ကောင်းကင် သစ္စာ။
Vol. 156 Ch. 2184
ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ အခြားလူ တစ်ယောက်သာ ပြောပါက ယုံမည် မဟုတ်ချေ။ ယခုမူ ကျောက်ဆောင် သူတော်စင် ဘုရင်မှ ပြောလာခြင်း ဖြစ်သည်။
သူသည် ယဲ့မျိုးနွယ်၏ ဘိုးဘေး ဖြစ်ပြီး အနှစ်တစ်ထောင် နီးပါး သက်တမ်း ရှိနေသူ ဖြစ်သည်။ ယဲ့မိသားစု အရေးကို သူ့ထက် မည်သူမျှ ပိုမသိနိုင်ချေ။
“ မင်း ဘယ်လို သတ္တိရှိလဲ ... ဒါက ကောင်းကင် တာအိုဂိုဏ်း ... မင်းရဲ့ ယဲ့မိသားစု မဟုတ်ဘူး၊ သူ ... ဘယ်သူ ဖြစ်ဖြစ် မင်းနဲ့ ဆိုင်သလား၊ ထွက်သွားစမ်း ... ငါ့ကို မယဉ်ကျေးလို့ အပြစ်မတင်ပါနဲ့ ... ။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်က လူသတ်လိုသော ရည်ရွယ်ချက်ကို ထုတ်ပြကာ အော်ငေါက်လိုက်သည်။
လူတိုင်း အသက်ပြင်းပြင်း ရှူလိုက်မိ၏။ ဒေါသအလွန် ထွက်နေသော မဟာ သူတော်စင် တစ်ပါးကို တွေ့ရခဲပေသည်။
ကျောက်ဆောင် သူတော်စင် ဘုရင်မှာ ဒေါသကြောင့် မျက်နှာ ဖြူဖျော့လျက် သွေးအန် လုနီးပါး ဖြစ်လာ၏။
ဆင်းသက်ပုံ အရ ဆိုသော် လက်သီး တစ်ထောင် မဟာသူတော်စင်သည် သူ့မြေး အနွယ်ဝင် အဖြစ် ယူဆနိုင်သည်။
ထို့ကြောင့် မြေးတစ်ယောက်သည် ၎င်းအဘိုးကို မည်သည့် အချိန်မှစပြီး အပြစ်တင် ဆုံးမ၍ ရလေသနည်း။
ဤယဲ့ချင်းယွီသာ သူ့စကားကို နာခံခဲ့သော် ဝမ်မိသားစုသည် ယနေ့ကဲ့သို့ ကြီးထွားလာမည် မဟုတ်ချေ။
အာဃာတ အဟောင်းနှင့် အသစ်များ ပေါင်းစပ်သွားပြီး ကျောက်ဆောင် သူတော်စင် ဘုရင်မှ လူသတ်ချင် လာသည်။
သို့သော် ယဲ့ချင်းယွီထံ ပြန်ကြည့် လိုက်သောအခါတွင်၊ ထိုဆန္ဒများ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်သည်။
“ ဒီလိုတော့ ထားလိုက်လို့ မရဘူး။ ”
အရေးကြီးသော အချိန်၌ မုန်တိုင်း မဟာ သူတော်စင်က ပြုံးပြီး ဝင်ပြောလာသည်။ သူက ယဲ့ဘိုးဘေးထံ ကြည့်ကာ၊
“ ငါတို့ အတည်ပြုဖို့ လိုတယ် ... ကျောက်ဆောင် သူတော်စင် ဘုရင် ... မင်းဒီလို ကန့်ကွက်လိုက်တဲ့ အတွက် ... သက်သေ လိုတယ် ဆိုတာ သိတယ်မလား။ ”
-ဟု လှမ်းမေး လိုက်သည်။
ကျောက်စိမ်းဓား သူတော်စင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် မူလ နဂါး မဟာ သူတော်စင်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်သည်။
လက်သီး တစ်ထောင် မဟာ သူတော်စင်သည် လင်းယွန် တစ်ယောက် ဧကရာဇ်ဓားကို ပြန်ယူနိုင်မည် လားဟု စမ်းကြည့်ချင်ယုံသာ ဖြစ်သည်။
