အခမ်းအနား။
Vol. 156 Ch. 2177
“ သူကြောင့်သာ မဟုတ်ရင် ... ငါတို့ မျိုးနွယ်စု ... ဒါမှမဟုတ် ဝိညာဉ် နတ်မိစ္ဆာ မိသားစုရဲ့ ... ပါရမီရှင်က ကောင်ကင် နဂါး သခင်ဘွဲ့ကို သိမ်းပိုက်နိုင်လိမ့်မယ် ...
... ဒီကောင်က မီးလျှံ ရွှေကြာပန်းကိုလည်း ခိုးသွားတယ်၊ ထင်ထားတာထက် ခြိမ်းခြောက်မှု ပိုပေးလာနိုင်တယ်၊ အခွင့်အရေး ရရင် သူ့ကို ဖယ်ထုတ်ပါ မဟုတ်ရင် ... အနာဂတ်မှာ ကပ်ဘေး ဖြစ်လာလိမ့်မယ်။ ”
သူမ မျှော်လင့်ထားပြီး ဖြစ်သောကြောင့် ဝမ်မူယန်မှ တည်ငြိမ်မှုကို ဆက်ထိန်းထားနိုင် ခဲ့သည်။
“ သူက အရမ်း လျှို့ဝှက် ဆန်းကြယ်ပြီး ဆက်ဆံရခက်တယ်။ ”
“ သူ့ရဲ့ အထောက် အထားက စိတ်ဝင်စားစရာပဲ၊ တကယ် ယဲ့ချင်းရှန်လား တခြား တစ်ယောက်လား ဆိုတာ သံသယ ဝင်မိတယ်။ ”
“ သူက ယဲ့ချင်းရှန် မဟုတ်ရင် ... ဘယ်သူ ဖြစ်နိုင်မလဲ။ ”
ဝမ်မူယန်မှ ပြုံး၍ စူးစမ်း လိုက်သည်။ ကျော်ကတျန်းယွီက ခေါင်းယမ်းလျက်၊
“ ဒါက အရေး မကြီးတော့ပါဘူး၊ တစ်ယောက် ယောက်က သူ့ကို ... တာဝန်ယူ လိမ့်မယ်၊ တစ်ခုတည်းသော ခြိမ်းခြောက်မှုက ကောင်းကင်ဓားနဲ့ တာအိုဓားပဲ၊ သူတို့ ထွက်ပေါ် မလာနိုင်ဘူး ဆိုပေမယ့်လည်း ...
... အရံ အစီအစဉ် တစ်ခုတော့ လုပ်ထားရမယ်၊ ဒါနဲ့ ... ကောင်းကင် စက်ဝန်း ဘုံကျောင်းရော ဘယ်လိုလဲ။ ”
“ အားလုံး ချောချော မွေ့မွေ့ ဖြစ်နေပါပြီ၊ ရှေးဟောင်း ဝိညာဉ်က လုံးဝ နိုးထလာပြီ။ ”
ဝမ်မူယန်မှ ခေါင်းညိမ့်၏။
“ ကောင်းကင် စက်ဝန်း ဘုံကျောင်းက ငါတို့ဂိုဏ်းရဲ့ ရတနာပဲ၊ သူတို့က အကျိုးအမြတ် ရယူထားတာ ကြာနေပြီ၊ အခု ပြန်သိမ်းရမယ်။ ”
ကောင်းကင် စက်ဝန်း ဘုံကျောင်းသည် ကောင်းကင်တာအို ဂိုဏ်းအတွက် အရေးပါ၏။ ၎င်းကို သိမ်းယူခြင်း ခံရပါက ပြင်းစွာသော ထိုးနှက်ချက် ဖြစ်နိုင်သည်။
အရှေ့ဘက် ပျက်စီးမြေ၏ အသန်မာဆုံး မြင့်မြတ်မြေ အဖြစ်မှပင် ဖယ်ရှားခံရ နိုင်ချေ ရှိသည်။
ထို့အပြင် ရတနာများ၊ နည်းစနစ်များနှင့် သူတော်စင် စွမ်းအင်လုံးများလည်း ပါရှိသွား နိုင်၏။
ဆုံးရှုံးမှု အကျိုးဆက်သည် ကြီးမားပြီး ကောင်းကင် တာအိုဂိုဏ်း ခံနိုင်ရည် ရှိသော အရာမျိုး မဟုတ်ချေ။
ထိုအချိန်တွင် လူရိပ် တစ်ရိပ် ဝင်လာသည်။ နှစ်ယောက်သား ခေါင်းလှည့် ကြည့်လိုက်သော အခါ ကူရှင်းယွီကို မြင်လိုက်ရ၏။
