#ဓားကျိုးပဲ့ပြီးလူများသေကြေခြင်း#
Vol. 24 Ch. 340
ရှောင်ဟိုင်ထိုသို့ပြောပြီးသည်နှင့်တပြိုင်နက် လူတိုင်းက အံ့ဩသင့်သွားကြသည်။
ရှောင်ဟိုင်ကအခုပဲဖိနှိပ်ခံထားရပြီး ဘာလှုပ်ရှားမှုမှ မလုပ်နိုင်တာမဟုတ်ဘူးလား!
သို့သော် ရှောင်ဟိုင်ရှေ့က ဓားသမားသာလျှင် သိသည်။
ဖိနှိပ်ခံထားရတာဟုတ်လား!
ချီးကိုဖိနှိပ်ခံထားရတာ!
လူများကသူ့ကိုကြည့်ပင်မကြည့်ဘဲ ဆက်လက်တိုက်ခိုက်ရန် အဆက်မပြတ်ပြောဆိုနေပြီး သူ့၏အားအင်အပြည့်ဓားက နတ်ဆိုးနက်စွမ်းအင်ထဲတွင် အပေါက်များအဖြစ် ဖြတ်တောက်ပစ်သည်။
သို့စေကာမူ ချက်ချင်းဆိုသလို ထိုကွက်လပ်ကိုဖြည့်စွက်ရန်အတွက် နတ်ဆိုးနက်စွမ်းအင်တခုပေါ်လာပြန်သည်။
ပြင်ပအကာအကွယ်ကိုပင် ချိုးဖျက်နိုင်စွမ်းမရှိလေရာ ဘာအဓိပ္ပာယ်များရှိလေသနည်း။
ဤသည်ကိုမြင်သောအခါ ယဲ့ချိုးပိုင်တစ်ယောက် ခေါင်းခါယမ်းရင်း ရယ်လိုက်မိတော့သည်။
သူ့၏နံပါတ်လေးညီက ပို၍ပို၍ အရည်ထူလာပြီး တခြားသူများအပေါ် ပို၍ မထီမဲ့မြင်ပြုလာသည်။
ဤသည်ကိုတွေးမိစဉ် ဤအချက်က မှတ်ဉာဏ်များတဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည့် အကြောင်းရင်းလည်းဖြစ်နေသည်။
ရှောင်ဟိုင်၏ ပုံရိပ်က တမူထူးခြားသည်ကို စံအိမ်တော်က လူတိုင်းက နားလည်ကြသည်။
ထိုအချိန်တွင် ရှောင်ဟိုင်လှုပ်ရှားရန်ပြင်လိုက်စဉ် မိစ္ဆာနတ်ဘုရားပုံရိပ်ယောင်ကလည်း မျက်လုံးများကို ဖွင့်လိုက်သည်။
၎င်း၏မျက်လုံးများက ကမ္ဘာကြီးအပေါ် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပြီး အရာအားလုံးကို ရွံရှာနေသည့်အလား။
သက်ရှိအားလုံးက ပုရွက်ဆိတ်များပမာ။
ဤမြင်ကွင်းကိုမြင်သောအခါ ဓားသမားမှာ နှလုံးသားထဲကပင် မကောင်းသည့်လက္ခဏာကို ခံစားလိုက်ရသည်။
သူ့၏ဆဌမအာရုံက ဤသည်က အတော်လေးပြင်းထန်ပြီး တိကျသည်ဟု ပြောနေသည်။
အတိုင်းအတာတခုအထိ ဤခက်ခဲမှုကို သူခန့်မှန်းနိုင်လေပြီ။
ဤဓားကျင့်ကြံသူက သူ့ခံစားချက်များကို ယုံကြည်သဖြင့် ချက်ချင်းဆိုသလို ကန့်လန့်ဖြတ်ဓားချက်တချက်နှင့်အတူ ဆုတ်ကာ အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့အားလုံးဒီလိုကြည့်နေတာက ယုတ္တတန်ရဲ့လား၊ မြန်မြန်လှုပ်ရှားကြ၊ မဟုတ်ရင် ခွန်းလွန်ကောင်းကင်ဘုံရေကန်မှာ ခင်ဗျားတို့အတွက် ဝေစုကျန်မှာမဟုတ်တော့ဘူး"
