← Chapters

ဟောင်ကလန်

Vol. 010 Ch. 949

ဟောင်ကလန်

Vol. 010 Ch. 949

တော်ဝင်ကျဲ နန်းတော်နှင့် ယွီကလန်တို့ အတူတူ ပူးပေါင်းကာ သတ်ဖြတ်ခံရမှုအား စုံစမ်းခြင်းအား ပြည်နယ်ကိုးခုမှ လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့် ကြသည်။

မည်သူက ဤသို့ လုပ်ရဲသနည်း။ သူတို့၏ ရည်ရွယ်ချက်က ဘာလဲ။

ရက်အနည်းငယ် ကြာပြီးနောက် သတ်ဖြတ် ခံခဲ့ရသော ယွီကလန်မှလူများ နောက်ဆုံး တိုက်ပွဲ ဖြစ်နေရာကို သူတို့ ခြေရာကောက် နိုင်ခဲ့ကြသည်။ နေရာကား အမှန်ပင် ကျုံးကျိုးနယ်၌ ဖြစ်ကာ လူမနေသော မြို့ပျက် တစ်ခု၌ ဖြစ်ပေသည်။

ထိုအခိုက်တွက် ယွီကျင့်လျူနှင့် ရီဖူရှင်းတို့ ထိုနေရာသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် တိုက်ပွဲ၏ ခြေရာ လက်ရာများနှင့် သွေးစသွေးနများအား မြင်တွေ့ ကြရသည်။ သူတို့ ရောက်လာသောအခါ ထိုနေရာ၌ ပိတ်လှောင်ခြင်း လောကဓာတ် အငွေ့အသက်များအား ခံစားမိကြသည်။

တော်ဝင်မြေ နှစ်ခုက ထိုနေရာအား ပိတ်ဆို့ ထားကြသည်။ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင် တို့က ထိုအခွင့်အရေးအား အသုံးချကာ ရီဖူရှင်းအား လုပ်ကြံရန် ကြိုးစား နိုင်ပေသည်။

သူတို့သည် ယွီကလန် သေဆုံးခြင်း၌ တရားခံများ မဟုတ်နိုင်ကြောင်း ကောက်ချက် ချကြသည်။ အကယ်၍ သူတို့က ထိုသို့လုပ်ခဲ့ပါက ယွီကလန်အား တော်ဝင်ကျဲ နန်းတော်နှင့် ပူးပေါင်းရန် အတင်း တွန်းအားပေးခြင်း ဖြစ်သွားပေမည်။

ထိုနေရာ၌ တိုက်ပွဲ၏ လက်ရာ ခြေရာများအား တွေ့မြင်ကြ ရသော်လည်း တခြားသော သဲလွန်စများအား ရှာမတွေ့ပေ။

ရီဖူရှင်းက သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်အား အသက်သွင်းကာ သဲလွန်စများအား ရှာဖွေရန် ကြိုးစားနေသည်။ ထိုအချိန်တွင် သူ၏ အာရုံခံစားမှုမှာ အလွန်ထက်ရှ အားကောင်းနေပြီး ပိတ်ဆို့ခြင်း လောကဓာတ် အပြင် နောက်ထပ် ဓာတ်တစ်မျိုးကိုလည်း သူ ခံစားမိသည်။

“အေးတယ်...” သူက တီးတိုးပြောကာ တိုက်ပွဲ နေရာများသို့ ပိုမို စူးစိုက်၍ အာရုံခံသည်။

အတန်ကြာလျှင် သူက ယွီကျင့်လျူထံသို့ ကြည့်လျက် ပြောသည်... “ဒီတိုက်ပွဲထဲက စွမ်းအင် အပိုင်းအစတွေက လုံးဝ ပျောက်ကွယ်လု နီးပါး ဖြစ်နေပြီ။ ဒါပေမဲ့ ထိပ်သီး တန်ခိုးရှင်တွေရဲ့ အငွေ့အသက် တွေတော့ ကျန်နေတုန်းပဲ။ တစ်ဖက်ကလူ အသုံးပြုသွားတာက ရေခဲဓာတ် ဖြစ်ဟန်ရတယ်”

