ညီလေး ... မင်း နည်းနည်းလောက် လူသားဆန် ပေးလို့ ရမလား။
Vol. 156 Ch. 2174
ယဲ့ကူဟန်၏ လေးနက်သော အမူအရာကို မြင်လိုက်ရ သည်နှင့် လင်းယွန်မှ ပေါ့ပေါ့ ဆဆ မနေဝံ့တော့ချေ။
မည်သူ့ကိုမျှ ပြန်လည် သင်ပေးမည် မဟုတ်ကြောင်း ကောင်းကင် တာအိုထံ ကျိန်ဆိုခြင်း ပြုလုပ်ခဲ့သည်။
“ ရော့ ... ဒီမှာ မှတ်တမ်းတင် ထားတဲ့ ကေျာက်စိမ်းတုံး၊ လုံခြုံအောင် ထားပါ အဓိက အပိုင်းက ပြီးသွားပြီ၊ ဒါပေမယ့် ရွေ့လျားမှု ပညာရပ်၊ လျှို့ဝှက် ပညာရပ် တွေနဲ့ ဓားပညာ ကတော့ ဓားဂိုဏ်းထဲမှာ ရှိတယ်။ ”
ရွှေကျောက်စိမ်းတုံး တစ်တုံးကို ကမ်းပေး လာ၏။ လင်းယွန်က နဖူးပေါ် ကပ်ကြည့်သော အခါ အချက်အလက်များ စိမ့်ဝင်လာသည်။
ရှေးဟောင်း ကျမ်းစာ၊ မန္တန်နှင့် မထင်မရှား ပုံကြမ်းများကြောင့် ခေါင်းကိုက်မိ၏။ (၁၅)မိနစ် အကြာတွင် အတွေးများ ရှင်းလင်းကုန်သည်။
ပြီးပြည့်စုံသော မဟာ တော်ဝင် ဓားကျမ်းတွင် လိုက်ဖက်သော ကိုယ်ခံပညာ များစွာ ပါဝင်သည်။
ဤရွှေကျောက်စိမ်းသည် တော်ဝင် ဓားကျမ်း၏ အဓိက အစိတ်အပိုင်း ဖြစ်သော မဟာ တော်ဝင် ဓားသုတ္တန် ဖြစ်ချေ၏။
မဟာ တော်ဝင် ဓားကျမ်းတွင် အဆင့် ကိုးဆင့်ရှိသည်။ တောင်ထိပ် နှစ်ခု ဖျက်ဆီး ခံလိုက်ရ သောကြောင့် သတ္တမ အဆင့်သို့သာ ရောက်ရှိနိုင်၏။
အဆင့် တစ်ခုစီတွင် ဓားတစ်လက်ကို ပြသရန် စုစည်းရမည်။ ဤသည်မှာ ဓားဂိုဏ်း၏ တောင်ထိပ်အမည်များ အတိုင်း ဖြစ်သည်။
အရိယာ၊ ကြက်သွေးရောင်၊ မရဏ၊ မြစိမ်းရောင်၊ မိုးပြာရောင်၊ ရွှေရောင်နှင့် တော်ဝင်တို့ ဖြစ်သည်။
ပထမ အဆင့်တွင် သဘာဝအတိုင်း အရိယာဓားကို ပြသရန် ရွေးချယ် ရမည် ဖြစ်၏။ ဆိုလိုသည်မှာ တပည့် တိုင်းသည် သက်ဆိုင်ရာ တောင်ထိပ်၏ ဓားသုတ္တန်ဖြင့် သက်ဆိုင်ရာ ဓားကို ဖန်တီးရပေမည်။
သက်ရှိ အားလုံးကို တိုက်စား နိုင်သော ငရဲစွမ်းအင် ပါရှိသည့် အရိယာဓား၊ အရာရာကို လောင်ကျွမ်း စေနိုင်သော နေမီးလျှံ ကဲ့သို့ ကြက်သွေးရောင် ဓား၊ အဖျက်စွမ်းအား ပြင်းသော လျှပ်စီး ကဲ့သို့ မရဏဓား၊ စသည်ဖြင့် အနှစ်သာရ အသီးသီး ပါရှိသည်။
တတိယ အဆင့်သို့ ရောက်ပြီးနောက်၊ မတူညီသော ဂုဏ်ရည်များကို ပေါင်းစပ်ကာ မဟာဓား အစီရင် တည်ဆောက်နိုင်၏။
ထို့အပြင် ဓား ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း အစ်ကို ဖြစ်သူ ပြောခဲ့သည့် အတိုင်း ဆတိုး မြင့်တက်စေမည်။
ယင်းသည် တော်ဝင် ဓားတံဆိပ်ကို ဖန်တီးရမည် ဖြစ်သည်။ ထိုတံဆိပ်သည် သွေးသားနှင့် သူတော်စင် ရောင်ဝါကို ကုန်ဆုံးစေ၏။
