#ကာကွယ်စောင့်ရှောက်သူ#
Vol. 24 Ch. 338
သိုင်းဧကရာဇ်တ၀က်!
မှန်ပေသည်။ ယဲ့ချိုးပိုင်က ပေ၁၅၀သို့ ရောက်စဉ်ကတည်းကပင် အဆင့်ချိုးဖျက်သွားပြီးဖြစ်သည်။
မည်သည့်အတွက်ကြောင့် ဤမျှမြန်မြန် အဆင့်ချိုးဖျက်နိုင်ရလေသနည်း။
တခြားအကြောင်းပြချက်မရှိချေ။
ယဲ့ချိုးပိုင်၏အခြေခံက အံ့ဩသင့်ဖွယ်ကောင်းလောက်သည်အထိ မြန်ဆန်နေသောကြောင့်ပင်။
လုံလောက်သည့်အော်ရာရှိနေသရွေ့ ယဲ့ချိုးပိုင်မည်သည့်နေရာတွင်မဆို အချိန်မရွေး ချိုးဖျက်နိုင်သည်ဟု ဆိုလိုနေခြင်းပင်။
ဤနေရာမှသန့်စင်သည့်အော်ရာများက အတော်လေးကြွယ်၀လွန်းသည်။
သိုင်းဧကရာဇ်တ၀က်သို့ချိုးဖျက်အောင်မြင်မှုကလည်း ယဲ့ချိုးပိုင်ဖိနှိပ်မှု၏ ရလဒ်လည်းဖြစ်သည်။
ဤအငွေ့အသက်ကိုခံစားမိသောအခါ တစ်ယောက်၏မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
ဤဓားကျင့်ကြံသူက ခွန်းလွန်ကောင်းကင်ဘုံရေကန်၌၀င်စဉ်က နတ်ဘုရားတ၀က်နယ်ပယ် အစောပိုင်းအဆင့်သာရှိသေးသည်ကို သူတို့သိသောကြောင့်ပင်။
ယခုတွင်မူ သူကနယ်ပယ်ကြီးတခုကို ဖြတ်ကျော်ကာ သိုင်းဧကရာဇ်တ၀က်နယ်ပယ်သို့ ရောက်လာခဲ့လေပြီ။
သို့သော် ဘာအရေးနည်း။
ဤသည်က လူတိုင်း၏အာရုံစိုက်မှုကို ရယူရန်ဆိုပါက မှားယွင်းသွားပေလိမ့်မည်။
သိုင်းဧကရာဇ်တ၀က်နယ်ပယ်စွမ်းအားရှင်တစ်ဦးက လက်ထဲတွင်လှံကိုကိုင်ထားကာ သူ့ဆံပင်နက်များက တလူလူလွင့်နေပြီး အေးစက်စွာပြောသည်။
"မင်းလူရဲ့အပြုအမူတွေက အရမ်းတကိုယ်ကောင်းဆန်လွန်းတယ်လို့မထင်ဘူးလား"
"ခွန်းလွန်ကောင်းကင်ဘုံရေကန်က နယ်နိမိတ်မဲ့နယ်မြေက လူတိုင်းအတွက် လေ့ကျင့်ရာနေရာတခုပဲ၊ ဒါကိုမင်းဘယ်လိုလုပ် လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားရတာလဲ"
ထိုလူကိုမြင်သောအခါ လူတိုင်းကြက်သေသေသွားကြသည်။
အမျိုးသားတစ်ယောက်၊ လှံရှည်၊ ဆံပင်နက်!
ထို့နောက်ဤခွန်းလွန်ကောင်းကင်ဘုံရေကန်၌ပေါ်လာပြီး ပေကိုးဆယ်အနက်ထိ ရောက်ခဲ့ခြင်း!
ဤလူ၏အထောက်အထားကို လူတိုင်းက ခန့်မှန်းလိုက်မိကြပြီးဖြစ်သည်။
"တောင်သေနတ်တံခါးက စုန့်မင်!
