← Chapters

တောင်းပန်ပါတယ် ... ငါ့ဓားက အရမ်း မြန်သွားတယ်။

Vol. 156 Ch. 2180

တောင်းပန်ပါတယ် ... ငါ့ဓားက အရမ်း မြန်သွားတယ်။

Vol. 156 Ch. 2180

မိုင်ထောင်ချီသော ကျယ်ပြန့်သော ကွင်ပြင်ကြီးတွင် တေးဂီတသံများ ပဲ့တင်ထပ် နေ၏။

အခမ်းအနားသည် ထည်ဝါပြီး လူတိုင်းမှ အလေးအနက်ထား ကြသည်။ မရဏ မိုးကြိုး တောင်ထိပ် သခင်နှင့် လင်းယွန်တို့က စကားစမြည်များ ပြောနေကြ၏။

ရွှေရောင် အလင်းတန်း များက ကောင်းကင်ကို ဖုံးလွှမ်း သွားကာ ချည်မျှင်များ ကဲ့သို့ ယှက်သိုင်းလာသည်။

လျှို့ဝှက် ဆန်းကြယ်သော ကြိုးများ ပါရှိသည့် ချောမွေ့သော မှန်တစ်ချပ် သဖွယ် ဖြစ်နေ၏။

ထိုအချိန်၌ မျက်စိမှိတ် ထားသော် သူတော်စင်များ အားလုံး ကောင်းကင်ပေါ် မျက်လုံးဖွင့် ကြည့်ကာ တီးတိုး စကားဆို လာကြသည်။

“ ဧကရာဇ် နယ်ပယ် တန်ခိုးရှင်တွေက တောင်ထိပ် ခုနစ်ဆယ့်နှစ်ခုကို တည်ထောင်ပြီး အထက်ကိုးပါး ပြိုင်ပွဲကို ကျင်းပခဲ့တယ်၊ ဒီနေ့တော့ မြင်ခွင့်ရပြီ။ ”

လက်သီး တစ်ထောင် သူတော်စင်က၊

“ ကျောက်စိမ်း တောင်ထိပ်၊ ဓားတောင်ထိပ်၊ ကောင်းကင် တောင်ထိပ်၊ မြေကြီး တောင်ထိပ်၊ မိုးကြိုး တောင်ထိပ်၊ မီးတောင်ထိပ်၊ လျှပ်စီး တောင်ထိပ်နှင့် တိမ်တောင်ထိပ်။ ”

-ဟု နာမည်ခေါ် လိုက်သည်နှင့် ကိုးပါးတောင်ထိပ်များမှ တပည့်များ စင်မြင့်ပေါ် တက်လာသည်။

၎င်းတို့က စင်အောက်ရှိ အခြားသော တောင်ထိပ် တပည့်များထံ ကြည့်ကာ ပြုံးလိုက် ကြ၏။

လူတိုင်း ကောင်းကင် မူလ အဆင့်တွင် ဖြစ်သည်။ အသက်အရ ငါးဆယ်ကျော်နေကာ၊ အချို့သည် အသက်တစ်ရာ အထိပင် ရှိ၏။

အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်ပြီးနောက် အသက်တစ်ရာ ကျော်သည် အသက်ကြီး သည်ဟု မဆိုသာချေ။ နှစ်ပေါင်း ရာဂဏန်း အသက်ရှင် နေရဦးမည် ဖြစ်သဖြင့်၊ နုပျိုနေ သေး၏။

“ အထက်ကိုးပါး တောင်ထိပ်တွေမှာ ကောင်းကင် တောင်ထိပ်က အခြားတောင်ထိပ် တွေထက် ပိုသန်မာတယ် ... သူတို့ရဲ့ အညံ့ဆုံး တပည့်တောင် ...

