← Chapters

ဝမ်ကျစ် ... ။

Vol. 156 Ch. 2181

ဝမ်ကျစ် ... ။

Vol. 156 Ch. 2181

ထိုမြင်ကွင်းက လူတိုင်းကို တိတ်ကျ သွားစေသည်။ လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ပြုံး၏။

“ ဒီကောင်က မထင်မှတ် ထားတာတွေ အမြဲလုပ်ပြနိုင်တယ်၊ သန့်ရှင်းသော သားတော် ရာထူးကို စိတ်မဝင်စားတာ နှမျောစရာပဲ။ ”

ကောင်းကင်ဘုံ ယင်နန်းတော် သခင်က ပြုံးပြီး၊

“ သန့်ရှင်းသော သားတော်ဘွဲ့က ဆွဲဆောင်ဖို့ မလုံလောက်တာ ဖြစ်နိုင်တယ်၊ နတ်သားတော် ဆိုရင်ရော ... ။ ”

-ဟု စကား စလာ၏။

“ နတ်သားတော် ရာထူးကို ... ဂိုဏ်းချုပ် တစ်ယောက်တည်း ကသာ ပေးအပ် နိုင်တယ်၊ အဲဒီ နတ်သားတော်က ကောင်းကင် တာအိုကို ထမ်းနိုင်မဲ့ တစ်စုံတစ်ယောက်ပဲ။ ”

လက်သီး တစ်ထောင် မဟာသူတော်စင်မှ အံဩသွားရာမှ ပြုံးပြီး ပြန်လည် ဖြေကြားလိုက် တော့သည်။

“ အခု အချိန်မှာ ဂိုဏ်းချုပ် အကြောင်း ပြောစရာမရှိပေမယ့် အနာဂါတ်မှာ တစ်ယောက် ယောက်က ဒါကို ခံနိုင်ရည်ရှိတယ် ဆိုရင်ရော။ ”

ယင်နန်းတော် သခင် စကားကို လက်သီး တစ်ထောင် မဟာ သူတော်စင်မှ တုန့်ပြန်စကား မပြောတော့ဘဲ ပြုံးနေလိုက်သည်။

လူတိုင်းအမြင်၌ သူတို့နှစ်ဦးသည် သဟဇာတ ဖြစ်နေပုံရပြီး ဂိုဏ်း၏အရေးကို စိတ်အား ထက်သန်စွာ ဆွေးနွေး နေကြသည်။

“ ကောင်းကင် မူလအဆင့်က အမည်ခံ သူတော်စင် တစ်ပါးတောင် မရဏ မူလအဆင့် အမည်ခံ သူတော်စင်ကို မနှိမ်းနင်းနိုင်ဘူးလား၊ ကောင်းကင် နဂါးသခင် ဘွဲ့က တကယ်ပဲ ထိုက်တန်လွန်းပါတယ်။ ”

“ အနန္တ တန်ခိုးရှင် စီနီယာ အစ်ကိုယဲ့ ... ။ ”

မရဏ မိုးကြိုးတောင်ထိပ်မှ တပည့်များက အော်ဟစ် အားပေးလာကြ၏။ ပျော်ရွှင်မှုများမှာ အတိုင်းအဆ မရှိချေ။

( ယဲ့ချင်းရှန် မင်းကို ... နိမ့်ကျတဲ့ ပုံစံနဲ့ နေဖို့ ငါပြောခဲ့တယ် မဟုတ်လား။ )

မရဏ မိုးကြိုး တောင်ထိပ် သခင်က သူ့အသံကို လင်းယွန်ထံ ပေးပို့ကာ ကြိမ်းမောင်း လိုက်တော့၏။

( ကျွန်တော်လည်း ထိန်းထားတာပဲ။ )

လင်းယွန်မှ ကူကယ်ရာမဲ့စွာ ပြန်လည် ပြုံးပြလိုက်သည်။

“ ကောင်းကင် နဂါးသခင်ထံ ကနေ လမ်းညွှန်မှုရတာ ဘယ်လောက် ကောင်းလဲ၊ လျှပ်စီး တောင်ထိပ်က ကျိုးယန်ပါ။ ”

