#အာဒိကပ္ပဓားသိုင်း#
Vol. 24 Ch. 339
နတ်ဘုရားတ၀က်အစောပိုင်းအဆင့်၌ရှိသည့်ယဲ့ချိုးပိုင်က အားကောင်းသည့် သိုင်းဧကရာဇ်တ၀က်နယ်ပယ်ကျင့်ကြံသူတယောက်ကို ကိုယ်တိုင်သတ်နိုင်သည်။
ယခုတွင်မူ သိုင်းဧကရာဇ်တ၀က်နယ်ပယ်သို့ ရောက်လာပြီဖြစ်သည့် ယဲ့ချိုးပိုင်ကရော!
ခွန်အားအရာ၌ တိုးတက်လာမှုက မည်မျှပင် ကြီးမားလိုက်လေမည်နည်း!
ယခုကဲ့သို့ပင် ဓားစက်ကွင်းကိုအသုံးပြုရင်း ၎င်းကို အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံနှင့် အာဒိကပ္ပဓားသိုင်းတို့ဖြင့် ကောင်းချီးပေးထားသည်။
၎င်းကပြသသည့်စွမ်းအားတွင် သိုင်းဧကရာဇ်နယ်ပယ်၏စွမ်းအားပင် ရှိနေလေပြီ။
ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်၌ ထိုဖျက်ဆီးလိုသည့်ဓားဆန္ဒများက နေရာယူလွှမ်းမိုးထားပုံရသည်။
ဘေးကကြည့်နေသည့်သူပင်လျှင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့မျက်လုံးများကလေးနက်သည်။
ဤတိုက်ချက်က သူဆိုလျှင်ပင် စွမ်းအားအလုံးစုံဖြင့် ရင်ဆိုင်ရပေမည်။
သူ့ရှေ့က မဟာဓားဂိုဏ်းအဆင့်လူငယ်က သိုင်းဧကရာဇ်တ၀က်အဆင့်ကို တိုးမြှင့်သွားခဲ့သည်။
နတ်ဘုရားတ၀က်နယ်ပယ်ကနေ သူက သိုင်းဧကရာဇ်တ၀က်နယ်ပယ်အထိ အဆက်မပြတ် ချိုးဖျက်ခဲ့သည်။
ယုတ္တိတန်စွာပြောရမည်ဆိုပါက လမ်းကြောင်းအခြေခံက မတည်ငြိမ်သဖြင့် အရင်ဆုံးတည်ငြိမ်အောင်လုပ်ရမည်။
ထို့ကြောင့် လက်ရှိယဲ့ချိုးပိုင်က သိုင်းဧကရာဇ်တ၀က်အဆင့်သို့ အမှန်တကယ် မရောက်ရှိသေးပါ။
သို့တိုင် ယခုထုတ်လွှတ်သည့်တိုက်ချက်က သူနှင့်ပင် ယှဉ်နိုင်သည့်ခွန်အားမျိုးပင်။
ဂျီဂျီက စကြာ၀ဠာသခင်တ၀က်အဆင့်ကိုပင်ရောက်နေလေပြီ။
မုစီချန်းကလည်းအံ့ဩသင့်သွားသည်။
"ဒီဓားသမားက အတော်လေးအားကောင်းတာပဲ"
ဤပြိုင်ဘက်ကင်းအာဒိကပ္ပဓားသိုင်းလေးသွယ်က စုန့်မင် ထုတ်လွှတ်သည့် ရေတံခွန်ကို တချက်တည်းဖြင့် ပိုင်းချပစ်သည်။
ချက်ချင်းဆိုသလို ရေများက နေရာအနှံ့လွင့်စင်သွားကြသည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်တခုလုံးက မုန်တိုင်းပင်လယ်တခုကို အစပျိုးခဲ့သည်။
ထိုအချိန်တွင် ရေတံခွန်က ရေစက်လေးများအဖြစ် တိုက်ရိုက်ဖြတ်တောက်ခံရပြီး ရေကန်ထဲတွင် ထပ်မံပေါင်းစပ်သွား၏။
ယဲ့ချိုးပိုင်၏ လေးသွယ်အာဒိကပ္ပဓားသိုင်းက ဤအတွက်ကြောင့် ရပ်မသွားဘဲ လက်ချောင်းများ ဆန့်ထားသည်နှင့် တပြိုင်နက် ဓားကရှေ့သို့ ဦးတည်လိုက်သည်။
