မဟာ တော်ဝင် ဓားကျမ်း။
Vol. 156 Ch. 2173
ကောင်းကင် ရနံ့ သင်းသင်း နန်းတော် အတွင်း၌ မုရွယ်လင် တစ်ယောက် တုန်လှုပ်စွာ ထိုင်နေခဲ့သည်။
အဆုံးတွင် တာအိုများ အားလုံးကို ချိတ်ဆက် ထားသော်လည်း တျန်ရွှမ်ဇီသည် ဧကရာဇ် အသံကို ဖန်တီးကာ တုန်ခါမှု ဖြစ်စေ၏။
ဧကရာဇ် အသံကို ဆုပ်ကိုင်ထား သရွေ့၊ မည်သူမဆို သူတော်စင် နယ်ပယ် ကျွမ်းကျင်သူ များကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ဧကရာဇ် အသံတွင် အဆင့် သုံးဆင့်ရှိပြီး အမြင့်ဆုံး အဆင့်သည် မဟာ သူတော်စင်နှင့် ရင်ဆိုင်နိုင်၏။
ဆိုလို သည်မှာ တျန်ရွှမ်ဇီသည် မရိုးရှင်းချေ။ တကယ်ပင် ဘီလူးတစ်ကောင် ဖြစ်သည်။
“ သူတော်စင် အကြီးအကဲ ... ဘာဖြစ်နေတာလဲ။ ”
ဤသည်မှာ ကောင်းကင်ရနံ့ သင်းသင်း၏ သခင် ဖြစ်သည်။ သို့သော် သူမ အဆင့်အတန်း ဟူသည် မုရွယ်လင်ထက် နိမ့်ကျ၏။
ကောင်းကင် ရနံ့ သင်းသင်းသည် နတ်တောင်၏ အခွဲမျှသာ ဖြစ်သောကြောင့်၊ သူမသည် သခင်ဖြစ်လျှင်ပင် နတ်တောင် တပည့်များကို မယှဉ်နှိုင်ချေ။
“ ကောင်းကင် နဂါးသွေးကို တျန်ရွှမ်ဇီ လုယူသွားတယ်။ ”
မုရွယ်လင်မှ တည်ငြိမ်စွာ ပြန်ဖြေ လိုက်သော်လည်း ကောင်းကင် ရနံ့ သင်းသင်း သခင်မှာ ထိတ်လန့်သွားသည်။
“ နည်းနည်းတော့ ရဲရင့်တယ် မဟုတ်လား။ ”
“ သူ့သခင်ကို ဒီနည်းလမ်းနဲ့ ချော့မော့ နိုင်မယ်လို့ အဲဒီအမျိုးသမီးက တွေးနေပုံရတယ်၊ ဒါပေမယ့် သူ အမှားကြီး လုပ်မိသွားပြီ။ ”
ထိုစဉ်က ၎င်းအရာရှိ ဇီလင်သည် ကောင်းကင်နဂါးသွေးကို ဧကရီထံ ပေးရန် စကားကြောင်း ခဲ့၏။
သို့သော် သူမက လျစ်လျူရှုလျက် လင်းယွန်ကို ပေးရန် ကြေငြာခဲ့သည်။ အဆိုပါ အရာရှိ တစ်ယောက် အလွန် ဒေါသထွက်ကာ မျက်နှာနီရဲ နေခဲ့သည်ကို သတိထားမိ၏။
ထို့ကြောင့် တျန်ရွှမ်ဇီကို ရှာရန် သွားခဲ့ပုံရသည်။ တျန်ရွှမ်ဇီ ပစ်မှတ်သည် အနန္တ လျှပ်စီးဂိုဏ်းသာ ဖြစ်၏။ ကောင်းကင် နဂါး သွေးကို စိတ်မဝင်စားချေ။
အဆုံးတွင် ၎င်းပြောကြားသော စကားများအရ၊ တစ်စုံတစ်ယောက် စေခိုင်းမှန်း သံသယ ဖြစ်ဖွယ် ရှိ၏။
“ ဒါဆို ... ဒီအတိုင်း ထားလိုက်တော့ မို့လား။ ”
ကောင်းကင်ရနံ့ သင်းသင်း သခင်က မေးသည်။
