မဟုတ်ဘူး ... ၊ အဲဒီလို မဖြစ်ရဘူး ... ။
Vol. 156 Ch. 2183
ဓားတစ်လက်ကို ခြေရာမချန်ဘဲ မည်သို့ လွှဲခဲ့လေ သနည်း။ မြင့်မြတ်သော မီးလျှံများနှင့် ဘုန်းသူတော်စင် သုံးပါး လက်ရာ ရှိလျှင်ပင် ဓားဆွဲရန်သာ လိုခဲ့၏။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။ သူတော်စင်များပင် ချွင်းချက် မရှိ မှင်တတ်နေ၏။
“ ဝမ်ကျစ် ရှုံးသွားတာလား ... ဒါက နည်းနည်းတော့ မယုံနိုင်စရာ ကောင်းလွန်း ပါတယ် ... ။ ”
“ ဒီကောင် ယဲ့ချင်းရှန်က အရမ်း ... သန်မာနေပြီ၊ သူ့မှာ လေနဲ့လျှပ်စီး တာအိုကို ဆုပ်ကိုင် ထားတယ်။ ”
“ ဒါကြာင့် သူ့ဓားကို ... ငါ မမြင်နိုင်တော့ တာကိုး။ ”
လူတိုင်း အသိ ဝင်လာပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အများစုသည် ဤရလဒ်ကို မယုံချင်ချေ။
“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
မုန်တိုင်း မဟာ သူတော်စင်မှ မျက်နှာ မည်းမှောင်သွားသည်။ လက်သီး တစ်ထောင် မဟာ သူတော်စင်ကို မျက်စိမှုန်သူ အဖြစ် ရယ်မောသံပင် မဆုံးလိုက်ချေ။
“ ငါပြောတယ် မဟုတ်လား ... သူ မထိန်းနိုင်မှာကို ... ငါ ကြောက်တယ်လို့။ ”
ပြုံးလျက် လက်သီး တစ်ထောင် မဟာ သူတော်စင်က ချက်ချင်း ပြောကြား လိုက်သည်။ လီတာ့ယန်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်းသားတော် အပါအဝင် လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်လာ၏။
သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်က၊
“ လီတာ့ယန် ... ဒီကာလ အတွင်း ယဲ့ချင်းရှန်ရဲ့ တိုးတက်မှုက ... ငါတို့ထက် သာလွန်နေ သလိုပဲ ... ။ ”
-ဟု သုံးသပ် လိုက်သည်။
“ အဆင်ပြေပါတယ် ... သူက ငါတို့လူပဲ စိုးရိမ်စရာ မရှိဘူး။ ”
လီတာ့ယန်မှ ပြုံးလျက် ပြောသည်။ ၎င်းတို့နှစ်ဦးသည် လက်သီး တစ်ထောင် မဟာ သူတော်စင်၏ တပည့်များ ဖြစ်ကြသည်။
ထို့ကြောင့် ဤကာလအတွင်း ၎င်းတို့ ရရှိသော အရင်းအမြစ် များသည် လင်းယွန် ရရှိ သည်ထက် ပိုမို များပြားချေပြီ။
သူတို့နှစ်ယောက်မှ တစ်ယောက်သည် အလင်းတွင် နေရမည် ဖြစ်ပြီး ကျန်လူသည် အမှောင်ထဲ လျှောက်လှမ်းရပေမည်။
