မြစ်ပြင်ပေါ်က ပန်းချီကား
Vol. 156 Ch. 2171
မျက်လုံး ပြန်ဖွင့်လိုက်သော အခါတွင် ရယ်သံမှာ ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ မျက်လုံး ပြန်မှိတ်လိုက်သော အခါ ကြားလိုက်ရ ပြန်သည်။
“ ထူးဆန်းတယ် ... ။ ”
ရယ်သံသည် ကြားရသူကိုပင် လိုက်ပါ ကြည်နူးစေပြီး အကြိမ် အနည်းငယ် ထပ်ခါ ထပ်ခါ ရယ်မောနေခဲ့ခြင်း ဖြစ်၏။
အဆုံးတွင် စေတီ ပုထိုးများမှ ထွက်လာသော ဆည်းလည်းသံ ဖြစ်သည်ကို နားလည် လာသည်။ ရယ်သံ မဟုတ်ချေ။ ခေါင်းယမ်းလျက် လျစ်လျူရှု လိုက်၏။
များမကြာခင် ကမ္ဘာကြီး တစ်ခုလုံး ထပ်မံမှောင်မိုက် သွားပြီး တာအို နားလည်မှု စင်မြင့်က စကြဝဠာထဲ လွင့်ဝဲလာသည်။
“ ဝှစ် ... ။ ”
တစ်ချိန်တည်း မှာပင် ယဲ့ကူဟန် ပြောကြားခဲ့သော ဓားဝိညာဉ်များက၊ စေတီ ပုထိုးများ ထံမှ ထွက်လာ၏။
၎င်းဓားဝိညာဉ်များသည် အမျိုးမျိုးသော ဓားရေးများဖြင့် သူ့ကို တိုက်ခိုက်ရန် အသိစိတ် ပင်လယ်ထဲ ဝင်လာကြသည်။
“ ထန် ... ထန် ... ။ ”
တခါတရံတွင် သူတို့ အချင်းချင်း တိုက်ခိုက် ကြသည်။ တခါတရံတွင် အုပ်စုဖွဲ့ပြီး လင်းယွန် အပေါ် တိုက်ခိုက်လာ၏။
ဤသည်မှာ ဓားရေး သွန်သင်ချက်များ ဖြစ်နေသဖြင့် နစ်မြုပ်သွားသည်။ အချိန်မည်မျှ ကုန်လွန်သွား သည်ကို မသိချေ။ ဓားဝိညာဉ် များဖြင့် ပျော်မြူးနေခဲ့သည်။
“ ဒီကောင်လေးနဲ့ ... ဆက်သွယ်နေတဲ့ ဓားဝိညာဉ်တိုင်းက နာမည်ကြီးတွေ ဖြစ်ပုံရတယ်။ ”
ယဲ့ကူဟန်က ပြုံးပြီး လင်းယွန်ကို ကြည့်သည်။ တစ်ချက်-တစ်ချက် လင်းယွန် မျက်လုံးများ ပြန်ပွင့်လာချိန်၌ မှုန်မှိုင်းနေခဲ့၏။
အာကာသကို စူးစမ်း လေ့လာရန် လူများစွာ၏ ခေါ်ဆောင်ခြင်း ခံနေရ ကဲ့သို့သော အိပ်မက်ရှည်ကြီး မက်နေခြင်း ဖြစ်သည်။
လျှို့ဝှက် ဆန်းကြယ်သော ဂြိုလ်များ၊ ကောင်းကင်ဘုံ ဗိမာန်များနှင့် မြင့်မားသော တောင်တန်းများ ရှိနေခဲ့၏။
အာကာသ အတွင်း လှည့်ပတ် စီးမျော နေသည့် ဂြိုလ်များထက်ပင် ကြီးမားသော သားရဲများလည်း ရှိနေသည်။
မှော်ဆန်သော အတွေ့အကြုံ တစ်ခု ဖြစ်ချေ၏။ သွေးသန့်ရှင်းသော နတ်သားရဲများ သည်ပင် မြင်လာရသည်။
