← Chapters

မူလနဂါး မဟာသူတော်စင်နဲ့ ဖြေရှင်း လိုက်ပါ။

Vol. 156 Ch. 2175

မူလနဂါး မဟာသူတော်စင်နဲ့ ဖြေရှင်း လိုက်ပါ။

Vol. 156 Ch. 2175

လင်းယွန်ကို နှစ်သိမ့်ရန် တွေးနေသော ယဲ့ကူဟန်သည် တစ်ဖက်လူ၏ အဖြေကိုကြား ပြီးနောက် နှစ်သိမ့်မှု လိုအပ်သူမှာ သူဖြစ်မှန်း နားလည် လိုက်သည်။

“ ခြောက်လ အတွင်း တတိယ အဆင့် အထွတ်အထိပ်ကို ရောက်နေတာက နှေးတယ် မဟုတ်လား အစ်ကိုကြီး ... ဒါက လိပ်နဲ့ မခြားဘူး မဟုတ်လား။ ”

လင်းယွန် ထပ်ပြောသော စကား များကြောင့် ယဲ့ကူဟန်မှာ ထိတ်လန့် လုနီးပါး ဖြစ်သွား၏။ သူက၊

“ ငါ မင်းကို ဂရု မစိုက်သင့်ဘူး ... ၊ အခုကြည့်ပါဦး မင်းက ထပ်ပြီး ကိုယ်ရည်သွေး နေပြန်ပြီ။ ”

“ ကျွန်တော် မလုပ်ပါဘူး။ ”

လင်းယွန်မှ အမြန် ဖြေရှင်းသည်။

“ တတိယအဆင့် အထွတ်အထိပ်ကို အသာထားဦး၊ ခြောက်လအတွင်း ဓားတစ်လက် ဖွဲ့စည်း နိုင်ရင်ကို ... အထင် ကြီးစရာ ဖြစ်နေပြီ၊ အစကတော့ မင်းရဲ့ အမြင့်ဆုံး တိုးတက်မှုက ဓားတစ်လက်ပဲ၊ ...

... ဒါပေမယ့် ဓားတစ်လက်မှ မဖွဲ့စည်းနိုင်ရင်တောင် ကိုယ့်ကိုကိုယ် စိတ်ဓါတ် မကျအောင် ငါက နှစ်သိမ့်မို့ လာခဲ့တာ။ ”

“ ဒါဆို ကျွန်တော်က ... ။ ”

“ ဟုတ်တယ် ... အနည်းဆုံးတော့ ဓားဂိုဏ်းသမိုင်းမှာ ထိပ်တန်း သုံးယောက်ထဲ ဝင်တယ်၊ ရွှေခေတ်တုန်းက ပါရမီရှင်တွေသာ မင်းနဲ့ ယှဉ်နိုင်မယ်၊ ငါတို့ ဆရာတောင် ဒီလောက် မမြန်ဘူး။ ”

“ ဒါ ... ။ ”

လင်းယွန် တစ်ယောက် ကျေေနပ်သွား၏။

“ ကောင်းပြီ ... အဲဒါကို ထားလိုက်ရအောင် မဟုတ်ရင် မင်းရဲ့ အစ်ကိုကြီးက မင်းကို မနာလို ဖြစ်ပြီး ရိုက်နှက်မိလိမ့်မယ်၊ အခု ... ပြပါဦး။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်က တော်ဝင် ဓားကျမ်းကို ဖြန့်ကျက်ကာ အမူအရာ နက်နဲ လာလေသည်။ ခရမ်းရောင် နန်းတော်အတွင်း အနက်ရောင် ကြာပန်းများ ပွင့်လာ၏။

“ အရိယာဓား ... ။ ”

အနက်ရောင် သူတော်စင် ဓားတစ်လက် သူ့နောက်၌ ပေါ်လာ၏။ ၎င်းသည် အရိယာဓား ဖြစ်သည်။

ဓားထွက်လာသည်နှင့် ပတ်ဝန်းကျင်မှ ငရဲစွမ်းအင်များကို စုပ်ယူ၏။ တစ်ချိန်တည်း မှာပင် ကြောက်မက်ဖွယ် ဓားရောင်ဝါ သည်လည်း ပျံ့ကားလာသည်။

“ မဆိုးဘူး ... မရဏဓား ပြောင်း။ ”

အားပေးမှုကို ရရှိပြီးနောက် လင်းယွန်မှ သွက်လက်စွာ ပြောင်းလိုက်၏။ ကောင်းကင်၌ လျှပ်စီးများ လက်လာသည်။ အရိယာ ဓားဘေးတွင် လျှပ်စီးဓား ပေါ်လာ၏။