ဆယ်နှစ်အကြာကတည်းက သူက သိုင်းဧကရာဇ်တ၀က်အခြေအနေကို ရောက်ခဲ့ပါပြီ။
သို့စေကာမူ အပြည့်အ၀ပြင်ဆင်ရန်နှင့် ပို၍နက်နဲသည့်နေရာများကို သွားနိုင်ရန်အတွက် သူက နယ်ပယ်ကို ဖိနှိပ်ထားခဲ့သည်။ ယခုခွန်းလွန်ကောင်းကင်ဘုံရေကန်၌ တရား၀င်ပါ၀င်ဆင်နွှဲမှသာ သူထုတ်သုံးလာခဲ့သည်။
လက်ရှိစုန့်မင်၏နယ်ပယ်က သိုင်းဧကရာဇ်နယ်ပယ်တည်ရှိမှုနှင့် အဆုံးစွန်နီးစပ်နေပြီဟုဆို၍ရပြီး သူ့ခွန်အားက သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်က စွမ်းအားရှင်ကိုပင် ယှဉ်ပြိုင်ရန် ပို၍အရည်အချင်း ပြည့်၀သည်။
စုန့်မင်၏ဖြောင့်မတ်မှန်ကန်ပုံရသည့် စကားလုံးများကိုကြားရသောအခါ ယဲ့ချိုးပိုင် ညင်သာစွာရယ်မောလိုက်သည်။
"ရေကန်အောက်ခြေကလူတွေက တတ်စွမ်းနိုင်တဲ့သူတွေလေ"
"ဒီလိုအရာမျိုးကို ခင်ဗျားမျက်လုံးရှေ့မှာ ထားမယ်ဆိုရင်ရော ခင်ဗျားဘယ်လို ရွေးချယ်မှုမျိုးလုပ်မှာလဲ၊ ခင်ဗျားက အထွေထွေအကြံကို လေးစားပြီး ဒီနေရာကအရာကို လူတိုင်းအတွက် အတူတကွလေ့ကျင့်နိုင်အောင် ထားရှိဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား"
"ဒီလိုအရာမျိုးပြောတာက အရမ်းကြောင်သူတော်မဆန်လွန်းဘူးလား"
ယဲ့ချိုးပိုင်၏သံသယကို ကြားရသောအခါ စုန့်မင်၏မျက်နှာက မည်းမှောင်သွားပြီး ကျင့်ကြံသူတိုင်း၏ရှေ့တွင် လက်ထဲက လှံကိုဝှေ့ယမ်းလိုက်သည်။
"ဒီဖြောင့်မတ်မှုတွေကို ဘေးဖယ်ထားလိုက်၊ တကယ်လို့မင်းတို့သုံးယောက် ဒီပစ္စည်းကို ယူသွားမယ်ဆိုရင် အခုရှိနေတဲ့သူတွေအတွက် ဘာတခုမှမကျန်တော့ဘူးလေ"
"မင်းဒီနေရာကထွက်သွားမလား၊ ဒါမှမဟုတ် ငါ့ကိုတားဆီးနိုင်မယ်ထင်လား"
စုန့်မင်က လူတိုင်းကို အတူတကွလှုပ်ရှားစေချင်သည်မှာ သိသာထင်ရှားနေသည်။
ထိုကျင့်ကြံသူများတွင်လည်း ဤရည်ရွယ်ချက်ကရှိနေသည်။
တစ်ယောက်ပြီးတစ်ယောက် အော်ရာများကိုထုတ်လွှတ်စဉ် ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်က လူတိုင်းက သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်များ ဖြစ်နေခဲ့သည်။
ထို့ထဲတွင် စုန့်မင်ကဲ့သို့ နယ်ပယ်ကိုဖိနှိပ်ကာ ရောက်လာသည့် လူသုံးယောက်ထပ်ရှိသေးသည်။
ဓားကျင့်ကြံသူတစ်ယောက်ကပြုံးသည်။
"မင်းက သိုင်းဧကရာဇ်တ၀က်ကို ချိုးဖျက်သွားပြီဆိုပေမယ့် ငါတို့မှာလူအများကြီး ရှိပါသေးတယ်၊ ဒီတော့ ထွက်သွားလိုက်ပါ"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
သူ့လက်ထဲက နတ်ဆိုးနက်ဓားက အနည်းငယ်တုန်ခါသွားသည်။
ထိုအခိုက်အတန့်မှာပင် မဟာဓားဂိုဏ်း၏ အဓိပ္ပာယ်က ပွင့်လာသည်။
ဓားပိုင်နက်!