ဤကဲ့သို့ လင်းယွန်ကို ချောက်ကမ်းပါး အစွန်းထံ တွန်းပို့ခဲ့သလို ဖြစ်သွား လိမ့်မည်ဟု ထင်ပုံမရချေ။
“ ဒါကို ပြောဖို့ ... ကျွန်တော့်မှာ သဘာဝအတိုင်း သက်သေ ရှိပါတယ်။ ”
“ ကောင်းပြီ ... လက်သီး တစ်ထောင် မင်းမှာပြောစရာ မရှိရင် ... ငါဒီကောင်လေးရဲ့ မူလကို စိတ်ဝင်စားပါတယ်။ ”
မုန်တိုင်း မဟာသူတော်စင်မှ လက်သီး တစ်ထောင် မဟာ သူတော်စင်ကို လှည့်ကြည့် လိုက်၏။
ပုံမှန်အတိုင်းဆိုက ပြဿနာ မရှိချေ။ သို့သော် အခြား မြင့်မြတ်မြေများ ရှိနေသဖြင့် ဤအရာက လက်သီး တစ်ထောင် မဟာ သူတော်စင်ကို ခက်ခဲသော နေရာတွင် ရောက်ရှိစေသည်။
“ ယဲ့ချင်းရှန်က ပန်းသင်္ချိုင်း ဖြစ်နိုင်ပါ့ မလား၊ နည်းနည်းတော့ ရယ်စရာပဲ .. ဒါပေမယ့် သူတို့မှာ တူညီတာ တွေတော့ ရှိပါတယ် ... ဒီလို ထက်ရှတဲ့ ဓားသမားတွေ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။ ”
“ ကောင်းကင် တာအိုဂိုဏ်းကို ယဲ့ချင်းရှန် ပြန်ရောက်လာတဲ့ အချိန်မှာပဲ၊ ပန်းသင်္ချိုင်း လည်း ပျောက်ကွယ် သွားခဲ့တာ မဟုတ်လား။ ”
“ ဒါက သံသယ ဖြစ်စရာ ပေမယ့် ... သက်သေ မပြနိုင်ပါဘူး။ ”
“ ပန်းသင်္ချိုင်းနဲ့ ယဲ့ချင်းရှန်က ဘာများ တူလို့လဲ၊ ယဲ့ချင်းရှန် ဆိုတာ သန့်ရှင်းသော သမီးတော် သတ်သူပါ ... ။ ”
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ထွက်ပေါ်လာသည်နှင့် အမျှ အဝတ်ပါးပြင်း ထောင်ထားသော လူက ပြုံးကာ၊
“ အခုမှ ... စိတ်ဝင်စားစရာ ကောင်းလာပြီ ... ။ ”
-ဟု ရေရွတ် လိုက်သည်။
သူ့အနောက်တွင် ရပ်နေသူများ ကလည်း ယဲ့ချင်းရှန်ကို ရွှတ်နောက်နောက် အမူအရာဖြင့် ကြည့်လာ ကြတော့၏။
ယဲ့ချင်းရှန်သည်သာ လင်းယွန် ဖြစ်သော် ကောင်းကင် ချပ်ဝတ်သည် သူ့တွင် ရှိနေမည် ဖြစ်သည်။
ဓားဧကရာဇ် ယုချင်းဖန်မှ ၎င်းနောက်သို့ ဧကရာဇ်များ လိုက်ခွင့် မရှိဟုသာ ဆိုထား၏။ သူတော်စင်များ မပါချေ။
လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ကူကယ်ရာမဲ့ ဟန်ဖြင့်၊
“ ကျောက်ဆောင် သူတော်စင် ဘုရင် ... မင်းသူ့ကို စမ်းကြည့်နိုင်တယ်၊ ဒါပေမယ့် မင်း လုပ်သမျှကို အထောက်အထား ရှိဖို့လိုတယ်၊ မဟုတ်ရင် ငါ မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး။ ”
-ဟု ခွင့်ပြု လိုက်ရတော့သည်။
“ မင်း ငါ့ကို ခြိမ်းခြောက် နေတာလား၊ တခြားလူတွေက မင်းကို ကြောက်ပေမယ့် ... ငါ မပါဘူး၊ ယဲ့ချင်းရှန် အစစ်က သေပြီ၊ သူက ယဲ့ချင်းရှန် မဟုတ်တာ သေချာတယ်၊ ...