ဒေါသသံဖြင့် အသက် (၈၉)နှစ် အရွယ် လူတစ်ယောက် ပျံသန်းလာသည်။ ကောင်းကင် မူလ ပထမအဆင့် တွင်သာ ဖြစ်သော်လည်း၊ ကျန်းမူထက် ပို၍ သန်မာ၏။

စင်မြင့်ပေါ် ရောက်သည်နှင့် မဟာ တာအို သုံးပါးကို ချက်ချင်း ထုတ်ဖော်သည်။

“ ဒီအတွက် တောင်းပန်ပါတယ်။ ”

သူတော်စင် မီးလျှံနှင့် နက္ခတ်များကို ထုတ်လွှတ်ကာ လေးစားသမှု အမူအရာမျိုး ပြသ လိုက်၏။

“ နောက်ဆုံးတော့ ဖိအား ခံစားရပြီ။ ”

ကျိုးယန် မလှုပ်ရှားခင် လင်းယွန်က ပြုံးပြီး ဦးစွာ စတင်လိုက်သည်။

“ ပိုးစုန်းကြူး နတ်ဓား ... ။ ”

မရဏ မူလအဆင့်သို့ ရောက်ပြီးနောက်၊ ပိုးစုန်းကြူး နတ်ဓား၏ စွမ်းအား သည်လည်း တိုးလာ၏။

“ အသက် ပြန်ဝင်လာသော သစ်ခြောက်ပင်။ ”

မြေပြင်မှ တောင်ကြီးနှင့် စိတ်ကူး မယဉ်နိုင်သော သစ်ပင်ကြီး တစ်ပင် ထွက်လာ လေသည်။

“ ရွှပ် ... ။ ”

ပန်းသင်္ချိုင်းကို လွှဲလိုက်သော အခါတွင် သစ်ပင်ပေါ်၌ ပန်းပေါင်း ထောင်ဂဏန်းခန့် ပွင့်လာတော့၏။

ပွင့်ချပ်များသည် အစွမ်းထက်သော နဂါးကိုးကောင် အဖြစ် ပြောင်းလဲကာ အံ့မခန်း မြင်ကွင်း တစ်ခု ဖြစ်လာလေသည်။

ဤမြင်ကွင်းက ကျိုးယန်ကို မျက်နှာ ဖြူဖျော့လျက် နောက်ဆုတ် သွားစေ၏။

“ အာရုဏ်ဦး ... ။ ”

လင်းယွန်က ပထမဓားဖြင့် ပြိုင်ဘက်ကို နောက်သို့ သုံးလှမ်း ဆုတ်ခိုင်းပြီးနောက် ဒုတိယ အကြိမ် ဓားလွှဲချ လိုက်သည်။

ဓားရောင်ခြည်သည် မီးမြစ်ကဲ့သို့ ကောင်းကင်ပေါ် ပျံတက်သွား၏။ ကျိုးယန် ခမျာ ခြေသုံးလှမ်း ထပ်ဆုတ် လိုက်ရ ပြန်လေသည်။

“ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းများ ... ။ ”

ပန်းသင်္ချိုင်းကို နောက်တစ်ကြိမ် လွှဲလိုက်ပြီးနောက် ကျိုးယန်၏ ရင်ဘတ်ထဲ ထိုးချပစ်သည်။

“ ဘောင်း ... ။ ”

မြင့်မြတ်သော မီးလျှံများ ပေါက်ကွဲလျက် လေလျော့သွားသော မီးပုံးပျံ တစ်လုံး ကဲ့သို့ပင် မြေပြင်ပေါ် ပြုတ်ကျသွား၏။

ချက်ချင်း သတိလစ် သွားသည်။ လျှပ်စီးတောင်ထိပ် သခင်မှ ထိတ်လန့် လာ၏။ ပိုးစုန်းကြူး နတ်ဓား၏ တန်ခိုးသည် ယဲ့ချင်းရှန် လက်၌ ပြောင်းလဲ သွားပုံရသည်။