“ ပြဿနာတော့ မရှိပါဘူး၊ သူ့သခင်က သူ့ကို ပြန်ပေးခိုင်းလိမ့်မယ်၊ သူ့ အတွက်လည်း သက်သာမှာ မဟုတ်ဘူး။ ”
မုရွယ်လင် တစ်ယောက် ဒေါသ ထွက်လာ၏။ တျန်ရွှမ်ဇီ မဟုတ်ဘဲ တွေးဝံ့သော ထိုအမျိုးသမီး အရာရှိကို ဖြစ်သည်။
လင်းယွန်က လေတာအို ပြီးနောက် လျှပ်စီးတာအို အပေါ် ချောမွေ့စွာ ဆုပ်ကိုင် နိုင်လိုက်သည်။
ထို့နောက်တွင် အလျင် တာအို၊ သစ်ရွက် ကြွေခြင်း၊ လျှပ်စီးတိမ်နှင့် အခြားသော ကနဦး တာအို အများအပြားကို ဆုပ်ကိုင်နိုင်ခဲ့၏။
မဟာ တာအို နှစ်ပါးနှင့် ကနဦး တာအို ရှစ်ပါးကို ဆုပ်ကိုင်လိုက် ပြီးနောက် လင်းယွန် မျက်လုံးများ ဖွင့်လိုက်သည်။ စေတီပုထိုး (၃၆) ဆူမှာ မှိန်ဖျော့နေပြီ ဖြစ်၏။
“ မဆိုးပါဘူး ... ၊ ပထမဆုံး ကြိုးစားမှု မှာတင် ... လေနဲ့ လျှပ်စီးကို ဆုပ်ကိုင်နိုင်ခဲ့တာ ဂုဏ်ယူစရာ ပါပဲ။ ”
ယဲ့ကူဟန် စကားသည် အဓိပ္ပါယ် များစွာပါ၏။ လူအများသည် သူတို့ တစ်သက်၌ မဟာတာအိုကို နားမလည်နိုင်ကြချေ။
“ အစ်ကိုကြီး၊ ဓားတာအိုကို ဘယ်အချိန်မှာ နားလည်နိုင်လဲ။ ”
လင်းယွန်မှ မေးမိ၏။ မဟာ သူတော်စင် တာအိုကို ဆုပ်ကိုင်ပြီးသည့်တိုင် စိုးရိမ် နေသေး သည်။
နောက်ဆုံးတွင် ဓားတာအိုသည် အုပ်စိုးရှင် တာအို ဖြစ်၏။ ၎င်းသည် မဟာ တာအို (၃၀၀၀) အထက်တွင်ရှိသော တာအို ဖြစ်သည်။
နိဗ္ဗာန်သည် ထာဝရ တာအို ဖြစ်ပြီး ၎င်းကိုထပ်မံ ဆုပ်ကိုင်နိုင်ပါက မထင်မှတ် ထားသော အမြင့်ကို ရောက်နိုင်၏။
သို့သော် ခက်ခဲလွန်းသည့် အတွက် ခဏ ဘေးဖယ်ထားရမည်။
“ ဒုတိယ ကောင်းကင် မူလအဆင့် မတိုင်မီ ဆုပ်ကိုင်ထားနိုင်ရင် လုံလောက်ပါပြီ၊ ဒါကြောင့် မင်း ... အလျင်လို နေစရာ မလိုဘူး။ ”
“ ဒုတိယ ကောင်းကင်မူလ အဆင့်လား။ ”
“ မှန်တယ် ... အမည်ခံ ကောင်းကင် မူလအဆင့်ကို၊ ကနဦး သူတော်စင် သခင်အဖြစ် သတ်မှတ်တယ် ... ပထမ အဆင့်မှာ ကောင်းကင် (၃၆)လွှာကို၊ ...
... ကိုယ်စားပြုတဲ့ ခွန်အားမျိုး ရအောင်၊ မြင့်မြတ်သော မီးလျှံကို စုစည်းရတယ်၊ ဒုတိယ အဆင့်မှာ သူတော်စင် ဝိညာဉ်ကို သန့်စင်ပြီး သူတော်စင်တာအိုနဲ့ ပေါင်းစည်းရတယ်၊ ...
... ဒါပေမယ့် စိတ်ဝိညာဉ်က သူတော်စင် တာအို သုံးပါးပဲ လက်ခံနိုင်တော့ သေသေချာချာ ရွေးဖို့လိုတယ်၊ ...