၎င်းသည် ကောင်းကင် နဂါးသခင် ရာထူးအတွက် လင်းယွန်နှင့် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ဒဏ်ရာများမှ ပြန်လည် သက်သာ လာသည်သာ မကဘဲ ပို၍ သန်မာနေ၏။
“ ယဲ့မိသားစုရဲ့ ... ကျောက်ဆောင် သူတော်စင် ဘုရင်က သဘောတူ လိုက်ပါတယ်။ ”
ကူရှင်းယွီ၏ သတင်းစကားကြောင့် ကျောက်တျန်းယွီက ပြုံးပြီး၊
“ မျှော်လင့်ထား သလိုပါပဲ၊ သူ လက်ခံလိုက်တဲ့ အတွက် ယဲ့ချင်းယွီက ငါတို့ကို ဒုက္ခမပေး နိုင်တော့ပါဘူး၊ ကျန်း-မိသားစုက အင်ပါယာ ခွေးမို့ ...
... အများကြီး ထည့်စဉ်းစားနေစရာ မလိုတော့ဘူး၊ ပိုင်မိသားစု ကလည်း ခွန်အားကို ဖုံးကွယ်ဖို့သာ စိတ်ကူးရှိနေတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဒါပေမယ့် သူက လောဘ နည်းနည်း ကြီးတယ်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်း အတွင်းက ရတနာ ငါးဆယ်ရာခိုင်နှုန်းကို လိုချင်နေတယ်။ ”
ကူရှင်းယွီမှ ညှိနှိုင်းမှု အကြောင်း ပြန်ပြော ပြလိုက်၏။
“ ပေးလိုက်ပါ ... ယဲ့မိသားစုကို သူကိုင်တွယ်ပါစေ။ ”
ကောင်းကင် စက်ဝန်း ဘုံကျောင်းသည် ရတနာများ အတွက် ပို၍ တန်ကြေး ရှိချေ၏။ သွေးလဂိုဏ်းတွင် အရင်းအနှီး မရှားချေ။ ထို့ကြောင့် အရာအားလုံးကို ပေးရမည် ဆိုသော်မှ ပေးနိုင်၏။
“ အခု ငါတို့ ... နောက်လ ကိုးရက်နေ့ကို စောင့်ရုံပဲ ကျန်တော့တယ်။ ”
ကျောက်တျန်းယွီမှ စိတ်လှုပ်ရှားမှုကို ထိန်းလျက် ပြောကြားလိုက်သည်။ ကောင်းကင် တာအို ဂိုဏ်းသည် ပြိုကွဲနေ သော်လည်း၊ ဤနေ့အတွက် နှစ်ပေါင်း နှစ်ရာကျော် ပြင်ဆင်ရသေးသည်။
သို့တိုင် အောင်မြင်မှု အပေါ် အကြွင်းမဲ့ ယုံကြည်ချက် မရှိချေ။ တန်ဖိုး ကြီးကြီး မားမား ပေးချေရ နိုင်မည်။
ကောင်းကင် စက်ဝန်း ဘုံကျောင်းနှင့် နေလနတ်ရူရ်သည် ခွန်လွန်ကို ပြန်၍ စိုးမိုးရန် အခွင့်အရေး ပေပင်။
အထူးသဖြင့် နေလ နတ်ရူရ် မပါဘဲ ခြောက်ပါးသော မြို့တော်ရှိ အစီရင် တံဆိပ်ကို မဖျက်ဆီး နိုင်ချေ။
ထိုတံဆိပ်သည် တောင်ပိုင်း ဧကရာဇ်မှ ပြန်လည် ပြုပြင်ထားသော အစီရင်၏ ဗဟိုချက် ဖြစ်သည်။ သွေးဘုရင် နိုးထလာရန် ၎င်းကို ပယ်ဖျက်ရမည် ဖြစ်၏။