“ မင်းကို ရင်ဆိုင်ပါ ရစေ။ ”

လျှပ်စီး တောင်ထိပ်မှ ဒုတိယမြောက် ကိုယ်စားပြု တပည့် တစ်ယောက် လှမ်းထွက် လာသည်။ သူတို့အတွက် နောက်ဆုတ်ရန် နည်းလမ်း မရှိချေ။

အဆုံးတွင် နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးဖြစ်ကာ ဤတစ်ကြိမ်သာ ရှုံးနိမ့်ပါက အထက် ကိုးပါး တောင်ထိပ်ထဲမှ ဖယ်ရှားခံရပေမည်။

သူ့နာမည်မှာ ဝမ်ကန်း ဖြစ်၏။ အသက် တစ်ရာရှိပြီး ဝမ်မိသားစုမှ တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်သည်။

ကောင်းကင် စက်ဝန်း ဘုံကျောင်းသို့ နှစ်ကြိမ် ဝင်ရောက်ဖူးသဖြင့် ကျင့်ကြံမှုသည် အနှစ် နှစ်ရာနှင့် ညီမျှသည်။

“ ခရစ် ... ။ ”

လျှပ်စီးတောင်ထိပ်၏ ဝှက်ဖဲလည်း ဖြစ်၏။ ရုတ်တရက် ကောင်းကင်(၁၈)လွှာ ကွဲအက်ပြီး နေမင်းကြီး တစ်စင်း ထွန်းလင်းလာသည်။

“ ကောင်းလိုက်တာ ... ဟား ဟား ဟား။ ”

လင်းယွန်မှ ရယ်မောလိုက်ပြီး၊

“ ကောင်းကင်ဘုံ ကိုးပါးက လေပြေ။ ”

“ ကောင်းကင် နှင်း ... ။ ”

“ ငြိမ်းချမ်းသော ပင်လယ် လေးစင်း ... ။ ”

ကွဲပြားသော ဖြစ်စဉ်သုံးမျိုး ဆက်တိုက် ထွက်ပေါ် လာသည်။ ပန်းသင်္ချိုင်းကို လေးကြိမ် မြောက် ခုတ်လွှဲလိုက်သော အခါ၊ မီးပင်လယ်မှ ရွှေကြာပန်း တစ်ပွင့် ပွင့်လာ၏။

“ မီးလျှံ ရွှေကြာပန်း ... ။ ”

ဓားရောင်ခြည်များ ရွှေကြာပန်းများ ထံမှ ဖြာထွက် လာပြီးနောက် ဝမ်ကန်း ရင်ဘတ်ပေါ် ထိမှန်သွားသည်။

“ ရွှပ် ... ။ ”

ဝမ်ကန်းက သူ့ခန္ဓာကိုယ် အတွင်း ဝင်လာသော စွမ်းအင်များကို မျိုသိပ်လျက် ပြုံးသည်။ ပြီးနောက်၊

“ ဒါက မြင်ရတာ ဆန်းကျယ်ပေမယ့် အထင်ကြီးလောက် စရာလည်း ဘာမှ မရှိပါဘူး။ ”

-ဟု ပြောကြား လိုက်သည်။

“ ဝုန်း ... ။ ”

သူ့စကား ဆုံးသည်နှင့် ဖြစ်စဉ်များ အားလုံးပေါက်ကွဲကာ ရင်ဘတ် ပွင့်ထွက်ပြီး သတိလစ် လဲကျသွား တော့သည်။

၎င်းသည် ဓားရောင်ခြည် များသာ ဖြစ်သော်လည်း ဓားလေးချက်၏ စွမ်းအားများ ပါရှိသည်။ ထို့ကြောင့် လျှပ်စီး တောင်ထိပ်ကို အထက်ကိုးပါး တောင်ထိပ်မှ ဖယ်ရှားပစ်ရန် လုံလောက်ခဲ့ ချေ၏။

အားလုံးက လင်းယွန်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ဤနေရာ၌ သူတို့ မဟုတ်ခဲ့ သည်မှာ ကံကောင်း ချေပြီ။