“ ရွှေဓား ... ။ ”

လင်းယွန်မှ တတိယဓားကို ပြောစရာ မလိုဘဲ ထုတ်ဖော်ခဲ့သည်။ ထို့နောက် သေခြင်း၊ လျှပ်စီးတို့ တပြိုက်နက်တည်း ပွင့်လာ၏။

ထို့ကြောင့် ယဲ့ချင်းရှန်မှ သက်ပြင်းချ လိုက်သည်။ ဆရာသာ သိသော် ပျော်ရွှင်ပေ လိမ့်မည်။

အဆုံးတွင် လင်းယွန်သည် နယ်ပယ် သုံးပါးတွင် ပထမ သာမက ကောင်းကင် နဂါး သခင်လည်း ဖြစ်ခဲ့၏။

( ဆရာ ... ဒီကောင်က တျန်ရွှမ်ဇီကို ကိုယ်တိုင် ရိုက်ချင်နေတယ်၊ ဆရာရဲ့ အချစ်ဆုံး တပည့်က စိတ်မပျက်စေဘူး။ )

လင်းယွန်ကို ကြည့်ကာ ယဲ့ကူဟန် တစ်ယောက် မျက်ရည်များ ရစ်ဝိုင်းလာသည်။ လင်းယွန်က ဓားသုံးလက်ကို ထုတ်ပြပြီး လေထဲပျံဝဲ လိုက်တော့၏။

ဓားရောင်ဝါသည် ယခင်ထက် များစွာ ပိုမိုပြင်းထန် လာသည်ကို သူ ခံစား နိုင်သည်။ အရေးကြီးဆုံးမှာ ဓားရည်ရွယ်ချက် ဖြစ်၏။

ယခု အချိန်တွင် အင်အား ကြီးမားသော ပြိုင်ဘက်များကို ကိုင်တွယ် ဖြေရှင်းရန် ပို၍ လွယ်ကူ လာချေပြီ။

“ အစ်ကိုကြီး ဘယ်လိုလဲ။ ”

လင်းယွန်မှ လေထဲတွင် ပျံဝဲလျက် ယဲ့ကူဟန်ကို မေးလိုက်သည်။ ဤပြသမှုသည် သူ့အတွက် ဂုဏ်ယူဖွယ် ဖြစ်၏။

ယဲ့ကူဟန်က ပြုံးကာ၊

“ မဆိုးပါဘူး ... ဒါပေမယ့် မင်း အဲ့ဒါကို ကျွမ်းကျင်အောင် ... ငါနဲ့ လေ့ကျင့်ဖို့ လိုတယ်။ ”

-ဟု ပြောကာ ဓားသုံးလက်ကို ဆင့်ခေါ် လိုက်၏။

သူ့နောက်၌ ငရဲဓား၊ မရဏဓားနှင့် ရွှေဓား ပေါ်လာသည်။ ယင်းက လင်းယွန် ဓားရောင်ဝါ များကို ဆုတ်ယုတ် သွားစေ၏။

၎င်းတို့သည် လင်းယွန် ဓားနှင့်ယှဉ်က ပို၍သိပ်သည်းကာ လက်တွေ့ဆန်သည်။ အစစ် အမှန် ဓားသုံးလက်နှင့် တူ၏။

“ ဝှစ် ... ။ ”

နှစ်ယောက်သား အရိယာ ဓားကို ပစ်ထုတ်လိုက်သော အခါတွင် လင်းယွန်ဓားက ချက်ချင်း ပြိုကျသွားသည်။

“ ညီလေး ... မင်း အဲလောက် မတော်ဘူး သင်ပေးပါရစေ၊ မဟာ ဓားအစီရင်နဲ့ ... အရိယာ ဓားကို ပေါင်းစပ်ရမယ်၊ မဟာ ဓားအစီရင်မှာ ပုံစံပေါင်း (၃၆)ခု ရှိတယ်။ ”

ဟောက်သံ နှင့်အတူ ယဲ့ကူဟန် လှမ်းတက်လာ၏။ အရိယာ ဓားသည် ကိုးလက် အဖြစ် ကွဲထွက်သွားသည်။

“ ဝှစ် ... ။ ”

ဓားကိုးလက်က စက်ဝိုင်းပုံ သဏ္ဍာန် လှည့်ပတ်ကာ၊ ပွင့်တစ်ပွင့် အသွင် ဖြစ်ပေါ်လာ သည်။ လည်ပတ်နှုန်းမှာ မြန်ဆန်၏။