ဤသည်ကိုကြားသောအခါ ခွန်းလွန်ကောင်းကင်ဘုံရေကန်အား လက်မလျှော့ချင်ကြသေးသည့် တချို့ကျင့်ကြံသူများက ချက်ချင်းလုပ်ဆောင်ကြသည်။
လှုပ်ရှားရမည်လား၊ ဆင်ခြင်တုံတရားဖြင့် ရပ်တန့်ရမည်လား စိတ်နှစ်ခွဖြစ်နေသည့် ကျင့်ကြံသူများလည်း ရှိကြသေးသည်။
ပြိုင်ဘက်၏ခွန်အားက သူတို့ထက်ပို၍အားကောင်းသည်မှု သိသာထင်ရှားသည်။
ဤသည်ကအနည်းငယ်မျှသာအားကောင်းခြင်းမဟုတ်။ ယခုအချိန်၌ လုပ်ဆောင်ခြင်းက သေခြင်းတရားကို ရေတွက်နေသည်နှင့်တူသည်။
စုန့်မင်၏အဆုံးသတ်ကို အားလုံးမြင်ခဲ့ရသည်။
မြောက်မြားစွာသောတိုက်ခိုက်မှုများ ၀င်လာသည်ကို ကြည့်နေရင်း ရှောင်ဟိုင်၏ မျက်နှာက မပြောင်းလဲဘဲတည်ရှိနေကာ ရှေ့တလှမ်းတိုးလိုက်သည်။
ရေကန်ထဲကရေက တုန်ခါသွား၏။
လေပူဖောင်းများစွာက ရှောင်ဟိုင်ကိုယ်တဝိုက်တွင်လွင့်မြောင်နေပြီး သူ့ခေါင်းပေါ်သို့ တက်သွားသည်။
ထိုလေပူဖောင်းထဲတွင် အနက်ရောင်မှော်စွမ်းအင်များပါရှိသည်။
ထိုအချိန်တွင် ရှောင်ဟိုင်ထိုးနှက်လိုက်သည်။
ထိုလက်သီးချက်၏ပေါက်ကွဲမှုနှင့်အတူ မိစ္ဆာနတ်ဘုရားပုံရိပ်ယောင်ကလည်း ဧရာမလက်သီးကိုမြှောက်ကာ တိုက်ခိုက်မှုများဆီသို့ တချက်ပြီးတချက် ပစ်ထည့်လိုက်၏။
ဘန်း....!
လှိုင်းဂယက်များက လေဟာနယ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ဘုံရေကန်အောက်တွင် အသံပေါက်ကွဲမှုများစွာရှိနေခဲ့သည်။
ထိုအဆက်မပြတ်တိုက်ခိုက်မှုများပေါ်၌ ပေါက်ကွဲနေခဲ့ကာ လေစီးကြောင်းပေါက်ကွဲသံများကိုပင် ကြားရသည်။
လေဟာနယ်က တုန်ခါနေသည်။
ကောင်းကင်ဘုံရေကန်အောက်၌ ရေအောက်ငလျင်တခုဖြစ်ပျက်လာခဲ့သည့်အလား ဆူနာမီတစင်းကိုဖြစ်လာစေကာ မုန်တိုင်းပင်လယ်ကို အစပျိုးခဲ့သည်။
မုန်တိုင်းထန်နေသည့်လှိုင်းများအကြား၌ နတ်ဆိုးနက်စွမ်းအင်များက ပြည့်နှက်နေသည်။
ထိုနတ်ဆိုးစွမ်းအင်အလယ်၌ တည်ရှိနေသည့်လူတိုင်းက အရှုံးပေးချင်နေသကဲ့သို့ ခံစားလိုက်ရသည်။
စိတ်ဓာတ်အားနည်းသည့်သူများက အပြင်းထန်ဆုံးဖြစ်သည်။
ဓားကျင့်ကြံသူပင်လျှင် သူရင်ဆိုင်နေရသည်က သာမန်ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်သူတယောက်မဟုတ်ဘူး ခံစားနေရသည်။
