ဓား ... ။
Vol. 156 Ch. 2182
“ ဝေါ့ ... ။ ”
ကျောက်မူယန် တစ်ယောက် ရှက်စရာ ကောင်းသည့် ပုံစံဖြင့် ရှုံးနိမ့် သွားခဲ့လေသည်။ ခြေလှမ်း အနည်းငယ် လှမ်းလိုက်တိုင်း အနက်ရောင် သွေးများ အန်ထွက်ကာ အဆုံးတွင် သတိလစ် သွား၏။
ဝမ်ကျစ်ကို တိုက်ခိုက် လိုသော အထက်ကိုးပါး တောင်ထိပ်၏ ကိုယ်စားလှယ် များက ရပ်တန့်သွားသည်။
သူတို့ အားလုံး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု နှင့်အတူ ဦးရေပြားများ ထုံကျင် သွားတော့၏။
“ တစ်ချိန်က ကောင်းကင်ဘုံ ယင်နန်းတော်ရဲ့ ... သန့်ရှင်းသော သားတော် ဆိုတဲ့ အတိုင်းပဲ ... ဝမ်ကျစ်က ခက်ခဲတဲ့ ပြိုင်ဘက် တစ်ယောက်ပါ။ ”
“ သူက ... နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာ အခွင့်အရေး ရခဲ့ပြီး အာကာသ တာအိုကို နားလည်ခဲ့တယ် ... ။ ”
“ မုန်တိုင်းနဲ့ အာကာသ တာအိုကို ပေါင်းစပ်ထားတယ်၊ သူ့ကို ဘယ်သူမှ ဖမ်းမိမှာ မဟုတ်ဘူး။ ”
“ ဓားသမားတွေကို အမှိုက်လို့ ပြောလိုက်တာ မဟုတ်လား ... ယဲ့ချင်းရှန်ကို ပစ်မှတ် ထားပုံရတယ်။ ”
မယုံကြည်သူ လူငယ်အချို့က ဝမ်ကျစ်နှင့် တိုက်လိုသော်လည်း စီနီယာများမှ တားဆီးခဲ့ ကြသည်။
“ မင်းမှာ သူ့ထက် မြင့်မားတဲ့ ကျင့်ကြံမှု ရှိရင်တောင် ... သူ့ကို လိုက်မမီရင် အသုံးဝင်မှာ မဟုတ်ဘူး၊ မစဉ်းစားနဲ့ ... ။ ”
ထို့ကြောင့် မည်သူမျှ ရှေ့ထွက် မလာတော့ချေ။ ဝမ်ကျစ်မှ ပြုံးပြီး၊
“ မင်းတို့တွေ အတူ လာလို့ ရတယ်၊ အမွှေးတိုင် ပူဇော်ဖို့ ... ငါ မစောင့်နိုင်တော့ဘူး။ ”
“ ဝမ်ကျစ် မင်းကို ငါတိုက်ပါရစေ။ ”
ရုတ်တရက် လူတစ်ယောက် လှမ်းထွက် လာသည်။ မီးတောင်ထိပ်မှ ပိုင်ယုဖန် ဖြစ်၏။ ပိုင်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့်၊ ဝမ်ကျစ်ထက် နိမ့်ကျခြင်း မရှိချေ။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ဝမ်ကျစ်ကို အနိုင်ယူဖူးသည်။ သုံးကြိမ်တိုက်ပြီး သုံးကြိမ်လုံး အောင်နိုင်၏။
“ မင်းရဲ့ ဝမ်မိသားစုက ... ကောင်းကင် တာအို ဂိုဏ်းမှာ အုပ်စိုးရှင် မဟုတ်သေးပါဘူး။ ”
ပိုင်ယုဖန်က မကြောက်မရွံ့ ပြောကြားသည်။ သူ ထွက်လာ သည်ကို မြင်ပြီးနောက် ဝမ်ကျစ် အမူအရာမှာ လေးနက်လာ၏။
“ ပိုင်ယုဖန် ... ၊ မင်း ... ထွက်မလာရင်တောင် ... မင်းကို ငါခေါ်ထုတ်မို့ ပါပဲ၊ နောင်တ မရနဲ့ ... ။ ”