... တတိယ အဆင့်မှာ မင်းရဲ့ နက္ခတ်ကို သူတော်စင် နက္ခတ် အဖြစ် ... ပြောင်းလဲ ရမယ်၊ ပြီးတာနဲ့ မင်းရဲ့ လုပ်ငန်းစဉ် အောင်မြင်ပြီ။ ”
ယဲ့ကူဟန်မှ ပြုံးကာ ရှင်းပြသည်။
“ မြင့်မြတ်သော မီးလျှံ၊ သူတော်စင် ဝိညာဉ်နဲ့ သူတော်စင် နက္ခတ်ကို အောင်မြင် ပြီးရင် မင်းသူတော်စင် ဖြစ်လာမယ်၊ ...
... မြင့်မြတ်သော မီးလျှံက ... သူတော်စင် မူလ ဖြစ်ပြီး၊ မင်းကို အနှစ်တစ်ထောင် သက်တမ်း ပိုင်ဆိုင်စေ လိမ့်မယ်။ ”
လင်းယွန်က သက်ပြင်းချကာ၊
“ ဒါဆို ကျွန်တော့်ရဲ့ ကျင့်ကြံမှုအရှိန်က အရမ်းနှေးကွေးပြီး ... ဘယ်တော့ သူတော်စင် ဖြစ်မလဲ ... မသိတော့ပါဘူး။ ”
-ဟု ညည်းတွား လိုက်သည်။
“ ဟမ့် ... မင်းကခုမှ (၂၆)နှစ်ပဲ ရှိပါသေးတယ်၊ ဒါက နှေးနေသေး တာလား၊ မင်းအသက် အရွယ်နဲ့ ကြယ်ဓား အထွတ် အထိပ်ကို ဆုပ်ကိုင်ထားပြီး၊ ...
... မြင့်မားတဲ့ ကျင့်ကြံမှု ရှိသူတွေကို ... တိုက်ခိုက်နိုင်တယ်၊ ငါတို့ အချိန်တုန်း ကတောင် မင်းလောက် မြန်တဲ့လူ မတွေ့ဖူးသေးဘူး။ ”
“ ဖြစ်နိုင်ပါတယ် ... ဒါပေမယ့် တျန်ရွှမ်ဇီက ကျွန်တော့်ကို အရမ်း ဖိအား ဖြစ်စေတယ်။ ”
လင်းယွန် စကားကြောင့် ယဲ့ကူဟန်မှ သူ့ခေါင်းကို ခေါက်လိုက်ပြီး ပြုံးရယ်လျက်၊
“ မင်း ဘာတွေ တွေးနေတာလဲ ... ၊ တျန်ရွှမ်ဇီကို ကိုင်တွယ်ဖို့ မင်းကိုသာ စောင့်ပြီး အားကိုးရမယ်ဆိုရင် ... ငါတို့လည်း သေသွား လောက်ပြီ။ ”
“ ဒေါက် ... ။ ”
“ အ ... ။ ”
ပြောလည်းပြော ခေါက်လည်း ခေါက်သဖြင့် လင်းယွန်တစ်ယောက် ခေါင်းကို ပွတ်သပ်လိုက် ရသည်။
“ ကောင်းပြီ ... မင်းက ဉာဏ်ကြီးရှင်ပဲ၊ တျန်ရွှမ်ဇီလည်း ဉာဏ်ကြီးရှင်ပါ ... ဒါပေမယ့် သူ့က မင်းထက် အသက်နှစ်ရာ ကြီးတယ်၊ သူ ရရှိခဲ့တဲ့ အရင်းအမြစ်တွေက ... မင်း စိတ်ကူး မယဉ်နိုင်ဘူး၊ သူ့နောက်ခံက ကြွယ်ဝတယ်။ ”
“ ဘယ်သူမို့လဲ ... ။ ”
“ ..... ။ ”
ထိုအဖြေကို လင်းယွန်မှ အရမ်း သိချင်လာ၏။ ယဲ့ကူဟန်က သက်ပြင်းချလျက်၊
“ ထားလိုက်ပါ ... တျန်ရွှမ်ဇီ အကြောင်း ပြောရရင် သူက ... ကောင်းကင်ဘုံက လာတာ၊ သူ့ရဲ့အသွင်အပြင်၊ အရည်အချင်းနဲ့ နားလည် နိုင်စွမ်းက ပြီးပြည့်စုံ လွန်းတယ်၊ လုံးဝ အားနည်းချက် မရှိဘူး၊ ...