အကြွင်းမဲ့ဓားလေးသွယ်ပုံရိပ်ယောင်က ထိုအချိန်တွင် လှံရှည်ကိုကိုင်ထားသည့် စုန့်မင်အား ပိုင်းဖြတ်လိုက်သည်။
ဤဓား၏ပုံရိပ်ယောင်က သူ့ကို သေခြင်းတရား၏ခြိမ်းခြောက်မှုတခုကို ပေးဆောင်နေသည်။
သူ့နှလုံးသားက တုန်ခါသွားသည်။
သူကသူ့နယ်ပယ်ကိုဖိနှိပ်ထားခဲ့ပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ မချိုးဖျက်ခဲ့ပေ။
စုန့်မင်က သာမန်သိုင်းဧကရာဇ်တ၀က်နယ်ပယ်စွမ်းအားရှင်များပင် ယှဉ်ပြိုင်နိုင်သည့်လူတစ်ယောက်မဟုတ်ပါ။
ဤသည်အပြင် သူကတောင်သေနတ်မိသားစု၏ ဂုဏ်ယူရသည့်သားတစ်ယောက်လည်းဖြစ်သည်။
မည်သည့်အတွက်ကြောင့် ယဲ့ချိုးပိုင်ကို ရင်ဆိုင်ရသောအခါ သူမခံရပ်နိုင်ဖြစ်နေရလေသနည်း။
စုန့်မင်အံကြိတ်လိုက်ပြီး သူ့နှလုံးသားထဲက ကြောက်စိတ်ကို အတင်းတွန်းထုတ်ပစ်သည်။
အပစ်ခတ်သမားတစ်ယောက်အနေနှင့် အကယ်၍ နဂါးတကောင်လိုပစ်မည်ဆိုပါက ရှေ့သို့ဆက်သွားသင့်ပေသည်။
တိုက်ပွဲမ၀င်ခင် တွန့်ဆုတ်နေမည်ဆိုပါက စုန့်မင်တချက်မှတိုက်နိုင်မည်မဟုတ်။
ဤသည်ကို တွေးမိသောအခါ စုန့်မင် သက်ပြင်းတချက်ချရင်း အချိန်တိုအတွင်း စိတ်အခြေအနေကို ပြောင်းလဲပစ်သည်။
သူ့လက်ထဲကလှံရှည်က ပစ်ခတ်ခြင်း၏အဓိပ္ပာယ်ကိုထုတ်လွှတ်သည်။
ပစ်ခတ်ခြင်းဆန္ဒက စုန့်မင်၏ သေနတ်ကိုယ်ခန္ဓာတဝိုက်တွင်၀န်းရံကာ နဂါးတကောင်ကဲ့သို့ ဘွားခနဲ့ထွက်လာသည်။
ထို့ကြောင့် သေနတ်က နဂါးတစ်ကောင်ပမာ ထွက်လာခဲ့သည်။
စုန့်မင် လက်တစ်ဖက်ဖြင့် ခုနှစ်ပေလှံရှည်ကို အဆင့်မြှင့်တင်ကာ တံတောင်ဆစ်ကို ကွေ့ရင်း ရုတ်တရင်ဖြောင့်လိုက်သည်။
သေနတ်ကနဂါးနှင့်တူသည်။
ရေနဂါးက ရေထဲငုပ်လျှိုးကာ ယဲ့ချိုးပိုင်၏ ပုံရိပ်ယောင်ဆီသို့ တိုက်ရိုက်သွားပြီး လေးသွယ်အာဒိကပ္ပဓားသိုင်း၏ ပုံရိပ်ယောင်ကို ထိုးဖောက်ပစ်သည်။
ဤမြင်ကွင်းကိုမြင်သောအခါ ဂျီဂျီက ညင်သာစွာ ခေါင်းညိတ်သည်။
စုန့်မင်၏အပြုအမူများက သူ့ကို အထင်အမြင်သေးစေသော်လည်း ပထမတန်းစားအင်အားစုတခုတဖြစ်လဲ တောင်သေနတ်ဂိုဏ်း၏ မောက်မာမှုနှင့်အတူ စိတ်အခြေအနေကို သေနတ်တလက်နှင့်ပင် အဆင်ပြေအောင် ညှိုယူရန်ဟူသည်မလွယ်ကူပေ။
စုန့်မင်က ကောင်ကင်တမျှမောက်မာသူဟူသည့်နာမည်နှင့်ထိုက်တန်သည်။
ထိုအချိန်တွင် လေးသွယ်အာဒိကပ္ပဓား၏ ပုံရိပ်ယောင်ကလည်း နဂါးနှင့်တူသည့် သေနတ်သဖွယ်လှံရှည်နှင့် တိုက်မိသွား၏။
အငွေ့အသက်က ပတ်ပတ်လည်၌ ပြန့်ကြဲသွားသည်။