... ငါ သက်သေ ပြပါရစေ၊ ယဲ့ချင်းရှန် မင်း ပန်းသင်္ချိုင်း မဟုတ်ဘူး ဆိုတာကို ကောင်းကင် တာအိုနဲ့ ကျိန်ဆိုဝံ့သလား။ ”
ကျောက်ဆောင် မဟာ သူတော်စင်မှ လှောင်ပြုံးဖြင့် မေးလိုက်တော့၏။ ကောင်းကင် တာအို ကျိန်ဆိုခြင်းကို မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ များပင် မဆန့်ကျင်ဝံ့ချေ။
ယင်းက သက်သေပြရန် အကောင်းဆုံး နည်းလမ်းဖြစ်သဖြင့် လူတိုင်း ခေါင်းညိမ့်လိုက် ကြသည်။
လင်းယွန်မှ ပြုံးလျက်၊
“ ကောင်းပြီ ငါကျိန်ဆိုမယ် ... ဒါပေမယ့် မင်းက ငါ့အရင် ... ကောင်းကင် တာအို သစ္စာ ကျိန်ဆိုမှု တစ်ခု လုပ်ပြပါ၊ အဲဒါက ...
... ယဲ့ချင်းရှန် အသက်ရှင် နေခဲ့ရင် ... မင်းတစ်သက်မှာ ဘယ်တော့မှ အောင်မြင်မှုတွေ မရပါစေနဲ့လို့ ကျိန်ဆိုပါ ... ။ ”
လင်းယွန်၏ တည်ငြိမ်သော အမူအရာ များကြောင့် လူတိုင်း၏ သံသယများ ပါးလျလာ တော့သည်။
ဤလူငယ် သည်သာ လင်းယွန် ဖြစ်လျှင် သရုပ်ဆောင် စွမ်းရည်မှာ အနည်းငယ် သာလွန် နေကြောင်း ဝန်ခံရ ပေမည်။ သူ ပြောသည့် စကားများမှာ အမှားအယွင်း မရှိချေ။
“ ဒါက ... ။ ”
ဤသို့ တည်ငြိမ်စွာ တုန့်ပြန်နိုင်မည်ဟု မမျှော်လင့်ထား သဖြင့် ကျောက်ဆောင် မဟာ သူတော်စင်မှ စကားထစ် သွားသည်။
တစ်ဖက်လူ၏ တောင်းဆိုမှုသည် ဘဝနှင့် သက်ဆိုင်နေ သဖြင့် လင်းယွန် ဖြစ်ခဲ့ကြောင်း သက်သေ တစ်ထောင် ရှိနေလျှင်ပင် သူ လောင်းကြေး မထပ်ဝံ့ချေ။
“ ဘာလဲ ... မင်းမဝံ့ဘူးလား။ ”
လင်းယွန်မှ ပြုံးလိုက်သည်။ ကောင်းကင် တာအိုကျိန်ခြင်းသည် အနည်းငယ် ပြင်းထန်၏။ ထို့ကြောင့် ကျောက်ဆောင် သူတော်စင် ဘုရင်မှ မုန်တိုင်း မဟာ သူတော်စင်ထံ ကြည့်သည်။
သူ့တွင် သက်တမ်း မကျန်တော့ချေ။ အနှစ်တစ်ရာ အတွင်း မဟာ သူတော်စင် မဖြစ် ပါက သေရ ပေလိမ့်မည်။
ဤလူယုတ်မာသည် အရွယ်ငယ် သော်ငြားလည်း အဆိပ်ပြင်း၏။ အားနည်းချက် အပေါ် ချက်ချင်း လောင်းကြေး ထပ်ခိုင်း နေခဲ့သည်။
သို့သော် မုန်တိုင်း မဟာ သူတော်စင်မှ ခေါင်းညိတ်ပြသည်။ သူ သည်လည်း ယဲ့ချင်းရှန် အလောင်းကို မြင်ခြင်း မရှိချေ။
ကျောက်တျန်းယွီမှ ဤလူငယ်သည် ပန်းသင်္ချိုင်း ဖြစ်ကြောင်း ပြောကြားထားသော ကြောင့်သာ ယဲ့ဘိုးဘေးကို အသိပေး လိုက်ခြင်း ဖြစ်သည်။ ယဲ့ချင်းရှန် သေခြင်း- မသေခြင် အပေါ် စိတ်မဝင်စားချေ။