“ မူယန် ... နတ်ရူရ်က မင်းနဲ့ သက်ဆိုင်ပါတယ်၊ ဒါပေမယ့် မင်းဘာလို့ မပျော် ရတာလဲ။ ”
ဝမ်မူယန် အသွင်အပြင်ကို သူ သတိထားမိ သွားသည်။
“ ဒီနေ့ကို ... ငါစောင့်နေတာ ကြာပြီ၊ ဒါပေမယ့် နတ်မီးတောက်က အဲဒီ နေရာကို ပိတ်ဆို့ ထားတယ်။ ”
“ နတ်မီးတောက်ကို ဖျက်ဆီး ပစ်ရင်ရော။ ”
ကူရှင်းယွီမှ စိတ်လှုပ်ရှားစွာ မေးမြန်း လိုက်သည်။
ထိုအချိန်တွင် လင်းယွန် တစ်ယောက် တော်ဝင် သမီးတော် ခြံဝင်းသို့ ရောက်ရှိ လာ၏။ သို့သော် သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို ရှာမတွေ့ချေ။
ရှင်းယန်မှာ မရဏ မူလ အဆင့်ကို ဖြတ်ကျော်ကာ သူတော်စင် မူလ ဖန်တီးနေ ခဲ့သည်။
လေထုထဲ မြူခိုးများ ပြည့်နှက်နေပြီး ချောက်ကမ်းပါး ပေါ်တွင် ထွင်ထုထားသည့် ဗုဒ္ဓ ရုပ်ပွားတော်ကြီး တစ်ဆူ ရှိသည်။
ထိုရုပ်ပွားတော် အကြည့်အောက်တွင် ရှင်းယန်သည် သိက္ခာရှိသော ရွှေရောင်အဆင်း များဖြင့် ဖုံးအုပ်နေ၏။
သူမသည် မဟာယင် သူတော်စင် ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ကာ နိုးထမှု အချို့ ရှိနေခဲ့သည်။
သူမ စိတ်အတွင်း၌ ဗုဒ္ဓ အယူအဆများ အမြစ်တွယ်ကာ သေမျိုးလောကနှင့် ကင်းကွာ လာသည်။
ဤသည်မှာ ဗုဒ္ဓလမ်းစဉ်ကို လျှောက်လှမ်းခြင်း၏ အကျိုးအမြတ် ဖြစ်၏။ လေထဲတွင် ဝတ်ရုံစများ လွင့်မျောနေသော သူမ အသွင်သည် မြင်ရသူတိုင်းကို စိတ်နှလုံး ကြည်နူးစေသည်။
ထို့ကြောင့် မနှောင့်ယှက်တော့ဘဲ နီးစပ်ရာ ခြံဝင်းငယ် တစ်ခုထဲ ဝင်ရောက်ကာ တစ်ညတာ အနားယူမိ၏။
မနက်လင်း သည်နှင့် မရဏ မိုးကြိုး တောင်ထိပ် သခင်ထံ ပြန်လာကာ၊
“ တောင်ထိပ် သခင်၊ နောက်လ ကိုးရက်နေ့က ဘာနေ့လဲ။ ”
-ဟု မေးမိ၏။
“ နောက်လ ကိုးရက်နေ့လား ... ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စား လာရတာလဲ၊ မင်း မမေးရင်တောင် ငါပြောပြမို့ ပါပဲ။ ”
“ ဘာလို့လဲ ... ပွဲရှိလို့လား။ ”
လင်းယွန်က အံ့သြသော လေသံဖြင့် မေးလိုက်သည်။
“ နောက်လ ကိုးရက်နေ့က ကောင်းကင် တာအိုဂိုဏ်းရဲ့ သက်ကြီးရွယ်အိုတွေကို အရိုသေ ပေးရမဲ့ နေ့ပဲ၊ နန်းတော် နှစ်လုံး၊ ခြံဝင်း သုံးခုနဲ့ တောင်ထိပ် ခုနစ်ဆယ်နှစ်လုံးတို့က လူတိုင်း တက်ရောက် ဦးညွှတ်ရမယ်၊ ...