ယင်းသည် လက်သီး တစ်ထောင် မဟာ သူတော်စင်၏ မျှော်လင့်ချက် ဖြစ်သည်။ သူတို့ နှစ်ဦး မသေသ၍ ကောင်းကင် တာအိုဂိုဏ်း ပြန်လည် ရှင်သန် လာနိုင်၏။
တက်ရောက် လာသော ဧည့်သည် တော်များအားလုံး သည်လည်း အံ့အားသင့် ကုန်ကြသည်။
အဝတ် ပါးပြင်းဖြင့် လျှို့ဝှက်သော ဧည့်သည်က သူ့နောက်မှ လူအနည်းငယ်ကို ခပ်တိုးတိုး စကားဆို၏။
ဤလူသည် လျှို့ဝှက် ဆန်းကြယ်ပြီး သူနှင့်အတူ လိုက်ပါလာ လူများသည်လည်း သူ့ကဲ့သို့ မျက်နှာကို ဝှက်ထားကြသည်။
ထို့ကြောင့် ၎င်းတို့ အသွင်အပြင်ကို မမြင်နိုင်သော်လည်း တူညီသော ဝတ်ရုံများ ကြောင့် ဂိုဏ်းတစ်ခုတည်းမှ ဖြစ်မှန်း ပြောနိုင်၏။
ပတ်ဝန်းကျင်၌ အမျိုးမျိုးသော ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ဝမ်ကျစ် အကြောင်း မပါချေ။
ယဲ့ချင်းရှန် ဓားသည် ရက်စက် ကြမ်းကြုတ်၏။ သို့သော် မြင်ခွင့် ရသည်မှာ ထိုက်တန်ချေပြီ။
အထူးသဖြင့် တောင်ထိပ် (၇၂)လုံးမှ တပည့်များ ဖြစ်၏။ မောက်မာသော ဝမ်ကျစ်ကို သင်ခန်းစာ ပေးနိုင်သည်မှာ သူတို့ကိုယ်တိုင် ဖြစ်သည့်အလား ပျော်ရွှင်နေသည်။
ဝမ်မျိုးနွယ်သည် ကောင်းကင် တာအို ဂိုဏ်းကို သူတို့ပိုင်သကဲ့သို့ ပြုမူခဲ့၏။ လူတိုင်းမှ မကျေမနပ် ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။
“ ဒီကောင်လေးရဲ့ ကြယ်ဓားက တိုးတက် လာပြန်ပြီ ... အထွတ်အထိပ် ရောက်နေမှာ .. ငါ ကြောက်မိတယ်။ ”
ကျောက်စိမ်းဓား သူတော်စင်မှ သူမဘေးရှိ သတ်ဖြတ်ခြင်း မဟာသူတော်စင်နှင့် ယဲ့ကူဟန်ထံ ပြောကြားလိုက်သည်။
သူတို့အားလုံးသည် ဂိုဏ်းအတွင်း မြင့်မြတ်သော အဆင့်အတန်း ရှိနေသည်။ ထို့ကြောင့် အဝတ်ပါးပြင်း ဝတ်ထားသော လူတစ်စုနှင့် အဆင့်တူ နေရာပေးခံရ၏။
ထိုအရာက ယဲ့ကူဟန်ကို စိတ်ရှုပ်ထွေး စေသည်။ အဆိုပါ လူတစ်စု၏ မူလကို သူပင် ခန့်မှန်းမရ ဖြစ်နေသည်။
ဝမ်ကျစ် ရှုံးနိမ့်ပြီးနောက် အထက် ကိုးပါး တောင်ထိပ်၏ ပြိုင်ဆိုင်မှုမှာ ပြီးဆုံးသွားခဲ့သည်။ လက်သီး တစ်ထောင် မဟာ သူတော်စင်မှ မရဏ မိုးကြိုး တောင်ထိပ်သည် ချန်ပီယံ ဖြစ်ကြောင်း ကြေညာလိုက်၏။
မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ အိပ်မက် မက်နေသကဲ့သို့ ခံစား လိုက်ရသည်။ သူမြင်သော အရာကို မယုံနိုင်ချေ။