"ခင်ဗျားကြိုးစားကြည့်လို့ရတယ်"
"အစ်ကိုယဲ့လက်ထဲကဓားက မျက်လုံးမရှိဘူး၊ အသေအပျောက်တွေရှိခဲ့ရင်သာ သူ့ကို အပြစ်မတင်ပါနဲ့"
ယဲ့ချိုးပိုင်ကိုကြည့်ရင်း ရှောင်ဟိုင်တည်ငြိမ်စွာပြောသည်။
စုန့်မင်ရော ဓားကျင့်ကြံသူပါ မျက်နှာပျက်သွားကြသည်ာ
ဤစကားလုံးများကို သဘောထားအား ဖော်ပြချက်အဖြစ် မှတ်ယူ၍ရသည်။
ရှောင်ဟိုင်ဘေးတွင် နတ်ဆိုးနက်စွမ်းအားများက နောက်ဘက်၌ပို၍စုဝေးလာကာ မိစ္ဆာနတ်ဘုရားဆင်းသက်လာသည်။
ကြောက်ခမန်းလိလိနတ်ဆိုးစွမ်းအင်နှင့် ယဲ့ချိုးပိုင်၏ဓားပိုင်နက်တို့က နေရာနှစ်ခုကို ဖြစ်ပေါ်လာစေသည်။
တခုကဘယ်ဘက်၊ ကျန်တခုက ညာဘက်တွင်ရှိပြီး အောက်ခြေက ကျောက်တုံးကို စောင့်ကြပ်နေကြသည်။
စုန့်မင်အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဂျီဂျီနှင့်မုစီချန်းတို့ကို စိုက်ကြည့်လိုက်သည်။
ဤနေရာ၌ ဂျီဂျီက အစွမ်းအထက်ဆုံးတည်ရှိမှုဟုဆို၍ရသည်။
သူက သိုင်းဧကရာဇ်နယ်ပယ်နှင့် အဆုံးစွန်သောနီးစပ်သည့်တည်ရှိမှုဖြစ်ပြီး ဓားပညာနယ်ပယ်ကလည်း ဓားသခင်တ၀က်အဆင့်ကို ရောက်နေလေပြီ။
အကယ်၍ ဂျီဂျီကိုပါ လှေတစင်းတည်းတွင် အတူတကွဆွဲချနိုင်မည်ဆိုပါက စိတ်ထင့်စရာမရှိတော့။
"ဂျီဂျီ၊ ဘာကိုဆိုလိုတာလဲ"
"ဒီလူသုံးယောက်က ရေကန်အောက်ခြေက ပစ္စည်းကို သိမ်းယူခဲ့ကြတာ၊ ငါတို့တင်မက နောက်မှရောက်လာမယ့်သူတွေပါ ခွန်းလွန်ကောင်းကင်ဘုံရေကန်ရဲ့ အကျိုးတွေကို ရနိုင်မှာမဟုတ်တော့ဘူး"
ဂျီဂျီက တည်ငြိမ်နေသည့်မျက်နှာဖြင့် ယဲ့ချိုးပိုင်ထံ အကြည့်ပို့လွှတ်လိုက်သည်။
ယဲ့ချိုးပိုင်ကလည်းလှမ်းကြည့်သည်။
နှစ်ယောက်စလုံး၏အကြည့်ကစုဆုံသွားကြသည်။
နှစ်ဖက်စလုံး၏အကြည့်များက ဓားသွားကဲ့သို့ထက်ရှနေပြီး လေထဲတွင် အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေကြ၏။
ဂျီဂျီပါးစပ်ဖွင့်လိုက်သည်။
"မင်းရဲ့ဓားပညာက အတော်လေးကောင်းသားပဲ"
ယဲ့ချိုးပိုင်ကလည်းပြုံးသည်။
"မင်းလည်းကောင်းပါတယ်"
"အနာဂတ်မှာ ငါတို့တစ်ယောက်ဆီကနေ တစ်ယောက် လေ့လာသင်ယူကြတာပေါ့"
"ဒါပေါ့"
"ကြယ်ကြွေဓားဂိုဏ်း၊ ဂျီဂျီ"
ထိုသို့ဆိုပြီးနောက် ဂျီဂျီက အဝေးသို့ ကြည့်နေကာ ဘာမှဆောင်ရွက်ခြင်းမရှိတော့။