... ကောင်းကင် မူလအဆင့်ပဲ၊ ဒါကြောင့် မင်းမောက်မာ မနေနဲ့၊ တောင်ထိပ် ကိုးပါးထဲ ဝင်ရင်ရပြီ။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ လင်းယွန်ကို နားချရန် ကြိုးစားနေခြင်း ဖြစ်၏။ လင်းယွန်က အပြုံးဖြင့်သာ တုန့်ပြန်သည်။

စင်မြင့်ပေါ်ရှိ ၎င်းတို့မှာ နက်နဲပြီး နားမလည်နိုင်သော ခွန်အားမျိုး ပိုင်ဆိုင်ကာ အမှန်ပင် ကျွမ်းကျင်သူများ ဖြစ်၏။

“ ကောင်းကင် တောင်ထိပ်ရဲ့ ဝမ်ကျစ်ကို ဘယ်သူမှ စိန်ခေါ်ဝံ့မှာ မဟုတ်ဘူးလို့ ထင်တယ်၊ သူတို့ အချင်းချင်း ပြန်တိုက်မှသာ ခွန်အားကို မြင်ခွင့် ရလိမ့်မယ်။ ”

“ အဲဒါက အဓိပ္ပါယ် သိပ်မရှိပါဘူး၊ အထက်ကိုးပါး တောင်ထိပ်ကို သုံးကြိမ် ရှုံးခွင့် ပေးတာက အခွင့်အရေး ပေးနေ သလိုပဲ။ ”

အထက်ကိုးပါး တောင်ထိပ် ပြိုင်ပွဲသည် ဧကရာဇ်ဓားကို ပြန်ခေါ်မည့် အခမ်းအနား၏ အကြောင်းပြချက် ဖြစ်သည်။

ထို့ကြောင့် ယဇ်ပလ္လင် ပေါ်ရှိ ဖိတ်ကြားထားသည့် ဧည့်သည်များ အားလုံးက စိတ်ဝင်တစား ကြည့်လာကြသည်။

ကောင်းကင် တာအိုဂိုဏ်း မည်မျှ အားကောင်းသည်ကို သိလို၏။ မြင့်မြတ်မြေများ အတွက် သူတော်စင်များသည် အဓိက ထောက်တိုင်များ ဖြစ်သည်။

၎င်းတို့ သေဆုံးခြင်မှ ကာကွယ်ရန် တာဝန်များ စေလွှတ်ခြင်း မပြုလုပ် ကြချေ။ ထို့ကြောင့် ဂိုဏ်းတစ်ဂိုဏ်း၏ အင်အားသည် အမည်ခံ သူတော်စင် တပည့်များ အပေါ် များစွာမူတည်၏။

“ ထောင်ကုန်း တစ်ထောင်ရဲ့ ကျိုးကျွင့်လိန်က လျှပ်စီး တောင်ထိပ်ကို စိန်ခေါ် ချင်ပါတယ်။ ”

လျှပ်စီး တောင်ထိပ်ကို ကိုယ်စားပြုသော သူတော်စင် တပည့်သည် အသက် (၅၀)ကျော် နေပြီ ဖြစ်၏။ ကျန်းမူဟု ခေါ်သည်။

“ မင်းက အားနည်းသေးတယ် ... ငါ့ကို အနိုင်ယူဖို့ အခွင့်အရေး မရှိဘူး။ ”

ကျန်းမူက စိန်ခေါ်မှုကို လက်ခံလျက် လှမ်းထွက် လာသည်။

“ မကြိုးစားဘဲ ဘယ်သူ သိမှာလဲ။ ”

တောင်ကုန်း တစ်ထောင် တောင်ထိပ် ဟူသည် (၇၂)လုံးသော တောင်ထိပ်များ ကြား၌ အဆင့်အတန်း မြင့်မားချေ၏။ ထို့ကြောင့် ကျိုးကျွင့်လိန်၌ မျှော်လင့်ချက် ရှိသည်။

“ ဟား ဟား ဟား ... ၊ ဘယ်လိုတောင် မသိတတ်လိုက်လဲ။ ”

ကျန်းမူက ခြေတစ်လှမ်း ရှေ့သို့ လှမ်းတက်လိုက်၏။ ၎င်းတို့နှစ်ဦးသည် တူညီသော ကျင့်ကြံမှု၌ ရှိနေသည်။

သူတို့၏ မြင့်မြတ်သော မီးလျှံများကို လောင်ကျွမ်းစေပြီး ကောင်းကင် (၃၆)လွှာမှ ဖိအားကို ချေးငှား ယူထားကြ၏။