“ ဘယ်လောက် လေးနက်လိုက်လဲ။ ”
လင်းယွန်က ကျောက်စိမ်းတုံးကို ပြန်ခွာလျက် လေးနက်သော အမူအရာမျိုး ဖြစ်ပေါ်လာသည်။
ဤဓားကျမ်းသည် အဆုံးမရှိ ဟူသော ခံစားချက်မျိုး ပေးကာ ကန့်သတ်ချက်သည် ကြောက်မက်ဖွယ်ရာ မြင့်မားချေ၏။
“ မဟာ တော်ဝင် ဓားကျမ်းက ... ရှေးဦးခေတ်တည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်း ကျမ်းဂန် တစ်ခုပဲ။ ”
“ ဒါက အရမ်းများတယ် ... ကျွန်တော့် အတွက် အချိန်အကြာကြီး လေ့ကျင့်ဖို့ လုံလောက်ပါတယ်။ ”
လင်းယွန်မှ ပြောသည်။ သူ့နားလည် နိုင်စွမ်းသည် ထင်ထား သလောက် ကောင်းပုံ မရကြောင်း ပထမဆုံး အကြိမ် ခံစားလာ ရသည်။
များမကြာခင် ယဲ့ကူဟန်မှ မဟာ တော်ဝင် ဓားကျမ်းကို ရှင်းပြလာ၏။ ၎င်းမှာ သက်တံဓား သူတော်စင်နှင့် အဆင့်တူ မဟုတ်သောကြောင့် စကားလုံး အနည်းငယ်ဖြင့် ရှင်းမပြနိုင်ချေ။
ဖြည်းဖြည်းချင်းသာ သင်ပေးနိုင်၏။ ကံကောင်း စေသည်မှာ တစ်ကြိမ် ရှင်းပြရုံနှင့် လင်းယွန်မှ နားလည်နေခြင်း ဖြစ်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးသည် သုံးလခန့် ကြာမြင့်ပြီး ကျင့်ကြံမှုကို မရဏ မူလ အဆင့်သို့ စုစည်း လာနိုင်ခဲ့သည်။
ပြာမှုန်သော သူတော်စင် ရောင်ဝါသည် မရဏ သူတော်စင် ရောင်ဝါ အဖြစ် ပြောင်းလဲ သွား၏။
တစ်ချိန်တည်း မှာပင် လင်းယွန်၏ အတွေးများ ရှင်းလာကာ ဓားကျမ်း၏ အစိတ် အပိုင်း တိုင်းကို ပြတ်ပြတ် သားသား နားလည် လာလေသည်။
“ ကောင်းပြီ ... ငါဒီမှာ ရပ်လိုက်မယ်၊ မင်းအတွက် ခြောက်လ ကျန်သေးတယ် ... ငါ မနှောက်ယှက် တော့ဘူး၊ ဒါပေမယ့် မင်းရဲ့ တိုးတက်မှုကို စစ်ဆေးဖို့ ခြောက်လကြာရင် ငါပြန်လာခဲ့မယ်။ ”
ဤတစ်ကြိမ်တွင် ယဲ့ကူဟန်က လျှို့ဝှက် နယ်မြေထဲမှ ထွက်ခွာသွားတော့သည်။
“ အစ်ကိုကြီးက ငါ့အတွက် သူ့အချိန်တွေ အများကြီး ပေးခဲ့ရတယ်၊ စိတ်မပျက် စေရဘူး၊ စတုတ္ထ အဆင့်ကို ရောက်ဖို့ ကြိုးစားရမယ်။ ”
လင်းယွန်မှ ရေရွတ် လိုက်သည်။ သူ့ကို သုံးလခန့် သင်ပေးခဲ့ သဖြင့် စတုတ္ထ အဆင့်ကို မတက်နိုင်သော် စိတ်ပျက်စရာ ဖြစ်ပေမည်။
တော်ဝင် ဓားကျမ်းသည် ကျင့်ကြံရန် ခက်ခဲသော်လည်း သူ့တွင် အတွေ့အကြုံ ရှိ၏။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည် ၎င်းနှင့် အဆင့်တူသည်။
တာအို နားလည်မှု စင်မြင့်သည် သူ့အရင်းအမြစ် များစွာကို သက်သာစေ၏။ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် များသည် အရင်းအမြစ် များစွာ လိုအပ်ချေပြီ။
