတာ ၂ယောက်လုံးအဆင့်ကလုံးဝကိုမတူတာသူနားလည်လိုက်တယ်
"မစ္စတာချင်းမဂ်လာပါ ကျွန်....ကျွန်တော် ဝန်...ဝန်" ဝန်ဇီစကားပြောလေလေ စိတ်လှုပ်ရှားလေလေပဲ နောက်ဆုံးကြတော့ ဒူးထောက်ပြီးသာသူ့အမှားကိုဝန်ခံလိုက်ချင်တော့တယ်
ချင်းယွီဝန်ဇီကိုဘာမှမလုပ်ဖို့လက်ပြလိုက်တယ်
"ရုံးထဲအရင်သွားကြရအောင်"အဲ့လိုပြောပြီး သူဆက်လျှောက်သွားတယ်
ဂျန်ရှန်းကတော့နည်းနည်းထူးဆန်းနေတယ်ထင်ပေမယ့်ဘာမှမမေးဘဲ ချင်းယွီကိုပဲလမ်းပြပေးနေတယ်
သူ့ရုံးခန်းကအတွင်းအကျဆုံးအခန်းဖြစ်ပြီးတအားလဲကျယ်တယ် ရုံးခန်းရဲ့ပြတင်းပေါက်နေအပြင်ဘက်ကရှုခင်းလှလှလေးကိုကြည့်လို့ရတယ် မြို့ရဲ့တစ်ဝက်လောက်ကိုပါမြင်ရတယ် အထဲမှာလည်း ပန်းချီကားတွေအများကြီးချိတ်ထားပြီး ဝိုင်ထားတဲ့နေရာနဲ့ဘားလဲရှိတယ် ဝိုင်ထားတဲ့နေရာမှာလည်းဝိုင်မျိုးစုံထည့်ထားသေးတယ် ချင်းယွီဒီရုံးခန်းကိုအရမ်းသဘောကျတယ် သူခေါင်းညိတ်လိုက်ပြီးတော့ သစ်သားစားပွဲရှေ့ကလည်သာထိုင်ခုံပေါ်ထိုင်ချလိုက်တယ် ဂျန်ရှန်းကပူပူနွေးနွေးဖျော်ထားတဲ့ကော်ဖီတစ်ခွက်လာချပေးပြီးတော့ သူခုနကစီစဉ်ထားတဲ့အစီအစဉ်တွေကိုတစ်ခုပြီးတစ်ခုမိတ်ဆက်ပေးလိုက်တယ်.............................................................