ထို့ကြောင့် သူတို့ ထုတ်လွှတ်သော ရောင်ဝါများသည် ရွှေရောင် တိမ်တိုက်များကို လှိုင်းအသွင် ပျံ့နှံ့သွားစေသည်။ ကျိုးကျွင့်လိန်မှ ကျန်းမူကို ကောင်းစွာ ရင်ဆိုင်နိုင်သည်။

တောင်ကုန်း တစ်ထောင် တောင်ထိပ်မှ တပည့်များက ထိုမြင်ကွင်းကြောင့် အခွင့်အရေး ရနိုင်မည်ဟု ခံစားလာ ရကာ၊ စိတ်လှုပ်ရှား ကုန်တော့၏။

သို့သော် ရုတ်တရက် ဆိုသလိုပင် နဂါးဟောက်သံ နှင့်အတူ ကျန်းမူထံမှ ရွှေရောင် အဆင်းသဏ္ဍာန်များ ဖြာထွက်လာသည်။

“ ဝုန်း ...။ ”

“ ဝေါ့ ... ။ ”

ပေါက်ကွဲသံနှင့် အတူ ကျိုးကျွင့်လိန် တစ်ယောက် ရောင်ဝါ မှိန်ဖျော့လျက် သွေးအန် သွားသည်။

“ ဒါက ... မင်း အကောင်းဆုံး လုပ်နိုင်တာ ဆိုရင် ကိုယ့်ကိုကိုယ် အရှက် မခွဲပါနဲ့။ ”

ကျန်းမူက အေးစက်စွာ ပြောသည်။ ဤအခိုက်တွင် လူတိုင်းက သူတို့ နှစ်ဦးသည် တူညီသော အဆင့်တွင် မရှိဟု သိရှိလိုက်၏။

အဘယ့်ကြောင့် ဆိုသော် ရလာဒ်မှာ ဆယ်ကြိမ်အတွင်း ထွက်ပေါ်လာ သောကြောင့် ဖြစ်သည်။

တောင်ကုန်း တစ်ထောင်မှ တပည့်များ စိတ်ဓာတ် ကျကုန်၏။ ထို့နောက်တွင် စိန်ခေါ်ပွဲ အများစုသည် လှုပ်ရှားမှု ငါးဆယ်အတွင်း ပြီးဆုံးသွား ကြသည်။

စိန်ခေါ်သူ အားလုံး ခြွင်းချက် မရှိဘဲ ရှုံးနိမ့်သွား ချေ၏။ အလားတူ ကျင့်ကြံမှုမျိုး ရှိသော်မှ ဆိုးဆိုးရွားရွား ရှုံးနိမ့်ရသည်။

အထက်ကိုးပါး တောင်ထိပ်မှ သူတော်စင် တပည့်များ စွမ်းပကားသည် ကြောက်မက်ဖွယ် ပေပင်။

ဧည့်သည်တော်များ ကြားတွင် ကျိကျစ်ရှီလည်း ပါရှိ၏။ သူမက၊

“ အထက် ကိုးပါး တောင်ထိပ်ရဲ့ ... တပည့်တွေက သန်မာပြီး ကျန်တောင်ထိပ် (၇၂)ခုနဲ့ ခြားနားတဲ့ အဆင့်မှာ ရှိနေတာပဲ၊ ကြည့်ရတာ ကောင်းကင် တာအို ဂိုဏ်းက တော်တော် သန်မာပုံရတယ်။ ”

-ဟု သုံးသပ် လိုက်သည်။

သူမဘေးမှ လူကြီး တစ်ယောက်က ပြုံးပြီး၊

“ ဟုတ်တယ် ... သေချာကြည့်ရင် အထက်ပါး ကိုးတောင်ထိပ်ရဲ့ ကိုယ်စားလှယ် တွေဟာ မျိုးနွယ်စု လေးခုက ဖြစ်နေတာကို တွေ့ရလိမ့်မယ်၊ ...

