← Chapters

#ကြယ်ဗဟိုချက်#

Vol. 24 Ch. 337

#ကြယ်ဗဟိုချက်#

Vol. 24 Ch. 337

ကြယ်ဥက္ကာခဲ!

မုဖူရှန်းပြောထဲ့သည့်အရ ဤသည်က အလယ်အလတ်လတ္တီကျူပစ္စည်းတခုပင်။

ထို့ကြောင့် ဤကဲ့သို့ပစ္စည်းမျိုးက ဤကမ္ဘာ၏အဆင့်ထက် ပိုမြင့်မားသည်။

ရှီရှန်း ခွန်းလွန်ကောင်းကင်ဘုံရေကန် အောက်ခြေ၌ ရပ်နေခဲ့သည်။

သူ့အနီးတွင် ၎င်းဖိနှိပ်မှု၏အကူအညီဖြင့် ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံနေသည့် ရှောင်ဟိုင်မှလွဲ၍ တခြားမည်သူမှမရှိပေ။

လက်သီးနှစ်ဆုပ်အရွယ်ရှိ ကြယ်ဥက္ကာခဲက ရှီရှန်းရှေ့တွင်ကျလာသည်။

ထိုအချိန်တွင် ကိုယ်ထဲက ကြယ်တာရာကောင်းကင်ဘုံဒန်တျန်မှ ပထမကြယ်နှင့် ကြယ်နှင့် ဥက္ကာခဲတို့၏ အငွေ့အသက်က ဆွံငင်လိုသည့်အလား အချင်းချင်းပေါင်းစည်းနေကြသည်။

ထို့နောက် ရှီရှန်းမျက်လုံးမှိတ်လိုက်စဉ် ကြယ်တာရာကောင်းကင်၏ဒန်တျန်၌ ပုံရိပ်ယောင်တခု ဖြည်းညင်းစွာပေါ်လာသည်။

"နှစ်ဘယ်လောက်တောင်ရှိသွားပြီလဲ.... ပရမ်းပတာကြယ်မှတ်တမ်းက နောက်ဆုံးတော့ ကမ္ဘာကြီးထဲ ပြန်ပေါ်ပေါက်လာပြီ...."

ရှီရှန်း ဒန်တျန်အတွင်းကြည့်လိုက်သည်။

ထိုပုံရိပ်ယောက်ကိုကြည့်လိုက်စဉ် ကြယ်အလင်းအောက်တွင် ထိုပုံရိပ်က တဖြည်းဖြည်း အသက်အရွယ်ကြီးရင့်သည့်ပုံရိပ်တခုအဖြစ် စုဝေးလာသည်။

အသက်ကြီးရင့်သည့်လူက လက်နှစ်ဖက်ကို ကျောတွင်ထားရင်း သူ့နားထင်နှစ်ဖက်က တင်းမာနေသည့်အသွင် အဖြူရောင်သမ်းနေသည်။

ထိုမျက်လုံးများကမူ ကြယ်များကဲ့သို့ပင် အတော်လေးလင်း၀င်းတောက်ပနေသည်။

"စီနီယာကဘယ်သူများလဲ"

"ငါလား"

လူအိုကြီးကခေါင်းလှည့်ကာ ရှီရှန်းအား နောင်တရနေသည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ငါမမှတ်မိတော့ဘူး၊ ဒီအဖိုးကြီးက အချိန်ရဲ့မြစ်ရှည်ကြီးထဲမှာ လျှောက်လှမ်းနေခဲ့တာပါ၊ ကမ္ဘာများစွာကတည်းက သူ့အထောက်အထားကို ကိုယ်တိုင်တောင် မေ့သွားပါပြီ"

ရှီရှန်းအနည်းငယ်ထိတ်လန့်သွားသည်။

မိမိ၏အထောက်အထားကိုပင် မေ့ပျောက်သွားသည်အထိ အချိန်များစွာ ကြာမြင့်ခဲ့ခြင်း!