... အဲဒီနေ့မှာပဲ ... တောင်ထိပ် ကိုးပါး ပြိုင်ပွဲကို ကျင်းပလိမ့်မယ်၊ ကိုးပါး တောင်ထိပ် ဖြစ်ဖို့ အခွင့်အရေး ရှိမယ်။ ”
ခုနစ်ဆယ့်နှစ်လုံးသော တောင်ထိပ်များ ကြားတွင် အပြင်းထန်ဆုံး တောင်ထွတ် ကိုးခုကို ကိုးပါးတောင်ထိပ် အဖြစ် သတ်မှတ်ကြ၏။
၎င်းတို့၏ ရာထူးသည် ခြံဝင်းသုံးခုနှင့် အကြမ်းဖျင်း တူညီ၏။ ရရှိသည့် အရင်းအမြစ် များသည် အခြားသော တောင်ထိပ်များထက် များစွာ သာလွန်သည်။
မရဏ မိုးကြိုး တောင်ထိပ်သည် အောက်ခြေတွင် အမြဲတမ်း ရှိနေသောကြောင့် ၎င်းတို့ကို သဘာဝအတိုင်း မယှဉ်နိုင်ချေ။
သို့သော် ဤအထက် ကိုးပါး တောင်ထိပ် ပြိုင်ပွဲသည် အရေးကြီးသောပွဲမျိုး မဟုတ်သဖြင့်၊ လင်းယွန်မှ စဉ်းစားနေ မိသည်။
အဘယ့်ကြောင့် ဝမ်မူယန်သည် ထိုနေ့ရက်ကို ရွေးရသနည်း။ အခမ်းအနား၌ တစ်စုံတစ်ရာ ရှိနေသည်လော။
“ တောင်ထိပ် သခင် ... အဲဒီနေ့မှာ အခြား လုပ်ဆောင်ချက်တွေ ရှိသေးလား။ ”
လင်းယွန်မှ ထပ်မေးမိသည်။
“ အခြား လုပ်ဆောင်ချက် ... အိုး ဟုတ်တယ်၊ ဧကရာဇ်ဓားကို ပြန်ယူ နိုင်မလား ဆိုတာကို စမ်းကြည့် နိုင်မယ်၊ ဒါပေမယ့် ...
... နှစ်ပေါင်းများစွာ ကြာနေပြီ၊ ဘယ်သူမှ မအောင်မြင် သေးပါဘူး၊ ဒါက မျှော်လင့်ချက် မရှိဘူး။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်က သူ့မုတ်ဆိတ်မွေးကို ကိုင်ကာ၊
“ ဒီထက် အရေးကြီးတာ ရှိတယ်၊ အခမ်းအနားကို ကောင်းကင် ယင်နန်းတော်နဲ့ တာအို ယန်နန်းတော်က ကျင်းပပြီး အချို့သော မြင့်မြတ်မြေတွေ လာရောက် ကြလိမ့်မယ်၊ ...
... အဲဒီနေ့မှာ ငါတို့ ဘိုးဘေးတွေရဲ့ ဖြစ်စဉ်တွေ ပေါ်လာပြီး သူတော်စင် တာအိုတွေ ပဲ့တင်သံ ပြန်လာ လိမ့်မယ်၊ ဒါက သူတို့အတွက် တာအိုနားလည်ဖို့ အခွင့်အရေးပဲ။ ”
“ နားလည်ပါပြီ ... ။ ”
လင်းယွန်က လေးလေး နက်နက် တွေးတောလိုက် သော်လည်း အကြောင်းအရာ အပေါ် မဖမ်းနိုင်သေးချေ။
အတွေးများ ရပ်ကာ အထက် ကိုးပါး တောင်ထိပ် ပြိုင်ပွဲ၏ စည်းမျဉ်း များကို မေးမြန်း လိုက်သည်။
ဖြစ်နိုင်ပါက မရဏ မိုးကြိုး တောင်ထိပ် အတွက် အထက် ကိုးပါးနေရာ တစ်ခု ရရှိရန် ကူညီပေးလို၏။
“ စည်းမျဉ်းတွေက ရိုးရှင်းတယ်၊ လက်ရှိ ကိုးပါး တောင်ထိပ်က သူတော်စင် တပည့်တွေ စေလွှတ်ပြီး ... ကျန်တဲ့ တောင်ထိပ် တွေကို စိန်ခေါ်ခွင့် ပေးလိမ့်မယ်၊ ...