“ပြည်နယ်ကိုးခုမှာ ရေခဲဓာတ်ကို ကျွမ်းကျင်သူ အများကြီး ရှိတယ်။ တော်ဝင်မြေတိုင်းမှာ တစ်ယောက်စီ ရှိတယ်” ယွီကျင့်လျူက ပြောသည်။ ဆိုလိုသည်မှာ ရီဖူရှင်း၏ ရှာဖွေတွေ့ရှိမှုက လူသတ်သမားအား ရှာဖွေရန် အသုံးမဝင် ဟူ၏။

အတန်ကြာအောင် ရှာပြီးနောက် ယွီကျင့်လျူက ပြောသည်.. “ကြည့်ရတာ ငါတို့ နောက်ထပ် ရှာတွေ့ဖို့ မရှိတော့ဘူး။ နန်းတော်ကို ပြန်ရအောင်”

“ကောင်းပြီ...” ရီဖူရှင်းက ပြောသည်။ သူတို့အုပ်စု တော်ဝင်ကျဲ နန်းတော်သို့ ပြန်လာကြ၏။ သူတို့က သတ်ဖြတ်သူအား ရှာမတွေ့သလို သဲလွန်စများလည်း တွေ့ရန် ခက်ခဲနေခဲ့၏။ သို့သော်လည်း ယွီကလန်က တော်ဝင်ကျဲ နန်းတော်နှင့် အတူ လူသတ်သမားများအား စုံစမ်း ဖော်ထုတ်နေသည့် ကိစ္စမှာ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ အတင်းကာရော လှုပ်ရှားခြင်း များအား အတားအဆီး ဖြစ်စေသည်။

ကျိရှမ်းကမ်းပါးမှာ ရီဖူရှင်းတို့၏ သတ်ဖြတ်ခြင်းအား ခံရပြီး ယခု ယွီကလန်က ဝင်လာကာ သူတို့၏ အစီအစဉ်များအား အနှောင့်အယှက် ဖြစ်စေသည်။ သူတို့အားလုံးမှာ အလွန် မကျေမနပ် ဖြစ်ကြသော်လည်း မိမိကိုယ်ကို ထိန်းချုပ်ကာ ကောင်းမွန်သော အခွင့်အလမ်း များအား စောင့်ဆိုင်းရန်သာ ရှိတော့သည်။

ရှီဟွတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့မှာ ရှန့်ထိုကျဲသည် ငကြောက် တစ်ယောက် ဖြစ်သည်ဟု စိတ်ထဲတွင် တွေးထင် နေကြသည်။ သူကား ရှန့်ထိုတစ်ပါး ဖြစ်နေခြင်းက ကံကောင်းခြင်းပင်။ မဟုတ်လျှင် သူ၏ တပည့်များနှင့်အတူ သတ်ဖြတ်ခံရပြီး ဖြစ်ပေမည်။ ယခု အားလုံးက သူ့အား လှောင်ပြောင် သရော်ကြသည်။ နှစ်တစ်ရာမျှ ကြာလျှင်ပင် သူကား ယခင်နေရာကို ပြန်လည် ရယူနိုင်တော့မည် မဟုတ်တော့ပေ။

ရှန့်ထိုကျဲ၏ စွမ်းရည်ဖြင့် သူကား တော်ဝင်ကျဲ နန်းတော်မှ လူများ အားလုံးကို သတ်ဖြတ်နိုင်ကာ တော်ဝင်ကျဲ နန်းတော်မှ ရှန့်ထိုနှစ်ပါးပင် သူ့အား တားဆီး၍ မရပေ။ တော်ဝင်ကျဲ နန်းတော်အား ဖျက်ဆီးပြီး သူက အင်ပါယာရှား လက်လှမ်းမမီအောင် ပြေးရန်သာ လိုသည်။