ထိုအတွေ့အကြုံ များစွာ နှင့်အတူ ဓားပညာရပ် များစွာကို ဆုပ်ကိုင်လာ နိုင်သည်။ သို့သော် ၎င်းဓားဝိညာဉ်များ၏ မူလအကြောင်း ပြန်စဉ်းစားကြည့်ရာ မမှတ်မိနိုင် ဖြစ်လာ၏။
“ ဒါ အိပ်မက်လား။ ”
သို့သော် သူ့ကြယ်ဓားမှာ တိုးတက်နေ သဖြင့် တုန်လှုပ်သွား၏။ နဂါးငွေ့တန်း (၁၀၀၀) ရှိလာပြီ ဖြစ်သည်။
ကြယ်ဓားများ သည်လည်း လက်သီး အရွယ်ခန့် ကျုံ့ဝင်လာကာ ငွေနှင့် ရွှေရောင်များ တောက်ပလာ၏။
“ အဲဒါ အိပ်မက် မဟုတ်ဘူး။ ”
လင်းယွန်မှ အံ့သြ သွားသည်။ သူ့ဓား ရည်ရွယ်ချက်သည် ယခင်ထက် ဆယ်ဆများစွာ ပိုမို အားကောင်းလာ၏။
“ နိုးပြီလား ... ။ ”
ယဲ့ကူဟန်မှ ပြုံးကာ နုတ်ဆက် လိုက်သည်။
“ အစ်ကိုကြီး ဘာဖြစ် နေတာလဲ ... ဒါအိပ်မက်လား။ ”
လင်းယွန်က မေးမိ၏။
“ ဒါက လက်တွေ့ဆန်တဲ့ အိပ်မက်ပဲ၊ ဓားဝိညာဉ် တွေက ... မင်းကို သူတို့ ဖြတ်သန်း ခဲ့ရတဲ့ အရာတွေအပေါ် တွေ့ကြုံစေ ခဲ့တာ၊ ...
... ကြည့်ရတာ ဒီဓားဝိညာဉ် တွေက မင်းအတွက် စိတ်ကူးယဉ်ဆန် လွန်းပုံရတယ်၊ မင်း အိပ်မက်က နည်းနည်း ရှည်တယ်၊ မင်းရဲ့ အကြည့်တွေအရ ဆိုရင် ... အနည်းဆုံး နှစ်တစ်ရာပဲ။ ”
ယဲ့ကူဟန်မှ လင်းယွန် ခေါင်းကို ပွတ်သပ်လျက် ပြုံးလေသည်။
“ အစ်ကိုကြီး ... ဒီလောက်ဆို လုံလောက်ပြီ ... ။ ”
ယဲ့ကူယန် တစ်ယောက် အဆင်မပြေ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ယင်းကို ထပ်မံ တောင်းဆိုလိုခြင်း မရှိတော့ချေ။
“ ဟား ဟား ဟား ... ငါ ကူညီပါရစေ။ ”
ယဲ့ကူဟန်မှ ပြုံးပြီး လင်းယွန်၏ ကြယ်ဓားကို ကြည့်လိုက်သည်။
“ မဆိုးပါဘူး ... မင်းရဲ့ ကြယ်ဓားတွေက ကြယ်တစ်ပွင့် ဖြစ်လာပြီ၊ ဒီပုံစံ အတိုင်း ဆိုရင် ကောင်းကင် မူလ အမည်ခံ သူတော်စင်တောင် မင်းဓားကို မဖျက်စီးနိုင်ဘူး၊ ...
... ဒါပေမယ့် ပိုပြီး ထက်ရှလာ စေဖို့ အတွက်တော့ နဂါးငွေ့တန်း တွေကို ထက်ပြီး စုစည်းပါ။ ”
“ အစ်ကိုကြီး သတ္တမတန်း ... ဓားရည်ရွယ်ချက် အကြောင်း ပြောပြပါဦး။ ”
“ အလျင် မလိုနဲ့ ... တစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်းပါ ... နှစ်တစ်ရာကျော် အိပ်မက်ကို တွေ့ကြုံပြီးတဲ့ အတွက် မင်းရဲ့ ဓားရည်ရွယ်ချက်က၊ ...