ဤနည်းဖြင့် ချန်ပီယံ ဖြစ်လာသည်လော။ လင်းယွန်နှင့် မျက်လုံးချင်း ဆုံချိန်၌ ပြုံးပြရန်ပင် မေ့လျော့နေ ခဲ့သည်။
( မင်း ... ယဲ့ချင်းရှန် ထပ်လုပ်ပြန်ပြီလား၊ မင်းကို နိမ့်ကျတဲ့အသွင် ယူပါလို့ ငါပြောခဲ့တယ် မဟုတ်လား။ )
လင်းယွန်မှ အသံပြန်ပို့ခြင်း မရှိတော့ဘဲ၊ ကူကယ်ရာ မဲ့နေသော အသွင်ဖြင့် ခေါင်းယမ်း လိုက်တော့၏။
အခမ်းအနားမှာ ဆက်သွားနေကာ၊ ဧကရာဇ်ဓားကို ပြန်လည် ရယူမည့် အစီစဉ်သို့ ရောက်ရှိ လာခဲ့သည်။
အစောပိုင်း အချိန်များ၌ ဤပွဲကို ဧကရာဇ် အခမ်းအနားဟု ခေါ်တွင်၏။ သို့သော် မည်သူမျှ မပြီးမြောက်ခဲ့ သဖြင့်၊ ကောင်းကင် တာအို အခမ်းအနားအဖြစ် အမည်ပြောင်း လိုက်ရသည်။
ရလဒ်အနေဖြင့် ဧကရာဇ်ဓားကို ခေါ်ယူရန် ကျင်းပသည့် အခမ်းအနားသည် အစဉ်အလာ တစ်ခုမျှသာ ဖြစ်လာတော့၏။
ဧကရာဇ်ဓားကို အမှန်တကယ် ခေါ်ယူနိုင်မည်ဟု မည်သူမျှ မယုံကြည်ကြ တော့ချေ။
သန့်ရှင်းသော သားတော်၊ သမီးတော်များမှ တာအိုဓားနှင့် ကောင်းကင်ဓားကို အလေးပြု လိုက်ကြသည်။
ဓားနှစ်လက်ထံမှ တောက်ပသော အလင်းများ ထုတ်လွှတ်ပြီး အခမ်းအနား အပေါ် အသိအမှတ် ပြုလာ၏။
“ ဓားနှစ်လက် တည်ရှိနေ သရွေ့ ... ကောင်းကင် တာအိုဂိုဏ်း ထာဝရ တည်မည်။ ”
ကောင်းကင် တာအိုဂိုဏ်း၏ သူတော်စင်များနှင့် ဂိုဏ်းဝင်တပည့် အားလုံး လှိုက်လှိုက်လှဲလှဲ ကြွေးကြော်လာကြ၏။
ထိုအချိန်က ယုချင်းဖန်သည် ဤဓား နှစ်လက်ကို မခံနိုင်ချေ။ တောင်ပိုင်း ဧကရာဇ် ကိုပင် ပြန်လည် ဆုတ်ခွာအောင် ဖိအား ပေးနိုင်ခဲ့သည်။
ဧည့်သည်တော်များ သည်လည်း လေးနက်သော အသွင်အပြင်ကို ထုတ်ဖော် လိုက်ကြ၏။
မြင့်မြတ်မြေ အသီးသီးတွင် ၎င်းတို့ကို စောင့်ရှောက်သော ရတနာများ ရှိသော်လည်း ဤဓားနှစ်လက်ကို မယှဉ်နိုင်။
သို့သော် ဤဓားများ မလှုပ်ရှားတော့ သည်မှာ နှစ်ပေါင်း သုံးထောင်ကျော် ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် အဆိုပါ ဓားနှစ်လက်သည် ကောင်းကင် တာအိုဂိုဏ်းမှ ထွက်သွားခဲ့ပြီဟု သတင်းပြေးနေ ခဲ့သည်။
သို့သော် ယခင် အခမ်းအနား တိုင်းတွင် ဓားနှစ်လက်သည် အလင်းများဖြင့် တုန့်ပြန် နေမြဲ ဖြစ်၏။