***

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်သို့ ပြန်ရောက် ပြီးနောက် ပြည်နယ်ကိုးခု ရှန့်ထိုနှင့် ရှီအဆင့်ဝင်များကို တစ်ယောက်ချင်း လေ့လာသည်။

သူက ရှန့်ထို၇၂ပါးကို မကြည့်ဘဲ ရှီတန်ခိုးရှင်များ ကိုသာ ကြည့်သည်။ မှန်သည် ... အချို့သော ရှီတန်ခိုးရှင်များမှာ သူ့လက်ချက်ကြောင့် စာရင်းထဲ မရှိကြတော့ပေ။

ပြည်နယ်ကိုးခုတွင် ရေခဲဓာတ်၌ ကျွမ်းကျင်သူများ အများအပြား ရှိပေသည်။ သို့သော်လည်း ယွီကလန်မှ ထိပ်သီး တန်ခိုးရှင်များအား သတ်ဖြတ်နိုင်သော သူမှာ အလွန် အားကောင်း ရပေမည်။ ပြည်နယ်ကိုးခု ရှီအဆင့်ဝင်များအား လေ့လာ ကြည့်ခြင်းမှာ မမှားပေ။ သို့သော်လည်း ရီဖူရှင်းက ထိုစာရင်းများအား ကြည့်ပြီး မည်သည့် သဲလွန်စမှ မရပေ။

ရီဖူရှင်းက ယွီကလန် တန်ခိုးရှင်များ သေဆုံးခြင်းကို စုံစမ်း စစ်ဆေးနေစဉ်မှာပင် ကျုံးကျိုးနယ်သို့ မဖိတ်ခေါ် ထားသော ဧည့်သည်တစ်စု ရောက်လာကြသည်။ ကျုံးကျိုးမြို့ကား မြေရိုင်းပြည်နယ် အတွင်း၌ရှိသော အကြီးမားဆုံး မြို့တစ်ခုဖြစ်ကာ တော်ဝင်ကျဲ နန်းတော်ကား ထောင့်စွန်း ဒေသ၌ တည်ရှိသည်။

ထိုအခိုက်တွက် တန်ခိုးရှင်တစ်စု ရှေးဟောင်း မြို့အတွင်း ယုံကြည်မှုရှိစွာ သွားလာ နေကြသည်။ သူတို့အားလုံးက ထီမထင်သော အမူအရာများ ရှိကြသည်။ တစ်ယောက်တွင်ကား ဆံပင်ဖြူများရှိကာ လတ်သော အသားအရေရှိကာ သူ့ခန္ဓာကိုယ်အား နတ်ဘုရား လေလှိုင်းများ ဖြတ်သန်း စီးဆင်းနေသည်။ သူ့ကိုယ်ရောင် ကိုယ်ဝါက အမှုမဲ့အမှတ်မဲ့ ထွက်ပေါ်လာလျှင် ရိုက်ခတ် ခံရသူများမှာ ထိတ်လန့်တကြား ဖြစ်ရသည်။ တခြားသော တန်ခိုးရှင်များမှာလည်း ထူးဆန်း အံ့ဖွယ် ကောင်းလှပေသည်။ သူတို့က သွားရင်းလာရင်း တစ်စုံတစ်ခုကို ရှာဖွေနေဟန်ရသည်။

သူတို့အားလုံး၏ အလယ်တွင် လှပ ဆန်းကြယ်သော အဝတ်အစားများအား ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ရပ်နေသည်။ သူ့ဘေးတွင်ကား လူလတ်ပိုင်း တစ်ယောက်က မြေပုံတစ်ခုအား ကိုင်စွဲထား၏။ ထိုမြေပုံကပင် သူတို့အား သည်နေရာသို့ ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။