... လက်တွေ့ မဆန်ဘူး၊ ဆရာက သူ့ကို အဲဒီတုန်းက တပည့် အဖြစ် ခေါ်သွားချင်ပေမယ့် သူ့နောက်ခံကို သိပြီးတဲ့နောက် ... စွန့်လွှတ် လိုက်တယ် ... သူနဲ့ ပတ်သတ်ပြီး ဘာမှ ထပ်မပြော တော့ပါဘူး။ ”
ထိုအချိန်က ဆရာသခင် သက်တံဓား သူတော်စင်သည် တျန်ရွှမ်ဇီကို ကူညီခဲ့ကြောင်း ပြောနိုင်၏။
သို့သော် ကျေးဇူး မသိတတ်သော တျန်ရွှမ်ဇီက အစ်ကို ကျန့်ကျင်းရှန် အပါအဝင် ဓားဂိုဏ်း၏ ရွှေမျိုးဆက်တိုင်းကို ပျက်သုဉ်း စေခဲ့သည်။
၎င်းသည် လူသား ဖြစ်ရန်ပင် မထိုက်တန်ချေ။ ထို့ကြောင့် မုန်းတီးပေ၏။
“ သူ့မျိုးရိုးကို သိလား။ ”
လင်းယွန်က မေးမိသည်။
“ မသိဘူး ... ဆရာက ဘယ်သူ့ကိုမှ မပြောဘူး၊ ဧကရာဇ်ကိုးပါးက လွဲလို့ ဘယ်သူမှ မသိကြမှာကို ကြောက်မိတယ်၊ ငါတောင် သူနဲ့ နှစ်ပေါင်း နှစ်ရာကျော် သိနေပေမယ့် ... မျိုးရိုးကို ခန့်မှန်းလို့ မရဘူး။ ”
“ ဒါကြောင့် အစ်ကိုကြီးက သူ့ကို ကောင်းကင်ဘုံက လာတာလို့ ပြောတာကိုး၊ ဒါနဲ့ အစ်ကိုကြီးနဲ့ သူက သိကြတာလား။ ”
လင်းယွန်က မေးသည်။
“ အဲဒီတုန်းက ငါတို့ကို အရှေ့ဘက် ပျက်စီးမြေရဲ့ ကြယ်နှစ်ဖော်လို့ ခေါ်ခဲ့ကြတယ်၊ ငါတို့ နှစ်ယောက်ကို ခွန်လွန် တစ်ခုလုံးက သိတယ်၊ ဒါပေမယ့် ... ”
ယဲ့ကူဟန်က သက်ပြင်းချကာ၊
“ ... သူ ကောင်းကင်ယံ ဂိုဏ်းထဲကို ဝင်လိုက်ပြီးထဲက ငါ သူ့ကို မမြင်နိုင်တော့ဘူး၊ အရှေ့ဘက် ပျက်စီးမြေရဲ့ ကြယ်နှစ်ဖော်က ပျောက်ကွယ်သွားပြီး တျန်ရွှမ်ဇီ နာမည်ပဲ ကျန်ခဲ့တော့တယ်။ ”
ရုတ်တရက် ယဲ့ကူဟန်က လင်းယွန်ထံ လှည့်ကြည့်ကာ ပြုံးသည်။
“ မင်းက သူနဲ့တူတယ်၊ ဉာဏ်ရည် ထက်မြက်ပြီး အရည်အချင်းရှိတယ်၊ ယနေ့ ခေတ်ရဲ့ ဇာတ်ဆောင်ပဲ။ ”
“ ကျွန်တော့်ကို သူနဲ့ ယှဉ်မကြည့်ပါနဲ့။ ”
လင်းယွန်မှ ပြုံးပြီး ငြင်းဆန်လိုက်သည်။
“ ကောင်းပြီ ... တော်ဝင် ဓားကျမ်း သင်ပေးရမယ့် အချိန်ရောက်ပြီ ... နာမည် အပြည့်အစုံက မဟာ တော်ဝင် ဓားကျမ်းပဲ၊ ဓားဂိုဏ်းရဲ့ အပြင်းထန်ဆုံး ပညာရပ်၊ ...