ဤမြင်ကွင်းကိုမြင်ရသောအခါ စုန့်မင်၏မျက်နှာက မည်းမှောင်သွားသည်။
ဂျီဂျီ၏သဘောထားက လှုပ်ရှားမှုတခုလုပ်မှာမဟုတ်တာ သိသာထင်ရှားနေသည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
ဓားသမားဂျီဂျီအဖို့ ဤသို့လုပ်ရသည့် အကြောင်းရင်းတခုလည်းရှိသည်။
ဤလူက လွှဲပြောင်းပေး၍လည်းရသည်။
သူ့ဘေးက မုစီချန်းကအားနည်းစွာမေးသည်။
"အစ်ကိုလင်း၊ ဘာလို့မလှုပ်ရှားရတာလဲ"
ဓားကိုလက်နှစ်ဖက်ဖြင့်ကိုင်လျက် ဂျီဂျီက ပေါ့ပါးစွာပြောသည်။
"နတ်ဘုရားတွေ လက်ခံတဲ့သူတွေကသာ ဒါတွေကိုရနိုင်တယ်၊ သူတို့က ကံကြမ္မာကြောင့် ရနိုင်တယ်ဆိုမှတော့ သူတို့ကို အတင်းလုပ်တာက အသုံးမ၀င်ဘူး"
မုစီချန်းကလည်းခေါင်းညိတ်ကာ ဂျီဂျီကဲ့သို့တွေးတောမိသဖြင့် ပြုံးလိုက်သည်။
လက်လွှတ်သွားလေပြီ။
မည်သည့်အတွက်အားသုံးရမည်နည်း!
အကယ်၍ဒါကသာသူ့ဟာဖြစ်နေမည်ဆိုပါက သူမည်မျှပင် ရှောင်ရှားနေပါစေ သူ့ဟာဖြစ်လာမည်သာ။
သူ့ဟာမဟုတ်ပါက သူမည်မျှပင် ကြိုးစားရယူစေကာမူ သူ့ဟာဖြစ်လာမည်မဟုတ်။
အကြောင်းရင်းက အတော်လေးရိုးစင်းပါသည်။
လူအတော်များများလည်း ဤသည်ကိုသိသည်။ သို့စေကာမူ လူအနည်းငယ်ကသာ ဤသည်ကို အမှန်တကယ်လုပ်ဆောင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်က အတော်လေးခက်ခဲသောကြောင့်ပင်။
ထိုအချိန်တွင် ဂျီဂျီကို မစည်းရုံးမသိမ်းသွင်းနိုင်တော့သည်ကို မြင်ရသောအခါ စုန့်မင်ကြိုးစားခြင်းကနေ ရပ်လိုက်သည်။
မုစီချန်းက မုမိသားစုကဖြစ်သော်လည်း ခွန်အားက အတော်လေးအားကောင်းပုံမရပေ။
ကောလဟာကအရ မုစီချန်းက စိတ်တိုလွယ်တတ်ပြီး မည်သောအခါမှ မလှုပ်ရှားသည်ကို သိထားသဖြင့် စုန့်မင်နားချရန် မကြိုးစားတော့ပါ။
ထို့ကြောင့် သူ့လက်ထဲက လှံရှည်ကို ဝှေ့ယမ်းလိုက်စဉ် သေနတ်တလက်၏ ဆန္ဒက ထိုအခိုက်အတန့်မှာပင် ပေါက်ကွဲထွက်လာသည်။
"အားလုံးပဲ၊ လှုပ်ရှားကြရအောင်၊ မင်းတို့မလှုပ်ရှားဘူးဆိုရင် ရေကန်အောက်ခြေက ပစ္စည်းက စုပ်ယူခံလိုက်ရမှာဖြစ်ပြီး ဘာအခွင့်အရေးမှ ကျန်တော့မှာမဟုတ်တော့ဘူး"
