← Chapters

အခန်း (၁၅)

Vol. 1 Ch. 15

အခန်း (၁၅)

Vol. 1 Ch. 15

"မစ္စတာချင်း ဒါကတော့နန်ဂျန်းပလာဇာရဲ့စီမံရေးအချက်အလက်တွေပါ ဆရာ့ရဲ့လက်မှတ်လိုနေပါသေးတယ် ဒါကတော့နောက်ဆုံးငွေကြေးအချက်အလက်တွေပါ ဒါကတော့ အစောပိုင်းကဝင်ငွေတွေပါတစ်ချက်လောက်ကြည့်ပေးပါအုံး"

ချင်းယွီကြည့်လိုက်ပြီးတော့လက်မှတ်ထိုးရမယ့်နေရာမှာထိုးလိုက်တယ် လက်မှတ်ထိုးပြီးတော့ အချက်အလက်စာအုပ်ကိုပိတ်လိုက်တယ်

"ဒီနေ့ဒီကိုရောက်တာပထမဆုံးပဲ နန်ဂျန်းပလာဇာရဲ့အချက်အလက်တွေလည်းပေးပါဦး "

ဂျန်ရှန်းမြန်မြန်ပဲသဘောတူပြီးတော့အချက်အလက်တွေအကုန်လုံးကိုမိတ်တက်ပေးတယ် နန်ဂျန်းပလာဇာကကွာတားမီတာ၁.၅ရှိတယ် အဆောက်အဦး၃၄ခု A B Cပြီးတော့ အနိမ့်စားကြေညာအဆောက်အဦး ပတ်ပတ်လည်မှာ ဈေးဆိုင်၂၈၀ ရှိတယ် အဲ့ဆိုင်တွေထဲမှာ စားသောက်ဆိုင်တွေ ရုပ်ရှင်ရုံတွေ ဘဏ်ကုမ္ပဏီ‌ကြီးတွေရှိတယ် ကွာတားမီတာ၁ခုကိုငှားရမ်းခက သိန်း၁၂၀၀ရှိတယ် အဆင့်မြင့်‌ဧရိယာတွေကြတော့ ကုမ္ပဏီရုံးခန်းတွေ ဂျင်တွေ ဟိုတယ်တွေပါတယ် စုစုပေါင်းဧရိယာက ၂၁ကွာရန်းမီတာ ငှားရမ်းခကတော့သိန်း၉၆၀၀ တခြားစီမံခန့်တွေ ပါကင်ခတွေပါဆို ကွာတားမီတာတစ်ခုကို ၁သန်းလောက်ရှိတယ် ဒီစကားတွေအကုန်ကြားလိုက်ပေမယ့်လည်း ချင်းယွီပုံမှန်မျက်နှာနဲ့ပဲဆက်နေလိုက်တယ်

ဧရိယာတစ်ခုကို ၁.၁မီလီယမ်ပဲကျတာပါ တစ်ကိုယ်လုံးကိုသိန်းတစ်ရာနီးပါးဆင်ထားတဲ့သူ့ဖို့ကတော့ ဒီပမာဏကဘာမှမဟုတ်ဘူးလေ

"မစ္စတာချင်း နောက်ဆုံးဝင်ငွေက သန်း၁.၀၉မီလီယမ်ရှိပါတယ် အပိုကုန်ကျစရိတ်တွေကိုဖယ်လိုက်ရင်သိန်း၉ထောင် ကျန်နေပါသေးတယ် ဆရာ့အကောင့်ထဲကိုလွှဲပေးဖို့ ငွေကြေးဆိုင်ရာတာဝန်ရှိသူကိုခေါ်ပေးပါ့မယ်"

ချင်းယွီခေါင်းညိတ်လိုက်တယ် ခနနေတော့သိန်း၉ထောင်ရှိတဲ့အကောင့်အချက်အလက်တွေသူရလာတယ်

ဂျန်ရှန်းနဖူးပေါ်ကချွေးတွေကိုသုတ်လိုက်ပြီးတော့သက်ပြင်းအရှည်ကြီးချလိုက်တယ် သူ့စိတ်ထဲမှာနည်းနည်းတော့အံ့ဩသွားတယ် ချင်းယွီပုံစံကအရမ်းကိုတည်ငြိမ်လွန်းတယ် သိန်း၉ထောင်ဆိုတဲ့‌ေငွပမာဏကိုရတာတောင်သူ့ပုံစံကတည်ငြိမ်လွန်းအားကြီးတယ် သေချာပေါက်ဒီလူက မိသားစုကြီးက လူကုံထံသူဌေးလေးပဲဖြစ်ရမယ် အဲ့တော့ဒီငွေပမာဏကသူ့စိတ်ထဲမှာနည်းနည်းလေးလို့ပဲထင်မှာပေါ့