ဤနှစ်ခု၏စုဆုံမှုကြား၌ လေဟာနယ်ဇုန်တခုဖြစ်လာခဲ့သည်။
လေဟာနယ်ဇုန်ထဲတွင် ကောင်းကင်ဘုံရေ၏ ခြေရာပင်လျှင်မရှိပေ။
တချိန်တည်းမှာပင် ဤလေဟာနယ်ဇုန်အတွင်းရှိ လေဟာနယ်၌ အက်ကြောင်းများထွက်ပေါ်ကာ ထိုးထွက်လာသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင် ညင်သာစွာခေါင်းညိတ်သည်။
ကန္တာရနယ်မြေကနေ နယ်နိမိတ်မဲ့နယ်မြေ၏ နယ်စပ်မြို့အထိ!
ကန္တာရနယ်မြေ၌ ယဲ့ချိုးပိုင် နယ်ပယ်နှစ်ခုဖြတ်ကာ တိုက်ခိုက်နိုင်သည်။
ဝှက်ဖဲများကိုသုံးလျှင် သူကခေါင်းဖြတ်၍ပင် သတ်နိုင်စွမ်းရှိသည်။
နယ်နိမိတ်မဲ့နယ်မြေက နယ်စပ်မြိုသို့ ရောက်သောအခါ နယ်ပယ်တခုကျော် တိုက်ခိုက်နိုင်သည်။
သို့သော် အကယ်၍သတ်လိုပါက သူက ဝှက်ဖဲအားလုံးကို အသုံးပြုရန် လိုအပ်သည်။
ယခုတွင်မူ ကုန်းတွင်းပိုင်းသို့ ရောက်လာပြီး စုန့်မင်ကိုရင်ဆိုင်ရသောအခါ နှစ်ယောက်စလုံးက သိုင်းဧကရာဇ်တ၀က်နယ်ပယ်ဖြစ်သည်။
စုန့်မင်က နယ်ပယ်ကို ဖိနှိပ်ထားခြင်းဖြစ်သော်လည်း ကွာဟချက်က သိပ်မကြီးမားပါ။
ယဲ့ချိုးပိုင် အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံနှင့် ဓားစက်ကွင်းကို အသုံးပြုခဲ့သည်သာမက အာဒိကပ္ပဓားသိုင်းကိုလည်း တိုက်ရိုက်ပင် အသုံးပြုခဲ့သည်။
သို့တိုင်အောင် တိုက်ရိုက်မသတ်ပစ်နိုင်ပေ။
ပြိုင်ဘက်၏ တိုက်ခိုက်မှုကလည်း ဤတိုက်ချက်ကို တခဏတာမျှ ခုခံနိုင်လေသည်။
ယဲ့ချိုးပိုင်တို့ရင်ဆိုင်ရသည့် ရန်သူများ၏ အရည်အသွေးက ပို၍ပို၍မြင့်မားလာသည်ဟု ဆို၍ရသည်။
တချိန်တည်းမှာပင် စုန့်မင် တချက်ဟိန်းလိုက်သည်။
လက်တစ်ဖက်သေနတ်ကနေ လက်နှစ်ဖက်သေနတ်အဖြစ် ပြောင်းလဲပစ်လိုက်စဉ် တိုက်ခိုက်မှုအခြေအနေက ပြောင်းလဲသွားသည်။
လှံသေနတ်၏အမြီးကို လက်နှစ်ဖက်လုံးဖြင့်ကိုင်ရင်း သူရုတ်တရက်မြောက်ကာ ချက်ချင်းဆိုသလို အောက်သို့ ရိုက်ချလိုက်သည်။
လှံရှည်က အတောင်ပံများကိုဖွင့်ဟကာ ကျရောက်လာစဉ် လှံသေနတ်၏ ပြောင်းတံက ကွေးသွားသည်။
ဤသည်က မည်မျှထိ အားကောင်းကြောင်း မြင်နိုင်သည်။
ယဲ့ချိုးပိုင်အေးစက်စွာနှာခေါင်းရှုံ့ရင်း ဓားလက်ချောင်းကို ညင်သာစွာ ပွတ်သပ်သည်။
အကြွင်းမဲ့လေးသွယ်အာဒိကပ္ပဓားသိုင်းက ထိုအချိန်တွင် လှံရှည်ကို ပိုင်းချပစ်သည်။
တချိန်တည်းမှာပင် အာဒိကပ္ပဓား၏ ပုံရိပ်ယောင်၌ အဆုံးမဲ့ဘ၀၏ ခံစားချက်တခု ထွက်ပေါ်ပြသလာသည်။
လေးသွယ်အာဒိကပ္ပဓားသိုင်း၊ ပင်ရှန်းဟီက ပေါက်ကွဲသွား၏။
ဘန်း.....!