“ မင်းက ငါ့ကို ရှုံးခဲ့တဲ့ အရှုံးသမားပဲ ... ၊ စကား မများနဲ့။ ”
ပိုင်ယုဖန်က မြင့်မားသော အပူချိန်ကို ပေးစွမ်းလျက် ကောင်းကင်ပေါ် ပျံတက်သွား လေသည်။
“ ဝှစ် ... ။ ”
လက်သီးကို ထိုးချလိုက်သော အခါ၊ မီးရူရ်များ ဖုံးအုပ်နေသည့် လက်သီးများ ဖြစ်ပေါ် လာ၏။
“ ဝူး ... ။ ”
ဝမ်ကျစ်က ၎င်း၏ မုန်တိုင်း ခြေလှမ်းကို ထပ်ခါတလဲလဲ အသုံးပြုလျက် ရှောင်တိမ်းနေ တော့သည်။
သို့သော် မီးရူရ်များက လေဟာနယ်ကို လောင်ကျွမ်းစေ သဖြင့် သူ့ကိုယ်သူ ပုံဖျက်မရ ဖြစ်နေခဲ့၏။
“ မင်းမှာ ရှိတာ ဒါအကုန်လား ... ။ ”
ဝမ်ကျစ်က သူ့နှုတ်ခမ်းမှ သွေးများကို သုတ်လျက် အေးစက်စွာ ပြောကြားလိုက်သည်။
“ ရွှပ် ... ။ ”
ထို့နောက် လျှပ်စီး ကြာပွတ်ကို ဆင့်ခေါ်လျက် လေထဲလွှဲလိုက်သော အခါ နဂါး၏ ဟောက်သံ ထွက်ပေါ်လာသည်။
“ မိုးကြိုး နဂါး နှင်တံ ... ။ ”
ကြာပွတ်ပေါ်တွင် နဂါးရူရ်များ ပေါ်လာပြီး အရွယ်အစားမှာ ဆယ်ပေကျော်သို့ ရောက်ရှိလာ ခဲ့၏။ ယင်းသည် ဘုန်းသူတော်စင် သုံးပါး လက်ရာ ဖြစ်သည်။
“ ဝမ်ကျစ်ကို ဘုန်းသူတော်စင် သုံးပါး လက်ရာ တစ်ခု ... ပေးထားရ လောက်အောင် ဝမ်မိသားစုက အုတ်မြစ်ခိုင်မာ နေပြီလား။ ”
လူအုပ်ကြီးမှာ မျက်မှောင်ကြုတ် ကုန်၏။ ဝမ်ကျစ်က မိုးကြိုးနဂါးနှင်တံကို ဆုပ်ကိုင်ကာ အားသာချက် ပြန်လည် ရရှိလာသည်။
“ ဟိတ် ... ။ ”
လှုပ်ရှားမှု ဆယ်ကြိမ် ပြီးနောက် လေဟာနယ် အတွင်း မီးလျှံ အပိုင်းအစများဖြင့် ပြည့်နှက်ကုန်၏။
ဆိုလိုသည်မှာ ပိုင်ယုဖန်၏ တိုက်ခိုက်မှု များသည် ဝမ်ကျစ်အနား မရောက်ခင် ကွဲအက် သွားခြင်း ဖြစ်သည်။
“ ဟား ... ဟား ... ဟား ... ။ ”
ဝမ်ကျစ်က သူတော်စင် ရောင်ဝါကို ကြာပွတ်ထဲ သွန်းလောင်းပြီး လူသတ် လိုသော ရည်ရွယ်ချက်ဖြင့် လှောင်ပြောင်ရယ်မော လိုက်သည်။
သူ့လက်ထဲရှိ ကြာပွတ်သည် နိုးထလာသော နဂါးနှင့် တူနေ၏။
“ မြင့်မြတ်သော မီးတောင်။ ”
ပိုင်ယုဖန်မှ အသက် ပြင်းပြင်း ရှူလျက် ခန္ဓာကိုယ်အတွင်း သူတော်စင် ရောင်ဝါများဖြင့် ဖြည့်ထားလိုက်သည်။
မီးတောင်ကြီး ပေါ်လာသော အခါ၊ နက္ခတ်နှင့် ရောနှောလျက် ဝမ်ကျစ်၏နဂါးကို ခုခံတော့၏။
“ ဝုန်း ... ။ ”
ဝမ်ကျစ်၏ တိုက်ခိုက်မှုများသည် ထိုတောင်ကြီးအောက်၌ လှိုင်းလုံးများ အဖြစ် ပြန့်ကျဲကုန်သည်။