ဤသို့ဆိုပါက ဤအဖိုးကြီးက မည်သည့်အချိန်ကာလကဖြစ်လေသနည်း။

သို့သော်လည်း သူက ပရမ်းပတာကြယ်မှတ်တမ်းကိုအမှန်တကယ်သိလေသည်။

ရှီရှန်းမေးလိုက်သည်။

"ပရမ်းပတာကြယ်မှတ်တမ်းအကြောင်း စီနီယာဘယ်လိုသိတာလဲ"

ဤသည်ကိုကြားသောအခါ အဖိုးကြီး၏ စိတ်ရှုပ်ထွေးကာတွေးနေပုံရသည့် မျက်လုံးများက အနည်းငယ်ကြည်လင်သွားသည်။

"ပရမ်းပတာကြယ်မှတ်တမ်းက ဆရာတီထွင်ခဲ့တဲ့ စွမ်းရည်တခုပဲလေ၊ ဒီအဖိုးကြီးသိတာက မထူးဆန်းပါဘူး"

ရှီရှန်းတုန်လှုပ်သွားသည်။

ပိုင်ရှင်လား!

တစ်နည်းအားဖြင့်ဆိုပါက ဤအဖိုးကြီးတွင် ပရမ်းပတာကြယ်မှတ်တမ်းပိုင်ရှင်နှင့် နက်ရှိုင်းသည့်ဆက်ဆံရေးတခုရှိသည်။

အဖိုးကြီးက ကြယ်တာရာကောင်းကင်ဒန်တျန်အတွင်းရှိ တောက်ပနေသည့်ပထမကြယ်နှင့် လင်း၀င်းလာသည့် ဒုတိယကြယ်ကို ကြည့်ကာ သက်ပြင်းချသည်။

"ပရမ်းပတာကြယ်မှတ်တမ်း၊ ဆရာတောင်မှ ကျင့်ကြံခြင်းမှာ ဘယ်တော့မှ မအောင်မြင်ခဲ့ဘဲ ရှစ်ခုမြောက်ကြယ်အထိပဲ ကျင့်ကြံနိုင်ခဲ့တယ်"

ရှီရှန်းမေးလိုက်သည်။

"ဒီလိုဆိုရင် လေ့ကျင့်တာမှာ လေ့ကျင့်မှုရဲ့ အကန့်အသတ်ကို ကြယ်ကိုးလုံးအထိ လင်းအောင်လုပ်ဖို့လိုတယ်လို့ ဘာလို့ မှတ်တမ်းတင်ထားရတာလဲ"

ဤသည်ကိုကြားသောအခါ အဖိုးအိုက တခဏမျှတွေးလိုက်သည်။

"ငါမသိဘူး၊ ဒါပေမယ့် အဲဒီအချိန်က ဆရာက သူကိုးခုမြောက်ကို ခံစားပြီး လင်းအောင်လုပ်နိုင်တယ်လို့ ပြောခဲ့တာကို ငါဝေဝါးဝါးမှတ်မိနေသေးတယ်"

ရှီရှန်းတိတ်ဆိတ်နေသည်။

အသိအမြင်က ကိုးခုမြောက်ကို လင်းအောင်လုပ်နိုင်သည်လား!

အဖိုးအိုကဆက်သည်။

"လူငယ်လေး၊ အမွေကိုမင်းဘယ်က ရခဲ့သလဲ‌ဆိုတာ ငါမသိပေမယ့် ဆရာက အမွေဆက်ခံသူကို တကယ်ရှာချင်နေခဲ့တာ၊ ဒါပေမယ့်အရာမထင်ခဲ့ဘူး"

"ဒီလိုဆိုပေမယ့် ဒီနည်းပညာကို လေ့ကျင့်မယ့်ခက်ခဲမှုက အတော်လေးမြင့်မားတယ်၊ အတိတ်က အံ့ဖွယ်ဆရာတောင် အောင်အောင်မြင်မြင်နဲ့ လေ့ကျင့်ဖို့ကို ကျရှုံးခဲ့တယ်၊ မင်းအခုလက်လျှော့လိုက်မယ်ဆိုရင် တခြားလေ့ကျင့်မှုတွေကို လုပ်လို့ရသေးတယ်"