... လောလောဆယ် လုံလောက်နေပြီ၊ မရဏ မူလအဆင့်ကို တက်ပြီး ... သူတော်စင် တာအို ဆုပ်ကိုင်ဖို့ လုပ်ပါ။ ”
“ သူတို့ အဆင်ပြေရဲ့လား။ ”
လင်းယွန်က စေတီပုထိုး များထံ လှမ်းကြည့်ကာ မေးလိုက်၏။ တိတ်ဆိတ်သွား သည်ဟု ခံစားမိသည်။
“ အဆင် ပြေပါတယ်၊ အိပ်ပျော် ကုန်ကြပြီ။ ”
အိပ်မက်ထဲတွင် ၎င်းတို့နှင့် ဘဝ-သေခြင်း ဆိုင်ရာကို အတူတကွ ခံစားသော မိတ်ဆွေများ ဖြစ်၏။
ထို့ကြောင့် သူတို့အပေါ် ခံစားချက်များ ရှိနေသည်။ အစ်ကိုကြီး ပြောသကဲ့သို့ အိပ်ပျော် နေရန်သာ ဆုတောင်းမိ၏။
“ သွား ... တာအို နားလည်မှု ... ရယူလိုက်တော့ ... ထာဝရ တာအို၊ အုပ်စိုးရှင် တာအို၊ မဟာတာအိုနဲ့ ကနဦး တာအို တွေက မင်းကို စောင့်နေတယ်၊ ...
... ထာဝရ တာအိုနဲ့ ... အုပ်စိုးရှင် တာအိုအပေါ် အလျင် မလိုနဲ့ဦး၊ မင်းရဲ့ အဓိက အာရုံက လေတာအိုနဲ့ လျှပ်စီးတာအို အပေါ် အာရုံစိုက်ထားပါ၊ ...
... မိုးပြာနဂါး နတ်ခန္ဓာက ... လေနဲ့ လျှပ်စီးကို ထိန်းချုပ်နိုင်တယ်၊ ဒါကြောင့် မင်း အတွက် ဆုပ်ကိုင်ရ လွယ်ကူပါ လိမ့်မယ်၊ ဒီကိုကြည့် ... ။ ”
ယဲ့ကူဟန်က ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် စက်ဝိုင်းပုံ ဆွဲလိုက်သည်။ ပန်းမျိုးစုံ ပွင့်လာ၏။
လေထု တစ်ခုလုံး ပန်းရနံ့ များဖြင့် ပြည့်နှက်လာကာ လင်းယွန် တစ်ယောက် နစ်မျောသွားသည်။
“ ငါပြတဲ့ သူတော်စင် တာအိုကို ... လိုက်ပြီးနားလည်ဖို့ မလိုဘူး၊ သူတို့က မင်း နားလည်အောင် ပြသတာ၊ မင်းရဲ့ ကိုယ်ပိုင် တာအိုကို ရှာ ... ။ ”
“ အစ်ကိုကြီး ဓားတာအိုပန်း ... ဘာလို့ မရှိရတာလဲ။ ”
လင်းယွန်က မေးသည်။ သူ့ဝန်းကျင်တွင် ဓားတာအို အစား မဟာတာအို ပန်းများကိုသာ တွေ့မြင်နေရ၏။
ယဲ့ကူရှန် အရည်အချင်း အရ ဓားတာအိုကို ဆုပ်ကိုင်မထား နိုင်စရာ မရှိချေ။
“ ဓားပန်းကို ငါ့သူတော်စင် ဝိညာဉ်နဲ့ ပေါင်းစပ် ထားပြီးပြီ ထုတ်ပြဖို့ မလွယ်တော့ဘူး၊ အတင်းအကြပ် ခေါ်ထုတ်ရင် တာအို နားလည် နိုင်စွမ်းကို ထိခိုက်စေ လိမ့်မယ်။ ”
ယဲ့ကူဟန်မှ ရှင်းပြ၏။
“ ဒါဆို ထာဝရတာအို ကိုရော ဆုပ်ကိုင်ထား ပြီးပြီလား။ ”
“ ဒီမေးခွန်း အတွက် အဖြေမရှိဘူး၊ ယောကျ်ား တစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပဲ၊ မင်းရဲ့ အိပ်ယာဝင် စွမ်းရည် ဘယ်လောက် ကြာနိုင်လဲလို့ ငါမေးရင် မင်းဖြေမှာလား။ ”