“ကျုပ်တို့ ရောက်ခါနီးပြီ ထင်တယ်” သက်လတ်ပိုင်း လူကြီးက ပြောသည်။ သူ၏ စူးရှ တောက်ပြောင်သော မျက်လုံးများက ဓားသွားအလား ပတ်ဝန်းကျင်အား ကြည့်သည်။

“ကျုပ်တို့ ဘယ်မှာလဲ...” လူငယ်က မေးသည်။

“အင်ပါယာရှား နယ်မြေ၊ ပြည်နယ်ကိုးခုထဲက တစ်ခု” သက်လတ်ပိုင်း လူကြီးက ပြောသည်။

“ဒီမတိုင်ခင် ရှားရှင်းယွန် ကျုပ်တို့ ဘုံမှာလာပြီး လေ့ကျင့်ခဲ့တယ်။ ဒီပြီးနောက် အင်ပါယာရှား နယ်မြေသို့ ကျုပ်တို့ လာခဲ့ရမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ဒီမှာ သိပ်လှုပ်လှုပ် ရှားရှားတော့ လုပ်လို့ မရဘူး” လူငယ်က ပြောသည်။ အားလုံးက ခေါင်းညိတ်သည်။ သည်ခရီးစဉ်၏ရည်ရွယ်ချက်ကို သူသိသည်။

ရန်ဟောင်၏ သဲလွန်စများ ဤသို့သော နိမ့်ပါးသော မြေရိုင်းပြည်နယ်၌ အမှန်တကယ် ပေါ်ထွက် လာခဲ့သည်။ သူတို့က အင်ပါယာရှား နယ်မြေအတွင်း၌ ဖြစ်ရာ ပြဿနာများ သိပ်မဖြစ်စေရန် သတိထား ရပေမည်။ ရန်ဟောင်၏ အမွေအနှစ်များက သိပ်နက်ရှိုင်းသော နေရာများ၌ ဖုံးကွယ် မနေစေရန် သူ မျှော်လင့်သည်။ သူတို့က သည်မြေပုံအတွက် စျေးကြီး ပေးခဲ့ရသည်။ ထို့အတွက် အလဟဿတော့ မဖြစ်စေလိုပေ။

မျောလွင့်နေသော မြေပုံမှာ တစ်ခုခုကို ခံစားမိသည့်အလား တဖြည်းဖြည်း ပိုမို လင်းလက်နေရာ အားလုံး၏ မျက်လုံးများမှာ ထက်ရှ သွားကြသည်။ သူတို့ ရှာဖွေနေသော လမ်းကြောင်းမှာ မှန်ကန်ဟန် ရသည်။

သိပ်မကြာခင် သူတို့ ကြီးမားသော အဆောက်အဦ ဟောင်းကြီး တစ်လုံးထံသို့ ရောက်လာသည်။ ထိုနေရာတွင် နန်းတော်အလား အဆောက်အဦ ဟောင်းကြီးတစ်ခု ထည်ဝါ ခန့်ညားစွာ ရှိနေသည်။

ဤနေရာကား သည်ဒေသအတွင်းမှ ထိပ်သီး အင်အားစု တစ်ခု ပိုင်ဆိုင်သော နေရာ ဖြစ်ရပေမည်။ သို့သော်လည်း အတွင်း၌ကား ဟာလာဟင်းလင်း ဖြစ်သည်။

မြေပုံမှ အလင်းများမှာ တဖြည်းဖြည်း ပိုမို လင်းလက်လာခဲ့ပြီး အားလုံး၏ မျက်နှာများမှာလည်း ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ အထဲတွင် မည်သူမှ မရှိပေ။

လူအများအပြားမှာ အဆောက်အဦ အပြင်ဘက်၌ လျှောက်သွား နေကြကာ ကောင်းကင်ထက်မှ စွမ်းအားမြင့် တန်ခိုးရှင်အား ကြည့်ကြသည်။ သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများကား အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။ ထိုလူများ ဘယ်ကလာသည်ကို သူတို့မသိပေ။ သူတို့က တော်ဝင်မြေ တစ်ခုခုမှလား။