ယင်းသည် မြေပြင်မှ ကြီးမားသော တောင်ကြီးတစ်လုံး ကောင်းကင်ကို ခွဲရန် ထိုးတက်လာသလို ခံစားရသည်။

ဤသည်မှာ လင်းယွန် ရင်းနှီးသော ဓားဂိုဏ်း၏ အရိယာတောင်ထိပ် ဖြစ်ချေ၏။ တာအို နားလည်မှု စင်မြင့်သည် အလင်းနှင့် အမှောင်ကြား တစ်လှည့်စီ ပြေးနေသည်။

“ နားလည် ပြီလား။ ”

ယဲ့ကူဟန်မှ နောက်တစ်လှမ်း ထပ်လှမ်းတက်ကာ ဓားကိုးချောင်းကို ပွားယူ လိုက်ပြန်၏။

များမကြာမီ ရေတံခွန် ကဲ့သို့ ဓားတစ်ရာကျော် တိုးလာ၏။ ၎င်းဖိအား အပေါ် ပယ်ဖျက်ရန် လင်းယွန်မှ မရဏဓားနှင့် ရွှေဓားကို အသုံးပြု လိုက်ရသည်။

“ ဝုန်း ... ။ ”

သို့သော် လျင်မြန်စွာ ပြိုကျသွားပြီး လင်းယွန် ခမျာ အဝေးသို့ လွင့်စဉ်သွားတော့၏။ အတွင်းအင်္ဂါများ ပြင်းထန်စွာ ထိုးနှက်ခံ လိုက်ရသည်။

သူတော်စင် ရောင်ဝါကို အဆက်မပြတ် တိုက်စားခံနေရ၏။ ယဲ့ကူဟန်က နောက်ထပ် မရဏဓားကို ထပ်လွှတ်ကာ ပွားယူလိုက် ပြန်သည်။

ပြီးနောက် ရွှေဓား ဖြစ်၏။ အဆုံးတွင် ဓားရိပ်များ ထောင်ဂဏန်း အထိ တိုးပွားလာ တော့သည်။

ဖြစ်စဉ်သည် ဓားဂိုဏ်း၏ တောင်ကြီး သုံးလုံး ခြံရံနေသော ဓားနတ်ဘုရား တစ်ပါးနှင့် တူနေ၏။ ဤမြင်ကွင်းကြောင့် လင်းယွန် ဦးရေပြားများ ထုံကျင်လာသည်။

သူ့ဓား ရည်ရွယ်ချက်နှင့် ဓားရောင်ဝါ များမှာ၊ မည်မျှပင် ကြိုးစားစေကာမူ ဖိနှိမ်ခံ ထားရ၏။

“ ဂျိန်း ... ။ ”

ကောင်းကင်ကို ခွဲရန် ဓားရောင်ခြည် သုံးစင်းလုံး ထိုးထွက်သွားသည်။ မိုးချိန်းသံများ တဟုန်ထိုး မြည်လာ၏။

လင်းယွန် တစ်ယောက် ဒဏ်ရာများဖြင့် ဖုံးလွှမ်း လာတော့သည်။ အချိန် အနည်းငယ်နှင့် ခံနိုင်ရည် ကုန်ဆုံးသွားပြီ ဖြစ်၏။

“ ဒါက မဟာ ဓားအစီရင်ရဲ့ စွမ်းအား၊ ဒါပေမယ့် သူတော်စင် ရောင်ဝါကို အများကြီး ကုန်ဆုံးစေတယ်၊ ဒါကြောင့် မင်း အဲဒါကို လွယ်လွယ်သုံးလို့ မရဘူး၊ ...

... အရေးကြီးဆုံးက ရန်သူတွေ အရမ်းများရင် မင်းရှုံးဖို့ လွယ်သွားပြီ ... ကဲ နောက်ဆုံး လှုပ်ရှားမှုကို သင်ပေးပါရစေ၊ ...