... သူတို့က ကောင်းကင် တာအိုဂိုဏ်း တစ်ခုလုံးကို လက်ဝါးကြီး အုပ်ထားကြတယ်၊ အချင်းချင်း စည်းလုံး နေကြရင်တော့ အကောင်းဆုံးပေါ့။ ”

-ဟု ဖြည့်စွက် လိုက်သည်။

ကောင်းကင် တာအိုဂိုဏ်း၌ ဂိုဏ်းချုပ် မရှိသည်မှာ ကြာပြီ ဖြစ်သည်။ ရလဒ် အနေဖြင့် ရာထူးနှင့် အာဏာများသည် မျိုးနွယ်စုကြီး လေးခု လက်ထဲသို့ ရောက်ရှိသွား၏။

အစပိုင်းတွင် ပြိုင်ပွဲသည် အတော်လေး ပြင်းထန်သော်လည်း တစ်ဖက်သတ် တိုက်ပွဲသာ ဖြစ်နေခဲ့သောကြောင့် တဖြည်းဖြည်း ငြီးငွေ့ လာကြသည်။

ချန်ပီယံဆု အတွက် ပြိုင်ဆိုင်မှု သာလျှင် စိတ်ဝင်စားဖွယ် ကောင်းပြီး ကြည့်ရန် ထိုက်တန်သည်ဟု မြင်လာ၏။

“ ကောင်းကင်နဂါး သခင်၊ ငါတို့ ဘာလို့ မပျော်ရတာလဲ။ ”

ကျန်းမူမှ သူ့ပြိုင်ဘက် များကို အနိုင်ယူ ပြီးနောက် လင်းယွန်ထံ ကြည့်၏။ သူ့အကြည့် များ၌ မနာလို စိတ်ကြောင့် ရင့်သည်းချေပြီ။

လူတိုင်းက လင်းယွန်ကို လှည့်ကြည့် လာသည်။ နောက်ဆုံးတွင် နဂါးပြာ မှတ်တမ်း ချန်ပီယံ ယဲ့ချင်းရှန် အမည်ကို ခွန်လွန်၌ မသိသေးသူ မရှိတော့ချေ။

ယနေ့ ပြိုင်ပွဲသည် အသက်အရွယ် ကန့်သတ်ချက် မရှိသောကြောင့် ပြိုင်ပွဲဝင်သူ အများစုမှာ ကောင်းကင် မူလ အဆင့်တွင် ရှိနေကြသည်။

ကောင်းကင် မူလနှင့် မရဏ မူလအကြား ကွာခြားချက် ရှိ၏။ ထို့ကြောင့် ယဲ့ချင်းရှန်သည် အထပ်ကိုးပါး တောင်ထိပ်မှ ကိုယ်စားလှယ် များနှင့် ယှဉ်ပြိုင်ရန် နည်းလမ်း မရှိချေ။ သို့တိုင် မည်သို့ တုန့်ပြန်မည်ကို သိချင်သေး၏။

“ ဟုတ်တယ်။ ... ”

လင်းယွန်က ပြုံးကာ မတ်တပ်ရပ်သည်။ ထိုအပြုအမူကြောင့် လူတိုင်း တုန်လှုပ်သွား၏။ နောက်ပြောင် နေသည်ဟုပင် ထင်မိသည်။

“ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ကောင်းကင်နဂါး သခင် အဖြစ် ... သူ့ကိုယ်သူ အရှက်ခွဲမိမှာ မကြောက်ဘူးလား။ ”

ကျိကျစ်ရှီမှ မျက်မှောင်ကြုတ် လိုက်၏။ ကျန်းမူနှင့် တိုက်ခြင်းသည် ယဲ့ချင်းရှန် အတွက် မည်သည့် အကျိုးကျေးဇူးမှ ရရှိမည် မဟုတ်ချေ။

အောင်နိုင်လျှင် ကောင်းကင် နဂါး သခင် အဖြစ် သင့်လျော်သည် ဟုသာ ဆိုကြပေမည်။ ရှုံးနိမ့်သော် အရှက်ရနိုင်၏။

ကျန်းမူပင် လင်းယွန် သဘောတူ လိမ့်မည်ဟု မျှော်လင့် မထားသဖြင့် အံ့ဩသွား မိသည်။ သူက အပျော် သဘောဖြင့် စိန်ခေါ် လိုက်ခြင်းသာ ဖြစ်၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