အဲ့အချိန်မှာ ချင်းယွီ ဘေးနားမှာရှိနေတဲ့ ဝန်ဇီကိုကြည့်လိုက်တယ် ဝန်ဇီကရှက်ရှက်နဲ့ပြုံးပြလိုက်ပြီး

"မစ္စတာချင်း မနေ့ညကဖြစ်ခဲ့တဲ့အရာအားလုံးကိုကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ရဲ့ခနတာရူးမိုက်မှုတွေကိုခွင့်လွှတ်ပေးပါ"

အဲ့လိုပြောပြီးတော့သူချင်းယွီကိုခါးကိုင်းပြီးတောင်းပန်လိုက်တယ် အဲ့ဒီ့အခိုက်အတန့်မှာပဲ ဂျန်ရှန်းလည်း ဝန်ဇီက သူ့ရဲ့သူဌေးအသစ်ကိုသွားစထားမှန်ူနားလည်လိုက်တယ် အဲ့တာကြောင့်ခုနကတည်းကဂဏာမငြိမ်ဖြစ်နေတာမဆန်းပါဘူး ဝန်ဇီကအကြည့်ကလည်းနည်းနည်းအေးစက်နေတယ် ပြီးတော့သူ သူ့သခင်လေးကိုစိတ်ကျေနပ်‌အောင်လုပ်ပေးဖို့အကြာကြီးစောင့်နေခဲ့ရတာ ချင်းယွီစားပွဲပေါ်မှာ လက်ကိုဖြေးဖြေးချင်းတောက်နေလိုက်တယ် ဘာမှလည်းပြန်မပြောဘူး သူ့ကိုခါးကိုင်းပြီးတောင်းပန်နေတဲ့ဝန်ဇီကိုပဲဆက်တိုက်ကြည့်နေတယ်

"မနေ့ညကဖြစ်ခဲ့တဲ့ကိစ္စကိုခင်ဗျားမေ့သွားမယ်တော့မထင်ဘူး ထပ်ပြီးတော့‌ပြန်ပြောပြစေချင်သေးလား"

ဝန်ဇီခေါင်းတစ်ခုလုံးပေါက်ကွဲထွက်မလိုဖြစ်သွားပြီးတော့ ဒီစကားရဲ့အဓိပ္ပာယ်ကိုလည်းသဘောပေါက်လိုက်တယ်"

....ကတိတည်အောင်လုပ်ပြီးတော့အမှားကိုဝန်ခံ....အဲ့သဘောပဲ

အခု‌အခြေအနေတွေက သူထင်ထားတာထက်ကိုပိုပြီးတော့တင်းမာလာပြီ

ဘာမှမပြောနိုင်ဘဲခေါင်းငိုက်စိုက်ချထားလိုက်တယ် ဆုံးဖြတ်ချက်က ချထားပြီးတဲ့ပုံ အချိန်ထပ်ဆွဲဖို့လည်းမရှိတော့ဘူး သူ ဒူးထောက်လိုက်ပြီးတော့ချင်းယွီကိုဦးသုံးကြိမ်ချလိုက်တယ်🤣

ဒီအချိန်မှာဒီခံစားချက်ကြီးကဝန်ဇီအဖို့တော့သူ့ကိုလာသတ်တာ‌ထက်တောင်ဆိုးသေးတယ် မနေ့ညကသူ့ကိုပြသာနာတက်အောင်လုပ်တဲ့သူ့မိန်းမကိုလည်းမုန်းမိတယ် သူ့မိန်းမသာပြသာနာမရှာခဲ့ရင် သူမစ္စတာချင်းကို သွားစမိမှာမဟုတ်ဘူး ခုလိုလည်းစော်ကားခံရမှာမဟုတ်ဘူး!

"ထတော့" ချင်းယွီနောက်ဆုံးတော့ပြုံးပြလိုက်တယ်

"ကျေးဇူးပါ မစ္စတာချင်းခင်ဗျ မစ္စတာချင်းရဲ့သဘောထားကြီးမှုအတွက်ကျေးဇူးပါ"ဝန်ဇီသက်ပြင်းချပြီးတော့မတ်တပ်ရပ်လိုက်တယ်

"ခင်ဗျားအတွက်ငှားရမ်းခက‌ေ‌တာ့ ၁၀ရာခိုင်နှုန်းတက်သွားမယ် သဘောမတူတာရှိလား" ချင်းယွီမေးလိုက်တယ်

မေးလိုက်တယ်ဆိုပေမယ့်ဒါကမေးခွန်းတစ်ခုမဟုတ်ဘူး အမိန့်တစ်ခု သဘောက သတောတူချင်တူ မတူချင်ရင်တခြားနေရာမှာငှားဖို့သွားရှာလိုက်အဲ့လို