... သူတို့ရဲ့ သူတော်စင် တပည့်က သုံးကြိမ် ဆက်တိုက် ရှုံးသွားရင် အထက်ကိုးပါး နေရာက ဖယ်ပေးရတယ်၊ ဒါက လွယ်တယ် ထင်ပေမယ့် အထက်ကိုးပါး တောင်ထိပ်ကို၊ အဓိက မျိုးနွယ်စု လေးခုကနေ၊ ...
... ချုပ်ကိုင်ထားပြီး သူတို့ရဲ့ သားစဉ် မြေးဆက်တွေက အခြားသော ဉာဏ်ကြီးရှင် တွေထက် အဆများစွာ သာလွန်တယ်။ ”
ဆိုလိုသည်ကို လင်းယွန်မှ နားလည် လိုက်သည်။ သုံးကြိမ်ရှုံးခွင့်ဟူသော အဓိပ္ပါယ်မှာ ၎င်းတို့၏ သူတော်စင် တပည့်သုံးဦး အထိ ပြောင်းလဲနိုင်သည်ဟု အဓိပ္ပါယ်ရ၏။
“ ဘာလို့ မစမ်းကြည့် ရတာလဲ။ ”
လင်းယွန်မှ ပေါ့ပေါ့ပါးပါး မေးမိသည်။
“ ဟုတ်တယ် ... ဒါက ငါ့ရည်ရွယ်ချက်ပဲ၊ ဒါပေမယ့် အခု မဟုတ်တော့ဘူး ... သူတော်စင် တပည့်တွေကို အသက် ကန့်သတ်ချက် မထားပဲ ဝင်ပြိုင်ခွင့် ပြုထားတယ်၊ ဒါကြောင့် အသက် အကြီးဆုံး သူတော်စင် တပည့်တောင် အသက်တစ်ရာ ရှိတယ်၊ ...
... သူတို့ အားလုံး ကောင်းကင် မူလ အဆင့်မှာ ရှိပြီး၊ ကောင်းကင်နဂါး သခင် ဆိုရင် တောင်မှ ... မင်း လုပ်နိုင်တာ မရှိဘူး။ ”
မျိုးနွယ်စုကြီး လေးခု၏ အရင်းအမြစ် များကြောင့် ထိုကောင်းကင် မူလ အမည်ခံ သူတော်စင် တစ်ပါး မည်မျှ ကြောက်စရာ ကောင်းသည်ကို မှန်းဆနိုင်သည်။
“ မင်းက ... မိုးပြာ မူလအဆင့်ပဲ ရှိပါသေးတယ်၊ ဒါကြောင့် သန်မာနေ ရင်တောင် သည်းခံပါ ... သူတို့နဲ့ တိုက်ခိုက်ဖို့ နည်းလမ်း မရှိသေးဘူး။ ”
“ ဒါတော့ လုံးဝ မမှားဘူး။ ”
လင်းယွန်မှ ပြုံးလိုက်သည်။ အကယ်၍သာ သူသည် မိုးပြာမူလ အဆင့်တွင်သာ ရှိနေပါက၊ အမှန်ပင် ဖြစ်သည်။
“ ဘယ်သူက ကောင်းကင် နဂါးသခင်ကို အနိုင် မယူချင်ဘဲ နေမှာလဲ၊ မင်းက ကောင်းကင် မူလအဆင့်ကို ရောက်ရင် ... သူတို့ကို ဓားတစ်ချက် တည်းနဲ့၊ ...