နှစ်ခုလုံးက စစ်ထန်သွားပြီး ကြောက်မက်ဖွယ်ရာပေါက်ကွဲမှုများကထွက်လာသည်။
ခွန်းလွန်ရေကန်အောက်ခြေ၌ ပေါက်ကွဲမှုကြီးတခုဖြစ်ပျက်ခဲ့သည်။
ပတ်ပတ်လည်ကလူများမှာ တိုက်ရိုက်နေသည်ကိုရပ်ကာ အကာအကွယ်နည်းလမ်းများကို အသုံးပြုလိုက်ရသည်။ သူတို့က အော်ရာအကာအကွယ်များကို ဖြန့်ကာ အော်ရာ၏ပြင်းထန်သည့်စီးဆင်းမှုကို ခုခံနေကြသည်။
အော်ရာ၏ပြင်းထန်သောစီးဆင်းမှုက ဤရေကန်အောက်ခြေ၌ အဆက်မပြတ် ဖြစ်ပျက်နေသည်။
ဤပြင်းထန်သည့်အော်ရာပျောက်ကွယ်သွားသောအခါ လူတိုင်းက တိုက်ခိုက်နေသည့်လူနှစ်ယောက်ကိုကြည့်လိုက်ကြသည်။
ယဲ့ချိုးပိုင်ကတည်ငြိမ်နေသော်လည်း သူ့အသက်ရှုနှုန်းက အနည်းငယ် အတက်အကျဖြစ်နေခဲ့သည်။
ယခုလေးတင်တိုက်ချက်က ယဲ့ချိုးပိုင်၏ ဝိဉာဉ်စွမ်းအင်အများကြီးကို ကုန်ခမ်းသွားစေသည်မှာ သိသာထင်ရှားနေသည်။
ဤသို့တိုပါက တခြားတဖက်ကရော!
လူတိုင်း စုန့်မင်ကိုကြည့်လိုက်ကြစဉ် သူတို့၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားကြ၏။
စုန့်မင်ဘက်တွင် လှံက သုံးပိုင်းကျိုးပဲ့သွားပြီး တချိန်တည်းမှာပင် စုန့်မင်ရင်ဘတ်၌ နက်ရှိုင်းသည့်ဓားအမှတ်နှစ်ခုက ပခုဲးကနေ ခါးအထိ ရှိနေသည်။
စုန့်မင်၏မျက်နှာက မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေပြီး ယဲ့ချိုးပိုင်အား မျက်ကန်းပမာစိုက်ကြည့်လိုက်မိသည်။
ချက်ချင်းဆိုသလို သူ့အကြည့်က ကျိုးပဲ့နေသည့်လှံပေါ်၌ ကျရောက်သွား၏။
လှံရှည်ပေါ်ရှိ ပစ်ခတ်ခြင်းအဓိပ္ပယ်ကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ချက်ချင်းပင် သူခေါင်းငုံ့ကာ ရင်ဘတ်အား အထိတ်တလန့်ကြည့်လိုက်မိသည်။
ဖွီး.....