"မရှိပါဘူး မရှိပါဘူး သဘောမတူတာမရှိပါဘူး ဒီလိုဆိုလည်းအဆင်ပြေပါတယ်" ဝန်ဇီမြန်မြန်ဆန်ဆန်ပဲပြန်ဖြေလိုက်တယ် ချင်းယွီရဲ့နောက်ခံကိုတွေးကြည့်ရင်သူ့ကိုသွားမစတာပဲကောင်းတယ် တတ်နိုင်သမျှသူနဲ့ပြသာနာမဖြစ်‌ေအာင်နေရမယ် သူ့ကုမ္ပဏီနဲ့စာချုပ်က၂နှစ်တောင်ကျန်သေးပေမယ့် သူဘာမှမပြောရဲဘူး ရုံးခန်းထဲကိုစဝင်လာကတည်းက အမှားလုပ်ခဲ့မိတ‌ာတွေကိုတွေးပြီးတအားစိတ်မသက်မသာဖြစ်နေတယ် အခုငှားရမ်းခကလည်း ထပ်တိုးသွားပြီ နေရာတစ်ခုကိုယွမ်----သုံးရမှာကိုတွေးမိတာနဲ့တင် ခေါင်းကိုက်နေပြီ

ပထမနှစ်ဝက်ကတည်းက ကုမ္ပဏီကဂိမ်းသစ်ကိုတီထွင်နေတာ ကုမ္ပဏီရဲ့အခြေအနေကိုခက်ခဲသွားစေတဲ့ဂိမ်းပေါ့ ဒါပေမယ့် ကြေညာဌာနကတော့ဒီထက်ပိုအဆင်ပြေအောင်လုပ်နေပါတယ် ဒီနေ့က ငွေသွင်းဖို့ကိုခဏလောက်စောင့်ပေးဖို့လာပြောရုံလေးပဲ ဒါပေမယ့်လုံးဝမထင်မှတ်တာတွေဖြစ်သွားတယ် ပြီးတောာ့တွေးကြည့်တာနဲ့ဝန်ဇီအံကြိတ်ပြီး‌တော‌့ဒေါသထွက်မိသွားတယ်

"ဒါကဒီလိုပါမစ္စတာချင်း ကျွန်တော််တို့ကုမ္ပဏီကအခု ငွေကြေးပိုင်းမှာနည်းနည်းအခက်အခဲလေးဖြစ်နေလို့ငှားရမ်းခကိုခနလောက်စောင့်ပေးစေချင်တာပါ ခင်ဗျားသာသဘောတူပေးရင် နောက်နေရာတစ်ခုစာပါဆက်ငှားမှာပါ"ဝန်ဇီပြောလိုက်တယ်

ချင်းယွီနည်းနည်းလေးစဉ်းစားလိုက်တဲ့ပုံနဲ့ကြည့်ပြီးပြောလိုက်တယ် "မဖြစ်နိုင်ဘူး..."

"ကျေးဇူးပါ မစ္စတာချင်း"

"ကျုပ်ကိုကျေးဇူးတင်စရာမလိုပါဘူးထပ်ပြီးတော့ပြောစရာရှိသေးတယ်" ဝန်ဇီခနလောက်နှလုံးခုန်ရပ်သွားတယ် ပြီးတော့အသံတိတ်ငိုလိုက််မိတယ် အပျော်လွန်သွားပြီးမှရုပ်ကနည်းနည်းတစ်မျိုးဖြစ်သွားတယ်

"ဘာတောင်းဆိုချင်လဲမသိပေမယ့် အကောင်းဆုံးကြိုးစားပါ့မယ် ဘာပြောချင်တာလည်းမသိပေမယ့်ကျွန်တော်လုပ်နိုင်တာလေးဖြစ်ရင်တော့ အဆင်ပြေတာပေါ့"

" ခင်ဗျားကုမ္ပဏီက ရှီရှန်းကြေညာဌာန(သူအလုပ်ဖြုတ်ခံလိုက်ရတဲ့ကုမ္ပဏီ)နဲ့အပေးအယူရှိတယ်မလား"ချင်းယွီဝန်ဇီသိထားတာတွေကိုတော့‌စိတ်ကျေနပ်မိတယ်

"ဒီအဆောက်အဦးထဲက ရှီရှန်းကြေညာလုပ်ငန်းကိုပြောတာလားဗျ ဟုတ်ပါတယ်ကျွန်တော်တို့ကုမ္ပဏီရဲ့ဂိမ်းအသစ်ကို လူစိတ်ဝင်စားမှုများ‌ေအာင်လို့အဲ့ကြေညာဌာနကိုလွဲပေးထားတာပါ ဝန်ဇီနည်းနည်းတော့ကြောင်သွားပေမယ့် အမှန်အတိုင်းပဲပြောလိုက်တယ်