သို့သော် ကျောက်ဆောင် သူတော်စင် ဘုရင်မှာ မျက်နှာ ဖြူဖျော့ သွားသည်။ အဆုံး၌ အံကြိတ်လျက်၊
“ ယဲ့ချင်းရှန် သေ-မသေ ... ငါမသိပေမယ့် မင်းကတော့ ... ။ ”
“ ဟား ... ဟား ... ဟား ... မင်းရှေ့မှာ ရပ်နေတဲ့ ငါက ယဲ့ချင်းရှန်ပဲ သဘာဝအတိုင်း ငါ မသေပါဘူး၊ ဆိတ်အိုကြီး ... မင်း ငါ့ကို မနာလိုဘူး မဟုတ်လား။ ”
“ မင်း ... ။ ”
‘ဆိတ်အိုကြီး’-ဟု ခေါ်ဝေါ်ခြင်း ခံရ ပြီးနောက်၊ ကျောက်ဆောင် သူတော်စင် ဘုရင်မှ ဒေါသထွက် လာတော့၏။
“ ကောင်းပြီ ... ၊ မင်းက ယဲ့ချင်းရှန် ဆိုရင် မင်းအမေ၊ အဖေနဲ့ အဖိုးနာမည်တွေ ပြောပြပါ။ ”
“ ငါပြောမယ် သေချာနားထောင် ... ။ ”
လင်းယွန်က ချောချော မွေ့မွေ့ပင် ပြန်ဖြေသည်။ ယဲ့ကူဟန် ပေးသော အချက် အလက် များကို အလွတ်ကျက်ထား သဖြင့် အဆင်ပြေ နေ၏။
သံသယ ဖြစ်ဖွယ် တစ်စုံတစ်ရာမျှ မတွေ့သောကြောင့် လူတိုင်း စိတ်ပြောင်း သွားကြ ပြန်သည်။
သို့သော် လင်းယွန် အထောက်အထားကို သိထားသူ အနည်းငယ် သည်သာ သက်ပြင်းချ နိုင်ခဲ့၏။
ကျိကျစ်ရှီက အံ့သြစွာဖြင့် မျက်လုံးများ မှေးစင်းသွားသည်။ ဖိအားများစွာကို ခံနိုင်ရည် ရှိသော လင်းယွန်၏ တည်ငြိမ်မှုသည် စိတ်ဝင်စားစရာ ကောင်းချေ၏။
ဆန့်ကျင်ဘက်တွင် ကျောက်ဆောင် သူတော်စင်ဘုရင်သည် တည်ငြိမ်မှု ပျောက်ဆုံး သွားခဲ့သည်။
လင်းယွန် အဖြေကို နားထောင်ပြီး ကူကယ်ရာမဲ့ လာ၏။ အခြား သူတော်စင်များ ပင်လျှင် အချင်းချင်း ဆွေးနွေးလျက် သူ့ကို သံသယဖြင့် ကြည့်ရှုလာ ကြသည်။
“ မဟုတ်ဘူး ... မင်းက လင်းယွန်ပဲ ... မင်းကိုယ်မင်း ထုတ်ဖော်ပြသဖို့ ဆန္ဒမရှိရင် ငါ ကိုယ်တိုင် လုပ်မယ်။ ”
အဆုံးတွင် အခြား ရွေးချယ်စရာ မရှိတော့ချေ။
“ သတ္တိရှိရင် ... မင်း စမ်းကြည့်လိုက်။ ”
ဤတစ်ကြိမ်၌ မူလ နဂါး မဟာ သူတော်စင်က ဝင်ရောက် အော်ဟစ်လာ တော့၏။
“ ငါ့တပည့်ကို ထိဝံ့ရင် ... ယဲ့မိသားစု တစ်ခုလုံးကို တစ်ယောက်မကျန် သတ်ပစ်မယ်။ ”
မူလနဂါး မဟာ သူတော်စင်၏ ခြိမ်းခြောက်မှုကို နားထောင်ပြီးနောက် လူတိုင်း အသက် ပြင်းပြင်းရှူလျက် မျက်နှာများ ပြောင်းသွား ကြသည်။
ကျောက်စိမ်းဓား သူတော်စင်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင် မှလည်း ကျောက်ဆောင် သူတော်စင် ဘုရင်ကို စိုက်ကြည့် လိုက်လေသည်။