ယဲ့ကူဟန်က မျက်ဝန်းများ မှေးစင်းလျက် လင်းယွန်ထံ ကြည့်လာသည်။
( ဟား ဟား ဟား ... ၊ လူယုတ်မာ နင့်ရဲ့ စီနီယာ အစ်ကိုက တကယ် ရယ်ရတယ်။ )
ခရမ်းငယ်မှ မရယ်ဘဲ မနေနိုင်တော့ချေ။ လင်းယွန် တစ်ယောက် ရှက်ရွံ့သွားပြီး၊
“ ရပြီ ... မလိုတော့ ပါဘူး။ ”
-ဟု အမြန် ပြောကြား လိုက်ရသည်။
“ ကောင်းပြီ ... မေးခွန်းတွေ မေးတာကို ရပ်ပြီး အာရုံစိုက်ပါ။ ”
ယဲ့ကူဟန်က လက်ဝှေ့ယမ်းလျက် သူ့တာအို ပန်းပွင့်များကို စေတီပုထိုး များဖြင့် ပေါင်းစပ်ခွင့် ပြုလိုက်သည်။
“ ဝှစ် ... ။ ”
လင်းယွန် မျက်လုံး မှိတ်လိုက်သော အခါတွင် စေတီပုထိုး (၃၆)ဆူလုံး ချက်ချင်း တုန်ခါလာ၏။
လင်းယွန် နားထဲ၌ ဆည်းလည်းသံများ ပဲ့တင်ထပ် လာစဉ် ယဲ့ကူဟန်က ညင်သာစွာ ထထွက်ခွာ လာခဲ့သည်။
“ ကျင့်ကြံရမဲ့ အချိန်ကျပြီ။ ”
လင်းယွန် တစ်ယောက် သူတော်စင် တာအိုကို နားလည် နိုင်သော အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်၏။
“ ဝှစ် ... ။ ”
ပေထောင်ချီသော ဓားရောင်ခြည်သည် ကောင်းကင်သို့ ပျံတက်ပြီး လျှို့ဝှက် နယ်မြေ တစ်ခုလုံး လင်းထိန်သွားသည်။
ခရမ်းငယ်မှ လျှို့ဝှက် ဓားစံအိမ်တွင် တာအိုကို မည်သို့ နားလည်မှု ယူရမည်မှန်း ရှင်းပြ ထားပြီး ဖြစ်သည်။
ယခုအချိန်၌ အစ်ကိုကြီးမှ တာအိုကို ထင်ရှားအောင် ကူညီပေးနေသဖြင့် လင်းယွန် အတွက် နားလည်ရန် မခဲယဉ်း သင့်ချေ။
အချိန်ကြာ လာသည်နှင့် အမျှ မှုန်ဝါး နေသည့် အသိဉာဏ်များ ရှင်းရှင်း လင်းလင်း ဖြစ်လာခဲ့၏။
“ ဝူး ... ။ ”
မျက်စိတစ်မှိတ် အတွင်း တစ်နှစ် ကုန်လွန် သွားပြန်သည်။ များမကြာခင် တောင်နှင့် မြစ်ကို ဖြိုခွဲနိုင်သော လေပြေများ တိုက်လာ၏။ လေတာအို ဖြစ်သည်။
၎င်းသည် မြင့်မားသော အဆင့်သို့ ရောက်ရှိလာ ပြီးနောက် ကြယ်တာရာများ ကိုပင် ချေမှုန်းတော့၏။
ခဏအကြာတွင် ထိုလေစွမ်းအင်သည် လင်းယွန်၏ ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်ကာ တာအိုအဖြစ် ပြောင်းလဲလာသည်။
၎င်းက ပန်းတစ်ပွင့် အဖြစ် ဖွဲ့တည်၏။ ပွင့်ချပ် တစ်ချပ်စီသည် ကြည်လင် ပြတ်သားပြီး အပြစ် အနာအဆာ ကင်းသည်။
“ ဖျစ် ... ။ ”
ဤအခိုက်တွင် စင်ပေါ်၌ လျှပ်စီးများ လက်ကာ လင်းယွန် မျက်နှာ တစ်ပြင်လုံး လင်းထိန်သွား၏။