... ဖြေရှင်းနိုင်မယ် ဆိုတာ ငါယုံတယ်၊ ဒါပေမယ့် အခု မဟုတ်သေးဘူး၊ အလျင် မလိုနဲ့ ငါတို့မှာ အချိန် ရှိပါသေးတယ်။ ”
“ တောင်ထိပ် သခင် ... ကျွန်တော် မရဏ မူလ အဆင့်ကို ရောက်နေပြီ။ ”
လင်းယွန်က ပြုံးပြီး တာအိုပန်း နှစ်ပွင့်ကို ထုတ်ပြလိုက်၏။ လေနှင့်လျှပ်စီး တာအို ပေပင်။
“ မင်း ... ။ ”
လင်းယွန်ထံမှ လာသော ရောင်ဝါသည် ကောင်းကင် မူလ အဆင့်ထက် အားနည်းခြင်း မရှိသောကြောင့် တောင်ထိပ် သခင်က ထိတ်လန့် သွားသည်။
“ တောင်ထိပ် သခင် ... ကျွန်တော် စမ်းကြည့်ပါရစေ ... သူတို့ကို အနိုင် မယူနိုင် တာနဲ့ ချက်ချင်း ပြန်ဆုတ်ပြီး ... အရှက်ခွဲခွင့် မပေးပါဘူး။ ”
သူသည် ၎င်းတို့ကို အခွင့်အရေး ပေးသည်လော၊ သို့မဟုတ် အခွင့်အရေး ယူနေ သည်လော ထိုနေ့တွင် သိရပေလိမ့်မည်။
မရဏမိုးကြိုး တောင်ထိပ် သခင်က ခဏမျှ တုံ့ဆိုင်းနေပြီး၊
“ မင်းတကယ် စမ်းကြည့် နိုင်ပုံရတယ်၊ ကောင်းပြီ ဒါပေမယ့် ချန်ပီယံဆုအတွက် ပြိုင်ဖို့ စိတ်မကူးနဲ့ ... အထက်ကိုးပါး တောင်ထိပ် နေရာကို ဝင်နိုင်ရင်ရပြီ။ ”
“ ချန်ပီယံအတွက် ထူးခြားတာ ရှိလို့လား။ ”
“ ဆုလာဘ် အနည်းငယ်နဲ့ ... အမွှေးတိုင် ထွန်းခွင့် ပေးတာပါ၊ ဒါက အခမ်းအနား တစ်ခု ဖြစ်တာမို့ ... ဘိုးဘေးတွေ အတွက် ချန်ပီယံက အမွှေးတိုင် ထွန်းခွင့်ရမယ် ... သူ့အတွက် ကံကြမ္မာပဲ မဟုတ်လား။ ”
ဤသည်မှာ ကောင်းကင် တာအိုဂိုဏ်း၏ ဘိုးဘေးများ ကံကြမ္မာကို ပေးအပ်ခြင်း ဖြစ်ချေ ပြီ။
“ မင်းက အခု ကောင်းကင် နဂါး သခင် ဖြစ်နေပြီ၊ မင်းကို လူတိုင်း အာရုံစိုက် လိမ့်မယ်၊ ဒါကြောင့် နိမ့်ကျတဲ့ ပုံစံမျိုး ပြုမူပြီး နေပါ။ ”
“ တောင်ထိပ် သခင် ... ကျွန်တော်က အမြဲတမ်း နှိမ့်ချစွာ ပြုမူနေထိုင်တဲ့ လူပါဗျ၊ အထင် မလွဲပါနဲ့။ ”
“ ဟမ့် ... မင်းက နှိမ့်ချတတ်တဲ့ ... လူသာဆိုရင် ဒီကမ္ဘာကြီးမှာ မောက်မာတဲ့လူ ဆိုတာ ... ရှိတော့မှာ မဟုတ်ဘူး၊ မင်း ပြန်လာပြီး ကတည်းက ...
... ငရဲသစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော် ရေချိုးတာကို ထပ်ပြီး ချောင်းကြည့် ခဲ့တယ်၊ ခြောက်ပါးသော မြို့တော်မှာ အမည်ခံ သူတော်စင် သခင်ကို သတ်ပြီး၊ ကောင်းကင် သန့်စင်ခြင်း တောင်ထိပ်ပေါ် တက်တယ်၊ ဓားညီလာခံကို ဖျက်ဆီးတယ် ...
... နဂါးပြာ မှတ်တမ်းမှာ အမျိုးသမီး နှစ်ယောက် အတွက် ... နဂါးပလ္လင်ကို မထီမဲ့မြင် ပြုပြီး ... ကောင်းကင်နဂါး သခင် ဆုလာဘ်ကို ဧကရီဆီက တောင်းခံတယ်၊ ဒါက နှိမ့်ချတဲ့ အပြုအမူလား။ ”
“ တောင်ထိပ်သခင် ဒါက အထင် လွဲနေတာပါ၊ ကျွန်တော် သဘောထား ကြီးတာ ဂိုဏ်းက လူတိုင်း သိပါတယ်။ ”
“ ပါးစပ် ပိတ်ထား ... အထက် ကိုးပါး တောင်ထိပ်နေရာ အတွက်ပဲ ပြိုင်ပါ၊ ဘာမှ ထပ်မလုပ်နဲ့ ... ။ ”
***