သည်တစ်ကြိမ်တွင်လည်း ဓားနှစ်လက်မှ ပြန်လည် တုန့်ပြန်မှု ရှိကြောင်း အတည်ပြုရန် သူတို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ ဒီဓားနှစ်လက်နဲ့ ... နတ်ဖီးနစ် ကြေးမုံကို ယှဉ်ရင် ဘယ်သူ သာနိုင်လဲ။ ”
ကျိကျစ်ရှီက သူ့ဘေးနားမှ လူကြီးကို လှည့်ကြည့်ကာ မေးလိုက်လေသည်။ လူကြီးက ပြုံးပြီး၊
“ ဒီဓား နှစ်လက်ကို ခွဲထားလိုက်ရင် ... နတ်ဖီးနစ် ကြေးမုံကို မယှဉ်နိုင်ဘူး၊ သူတို့ပေါင်း လိုက်မယ် ဆိုရင်တော့ ... ကမ္ဘာပေါ်မှာ ပြိုင်ဘက်တွေ အများကြီး မရှိဘူး၊ ဒါပေမယ့် ငါတို့ ရတနာကလည်း အားမနည်းဘူး။ ”
ကျိကျစ်ရှီက နှာခေါင်းရှုံ့ လိုက်သည်။ ဤသည်မှာ သူမ ကြားချင်သော အဖြေမျိုး မဟုတ်ချေ။
“ ဟား ဟား ဟား ... သေချာတာ ကတော့ နတ်ဖီးနစ် ကြေးမုံက ... ဒီဓားနှစ်လက်ထက် ပို ကောင်းတဲ့အချက် တစ်ချက် ရှိတယ်၊ ဘာလို့လဲ ဆိုတော့ ... နတ်ဖီးနစ် ကြေးမုံက ...
... အကြိမ် ပေါင်းများစွာ သက်ဝင် လှုပ်ရှားခဲ့ပေမယ့် ... ဒီဓားနှစ်လက် ကတော့ မလှုပ်ရှားတာ နှစ်ပေါင်း သုံးထောင် ရှိနေပြီ။ ”
အခမ်းအနားနှင့် ဝေးကွာသော တောင်ကုန်းတစ်ခု ပေါ်တွင် လူနှစ်ယောက် ယှဉ်ရပ်ကာ၊ ဓားနှစ်လက်မှ ထွက်လာသော ရောင်ခြည်တော်ကို ကြည့်နေ၏။
ယင်းမှာ ကျောက်တျန်းယွီနှင့် ကူရှင်းယွီတို့ ဖြစ်သည်။
“ ဒါဆို ဓားနှစ်လက်က တကယ် ရှိတာပဲ။ ”
ကူရှင်းယွီ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ထွက်ပေါ် လာလေသည်။
“ သူတို့က ဟန်ပြပါပဲ။ ”
ကျောက်တျန်းယွီက သူ့ထက် တည်ငြိမ်၏။ ဤဓားနှစ်လက်ကြောင့်သာ မဟုတ်သော် သူတို့ လှုပ်ရှားခဲ့ သည်မှာ ကြာပြီ ဖြစ်သည်။
ဧကရာဇ်ဓား သို့မဟုတ် ဂိုဏ်းချုပ် မရှိသဖြင့် ကောင်းကင် တာအို ဂိုဏ်းသည် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရချိန် ၌ပင်၊ ၎င်းတို့ ပေါ်လာလိမ့်မည် မဟုတ်ဟု သတင်း ရထား၏။
ဓားနှစ်လက်ကို ထိန်းချုပ်ရန်၊ ဂိုဏ်းချုပ် သို့မဟုတ် ဧကရာဇ်ဓား လိုသည်။ လိုအပ်ချက် နှစ်ခုစလုံး ပြည့်မီပါက အကောင်းဆုံး ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ဤသတင်းကို အတည်ပြုနိုင်ရန် သွေးလဂိုဏ်းမှ ဧကရာဇ် တစ်ပါးကို စေလွှတ်ခဲ့ဖူးသည်။