ထိုစကားဆိုပြီးနောက် မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ ခြေတလှမ်းနှင့်အတူ လက်ထဲက လှံကို ဝှေ့ယမ်းလိုက်သည်။
ကောင်းကင်ဘုံရေကန်အောက်၌ ဧရာမရေတံခွန်တခုက ထွက်လာပြီး ယဲ့ချိုးပိုင်ထံလွင့်မြောက်သွားသည်။
ဘေးကဓားကျင့်ကြံသူကလည်း လက်ဖဲကဓားဖြင့် ဝှေ့ယမ်းလိုက်သည်။ ဓားချက်က ကန့်လန့်ဖြတ်ဓားအရိပ်တခုကိုဖြတ်သန်းကာ ဘေးက ရှောင်ဟိုင်အား ပိုင်းဖြတ်သည်။
ကျန်သောကျင့်ကြံသူများကလည်း ထိန်ချန်မနေကြတော့ပါ။ သူတို့စိတ်၀င်စားမှုကို ထိပါးလာလေရာ သူတို့မည်သည့်အတွက်ကြောင့် သနားရတော့မည်နည်း။
ထိုအခိုက်အတန့်မှာပင် တိုက်ချက်တစ်ဒါဇင်ကျော်က ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်ထံ ၀င်ရောက်လာသည်။
ဤလူများက သိုင်းဧကရာဇ်တ၀က်နယ်ပယ်ကလူများဖြစ်ကြသည်။
ရေကန်အောက်ခြေ၌ အငွေ့အသက်များက ထိုးတက်လာသည်။
ဤပြင်းထန်သည့်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့၏ အမူအရာများက လုံး၀ပြောင်းလဲသွားခြင်းမရှိချေ။
ရှောင်ဟိုင်၏မျက်လုံးများက အေးစက်နေပြီး မှော်စွမ်းအင်ဖြင့်ဖုံးလွှမ်းနေသည်။
ကမ္ဘာကြီးအား မထီမဲ့မြင်ပြုသည့်သဘောထားက ထပ်မံပျံ့ထွက်လာသည်။
ချက်ချင်းဆိုသလို သူ့လက်ထဲတွင် ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်ကို ကိုင်ကာ ကန့်လန့်ဖြတ်ဓားအရိပ်ဆီသို့ ခုတ်ချလိုက်သည်။
ခုတ်ချနေစဉ် ကောင်းကင်ဘုံရေကန်ထဲက ရေများက ပုဆိန်ကြောင့် ဆွဲယူသိမ်းသွင်းခံလိုက်ရပုံရပြီး ကြောက်မက်ဖွယ်လှိုင်းတခုအဖြစ်ပြောင်းကာ တိုး၀င်သွား၏။
တခြားတဘက်တွင် ယဲ့ချိုးပိုင်က ဓားပိုင်နက်ကို ဆော်ဩလိုက်သည်။
မဟာဓားဂိုဏ်း၏အဓိပ္ပာယ်က ထိုအခိုက်အတန့်၌ ဓားဆန္ဒ၏ ဧရာမမြစ်တစင်းအဖြစ် ကူးပြောင်းသွား၏။
ချက်ချင်းဆိုသလို အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံကရောစပ်သွားသည်။
အံ့ဖွယ်လေးစင်း- ပင်းရှန်မြစ်!
ဧရာမဓားပုံရိပ်ယောင်က ရှေ့က ရေတံခွန်ကြီးကို ပိုင်းဖြတ်လိုက်သည်။
ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က သိုင်းဧကရာဇ်တ၀က်နယ်ပယ်စွမ်းအားရှင် တစ်ဒါဇင်ကျော်နှင့် တိုက်ခိုက်နေသည်။