"ဟုတ်ပြီ အာ့ဆို အခုသူနဲ့လုပ်ငန်းလုပ်ထားတာတွေအကုန်ဖြတ်လိုက်တော့"

"ဗျာ...အဲ့လိုကတော့"ဝန်ဇီကြောင်သွားပြီးတော့အကြောင်းအရင်းကိုမေးချင်မိတယ် ခနလောက်တွေးပြီးမှ သူစိတ်ပြောင်းလိုက်တယ်

"အာ...ဟုတ် ဟုတ်ကဲ့ပါ ဖုန်းဆက်ပြီးပြောလိုက်ပါ့မယ်" ချင်းယွီ ဂျန်ရှန်းကို‌‌ေမးလိုက်တယ်

"ရှီရှန်းကြေညာလုပ်ငန်းနဲ့စာချုပ်က‌ဘယ်တော့ကုန်မှာလဲ"

မျက်လုံးပါတဲ့လူတိုင်းရှီရှန်းကြေညာလုပ်ငန်း ချင်းယွီကိုသွားထားမိမှန်းသဘောပေါက်နိုင်တယ်

အဲ့တာကြောင့် သူပြန်တိုက်ခိုက်ဖို့အသုံးချနေတာ ဂျန်ရှန်းမြန်မြန်ပြောလိုက်တယ်

"ဟုတ်ကဲ့ နောက်ဆုံးစာချုပ်ကဒီလကုန်ဆိုသက်တမ်းကုန်ပါပြီ ပြီးတော့စာချုပ်အသစ်ကလည်း လက်မှတ်မထိုးရသေးပါဘူး"

"ဟုတ်ပြီ အဲ့တာဆိုသူတို့သူဌေးကိုဖုန်းဆက်ပြီးနောက်လကစပြီးနေရာငှားရမ်းတာတွေပါ မလုပ်တော့ဘူးလို့ပြောလိုက်"

"ဟုတ်ကဲ့ပါ ဘောစ့်"

တစ်ချိန်တည်းမှာပဲ ရှီရှန်းကြေညာလုပ်ငန်းအစည်းအဝေးကို ရှောင်ရှန်ဟွာက ကုမ္ပဏီမှာ နေရာငှားရမ်းခနဲ့ ဂိမ်းအသစ်ရဲ့ကြေညာကိစွတွေနဲ့ပတ်သက်ပြီးအစည်းအဝေးလုပ်ဖို့ပြင်နေတယ်

သူခုဏ‌ေလးတင်ဝန်ထမ်းတစ်‌‌ေယာက်ကိုအလုပ်ဖြုတ်လိုက်‌ေပမယ့်ဘာမှမဖြစ်ခဲ့သလ်ိုပဲ အလုပ်ဆက်လုပ်ဖို့ပြင်‌ေနတယ်

အဲ့အချိန်မှာပဲ စီမံခန့်ခွဲရေးငှာနကမန်နေဂျာဆီကို ဂျီယွမ်လုပ်ငန်းစုကနေဖုန်းဝင်လာတယ် ဖုန်းပြောပြီးတော့သူ့မျက်နှာက‌တော်တော်လေး ပျက်သွားတယ်

"ဘော့စ်ရေ မကောင်းတော့ဘူး ဂျီယွမ်ကုမ္ပဏီကအခုလေးတင်ကျွန်တော်တို့နဲ့ပူးပေါင်းထားကိုဖျက်သိမ်းလိုက်ပြီတဲ့"

ဟာ!!!ရုံးခန်းထဲကလူတွေအကုန်အံ့ဩသွားကြတယ်

"ဘာလို့ပူးပေါင်းထားတာကိုဖျက်သိမ်းလိုက်တာလဲမေးလိုက်လား"

"မေးလိုက်ပါတယ် ဒီ‌အ‌ဆာက်အဦးရဲ့သူဌေးဆီကနေပူးပေါင်းထားတာကိုဖျက်သိမ်းခိုင်းလိုက်လို့ပဲပြောပါတယ်

ဥဣဌဝန်ပြောတာ‌ကတော့အဲ့လိုပါပဲ"‌

ရှောင်ရှန်ဟွာတစ်ယောက် ဘာမှပြန်မပြောနိုင်ဖြစ်သွားတယ် သူဂျီယွမ်ကုမ္ပဏီနဲ့ပူးပေါင်းဖို့လူအင်အား ငွေအင်အား အချိန်တွေအကုန်ခံပြီးလုပ်ထားတာလေ အဆုံးသတ်ခါနီးကြမှဒီလိုတွေဖြစ်ကုန်တာလား....!ဘာလို့လဲ?

သူနဲ့ဝန်ဇီကမိတ်ဆွေအကန့်ကတော့ရှိသေးတာမို့ သူဖုန်းဆက်ပြီးမေးဖို့ပြင်လိုက်တယ်။

All Chapters