ကောင်းကင် တာအို ဂိုဏ်းမှ သူတော်စင် တစ်ပါး သေဆုံးသွားသည့်တိုင် ဓားနှစ်လက်မှာ ထွက်ပေါ်လာခြင်း မရှိချေ။
ထို့ကြောင့် ဓားနှစ်လက်ထက် ဧကရာဇ်ဓားကို ပြန်ယူနိုင်ခြင်း ရှိ-မရှိ ကိုသာ သိချင်လာ တော့သည်။
ဧကရာဇ်ဓား ပြန်လာသော် ဂိုဏ်းချုပ် မရှိခဲ့လျှင်ပင် ဓားနှစ်လက်ကို ဆင့်ခေါ် နိုင်မည် ဖြစ်သည်။ ယင်းက သူတို့ကို သတ်ရန် လုံလောက်၏။
“ ငါနဲ့ မထိုက်တန်ဘူးလား ... ။ ”
လီတာ့ယန်က အံကြိတ်ကာ ကောင်းကင်ကို မော့ကြည့်နေသည်။ ပုံမှန်အားဖြင့် သူ့မျက်နှာ၌ အပြုံးတစ်ပွင့် အမြဲရှိချေ၏။
သေခြင်းတရားကို ရင်ဆိုင်ရ လျှင်ပင် သူပြုံးနိုင်သည်။ ဤတစ်ကြိမ် ၌မူ မပြုံးနိုင် တော့ချေ။
ယဲ့ချင်းရှန်သည် ၎င်းကို ပြန်ယူရန် ပျက်ကွက်ခဲ့သော်လည်း မြင်ဖူးကြောင်း စီနီယာ တျန်ရှင်းထံမှ ကြားသိထားသည်။
သူ့ အလှည့်ရောက်သော အခါ ဓား၏ အရိပ်ကိုပင် မမြင်ရချေ။ ဤအရာက သဘာဝ အတိုင်း သူ့ကို စိတ်ဓာတ်ကျစေ၏။
“ အစ်ကိုကြီး ... ငါတို့ သွားရအောင်၊ ဒီဓားအတွက် ထိုက်တန်ခြင်း- မထိုက်တန်ခြင်း ဆိုတဲ့ သတ်မှတ်ချက် မရှိတော့ပါဘူး၊ သူ ဂိုဏ်းကနေ ထွက်သွားပြီ။ ”
ဝမ်မူယန်မှ ပြုံးကာ နှစ်သိမ့်လိုက်သည်။ နောက်ဆုံးတွင် လီတာ့ယန် တစ်ယောက် ခေါင်း ငိုက်စိုက် ကျသွားပြီး၊
“ မဟုတ်ဘူး၊ အဲဒီလို မဖြစ်ရဘူး ... ။ ”
-ဟု ဝမ်းနည်းစွာ ရေရွတ် နေခဲ့သည်။
အခမ်းအနား ပြီးဆုံးပြီ ဖြစ်သဖြင့် တက်ရောက်လာသော ဧည်သည်များက သက်ပြင်းချ လိုက်ကြ၏။
မုန်တိုင်း မဟာ သူတော်စင်ပင် ပြန်လည် ပြုံးရယ်လာသည်။ ဧကရာဇ် ဓားသည် ထုံးစံ အတိုင်း တုန့်ပြန်မှုပင် မပေးချေ။
လက်သီး တစ်ထောင် မဟာ သူတော်စင်က သက်ပြင်းချကာ လင်းယွန်ထံ လှမ်းကြည့်သည်။ ထို့နောက် ပြတ်သားသော အသွင်ဖြင့်၊
“ ယဲ့ချင်းရှန် ... မင်း သွားပါ။ ”
-ဟု အမိန်းပေး လိုက်လေသည်။
အခမ်းအနား ပစ္စည်းများ သိမ်းဆည်း တော့မည့် တပည့်များခမျာ ခေတ္တမျှ အံ့အားသင့် သွားကြသည်။ လီတာ့ယန်က သတိ ဝင်လာပြီး ရပ်နေ လူတိုင်းကို ဟန့်တားလိုက်၏။
“ ဟုတ်တယ် ... နေကြဦး၊ ယဲ့ချင်းရှန် စမ်းကြည့်ပါစေ ... သူက နံသာပေါင်းတိုင်ကို ပူဇော်မဲ့လူပဲ သူနဲ့ဆို အဆင်ပြေနိုင်တယ်။ ”