စင်ပေါ် လှမ်းတက်လာသော လင်းယွန်ကို ကြည့်ကာ အခြားသော ကိုးပါး တောင်ထိပ်၏ တပည့်များ မှလည်း ပြုံးကုန်သည်။

နောက်ဆုံးတွင် မည်သူ မဆို ကောင်းကင် နဂါး သခင်ကို နင်းချေလိုကြသည်။ အထူးသဖြင့် ကံကြမ္မာကို သိမ်းယူလိုခြင်း ဖြစ်၏။

ကျန်းမူက မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက် မိသည်။ တစ်ဖက်လူသည် ကောင်းကင် နဂါး သခင် ဖြစ်လျှင်ပင် မရဏအဆင့် ၌သာ ရှိ၏။

“ ငါမင်းကို အတင်းအကြပ် မလုပ်ဘူးနော်၊ မင်းကိုယ်တိုင် စင်ပေါ် တက်လာခဲ့တာ။ ”

ထို့ကြောင့် စိတ်လှုပ်ရှားစွာ ထပ်မံ အတည်ပြုလိုက်သည်။

“ ဒါပေါ့ ... ငါ့ဆန္ဒနဲ့ ငါပါ။ ”

“ ဒါဆို တောင်းပန်ပါတယ် ... ။ ”

ကျန်းမူက မြင့်မြတ်သော မီးလျှံကို လွှတ်ချလျက် အံ့အားသင့်ဖွယ် ဖိအားမျိုး ပြသ လိုက်ကာ ဓားဆွဲတော့၏။

“ မြင့်မြတ်တဲ့ မီးလျှံလား စိတ်ဝင်စားစရာပဲ ။ ”

ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ် ပြီးနောက် လင်းယွန်မှ မြင့်မြတ်သော မီးလျှံကို အကြမ်းဖျင်း နားလည်လာခဲ့သည်။

“ ကောင်လေး သတိထား ... ။ ”

ကျန်းမူက အထင်အမြင် သေးစွာဖြင့် လင်းယွန်ကို တိုက်ခိုက် လိုက်၏။ ယဲ့ချင်းရှန်မှာ ကောင်းကင် မူလအဆင့်မှ တစ်စုံတစ်ဦးဖြင့် မတိုက်ဖူးကြောင်း ပြောနိုင်သည်။

ထို့ကြောင့် ဆယ်ကြိမ်အတွင်း တိုက်ပွဲကို အဆုံးသတ် နိုင်မည်။ မြင့်မြတ်သော မီးလျှံက လေထုကို လောင်ကျွမ်းလာ၏။

သူ့ရုပ်သွင်သည် မြင်ကွင်းမှ ပျောက်ကွယ် လာသည်။ တူညီသော ကျင့်ကြံမှု ရှိသူများသာ သူ့ကို ခြေရာခံနိုင်၏။

“ လျှပ်စီး မုန်တိုင်း ခွဲဖြတ်ခြင်း။ ”

မီးတောက် မီးလျှံများ ကောင်းကင်မှ ဆင်းသက်လာပြီး ဧရာမ ဓားတစ်လက် အဖြစ် ပြောင်းသွားသည်။

“ ဆယ်ကြိမ်အတွင်း ... မင်းကို ငါအနိုင်ယူမယ်။ ”

ထို့နောက် လင်းယွန်ထံ ခုတ်ပိုင်းချ လိုက်တော့၏။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန် လင်းယွန်မှ ဓားဆွဲထုတ် လိုက်ရသည်။

“ ထန် ... ထန် ... ။ ”

သူ့တိုက်ခိုက်မှုကို ဖျက်ဆီးခံ လိုက်ရ သော်လည်း ကျန်းမူမှ စိုးရိမ်ခြင်း မရှိချေ။ သူ့ အဟုန်ကို မြှင့်တင် လိုက်၏။

“ ဖျပ် ဖျပ် ... ။ ”

လင်းယွန်က ဓားဖြင့် ပြန်လည် ပက်ထုတ်ကာ ဆုတ်ခွာ ပေးနေလျက်မှ မီးလျှံ၏ ဖိအားကို ဖြည်းဖြည်းချင်း လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေလိုက်သည်။