ကျန်းမူကို ဓားဆယ်ချက်၊ ကျိုးယန်ကို ဓားသုံးချက်၊ ဝမ်ကန်းကို ဓား တစ်ချက်ဖြင့် အနိုင်ယူ သွား၏။

ပြိုင်ဘက်တိုင်းသည် ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင်များ ဖြစ်ချေသည်။

“ ဒီနေ့ ရလာဒ် အရ ... မရဏ မိုးကြိုး တောင်ထိပ်ကို အထက်ကိုးပါး ... တောင်ထိပ် စာရင်းထဲ အစားထိုးလိုက်ပြီ။ ”

ရုတ်တရက် လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ကြေငြာခဲ့၏။ သို့မှသာ လူတိုင်း လန့်နိုး လာတော့သည်။

မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ ဆိုဖွယ် မရှိတော့ချေ။

“ ဒါဟာ ... ပိုးစုန်းကြူး နတ်ဓားရဲ့ တန်ခိုးပါလား ... ဘယ်လောက် ကြောက်စရာ ကောင်းလိုက်လဲ။ ”

“ သူတော်စင် ပုံစံပဲ၊ ဒါကို ... ဒီကောင်က မိုးပြာ မူလအဆင့်နဲ့ ကျွမ်းကျင်နေတယ်၊ အခု မရဏ မူလအဆင့်ကို ရောက်လာတော့ သဘာဝ အတိုင်း စွမ်းအား တိုးလာတော့ တာပဲ။ ”

“ ဓားဘိုးဘေးရဲ့ ကျေးဇူးတော်ကို သူ့မှာ မြင်နေရတယ်၊ ဒီလို ရက်စက် ကြမ်းကြုတ်တဲ့ ဓားသမား တစ်ယောက် ပေါ်ထွက် မလာတာ ... နှစ်တွေ အရမ်းကြာနေပြီ။ ”

ယဲ့ချင်းရှန်၏ ‘ခေတ်’ ရောက်ရှိလာပြီဟု ခံစားနေမိကြသည်။ အရှေ့ဘက် ပျက်စီးမြေကို သူ့ဓားဖြင့် လွှမ်းမိုးနိုင်တော့မည် ဖြစ်၏။

“ အဲဒီကောင် ... ။ ”

ဝမ်ကျစ်သည် တောင်ထိပ် (၈)ခုကို နင်းကာ အထက် ကိုးပါးတောင်ထိပ်များ ချန်ပီယံဘွဲ့ကို ကြံရွယ် နေသူ ဖြစ်သည်။

သို့သော် ယဲ့ချင်းရှန်မှ အရာအားလုံးကို လုယူသွားခဲ့၏။ လက်သီး ဆုပ်လျက် လူသတ် လိုသော ဆန္ဒများ ပေါက်ဖွားလာသည်။

ထို့နောက်တွင် ကျန်အထက် ကိုးပါး တောင်ထိပ်များကို စိတ်ခေါ်မှု အနည်းငယ် မျှသာ ရှိလာပြီး၊ ပြိုင်ပွဲ ပြီးဆုံးသွား၏။

“ အားလုံးပဲ ... အထက်ကိုးပါး တောင်ထိပ်တွေကြားက ချန်ပီယံပြိုင်ပွဲ စတင် ကျင်းပဖို့ ... အချိန်ကျ ရောက်ပြီ။ ”

ယနေ့ အခမ်းအနား၏ အထွတ်အထိပ် ရောက်ရှိလာပြီ ဖြစ်သည်။ အဆုံး၌ ချန်ပီယံမှ ဘိုးဘေးများ အတွက် အမွှေးတိုင် ပူဇော်ပြီး ကံကြမ္မာ ရရှိပေလိမ့်မည်။

လက်သီး တစ်ထောင် မဟာ သူတော်စင် ကြေငြာပြီးသည်နှင့် ဝမ်ကျစ်မှ ကောင်းကင်ပေါ် ခုန်တက်ကာ၊

“ တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ဖို့က အရမ်း အချိန်ကုန်တယ် မင်းတို့ အားလုံး ငါ့ဆီ အတူတူ လာပါ။ ”

-ဟု စိတ်မရှည်ဟန် ပြောကြား လိုက်တော့၏။

လူတိုင်း အံ့အားသင့် ကုန်သည်။ သို့သော် ဤစကားသည် အဓိပ္ပါယ် ရှိနေ၏။ ကောင်းကင် တောင်ထိပ်သည် အထက်ကိုးပါး တောင်ထိပ် ကြား၌ အသန်မာဆုံး ဖြစ်ချေပြီ။

ဝမ်ကျစ်သည် ဝမ်မူယန် ရောက်မလာခင်၌ ဝမ်မိသားစု၏ သခင်လေး ဖြစ်ပြီး မျိုးဆက်သစ် လူငယ် ခေါင်းဆောင် ဖြစ်၏။

အရေးအကြီးဆုံးမှာ ကောင်းကင်ဘုံ ယင်နန်းတော်၏ နန်းတော် သခင်၊ မုန်တိုင်း မဟာ သူတော်စင်မှ တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်သည်။

“ ဘယ်လောက် မာနကြီးလဲ။ ”

“ သူက မုန်တိုင်း မဟာ သူတော်စင်ရဲ့ မြေးတစ်ယောက်ပဲ၊ သူ့အဖိုးရဲ့ မျက်နှာသာ အပေးတာ ခံထားရတယ်၊ ဒါပေမယ့် အမှား တစ်ခုကို ကျူးလွန်ခဲ့လို့ ...

... မုန်တိုင်း မဟာ သူတော်စင်က သူ့ရဲ့ ယင်နန်းတော် သန့်ရှင်းသော သားတော်ဘွဲ့ကို ရုတ်သိမ်းလိုက်တာ။ ”

“ သူ့ ကြည့်ရတာ ယဲ့ချင်းရှန်ကို ... အစာကြေပုံ မရဘူး၊ ပစ်မှတ်ထား နေတယ်လို့ ခံစားရတယ်။ ”

လူတိုင်း အချင်းချင်း ဆွေးနွေးနေကြစဉ် ဓားတောင်ထိပ်၏ ကျောက်မူယန်မှ ထရပ်လာ ခဲ့ပြီး၊

“ ဓားတောင်ထိပ်ရဲ့ ကျောက်မူယန်က မင်းကို စိန်ခေါ်ပါရစေ။ ”

-ဟု ပြောကြား လိုက်သည်။

“ ကျောက်မူယန် ... မင်း ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ တကယ် ထင်နေ တာလား။ ”

“ ဘာလို့ မဖြစ်ရမှာလဲ ... ရာထူးအရ ဓားတောင်ထိပ်ရဲ့ တပည့်ကြီးက .. ကောင်းကင် တောင်ထိပ် တပည့်ကြီးကို တိုက်တာပဲ၊ ဘယ်သူ အနိုင်ရမယ် မသေချာပါဘူး။ ”

“ ဟား .. ဟား ... ဟား ... ။ ”

ဝမ်ကျစ်မှ လှောင်ပြောင်လျက်၊

“ နန်းတော် နှစ်လုံးနဲ့ ... ခြံဝင်းသုံးခုက တပည့်ကြီးတွေတောင် ငါ့ကို ရာထူးအကြောင်း မပြောဝံ့ ကြဘူး၊ မင်းက ငရဲကို ဘာထင်နေလဲ၊ ကျောက်မိသားစုဝင် တစ်ယောက်က ငါနဲ့ ရာထူး အကြောင်း ပြောချင်တာလား။ ”

-ဟု ပြောကြား လိုက်၏။

“ ဟား ဟား ဟား ... ။ ”

ကောင်းကင် တောင်ထိပ်မှ တပည့်များက ဝမ်ကျစ်နှင့်အတူ လိုက်ပါ ရယ်မော တော့သည်။ ဝမ်မိသားစု ဟူသည် မိသားစုကြီး လေးခု၌ပင် အသန်မာဆုံး ဖြစ်၏။