လေပြေနှင့် ယှဉ်သော် လျှပ်စီးသည် ပြင်းထန်ပြီး အားပါသည်။ ဖျက်ဆီးခြင်းနှင့် ကပ်ဘေးကို ကိုယ်စားပြု၏။
***
အရှေ့ဘက်ပျက်စီးမြေ အပြင်ဘက် တစ်နေရာရှိ ပင်လယ်ပြင်ကြီး ထဲတွင် လှေငယ် တစ်စင်း မျောပါနေ၏။
လှေငယ်သည် သေးငယ် သော်လည်း လှိုင်းမည်မျှ ထန်ထန် တိမ်းမှောက်ခြင်း မရှိချေ။ ၎င်းစီးမျောရာ ရေပြင်သည် ကောင်းကင်ဘုံ ငရဲပင်လယ် ဖြစ်၏။
လေှငယ်ပေါ်တွင် မယုံကြည်နိုင် လောက်အောင် ချောမောသော လူငယ်လေး တစ်ယောက် ရပ်နေသည်။
“ ဝုန်း ... ။ ”
ပိုးသားဖြူ လည်ဟိုက် ဝတ်ရုံဖြင့် လှိုင်းပုတ်သံများ ကြားတွင် တည်ငြိမ်စွာ ခရီးဆက် နေခဲ့သည်။
ညာဘက် ပခုံးပေါ်တွင် အရွက်များက နွယ်ပင် သဏ္ဍာန် တွဲလောင်းကျနေပြီး မရဏ ပန်းအဖြစ် ထင်ရှားနေ၏။
မရဏ ပန်းသည် ပွင့်ချပ် ကိုးချပ်ခန့် ပါနေရှိကာ ဝတ်ဆံများ နေရာ၌ မီးလျှံများ တောက်လောင် နေခဲ့သည်။
ရှည်လျားပြီး အနည်းငယ် လှိုင်းပါသော ဆံပင်နွယ်နှင့် ထူးထူး ခြားခြား ကိုယ်ရောင် ကိုယ်ဝါမျိုး ရှိ၏။
မျက်နှာ အသွင်အပြင်သည် ခွန်လွန်ရှိ လူအများစုနှင့် ကွဲပြားနေပြီး ထူးခြားသော မျိုးနွယ်စု အဖြစ် ပြောနိုင်သည်။
မျက်လုံးများသည် ဆောင်းဦး ရေစင်များ ကဲ့သို့ ကြည်လင်နက်ရှိုင်းကာ ပတ်ဝန်းကျင်ဖြင့် ပေါင်းစပ်နေ၏။
ရင်ခွင်ထဲတွင် လု-တူရိယာကို ပိုက်ကာ တီးခတ်နေသော မြင်ကွင်းသည်၊ ပန်းချီကား တစ်ချပ်နှင့် တူ၏။
ဤသည်မှာ သဘာဝ အတိုင်းပင် အရှေ့ဘက် ပျက်စီးမြေ၏ အဓိက မင်းသား တျန်ရွှမ်ဇီ ဖြစ်ချေပြီ။ လှေအစွန်း၌ ချင်းကန်နှင့် ကျွားချင်းယန် နေ၏။
“ ဆရာ ... ကျွန်တော်တို့ အနန္တ လျှပ်စီး ဂိုဏ်းကို မသွားဘူးလား၊ ဘာလို့ ရေလမ်းကို ပြောင်းလိုက် တာလဲ။ ”
လု-တူရိယာ အသံ ရပ်သွားသည်နှင့် ချင်းကန်မှ စကားပြောရန် ကြိုးစားလိုက်သည်။
“ အရင်ဆုံး ကောင်းကင် နယ်မြေက မသန့်ရှင်းသော ပင်လယ်ကို သွားရအောင်၊ နဂါးပြာ မှတ်တမ်းပြီးပြီ ဆိုတော့ ကောင်းကင် ရနံ့ သင်းသင်းက ... မိတ်ဆွေဟောင်းလည်း ပြန်ရောက် နေလောက်ပြီ။ ”
မိတ်ဆွေဟောင်း ဟူသော အသုံး အနှုန်းကြောင့် ကျွားချင်ယန် တစ်ယောက် မျက်မှောင်ကြုတ် သွား၏။
ကောင်းကင် ရနံ့ သင်းသင်း၌ သူတို့သိသူ ဆို၍ သူတော်စင် အကြီးအကဲ တစ်ယောက်သာ ရှိလေသည်။
***