“ ကြည့်ရတာ အထင်ကြီးစရာ ဘာမှလည်း မရှိပါဘူး။ ”
“ ရွှပ် ရွှပ် ရွှပ် ... ။ ”
ပိုင်ယုဖန်မှ လှောင်ပြောင် လိုက်သည်။ သို့သော် ဝမ်ကျစ်က ဂရုမစိုက်ဘဲ ကြာပွတ်ကို ထပ်မံ ဝှေ့ယမ်းလိုက်၏။
“ ဝုန်း ... ။ ”
ဤတစ်ကြိမ်၌ နဂါးသည် အာကာပြင်ကို လှံကဲ့သို့ ဖိသိပ်လေသည်။ လှံဖျားဖြင့် ထိချိန်၌ မီးတောင်ကြီး ပြိုကျသွားကာ ပိုင်ယုဖန် တစ်ယောက် လွင့်ပျံသွား၏။
“ မင်းငါ့ကို ဒီလိုစိတ်ပျက်စရာ ကောင်းတဲ့ လှည့်ကွက်တွေနဲ့ တိုက်ဝံ့သလား။ ”
ဝမ်ကျစ်မှ အသာစီး ရပြီးနောက် ပို၍ မာနကြီးလာ၏။ မိုးကြိုးနဂါးနှင်တံသည် အစွမ်း ထက်လွန်း၏။
“ ရွှပ် ... ။ ”
များမကြာခင် ပိုင်ယုဖန် တစ်ယောက် ကြိမ်ဒဏ်များ အပေးခံနေရ၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံး သွေးများ စွန်းထင်းလျက် လွင့်စဉ် သတိလစ် သွားတော့သည်။ စီနီယာ တစ်ဦးမှ ချက်ချင်း ဖမ်းယူလိုက်ရ၏။
“ နောက်ထပ် ဘယ်သူ ရှိသေးလဲ ... ။ ”
မိုးကြိုးနဂါး နှင်တံသည် စင်မြင့်ထက်တွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ် လာစေသည်။ ဝမ်ကျစ် ဟောက်သံနှင့် ထိုဖြစ်စဉ်ကြောင့် လူတိုင်း စကား မပြောဝံ့တော့ချေ။ ကြောက်လန့် ကုန်ကြ၏။
“ အရှုံး ပေးတယ် ... ။ ”
“ အရှုံး ပေးတယ် ... ။ ”
“ ငါလည်း အတူတူပဲ။ ”
ဝမ်ကျစ်၏ အကြည့်အောက်တွင် အထက် ကိုးပါး တောင်ထိပ်မှ လူတိုင်း ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ကြသည်။
ထို့ကြောင့် နောက်ဆုံး ကျန်နေသော လင်းယွန်ထံ လူတိုင်းက အလိုလို စိုက်ကြည့် လိုက်၏။
“ ယဲ့ ချင်း ရှန် ... ။ ”
ဝမ်ကျစ်မှ လင်းယွန်ကို မောက်မာစွာ နာမည် ခေါ်လိုက်သည်။
“ မင်း ဆန္ဒရှိရင် ... အမွှေးတိုင် ပူဇော်လို့ ရပြီ။ ”
ခပ်မြန်မြန် စဉ်းစား သုံးသပ် ပြီးနောက် လင်းယွန်မှ ဆုံးဖြတ်ချက် ချလိုက်၏။ အထက် ကိုးပါး တောင်ထိပ်တွင် နေရာ တစ်နေရာ ရရှိ လာသည့် အတွက် လုံလောက်ချေပြီ။
နိမ့်ကျသော ကိုယ်ရေး အကျဉ်းကို ထိန်းသိမ်းခြင်းသည် အမှားမရှိချေ။ လင်းယွန် ပြောသည်ကို ကြားပြီးနောက် လူတိုင်း စိတ်ပျက် သွားသည်။
“ ဒါက ကောင်းကင် နဂါးသခင်ရဲ့ မာနတဲ့လား။ ”
ဝမ်ကျစ်က မကျေမနပ်ဖြင့် လှောင်ပြောင် လိုက်သည်။ အောင်နိုင်သူ ဖြစ်ပြီးနောက် ပို၍ပင် မာနကြီး လာ၏။