ချန်ပီယံမှ အမွှေးတိုင် ပူဇော်ခြင်း အစီစဉ်သည် အခမ်းအနား၏ နောက်ဆုံးအဆင့် ဖြစ်၏။ ထို့ကြောင့် မုန်တိုင်း မဟာသူတော်စင် တစ်ယောက် စိတ်လှုပ်ရှား လာလေသည်။
လက်သီး တစ်ထောင် မဟာ သူတော်စင်သည် ဤနေ့ အခမ်းအနားကို ကျင်းပသူ ဖြစ်သောကြောင့် ကန့်ကွက်ရန် အာဏမရှိချေ။
ထို့ကြောင့် ဦးတည်ရာ တစ်ရပ်ထံ လှမ်းကြည့်လိုက်သည်။ ထိုအရပ်၌ ယဲ့မိသားစု ရှိနေသည်။
သူတို့အလယ်တွင် အားကောင်းသော ရောင်ဝါများ ပေးစွမ်းသည့် အဖိုးအိုတစ်ယောက် ရှိချေ၏။
ဤသည်မှာ ယဲ့ချင်းရှန်ကို သတ်လိုသော ကျောက်ဆောင် သူတော်စင် ဘုရင် ယဲ့ဘိုးဘေး ဖြစ်သည်။
ကျောက်ဆောင် သူတော်စင် ဘုရင်က သူ့အကြည့်ကို သတိပြုမိပြီး အေးစက်သော အပြုံးဖြင့် ခေါင်းညိတ်ပြ၏။
“ ယဲ့ချင်းရှန် ... မင်းဘာကို စောင့်နေတာလဲ။ ”
လက်သီး တစ်ထောင် သူတော်စင်က အော်ငေါက်လေသည်။ လင်းယွန် တစ်ယောက် ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံး၏။
ထိုဧကရာဇ်ဓားသည် သူလက်လှမ်း လိုက်ချိန်တိုင်း ကြောက်ရွံ့စွာ ဆုတ်ခွာသွားနေ သည်ကို သူသာလျှင် အသိဆုံး ဖြစ်သည်။
လက်သီး တစ်ထောင် မဟာ သူတော်စင်က၊
“ ယဲ့ချင်းရှန် ဆိုတာ သန့်ရှင်းသော သားတော် မဟုတ်ပေမယ့် ... ကောင်းကင်နဂါး သခင်ပဲ၊ သူ့ကို စမ်းခွင့်ပေးတာ စည်းမျဉ်းနဲ့ ညီတယ်၊ ဒါကို ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ဘူးလို့ ... ငါ ယုံတယ်။ ”
-ဟု သတိပေး ပြောကြားလိုက်သည်။
ဤကြေငြာချက်သည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိ ကြသည်။ သို့သော် နောက်ဆုံးတွင် ဧကရာဇ်ဓားကို ပြန်လည် ယူဆောင်ရန် လွယ်မည် မဟုတ်ချေ။
ယဲ့ချင်းရှန် လုပ်ဆောင်ခဲ့ သော်မှ ထူးလာမည် မဟုတ်ကြောင်း နားလည်ထား ကြ၏။
“ ကန့်ကွက်တယ် ... ။ ”
ထိုအချိန်တွင် အသံ တစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဟန်ချက်ကို အနှောင့်အယှက် ပေးလာသည်။
ဤသည်မှာ ယဲ့ဘိုးဘေး ကျောက်ဆောင် သူတော်စင် ဘုရင် ဖြစ်သည်။ ၎င်းမှ သူတော်စင် ဘုရင် ရောင်ဝါကို လင်းယွန်ထံ ညွှန်ပြလျက်၊
“ တကယ်တော့ ... သူက ယဲ့ချင်းရှန် မဟုတ်ဘူး၊ ယဲ့ချင်းရှန်က ကွယ်လွန် သွားတာ ကြာပြီ၊ သူ့နာမည် ပန်းသင်္ချိုင်း၊ သက်တံဓား သူတော်စင်ရဲ့ တပည့်ပဲ။ ”
-ဟု ပြောကြား လိုက်တော့သည်။
***