လေးလံလွန်းသော ဖိအားများကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားတော့၏။ မဟာ သူတော်စင် သုံးပါး၏ ဖိအားသည် ကျောက်ဆောင် သူတော်စင် ဘုရင်ကို အမှုန့်ချေချင် နေချေပြီ။
အခြားသော မြင့်မြတ်မြေ များမှ ဧည့်သည်တော်များသည် လူငယ် တစ်ဦးကို ထောက်ခံပေးနေသည့် မဟာ သူတော်စင် များစွာ ရှိနေသဖြင့် အံ့သြကုန်ကြ၏။
ဤလူငယ်သည် လင်းယွန် ဖြစ်လျှင်ပင် မဟာ သူတော်စင် သုံးပါးကို ထည့်တွက်ရမည် ဖြစ်သည်။
ကျောက်ဆောင် မဟာ သူတော်စင်က သူ့စကား လွန်သွားသည်ကို သိသဖြင့်၊
“ ကိုယ်တိုင် လုပ်ဖို့ မသင့်တော်ပါဘူး၊ ကျန်းပေ့ထွက်လာခဲ့ ... မင်း ဆယ်ကြိမ်အတွင်း ယဲ့ချင်းရှန်ရဲ့ ရုပ်သွင်ကို ထုတ်ဖော်ပါ။ ”
-ဟု အမိန့်ပေး လိုက်တော့၏။
ကျန်းပေ့သည် ကောင်းကင် မူလ ဒုတိယ အဆင့်တွင်ရှိပြီး သူတော်စင် ဝိညာဉ်ကို ဖန်တီး ထားနိုင်သည်။
ယဲ့မိသားစုဝင် ဖြစ်၏။ ထို့ကြောင့် လက်သီး တစ်ထောင် မဟာ သူတော်စင်မှ မျက်မှောင်ကျုံ့ သွားကာ ဟန့်တား လိုခဲ့သည်။
“ လာပါစေ ... ကျွန်တော် မကြောက်ပါဘူး။ ”
လင်းယွန်မှ လက်သီး တစ်ထောင် မဟာသူတော်စင်ထံ ခေါင်းညိတ်ပြ လိုက်သည်။ ယနေ့ ပြဿနာသည် ခွန်အားသုံးကာ ဖြေရှင်း ရမည့်ပုံ ပေပင်။
“ အဲဒါ မင်းပြောတာနော် ... ကောင်းပြီ ကျန်းပေ့ ... မင်းဘာလို့ မလှုပ်သေးတာလဲ။ ”
ကျောက်ဆောင် သူတော်စင် ဘုရင်မှ ရွှင်မြူးသွားသည်။ ထို့ကြောင့် ယဲ့ကျန်းပေ့က စင်မြင့်ပေါ် လှမ်းတက် လာတော့၏။
မရဏ မူလအဆင့်မှ တစ်စုံ တစ်ယောက်သည် သူ့လက်၌ သုံးကြိမ် ခံနိုင် လျှင်ပင် အကောင်းဆုံး ဖြစ်သည်။
“ ခရစ် ... ။ ”
ခြေလှမ်းတိုင်းတွင် ကောင်းကင်ကြီး ကွဲအက်ကာ ‘မီး’ဟူသော အက္ခရာ တစ်လုံး ပေါ်လာသည်။
ထိုရောင်ဝါသည် ဝမ်ကျစ် ထက်ပင် ပြင်းထန်လေသည်။ သူ ရပ်လိုက်ချိန်၌ နက္ခတ် ထပ်ပွင့်လာ၏။
ယင်းသည် မီးနဂါးကြီး တစ်ကောင်မှ ဟိန်းဟောက်လျက် မီးတောင်ထိပ်၌ မြူးထူး နေခြင်း ဖြစ်သည်။
“ ငါ့အသက်အရွယ် အရ ... မင်းကို တိုက်ခိုက်ဖို့ မသင့်တော်ပါဘူး၊ ဒီတော့ ... ဒါကို သုံးကြိမ်အတွင်း ဖြေရှင်း လိုက်ရအောင်၊ ...
... သုံးကြိမ် အတွင်း ငါမင်းကို အနိုင်မယူနိုင်ရင် ... ငါ့အရှုံးလို့ မင်းမှတ်ယူ နိုင်ပါတယ်။ ”
***