“ ငါက ... သဘောကောင်းတဲ့ လူတစ်ယောက်ပါ၊ မင်း တစ်ခုခုကို နားလည်မှု လွဲသွားမှာ ငါကြောက်တယ်။ ”
ဝမ်ကျစ်က ပြုံးပြီး၊
“ မင်း ... လက်လျှော့ လိုက်တာ ကောင်းပါတယ်၊ ဒါပေမယ့် လူတိုင်းက ငါ့ရှေ့မှာ ရှုံးနိမ့်တာကို ဝန်ခံပြီးပြီမို့ ... မင်းလည်း ဒီလိုပဲ လုပ်သင့်တယ်။ ”
-ဟု သတိပေး လိုက်၏။ လင်းယွန်ကို လွှတ်ထားရန် ရည်ရွယ်ချက် မရှိချေ။
“ ဟမ် ... ငါတကယ်ပဲ ရှုံးနိမ့်တာကို ဝန်ခံပေးရမှာလား။ ”
လင်းယွန်မှ အပြုံးမပျက်ဘဲ မေးလိုက်သည်။
“ ဘာလို့လဲ ... မင်း ဝန်မခံချင်ဘူးလား ... ဒါဆို ငါ့ကို လာတိုက်လေ။ ”
ဝမ်ကျစ်မှ ဖိတ်ခေါ်၏။ ထိုစကားကြောင့် လက်သီး တစ်ထောင် မဟာ သူတော်စင်က မျက်မှောင်ကြုတ် လိုက်သည်။
“ မုန်တိုင်း မဟာ သူတော်စင် ... ယဲ့ချင်းရှန်က နောက်ဆုတ် ပေးနေပြီပဲ၊ ဝမ်ကျစ်က လွန်တယ်လို့ မထင်ဘူးလား။ ”
“ လူငယ်တွေက ဒေါသကြီးတာ ပုံမှန်ပါပဲ ... နောက်ဆုံးတော့ အခမ်းအနားက လှုပ်ခတ်ဖို့ လိုတယ် ... မဟုတ်ရင် ပျင်းစရာ ကောင်းလိမ့်မယ်။ ”
လက်သီး တစ်ထောင် မဟာသူတော်စင် မေးခွန်းကို မုန်တိုင်း မဟာသူတော်စင်မှ ပြုံးကာ ပြန်ဖြေ၏။
“ စိတ်မပူပါနဲ့ ... ဝမ်ကျစ်က သူဘာတွေ လုပ်နေတယ် ဆိုတာသိပါတယ်၊ လူမြင်ကွင်းမှာ ကောင်းကင် နဂါးသခင်ကို သတ်ဝံ့လိမ့်မယ် မထင်ဘူး၊ အလွန်ဆုံး ခြေကျိုး လက်ကျိုးပေါ့။ ”
ထိုစကားကြောင့် မုန်တိုင်း မဟာ သူတော်စင်ကို လက်သီးတစ်ထောင် မဟာ သူတော်စင်မှ ပြန်စိုက်ကြည့်ကာ၊
“ မင်းအတွေး လွန်နေပြီ ... ယဲ့ချင်းရှန် သေမှာကို ငါစိုးရိမ်နေတာ မဟုတ်ဘူး၊ ဒီကောင် ဝမ်ကျစ်အပေါ် လက်လွန် သွားမှာ ... ငါကြောက်တာ။ ”
“ ဟား ... ဟား ... ဟား ... ၊ လက်သီး တစ်ထောင် မဟာသူတော်စင် မင်းအသက်ကြီး နေပြီ၊ အမြင် မကောင်းတော့ဘူး၊ နန်းတော် သခင် ရာထူးကို စွန့်သင့်နေပြီ။ ”
မဟာ သူတော်စင် နှစ်ပါး၏ စကားဝိုင်းကြောင့် လေထု တစ်ခုလုံး တင်းကြပ် လာသည်။ ထိုအချိန်တွင် ဝမ်ကျစ်မှ လင်းယွန်နှင့် အချိန်ဖြုန်း နေဆဲ ဖြစ်၏။
“ ကောင်းကင် နဂါးသခင် ... မင်းမှာ ဘာလုပ်ဖို့ စဉ်းစားနေတာလဲ ... မတိုက်ဝံ့ရင် အရှုံးကို ဝန်ခံပါ၊ ကောင်းကင် နဂါးသခင် မို့လို့ မင်းကိုယ်မင်း ထူးခြားတယ် ထင်မနေပါနဲ့။ ”
“ ကောင်းပြီ ... မင်းက အမွေးတိုင် ပူဇော်ခွင့်ကို တန်ဖိုးမထားဖူး ဆိုတော့ ငါပဲ ယူလိုက်တော့မယ်။ ”