ချက်ချင်းဆိုသလို ရင်ဘတ်ပေါ်က ဒဏ်ရာနှစ်ခုမှ သွေးများစွာစီးတွေလာသည်။
သွေးများက တဖြည်းဖြည်းရေကန်ထဲသို့ စီးဆင်းကာ ရေကန်၏ရေကို အနီရောင်အဆင်းဖြစ်သွားစေသည်။
တောင်သေနတ်တံခါးမှ စုန့်မင်တစ်ယြော် လဲကျသွားရသည်။
ယဲ့ချိုးပိုင် နတ်ဆိုးနက်ဓားကို လက်ထဲတွင်ကိုင်ထားပြီး တခြားတဖက်ဖြင့် ဓားလက်ချောင်းအဖြစ် အသုံးပြုကာ ရင်ဘတ်ရှေ့၌နီးကပ်စေပြီး ဓားစက်ကွင်းထဲက အကြွင်းမဲ့ဓားလေးသွယ်အာဒိကပ္ပဓား၏ ပုံရိပ်ယောင်ကို ထိန်းချုပ်နေသည်။
သူကသူ့ရှေ့၌ လှုပ်ရှားရန်ပြင်နေသည့် ကျန်ရှိနေသောကျင့်ကြံသူများအား မှိန်ဖျော့စွာ စိုက်ကြည့်လိုက်သည်။
"တခြားဘယ်သူကြိုးစားကြည့်ချင်သေးလဲ"
တကြိမ်!
ထိုကျင့်ကြံသူများက သူတို့ရှေ့က ဓားကျင့်ကြံသူကိုကြည့်ရင်း မလှုပ်ရှားရဲကြပေ။
တခြားတဘက်တွင် နယ်ပယ်ကို ဖိနှိပ်ထားသည့်ဓားကျင့်ကြံသူက ရှောင်ဟိုင်ကို ဆက်လက်တိုက်ခိုက်နေသည်။
ရှောင်ဟိုင်က တုန်လှုပ်ခြင်းမရှိဘဲ လက်ခံနေသည်။ သို့သော် သူ့အမူအရာက အတော်လေးတည်ငြိမ်နေသည်။
သူက ဤဓားသမား၏တိုက်ကွက်များကို လုံး၀ဂရုမစိုက်သည့်အလားပင်။
ယခုတွင်မူ သူက ရေကန်၏အနက်ရှိုင်းဆုံးနေရာ၌ ကိုယ်ကိုပြုပြင်မွမ်းမံထားသည်။
ရှောင်ဟိုင်၏ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်က ထပ်မံအများကြီး အားကောင်းလာခဲ့သည်။
သူ့နောက်က မိစ္ဆာပုံရိပ်ယောင်ကလည်း နတ်ဆိုးနက်စွမ်းအင်များကို ထုတ်လွှတ်ကာ ရှောင်ဟိုင်၏ကိုယ်အား ဖုံးလွှမ်းစေသည်။
ဓားကျင့်ကြံသူက ဓားစွမ်းရည်များကို ဆက်လက်အသုံးပြုရင်း ဤနတ်ဆိုးနက်စွမ်းအင်များကို ဖြတ်တောက်နေသည်။
သို့သော် ဤသည်ကလုံး၀နာကျင်ခြင်းမရှိ။
ယခုတွင်မူ ယဲ့ချိုးပိုင်ကိုကြည့်နေသည့် လူများကလည်း ဂရုစိုက်ကြည့်လာကြသည်။
ရှောင်ဟိုင်လည်းအဝေးသို့ကြည့်ကာ သူ့အစ်ကိုကြီး၏ အခြေအနေကို ကြည့်နေခဲ့သည်။
ထို့နောက်ထိုဟာကအဆုံးသတ်သွားသည်။
ယင်းနောက်တွင်သာ သူကအသိစိတ်ပြန်၀င်လာပြီး ရှေ့က ကြည့်ရဆိုးနေသည့်ဓားသမားကိုကြည့်ကာ အေးစက်စွာမေးသည်။
"မင်းတိုက်လို့ပြီးသွားပြီလား၊ ငါမင်းကို အများကြီးတိုက်လို့ရအောင်၊ လှုပ်ရှားလို့ရအောင် လုပ်ပေးထားတာ၊ ဒီတော့ အခုငါလှုပ်ရှားရမယ့်အလှည့်ရောက်ပြီ၊ ဟုတ်တယ်မလား"