ထိုစကားလုံးများကိုပြောနေစဉ် အဖိုးအို၏ ကြယ်ကဲ့သို့မျက်လုံးများက ရှီရှန်းအပေါ် စူးစိုက်ကျရောက်နေသည်။ သူက အဖြေကို နောက်မှ သိချင်နေသည့်အလား။

ရှီရှန်းလုံး၀တုံ့ဆိုင်းမနေဘဲ သူ့မျက်လုံးများက ခိုင်မာနေကာ ခေါင်းညိတ်သည်။

"ကျုပ် နောက်လေ့ကျင့်မှုတွေကို ပြောင်းမှာမဟုတ်ဘူး"

ဤသည်က ဆရာပေးခဲ့သည့်လေ့ကျင့်မှုတခုပင်ယ

ရှီရှန် လုချန်ရှန်းကို တစ်ရာရာခိုင်နှုန်းယုံကြည်သည်။

ရှီရှန်းအဖြေကိုကြားသောအခါ အဖိုးအိုက ကျေနပ်စွာခေါင်းညိတ်သည်။ သူက နှစ်ပေါင်းများစွာကြာအောင် နေခဲ့ရသည်။ အကယ်၍လူတစ်ယောက်က လိမ်လည်နေသည်မဟုတ်ဘူးပြောလျှင်ပင် သူပြောနိုင်သည်။

"ဒီလိုဆိုမှတော့ ဒီကြယ်ဗဟိုချက်ကို မင်းစုပ်ယူသင့်တယ်"

ကြယ်ဗဟိုချက်လား!

ရှီရှန်းအံ့ဩသင့်သွားရသည်။

ရှီရှန်း၏အမူအရာကိုမြင်သောအခါ သူဝေခွဲမရဖြစ်နေကြောင်းကို အဖိုးအိုသိသဖြင့် ရှင်းပြသည်။

"အရင်ကဆရာကနည်းလမ်းအားလုံးနဲ့ ကြိုးစားခဲ့ပေမယ့် ကြယ်ကိုးလုံးကိုကျင့်ကြံဖို့ ကျရှုံးခဲ့တယ်၊ သူကထပ်ပြီးဆန္ဒမရှိတော့တာမို့ သူ့မျှော်လင့်ချက်ကို အမွေဆက်ခံသူထံ ထားခဲ့တယ်"

"သူ့ကိုယ်ခန္ဓာထဲက ကြယ်ရှစ်လုံးကို ပြန်ခည်အားဖြည်ဖို့ စွမ်းအင်အကုန်လုံးကိုသုံးခဲ့ပြီး ကိုယ်ခန္ဓာထဲကနေ ထွက်လာစေပြီး ရုပ်လုံးပေါ်အောင် လုပ်ခဲ့တယ်"

"ဆိုလိုတာက ဆရာက ဒန်‌တျန်ထဲက ကြယ်ရှစ်လုံးကို အစစ်အမှန်ကြယ်များအဖြစ် ကျင့်ကြံခဲ့တယ်"

ရှီရှန်းထိတ်လန့်သွားသည်။

ယခုသူ့ကိုယ်ထဲကကြယ်များက ကြယ်စွမ်းအားကနေ ကူးပြောင်းလာသည့် ကြယ်များပင်။

ကောင်းကင်ပေါ်ကကြယ်များနှင့် ယှဉ်ပါက အကွာအဝေး၌ ကြီးမားသည့်ခြားနားချက်တခုရှိနေဆဲပင်။

အဖိုးအိုက ကြယ်ဥက္ကာခဲကို လက်ညှိုးထိုးပြသည်။

"ဒါကလည်းဆရာ့နည်းလမ်းပဲ၊ အမွေဆက်ခံသူတွေက ဆရာပြောင်းလဲဖန်တီးထားတဲ့ ကြယ်ရှစ်လုံးဗဟိုချက်တွေကို ကိုယ်တိုင်အသုံးပြုဖို့အတွက် စုပ်ယူဖို့လိုတယ်"