ကျောက်မိသားစု ကဲ့သို့ မိသားစုငယ်မှ ယှဉ်နိုင်သည့်အရာ မဟုတ်ချေ။ ကျောက်မူယန် မျက်နှာ ဖြူဖျော့သွား တော့သည်။

“ ဒါဆို မင်းက ဝမ်မိသားစုက ... ဖြစ်နေ ရင်ရော ဘာဖြစ်သေးလဲ၊ ဘယ်သူ့ အကူအညီမှ မလိုဘူး ... ဒီနေ့ မင်းကို ငါအနိုင်ယူမယ်။ ”

“ ချွင် ... ။ ”

ကေျာက်မူယန်က ဓားကို ဆွဲထုတ်ပြီး ကြယ်ဓားဖြင့် ခုတ်ချလိုက်၏။ ဓားရောင်ဝါများ မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်ကာ ဝမ်ကျစ်ထံ ရောက်ရှိ သွားသည်။

“ ဝှစ် ... ။ ”

ဝမ်ကျစ်က လက်ဝှေ့ယမ်းပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

“ ငါ ဒီမှာ ... ။ ”

သည့်နောက် ကျောက်မူယန် အနားတွင် ပြန်ပေါ်လာ၏။ ကျောက်မူယန်မှ နှစ်ခြမ်းခွဲ ပစ်လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

သို့သော် မထိချေ။ ဝမ်ကျစ်မှာ ရယ်မောလျက် ပျောက်ကွယ်သွား ပြန်သည်။

“ ဒါ ... ဝမ်မိသားစုရဲ့ မုန်တိုင်း ခြေလှမ်း။ ”

ဝမ်ကျစ်၏ ရွေ့လျားမှု ပညာရပ်ကို တစ်စုံတစ်ဦးမှ အသိအမှတ်ပြုခဲ့ပြီး မျက်နှာ ပြောင်းသွား၏။

ကျောက်မူယန်မှာ မုန်တိုင်း ခြေလှမ်းကို လိုက်မမီဘဲ၊ ချွေးပြန် လာသည်။ ဝမ်ကျစ်၏ အဝတ်အစား ကိုပင် သူ မထိနိုင်ချေ။

“ ဝှစ် ... ။ ”

“ မင်း အရမ်းနှေးတယ်။ ”

ထိုစဉ် ဝမ်ကျစ်က ရုတ်တရက် ပေါ်လာပြီး သူ့ဓားကို လက်ညှိုး-လက်မဖြင့် ညှပ်ဖမ်းလိုက် တော့သည်။

ဓားက တုန်တုန်ယင်ယင် ဖြစ်လာစဉ်၊

“ ဟား ဟား ဟား ... ဓားသမားတွေက အမှိုက်တွေပဲ။ ”

-ဟု ရည်ရွယ်ချက် ရှိရှိ လှောင်ပြောင် ပြောကြား လိုက်သည်။

“ ခရစ် ... ။ ”

“ ဖပ် ... ။ ”

ကျောက်မူယန် ဓားမှာ အက်ကွဲပြီး၊ လက်ဖဝါး တစ်ချက်က ရင်ဘတ်ပေါ် ကျရောက် လာလေသည်။

ထိုလက်ဖဝါးသည် ညင်သာသော်လည်း သူ့နံရိုးများ အားလုံး ကြေမွှလျက် နစ်ဝင်သွား စေသည်။

“ ဝေါ့ ... ။ ”

ပါးစပ်မှ သွေးများ ပျို့တက်လာစဉ် ဝမ်ကျစ်က လက်နှစ်ဖက်ကို နောက်ပို့လျက် ပြုံးကြည့် နေခဲ့သည်။

“ ငါတို့က တပည့်တွေမို့ ... မင်းကို မသတ်ပါဘူး၊ ဒါပေမယ့် ... အခု ချက်ချင်း ငါ့ရှေ့က ထွက်သွားပါ ... ။ ”

***

All Chapters