“ ဟား ဟား ဟား ... ဒါဆို လာခဲ့။ ”
“ ရွှပ် ... ။ ”
ဝမ်ကျစ်က မိုးကြိုးနဂါး နှင်တံကို လွှဲကာ လေဟာနယ်ကို ခွဲပစ်လိုက်သည်။ လမ်းကြောင်း တစ်လျှောက် အရာအားလုံးကို ပျက်စီးသွား၏။
ကြောက်မက်ဖွယ် ကောင်းသော နဂါး ရောင်ဝါများ ဝင်ရောက်လာစဉ် လင်းယွန်ထံမှ ဓားရောင်ဝါများ ထွက်ပေါ်လာသည်။
“ ကြယ်ဓား ရည်ရွယ်ချက် ... ။ ”
ဤမြင်ကွင်းကြောင့် ဝမ်ကျစ်၏ နှုတ်ခမ်းထောင့် တွန့်ကွေးသွား၏။ ယဲ့ချင်းရှန် ဓားသည် ကျောက်မူယန်ထက် မြင့်မားသော အဆင့်တွင် ရှိနေသည်။
“ ဓားသမားတွေ အားလုံးက အမှိုက်တွေ ပါပဲ။ ”
ဟောက်သံ ပြုလိုက်သည်နှင့် ကောင်းကင် သုံးဆယ့်ခြောက်လွှာက သူ့နောက်တွင် အက်ကွဲ လာလေသည်။
ယင်းနောက် ရှေးခေတ် ‘မိုးကြိုး’ ဟူသော စကားလုံး ဖြစ်ပေါ် လာ၏။ ကြာပွတ်က သူ့ကို လှည့်ပတ်နေသော မိုးကြိုး နဂါးကြီး အဖြစ် ထင်ရှား လာသည်။
“ ခရစ် ... ။ ”
မိုးကြိုး နဂါးကြီး၏ ဖိအားကြောင့် လေဟာနယ်သည် ဖန်သားပြင်ကဲ့သို့ အက်ကွဲ ကုန်သည်။
၎င်းမှ လာသော ကျယ်လောင်သော ကွဲအက်သံလှိုင်း များသည် တပည့် များစွာ၏ နားစည်ကို ရိုက်ခတ်လျက် သွေးများ စီးကျလာ၏။
“ ရွှပ် ... ။ ”
သို့သော် လင်းယွန်က ထိုင်ရာမှ မထဘဲ ဓားဆွဲထုတ်ကာ ပစ်ပေါက် လိုက်တော့သည်။ လေခွင်းသံများ နှင့်အတူ နဂါးငွေ့တန်း ထောင်ပေါင်းများစွာ ပြေးထွက်သွား၏။
ပတ်ဝန်းကျင် တစ်ခုလုံး စူးရှသော အလင်းများဖြင့် ဖုံးလွှမ်းကုန်ကာ လျှပ်စီးများ တဖျပ်ဖျပ် လက်လာတော့သည်။
အရာအားလုံး ပြန်လည် တည်ငြိမ်ချိန်၌ ဝမ်ကျစ်တစ်ယောက် ဒူးထောက် နေသည်ကို မြင်လိုက်ရ၏။
ရင်ဘတ်တွင် ထိုးသွင်းရာ တစ်ခု ဖြစ်ပေါ်နေသည်။ ထိုဒဏ်ရာမှ အရိုးဖြူဖြူ များကို မြင်လိုက်ရ၏။
ညာလက်က ထိုဒဏ်ရာ ရှေ့တွင် တစ်စုံတစ်ရာကို ဆုပ်ကိုင်ထား သကဲ့သို့ ပြုမူနေသည်။
“ မင်း ... ။ ”
“ ရွှပ် ... ။ ”
လင်းယွန်မှ လျစ်လျူရှုလျက် သူ့ကို မကြည့်တော့ဘဲ ဓားပေါ်ရှိ သွေးများ လွှဲခါကာ ဓားအိမ်ထဲ ပြန်သိမ်းလိုက်၏။
အန္တရာယ် အငွေ့အသက်များကို ခံစားရသဖြင့် ဝမ်ကျစ်မှ ပန်းသင်္ချိုင်းအပေါ် ဖမ်းဆုပ်ခဲ့သည်။ သို့သော် လျင်မြန်လွန်း သောကြောင့် လေကိုသာ ဖမ်းမိလိုက်၏။
ယခုအချိန်ထိ လင်းယွန်တစ်ယောက် ခြေတစ်လှမ်း လှမ်းရန် မဆိုနှင့် ထိုင်ရာမှပင် မထခဲ့ချေ။ ကြီးစိုး လွန်းချေ၏။
***