ကောင်းကင်ထက်တွင် ထူးဆန်းသော တန်ခိုးရှင်အုပ်စုက အဆောက်အဦအား ကြည့်သည်။ ဂိတ်တံခါးဝ၌ နဂါးသဏ္ဌာန် ရေးထွင်းထားသော စာလုံးတစ်လုံး ရေးထွင်းထားသည်။ စာလုံးမှာ “ဟောင်” ဖြစ်သည်။

“ဒီနေရာပဲဆိုတာ သေချာတယ်။ လျှို့ဝှက်ချက်က ဒီမှာပဲ ဖြစ်ရမယ်။ ငါတို့ ဒီနေရာကို တူးဖော်ရမယ်” လူငယ်က ပြောသည်။

“ဟုတ်ကဲ့ သခင်လေး...” သူ့ဘေးမှ သက်လတ်ပိုင်း လူကြီးက ပြောသည်။ သူက ရှေ့သို့ တက်လာသည်။ ကြောက်မက်ဖွယ် မုန်တိုင်းများ ဖြစ်ပေါ်လာပြီး လေဓာတ် သဘောဝများက လောက၏ အထက်ရှဆုံးသော ဓားသွားအလား မြေပြင်ပေါ်သို့ ဆင်းသက် သွားသည်။

အဝေးမှ စောင့်ကြည့် နေကြသော လူများ ထိတ်လန့် သွားကြသည်။ သူတို့၏ မျက်စိ ရှေ့မှောက်တွင်ပင် အဆောက်အဦကြီးများမှာ အမြစ်မှပါမကျန် ပြိုလဲသွားရပြီး ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ သွားသည်။ မကြာခင် မုန်တိုင်းများ ပျောက်ကွယ်သွားပြီး ယခင် ကြီးမား ခမ်းနားသော အဆောက်အဦကြီးမှာ ဟာလာဟင်းလင်း မြေနေရာအဖြစ်သို့ ပြောင်းလဲသွား၏။

“ရှန့်ထိုတစ်ပါး...” အားလုံး၏ စိတ်နှလုံးများ မြန်ဆန်စွာ ခုန်လာခဲ့သည်။ ရှန့်ထိုတစ်ပါးက အဘယ်ကြောင့် ကျုံးကျိုးနယ်သို့ ရောက်လာ သနည်း။ သူတို့က ဟောင်ကလန် နန်းတော် ဟောင်းအား အဘယ်ကြောင့် ဖြိုဖျက် ရသနည်း။

သူတို့က တော်ဝင်ကျဲ နန်းတော်အား လာရောက် တိုက်ခိုက်သည် များလား။ သူတို့က ဟောင်ကလန် နန်းတော်ဟောင်းအား ဖျက်ဆီးစရာ အကြောင်း မရှိပေ။

လူငယ်က လင်းလက်နေသော မြေပုံအား ကြည့်ကာ ပြောသည် ... “ဒီနေရာပဲ ဖြစ်ရမယ်။ ခင်ဗျားတို့က မီတာ ၁ဝဝဝ အနက်သို့အထိ တူးဖော်ရမယ် ဆိုရင်တောင် ကျုပ်အတွက် ရအောင် ရှာပေး...”

“ကောင်းပါပြီ သခင်လေး...” ဘေးမှ လူများအားလုံးက ခေါင်းညိတ်ကြသည်။ သူတို့က သည်နေရာကို ရှာတွေ့ရန် အလွန် ဝေးကွာသော အရပ်မှ ခရီးနှင် လာခဲ့ကြရသည်။ သူတို့က နေရာအား ရှာတွေ့ချိန်တွင် မည်သို့ လက်လျှော့ ရမည်နည်း။

***

All Chapters