... မဟာ ဓားအစီရင် —အနန္တဓားများ ပေါင်းစည်းခြင်း။ ”

ယဲ့ကူဟန်မှ လက်များတွဲလျက် တောင် သုံးလုံးကို ပေါင်းစပ်တော့၏။ ကောင်းကင်နှင့် မြေကြီး ပြိုကျသကဲ့သို့ ပေါက်ကွဲသံများ ညံကုန်သည်။

ဓားများ အားလုံးကို ပေါင်းစပ်လိုက် သောကြောင့် တောင်သုံးလုံး တစ်သားတည်း ဖြစ်လာသည်။

ထောင်ပေါင်း များစွာသော ဓားရောင်ခြည်များ သူ့လက်ကြားမှ စိမ့်ထွက် လာ၏။ (လက်တွင် တံဆိပ် တစ်ခုကို ဖန်တီး နေသောကြောင့် ဖြစ်သည်။ )

ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ခြည်တွင် ရူရ်များ တောက်ပစွာ ပါရှိ နေ၏။ အာကာပြင်ပင် တွန့်ခေါက်လာသည်။

“ ဝုန်း ... ။ ”

အဆုံးတွင် တာအို နားလည်မှု စင်မြင့်မှာ ကွဲအက်သွားသည်။ ထို့ကြောင့် ယဲ့ကူဟန် ခမျာ ခေါင်းကုတ်လျက် သူ့ကိုယ်သူ ပြန်သိမ်းကာ တာအို နားလည်မှု စင်မြင့်ထံ ကြည့်၏။

“ မှတ်မိလား။ ”

ကြမ်းပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက် လိုက်တော့သည်။ လင်းယွန်မှ ခေါင်းညိတ်ပြ လိုက်၏။

“ ဒါက မင်းရဲ့ ဆုလာဘ်တွေပဲ ငါ ယူလာပေးတာ။ ”

ယဲ့ကူဟန်မှ အပြုံးဖြင့် အိတ်တစ်လုံးကို ကမ်းပေးလာသည်။

“ ငါ အရင်သွားနှင့်မယ်။ ”

“ ကျွန်တော်လည်း လိုက်မယ်လေ။ ”

“ အလျင်မလိုနဲ့ ... ဒီမှာ ဆက်လုပ်ပါ၊ ခုနစ်ရက်-ရှစ်ရက်လောက် နေလို့ ရသေးတယ်၊ မဖြုန်းတီးပါနဲ့။ ”

လင်းယွန်မှ ခေါင်းညိတ်ကာ သိုလှောင်အိတ်ကို ယူလိုက်သည်။ ယဲ့ကူဟန် တစ်ယောက် ပြုံးပြီး ထွက်သွား၏။

အပြင် ထွက်လာသော ယဲ့ကူဟန်ကို မြင်ချိန်၌ ကောင်းကင်ဘုံ သူတော်စင် သခင် ရီက ချက်ချင်း ရောက်ရှိလာသည်။

“ ဓားသူတော်စင်၊ အထဲမှာ ဘာဖြစ်တာလဲ။ ”

“ ဘာမှ မဖြစ်ပါဘူး ... ဒီကောင်က နည်းနည်း လက်လွန်သွားပြီး တာအို စင်မြင့်ကို ဖျက်ဆီး ပစ်လိုက်မိတယ်။ ”

“ တော်သေး တာပေါ့ ... ဟမ် တာအို နားလည်မှု စင်မြင့် ... ပေါက်ကွဲသွား တာလား ... ဒါက။ ”

ကောင်းကင်ဘုံ သူတော်စင် သခင်ရီက သတိဝင်လာပြီး အခြေအနေ သွားကြည့်ရန် ပြင်လိုက်သည်။

“ စိတ်မပူနဲ့ ... သူက ငယ်သေးတော့ အကြောက်အလန့် မရှိတာလည်း ဖြစ်မယ်၊ ဒါကို မူလနဂါး မဟာသူတော်စင်နဲ့ ဖြေရှင်း လိုက်ပါ ... သူ့ကို ပြောမနေနဲ့။ ”

ယဲ့ကူဟန်မှ ကောက်ကျစ်သော အပြုံးဖြင့် ဟန့်တားလိုက်သည်။

“ ဟုတ်တယ် ... ဒီကိစ္စကို နဂါးမူလ မဟာသူတော်စင်နဲ့ ဆွေးနွေးရမယ် အဲဒီတုန်းက တာအို နားလည်မှု စင်မြင့်ကို တည်ဆောက်ဖို့ နှစ်တွေ ရာနဲ့ချီ အချိန်ယူခဲ့ရတာ။ ”

“ အမှန်ပဲ ... ငါတို့ သွားရအောင် ... ၊ မနှောင့်ယှက်နဲ့ သူက ငယ်သေးတယ်၊ ဒီအချိန် မူလနဂါး မဟာသူတော်စင် ဘယ်မှာရှိလဲ ငါ လမ်းပြပေးမယ်။ ”

ယဲ့ကူဟန်က ကောင်းကင်ဘုံ သူတော်စင် သခင်ရီကို အတင်းအကြပ် ဖျားယောင်း ခေါ်ငင် သွားတော့သည်။

***

All Chapters