"ဒီနည်းနဲ့ဆိုရင် ကြယ်ရှစ်လုံးက တခုတည်းဖြစ်လာပြီး ကိုးခုမြောက်ကြယ်ကို ကျင့်ကြံဖို့ အခွင့်အရေးတခုရှိလာနိုင်တယ်"

ရှီရှန်းပြောသည်။

"ပြောချင်တာက ဒီထဲမှာ စုစုပေါင်းကြယ်ရှစ်လုံးရဲ့ ဗဟိုချက်ရှိတယ်လို့ ဆိုလိုချင်တာပေါ့"

အဖိုးအိုခေါင်းညိတ်သည်။

"ဒီကြယ်ရဲ့ဗဟိုချက်က မင်းရဲ့ပထမဆုံးကြယ်ကို ကိုယ်စားပြုတယ်"

"မြန်မြန်စုပ်ယူလိုက်"

ရှီရှန်းခေါင်းညိတ်ကာ တုံ့ဆိုင်းမနေတော့ဘဲ ခြေချင်းချိတ်ထိုင်လိုက်သည်။

ထိုအချိန်တွင် ကြယ်ဗဟိုချက်က ကြယ်တာရာရောင်ခြည်တခုအဖြစ် ပြောင်းလဲသွားပြီး ရှီရှန်း၏ကြယ်တာရာကောင်းကင်ဒန်တျန်နှင့် အဆက်မပြတ် ပေါင်းစပ်နေသည်။

တချိန်တည်းမှာပင် ကြယ်ဗဟိုချက်က သူ့ဒန်တျန်ထဲတွင် ပေါ်လာကာ ကိုယ်ထဲက ပထမကြယ်နှင့် စတင်ပေါင်းစည်းသည်။

ထိုအချိန်တွင် ပေတစ်ရာ့ငါးဆယ်နောက်က ကြယ်စွမ်းအားအားလုံးက အောက်ခြေသို့ စုဝေးလာကြသည်။

တခဏအကြာ၌ ခွန်းလွန်ကောင်းကင်ဘုံရေကန်တခုလုံးက ချက်ချင်းထိုးတက်လာကာ ကြောက်မက်ဖွယ်လှိုင်းများကို ထသွားစေသည်။

လူတိုင်းမျက်လုံးဖွင့်ကာ ထိုမြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်သွားကြ၏။

ဘာတွေဖြစ်နေတာလဲ!

အတိတ်က အရမ်းငြိမ်းချမ်းခဲ့တဲ့ ခွန်းလွန်ကောင်းကင်ဘုံရေကန်က ဘာလို့ ဒီလိုအပြောင်းအလဲမျိုးကို ခံရတာလဲ!

ဤပြောင်းလဲမှုက ကောင်းကင်ဘုံရေကန်အောက်ခြေ၌ ဖြစ်ပျက်ခဲ့ခြင်းပင်။

ဒီလိုဆိုရင် အဲဒီမှာဘာဖြစ်သွားတာလဲ!

ပေတစ်ရာ့တစ်ဆယ်ရှိ ဂျီဂျီနှင့်မုစီချန်းတို့က ပြိုင်တူပင် မျက်လုံးဖွင့်လိုက်ကြသည်။

သူတို့ပတ်လည်က သန့်စင်သည့်အော်ရာများက ပျောက်ကွယ်သွားကြ၏။

ဖိနှိပ်မှု၏ခံစားချက်ကလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ယခုတွင်မူ ဤခွန်းလွန်ကောင်းကင်ဘုံရေကန်က သာမန်ရေကန်တခုအလားပင်။

ဘာအခြေအနေတွေလဲ!

နှစ်ယောက်စလုံးက တချိန်တည်းမှာပင် အောက်ခြေသို့ စိုက်ကြည့်လိုက်ကြသည်။

ပိုင်ကျင်းမရောက်ခင်က ဖိနှိပ်မှု၏သဘာ၀ကို ခုခံနေကြသည့် ကျင့်ကြံသူများကလည်း အောက်ခြေသို့ ကြည့်လိုက်မိကြသည်။

မဖြစ်နိုင်တာ.....!