ဗောဓိမျိုးစေ့ကို ပါးစပ်ထဲ ငုံကာ မဟာတော်ဝင် ဓားကျမ်းအပေါ် စတင် ကျင့်ကြံ လိုက်သည်။
ခြောက်လကြာ ပြီးနောက် ယဲ့ကူဟန် ပြန်ရောက် လာသောအခါ၊ တာအို နားလည်မှု စင်မြင့်တွင် လင်းယွန်မှာ မျက်စိ မှိတ်လျက် ရှိနေသေးသည်။
ခြေသံကြောင့် လင်းယွန်မှ မျက်လုံး ဖွင့်ကြည့်မိ၏။
“ အစ်ကိုကြီး ခြောက်လတောင် ... ရှိနေပြီလား နည်းနည်း မြန်နေသလိုပဲ။ ”
“ မဆိုးပါဘူး ... ။ ”
ဓားသူတော်စင် တစ်ယောက် ဖြစ်သောကြောင့် လင်းယွန်၏ အဆင့်ကို ယဲ့ကူဟန်မှ အကြမ်းဖျင်း မြင်နိုင်သည်။
သို့သော် လင်းယွန်မှ ခေါင်းယမ်းပြီး၊
“ အဲဒီလောက် မချောမွေ့ဘူး။ ”
“ ဟုတ်လား ... မင်း ဘာလို့လဲ။ ”
“ ကျွန်တော့် အချိန် ... ကုန်ပြီလား။ ”
“ ကုန်ပြီ၊ တာအို နားလည်မှု စင်မြင့်က အရင်းအမြစ် အများကြီး ကုန်ဆုံး စေတယ်၊ မင်းကို အချိန် ကန့်သတ်ချက် မရှိ ... နေခွင့် မပေးနိုင်ဘူး၊ ပြီတော့ ဒီထဲမှာ ...
... အချိန် အကြာကြီး နေထိုင်ခြင်းက ပြင်ပ လောကနဲ့ သဟာဇာတ ဖြစ်အောင် အချိန်တွေ ပြန်လည် ပေးဆပ်ပြီး ကြိုးစား ယူရတယ်။ ”
အချိန်-အာကာသ ရတနာသည် အစွမ်းထက်သော်လည်း၊ အတုအယောင် မျှသာ ဖြစ်သည်။ အလွန်အမင်း မှီခိုလွန်းခြင်းမှာ မကောင်းချေ။
“ နားလည်ပါပြီ ... ။ ”
လင်းယွန်က ပြုံးသည်။ ဤနေရာ၌ အချိန်အကြာကြီး နေခြင်းဖြင့် ကောင်းကင် တာအို၏ အမျက်ဒေါသကို ခံရနိုင်သည်။
“ အလျင်လိုစရာ မလိုပါဘူး၊ မဟာ တော်ဝင်ဓားကျမ်းက နားလည်ရ ခက်ပါတယ်၊ အရင်က မင်းကျင့်သုံးဖူးတဲ့ ဓားသုတ္တန်တွေနဲ့ ကွဲလွဲနိုင်တယ်၊ အနာဂတ်မှာ နားလည်အောင် မင်းကို ငါကူညီမယ်။ ”
ယဲ့ကူဟန်က လင်းယွန် ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။ လူငယ် တစ်ယောက်သည် မိမိကိုယ် မိမိ ယုံကြည်မှု ရှိသင့်၏။
လင်းယွန် တစ်ယောက် ကောင်းကင် မူလအဆင့်သို့ ရောက်ရှိပါက ဓားကျမ်း အပေါ် ကောင်းစွာ နားလည်ပေ လိမ့်မည်။
လင်းယွန်ကို သင်ပေးခြင်းသည် အရမ်း စောနေသည်ဟု ခံစားရ၏။ သူတော်စင် များသာ ဤဓားကျမ်းကို လေ့ကျင့်သင့်သည်။
သူသည်ပင် ကောင်းကင် မူလ အဆင့်သို့ ရောက်မှသာ စတင်နိုင် ခဲ့သည်။ ပြုံးလျက်ဖြင့်
“ အခု ... ဘယ်အဆင့်ထိ ရောက်နေပြီလဲ။ ”
-ဟု မေးမြန်း လိုက်သည်။
ပထမ အဆင့်ကို မအောင်မြင်လျှင်ပင် အားပေးရန် ကြံရွယ် ထားသည်။ လင်းယွန်တွင် ဤမျှ စိတ်ဓါတ် ကျနေသော အမူအရာမျိုး ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်၏။
“ အဆင်ပြေပါတယ် ... မင်းငါ့ကို ပြောလို့ရပါတယ် ... ဒါနဲ့ပတ်သက်ပြီး ရှက်စရာ မလိုပါဘူး။ ”