အမှန်တွင် မြင့်မြတ်သော မီးလျှံသည် သူစိတ်ကူးထား သလောက် အစွမ်းမထက်ချေ။ သတိကြီးလွန်း နေခြင်း ဖြစ်ချေပြီ။

မရဏ မိုးကြိုး တော်ငဖိပ် သခင်မှ မြင့်မြတ်သော မီးလျှံသည် ကြောက်မက်ဖွယ် ကောင်းသည်ဟု ပြောခဲ့သဖြင့် အထင်ကြီး ခဲ့ခြင်း ဖြစ်သည်။

“ မင်း နောင်တရဖို့ ... အရမ်း နောက်ကျသွားပြီ ကောင်းကင်နဂါး သခင်၊ ဒါက အဆုံးသတ်ပဲ၊ ဟား ဟား ဟား ... ။ ”

လင်းယွန် တစ်ယောက် မျက်မှောင် ကြုတ်လျက် နောက်ဆုတ်နေသဖြင့် ကျန်းမူက မောက်မာစွာ ရယ်၏။ တစ်ဖက် လူသည် ကြောက်နေပုံ ရသည်။

သို့သော် လင်းယွန်က ပန်းသင်္ချိုင်းကို အုပ်မိုးလျက် တိုက်စစ် ပြန်ဖွင့် လာလေသည်။ မရဏ ရောင်ဝါများ ပွင့်ထွက်လာပြီး လေနှင့် လျှပ်စီး တာအိုက မိုးကြိုးမုန်တိုင်းအဖြစ် ပေါင်းစည်းသွား၏။

မိုးပြာနဂါး ဟောက်သံ ထွက်လာကာ၊ တောက်ပသော ဓားအလင်း ကောင်းကင်ပေါ် ပျံတက်လာသည်။

ကျန်းမူ၏ ရောင်ဝါ ပြိုကျကုန်ပြီး အရှိန် ပြင်းပြင်းဖြင့် လွင့်စဉ် သွားသည်။ သူတော်စင် ချပ်ဝတ် ကွဲအက်လျက် အရိုးများ ပေါ်လာ၏။

အတွင်းအင်္ဂါများ ဒဏ်ရာရ ကုန်သည်။ ဤဓားသည် သူ့ခန္ဓာကိုယ်ကို နှစ်ခြမ်းနီးပါး ခွဲပစ်နိုင် ခဲ့၏။

“ မသတ် ... မသတ်ပါနဲ့ ... ။ ”

ကျန်းမူက အလွန် ကြောက်လန့်သွားပြီး နောက်သို့ လက်ပြန်ဖြင့် တွားသွား ဆုတ်ခွာကာ တောင်းပန်တော့သည်။ ဤမြင်ကွင်းက လူတိုင်းကို အသက်ရှူ ရပ်သွားစေ၏။

ကောင်းကင် မူလ အဆင့်မှ အမည်ခံ သူတော်စင်ကို ခြောက်လှန့်ရန် ဓားတစ်ချက် တည်းသာ အသုံးပြုခဲ့သည်။

လင်းယွန် သည်လည်း အံ့သြသွား၏။ သူ့တွင် သတ်ရန် ဆန္ဒမရှိချေ။ ပြိုင်ဘက်မှာ အကြောက်လွန် နေ၏။ ထို့ကြောင့် ခေါင်းယမ်းလျက်၊

“ တောင်းပန်ပါတယ် ... ငါအရမ်း လွန်သွားပြီထင်တယ် ... ဒီဓားက အရမ်းမြန် နေတော့ ... ။ ”

-ဟု ပြောကြား လိုက်တော့သည်။

သူ့စကားကြောင့် လျှပ်စီး တောင်ထိပ်မှ တပည့်များ မျက်နှာမှာ သွေးဆုတ် ဖြူလျော် သွားလေသည်။

မည်သူသည် လျှပ်စီးကို ကိုယ်စားပြုသော တောင်ထိပ်မှ လာသနည်း။ တစ်စုံ တစ်ဦးသည် လျှပ်စီး တောင်ထိပ်၏ တပည့်များရှေ့၌ အမြန်နှုန်း အကြောင်း ပြောလာချေပြီ။

***

All Chapters