လူတိုင်း၏စိတ်ထဲတွင် လူနှစ်ယောက် ပေါ်ပေါက်လာသည်။

ကိုယ်ခန္ဓာလေ့ကျင့်သူနှင့် ကြယ်စွမ်းအားကျင့်ကြံသူ!

ယဲ့ချိုးပိုင်ကလည်း ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လိုက်သည်။

သန့်စင်သည့်ဝိဉာဉ်စွမ်းအားနှင့် ကြယ်စွမ်းအားကို ကြယ်ဗဟိုချက်က ယူဆောင်သွားခဲ့သည်။

ယခုတွင်မူ ကြယ်ဗဟိုချက်က ရှီရှန်းကိုယ်ထဲတွင် ပေါင်းစပ်နေလေရာ ဤအရာများက ပျောက်ကွယ်သွားပေလိမ့်မည်။

ဤမြင်ကွင်းကိုခံစားကြည့်ရင်း တခဏမျှတွေးတောလိုက်စဉ် အောက်ခြေ၌ဖြစ်ပျက်နေသည်ကို နားလည်သွားသဖြင့် ယဲ့ချိုးပိုင် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

ကြည့်ရသည်မှာ သူ့ဂျီနီယာညီလေးက ပစ္စည်းကိုရှာတွေ့သွားပြီး ကိုယ်တိုင်အသုံးပြုနေပုံရသည်။

ထို့နောက် ယဲ့ချိုးပိုင်နတ်ဆိုးဓားနက်ကို လက်ထဲတွင်ကိုင်ကာ သူ့မျက်လုံးများက ကျဉ်းမြောင်းနေပြီး နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတပွင့်ရှိနေသည်။

ဤသို့ဖြင့် လူတိုင်းကို သူတိတ်ဆိတ်စွာ ကြည့်နေသည်။

ကာကွယ်သူ!

ယခုသူ့ဂျူနီယာညီလေးက ရှေးဟောင်းပစ္စည်းများကို စုစည်းနေသည်။ ထို့ကြောင့် ဤလောဘကြီးသည့်လူများ ကြားဖြတ်ခြင်းကနေ တားဆီးရပေမည်။

တချိန်တည်းမှာပင် ရှောင်ဟိုင်ကလည်း အောက်ကနေ ထိုးတက်လာပြီး ယဲ့ချိုးပိုင်ဘေးတွင်ရပ်လိုက်သည်။

သူကလည်းဘာဖြစ်နေသလဲဆိုတာကို သိနေသည်မှာ ထင်ရှားနေသည်။

နှစ်ဦးစလုံးက ပေတစ်ရာ့ခြောက်ဆယ်၌ မျက်နှာချင်းဆိုင်ရပ်ကာ စကားအများကြီးမပြောဘဲ အပေါ်က ကျင့်ကြံသူများကိုကြည့်နေသည်။

ထိုအချိန်တွင် အရူးတစ်ယောက်ပင်လျှင် အောက်ခြေ၌ဖြစ်ပျက်နေသည်ကို သိနိုင်လေပြီ။

တစ်ယောက်က ရှေ့တလှမ်းတိုးကာ အသံနိမ့်ရင်းပြောသည်။

"ဘေးဖယ်လိုက်၊ အောက်ဆင်းပြီး ဘာဖြစ်နေသလဲ‌ဆိုတာ သွားကြည့်ကြရအောင်"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"လူတိုင်း မဆင်မခြင်မလုပ်တာ ပိုကောင်းလိမ့်မယ်"

စကားပြောပြီးသည်နှင့် သူ့လက်ထဲက နတ်ဆိုးနက်ဓားက အနည်းငယ်တုန်ခါသွားပြီး ထိုအခိုက်အတန့်တွင် အင်ပါယာတ၀က်အော်ရာက ‌ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

All Chapters