တစ်ဖက်လူကို နှစ်သိမ့်ရာ၌ သူသည် အတော်ဆုံးဖြစ်သည်။ ထို့ကြောင့် အပြုံးဖြင့် တုန့်ဆိုင်းနေသော လင်းယွန်ကို အားပေး လိုက်၏။
“ တတိယအဆင့် အထွတ်အထိပ် ... အစ်ကိုကြီး ဒါက စိတ်ပျက်စရာ ကောင်းတယ် မဟုတ်လား၊ ကျွန်တော် စတုတ္ထအဆင့်ကို မရောက်နိုင်ခဲ့ဘူး။ ”
“ မဆိုးပါဘူး ... ။ ”
ယဲ့ကူဟန်မှ နှစ်သိမ့်ခါနီးတွင် ရုတ်တရက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိ သွားကာ၊
“ ဟမ့် ... ညီလေး ... မင်း ဘာပြော လိုက်တာလဲ၊ ဘယ်အဆင့် ... ရောက်နေတယ်။ ”
မျက်နှာပြောင်းလဲ သွားသော ယဲ့ကူဟန် အသွင်ကြောင့် လင်းယွန်မှ ဝမ်းနည်းသွားကာ တောင်းပန်လိုသော အသံဖြင့်၊
“ တတိယ အဆင့် အထွတ်အထိပ်ပါ အစ်ကိုကြီး ... ကျွန်တော့် အရည်အချင်းက အရမ်းဆိုးပါတယ်။ ”
“ တတိယအဆင့် အထွတ်အထိပ် ... ၊ ညီလေးမင်း တကယ် ပြောနေတာလား။ ”
“ ဟုတ် ... အစကတော့ စတုတ္ထအဆင့် အထွတ်အထိပ်ကို မျှော်လင့်ထားတာ တတိယ အဆင့်မှာ ကပ်နေခဲ့တယ်၊ ဒါပေမယ့် မကြာခင် အောင်မြင်မှုတွေ ယူနိုင်မှာပါ၊ အချိန် တစ်ခုပဲ။ ”
“ မင်း ... ဓားတွေကို ဖွဲ့စည်းနိုင်ပြီလား။ ”
“ ဒါတော့ သေချာတယ်၊ အရိယာဓား၊ ရွှေဓားနဲ့ မရဏဓားကို ရထားပြီးပြီ။ ”
ဤဓားသုံးလက်သည် အုတ်မြစ် ဖြစ်၏။ မရဏ ဓားသည် လျှပ်စီး တာအိုဖြင့် ဆက်စပ်ပြီး အရိယာဓားနှင့် ပေါင်းစပ်ကာ များပြားသော စွမ်းအားကို ထုတ်လွှတ်နိုင်မည်။
ရွှေဓားသည် တိုက်ပွဲဝင် စွမ်းအားကို တိုးမြင့်စေပြီး သူတော်စင် ရှေးဟောင်း လက်ရာ များနှင့် ခန္ဓာကိုယ် သန့်စင်ထားသော ကျင့်ကြံ သူများကို အံ့အားသင့်စေနိုင်၏။
“ မဟာဓားအစီရင် ကိုရော ရပြီလား။ ”
ယဲ့ချင်းရှန်မှ မေးသည်။ တတိယအဆင့်သို့ ရောက်ရှိပြီးနောက်၊ ဓားသုံးလက်ဖြင့် အစီရင်ကို ဖန်တီးနိုင်မည်။
“ ကျွန်တော် ရပြီ၊ မဟာဓား အစီရင် ဆိုတာက ရန်သူကို သတ်ဖို့သုံးတဲ့ လှုပ်ရှားမှု အမျိုးအစားပဲ၊ ဓားသုံးလက်ကို ပေါင်းစပ်ပြီး ဓားပေါင်း (၃၆)လက် ပွားယူရမယ်၊ ဒါက လွယ်ပါတယ်။ ”
ဤသည်မှာ ဓားဂိုဏ်းမှ သူတော်စင် တစ်ပါးပင် နားမလည်နိုင်သော လေးနက်မှုမျိုး ဖြစ်သည်။ လင်းယွန် ပါးစပ်မှ လွယ်သည်ဟု ဆိုနေချေ၏။
ဤဘီလူးကို နှစ်သိမ့်ရန် စဉ်းစားနေသော သူ့ကိုယ်သူသာ ပြန်လည် နှစ်သိမ့်ရန် လိုအပ် လာပုံရသည်။
“ အစ်ကိုကြီး ... ဘာလို့ မျက်နှာ မကောင်းရတာလဲ။ ”
“ ညီလေး ... နောင်အခါမှာ မင်း နည်းနည်းလောက် လူသားဆန်ပေးလို့ ရမလား။ ”
***