... ယုချင်းဖန်က ဓားဂိုဏ်းရဲ့ တောင်ထိပ်နှစ်ခုကို ဖြတ်ချလိုက်တာ နှမျော စရာပါ၊ မဟုတ်ရင် အရမ်း အစွမ်းထက်မှာ သေချာတယ်။ ”
“ ဒါဆို ကျန်တဲ့ တောင်ထိပ် ခုနှစ်ခုကို ဆုံးရှုံးရင် ဓားကျမ်းက ပျောက်ကွယ် သွားမှာ ပေါ့ ... ဒီလိုလား။ ”
“ မင်း မမှားဘူး၊ မဟာ တော်ဝင် ဓားကျမ်းမှာ ... ရည်ရွယ်ချက် ကိုးခု အထိ ရှိတယ်၊ သူတို့က မြှောက်ဖော်ကိန်း တွေပဲ၊ ဓားရည်ရွယ်ချက်ကို နှစ်ဆ တိုးစေတယ်၊ ကိုးကြိမ်မြှောက် ပြီးရင် အနန္တပဲ။ ”
ထိုစကားကို ကြားသော အခါ လင်းယွန် တစ်ယောက် ပါးစပ်ဟောင်းလောင်း ပွင့်သွား လေသည်။
“ အဆင့် တစ်ခုစီက ဓားတစ်လက်ကို ဖန်တီးရတာပဲ၊ အရိယာဓား၊ ကြက်သွေးရောင် ဓား၊ တော်ဝင်ဓား၊ မရဏဓား အစရှိ သဖြင့့်။ ”
“ ဒါက ဓားဂိုဏ်းရဲ့ တောင်ထွတ် ကိုးခုနဲ့ အမည် တူနေတာလား။ ”
လင်းယွန်မှ သတိထားမိ လာ၏။
“ မှန်တယ် တောင်ထိပ်ကိုးလုံးပဲ၊ မင်း ကိုယ်ခန္ဓာ အတွင်းမှာ ဓားတွေကို ဖွဲ့စည်းပြီး တိုက်ပွဲမှာ လွှတ်ပေးရမယ်၊ အနှစ်သာရက ကျယ်ပြန့်တယ်...
... ဓားတစ်လက်က ဓား ရည်ရွယ်ချက်ကို (၉-ဆ) မြှင့်တင်ပြီး ဓားကိုးလက် ပြည့်သွားရင် (၈၁-ဆ) အထိ တိုးနိုင်မယ်။ ”
ရှင်းပြချက်ကို နားထောင် ပြီးနောက် နည်းငယ် ကြောက်စရာ ကောင်းလွန်း သည်ဟု ယူဆမိသည်။
“ ကြောက်စရာ ကောင်းလား ... ၊ ဟတ်တယ် ဒီလိုမှ မဟုတ်ရင် ဓားဂိုဏ်းက ခွန်လွန်မှာ အသန်မာဆုံး ဂိုဏ်းလို့ ... မင်းဘာလို့ ထင်နေလဲ။ ”
ဓားဂိုဏ်း၏ ရာထူးကို ပြန်လည် ရယူရန် သစ္စာပြုခဲ့သော မြင်ကွင်းများ လင်းယွန် စိတ်ထဲ ပြန်ပေါ်လာသည်။
“ ဘာတွေ တွေးနေတာလဲ ... ဒါဆို မင်းတော်ဝင် ဓားကျမ်းကို သင်ယူဖို့ အသင့် ဖြစ်ပြီလား။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်မှ ခေါင်းညိတ်သည်။
“ ကောင်းပြီ ... တျန်ရွှမ်ဇီကို ဘေးဖယ်ထားပြီး ကျင့်ကြံဖို့ပဲ အာရုံစိုက်ပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
အခွင့်အရေးရသော် တျန်ရွှမ်ဇီ အသက် ယူပြီး ကောင်းကင်ယံဂိုဏ်း တစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ် ရပေမည်။
“ ကဲ ... ငါတို့ ဆရာရဲ့ ဆန္ဒအတိုင်း ဆရာသခင် ဆန္ဒမပါဘဲ ... တခြား လူတွေကို ပြန်သင်ပေးမှာ မဟုတ်ဘူးလို့ ... ကောင်းကင် တာအိုနဲ့ ... မင်းကျိန်ဆိုပါ။ ”
***