မိစ္ဆာနတ်ဘုရားက ကမ္ဘာကြီးကိုငုံ့ကြည့်နေသည်။
ဂျီဂျီ၏မျက်နှာပင်လျှင် လေးနက်သွား၏။
ရှောင်ဟိုင်က သူ့အတွက်မူ ယဲ့ချိုးပိုင်ထက်ပင် ပို၍အန္တရာယ်ရှိသည့်ခံစားချက်တခုကို ယူဆောင်လာသည်။
ဤမတိုင်ခင်က ကောင်းကင်ဘုံရေကန်ထဲတွင် ရှောင်ဟိုင်လှုပ်ရှားခဲ့သည်ကို သူမြင်ခဲ့ရသည်။
ဤကိုယ်ခန္ဓာလေ့ကျင့်သူက အတော်လေးအစွမ်းထက်သည်။
နတ်ဆိုးနက်စွမ်းအင်ကလည်း ချောက်လှန့်နေလေသည်။
ယခုတွင်မူ ၎င်း၏ရုပ်ပိုင်းဆိုင်ရာခွန်အားက ပို၍အားကောင်းလာပုံရသည်။
ဤလက်သီးချက်ကျသွားသည်နှင့်တပြိုင်နက် ဂျီဂျီတွေးမိသည်က နည်းလမ်းဘယ်နှစ်ခုကို ခုခံရန်အတွက် သုံးရမည်နည်း။
သူပင်လျှင် ခုခံမည်ဆိုပါက ဓားသခင်တ၀က်နယ်ပယ်၏ ဓားဆန္ဒကို တိုက်ရိုက် အသုံးပြုရပေမည်။
ထိုအျိန်တွင် ရှောင်ဟိုင်၏လက်သီးချက်အောက်၌ တိုက်ချက်တစ်ခုပြီးတစ်ခု အဆက်မပြတ် ချေမွဖျက်ဆီးခံရသည်။
သို့စေကာမူ ရှောင်ဟိုင်၏လက်သီးချက်ကလည်း တချိန်တည်းမှာပင် ပျက်ပြယ်သွားခဲ့ပြီး သိုင်းဧကရာဇ်တ၀က်နယ်ပယ်တစ်ဒါဇင်ကျော်၏ တိုက်ခိုက်မှုကိုလည်း ချေဖျက်ပစ်ခဲ့သည်။
ဤလူများက ဂိုဏ်းမှ မောက်မာသူများပင်။
သူတို့ထဲတွင် နယ်ပယ်ကိုဖိနှိပ်ထားသည့် တည်ရှိမှုနှစ်ခုလည်းရှိသည်။
ယခုရှောင်ဟိုင်ကအားလုံးက်ု ခုခံနိုင်စွမ်းရှိသည်။
ဤသည်ကအံ့ဩသင့်ဖွယ်ကောင်းသည်။
ရှောင်ဟိုင်နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ရုတ်တရက်ပြုံးလိုက်သည်။
"ဒီလိုမှတော့၊ မဟုတ်ရင် အရမ်းပျင်းဖို့ကောင်းနေမှာ"
ယနေ့တိုက်ပွဲများက တဖက်သတ်သတ်ဖြတ်မှုများသာ။
ယခုတွင်မူ ကောင်းကင်တမျှထောင်လွှားသူများစွာက သူ့ကိုတချိန်တည်းတွင် တိုက်ခိုက်ကြသည်။
ဤသည်က ရှောင်ဟိုင်၏သွေးထဲတွင် စီးဆင်းနေသည့် တိုက်ခိုက်ရေးဝါသနာအိုး အရင်းခံတခုအလားပင်။
ဒုန်း.....
ရုတ်တရက်ခြေသံနှင့်အတူ ရေကန်ထဲက ရေများက စတင်မွှေလာသည်။
ရှောင်ဟိုင် နောက်ပြန်ကန်သည့်အားနှင့်အတူ သိုင်းဧကရာဇ်တ၀က်အဆင့်ကျင့်ကြံသူတစ်ဒါဇင်ကျော်ထံ ပြေး၀င်သွား၏။
ဤသည်ကိုမြင်သောအခါ ဓားကျင့်ကြံသူကအံကြိတ်လိုက်သည်။
"အတူတူလုပ်ကြရအောင်"
ချက်ချင်းဆိုသလို သူကလက်ထဲက ဓားရှည်ကိုဝှေ့ယမ်းရင်း ဦးဆောင်ကာ ကန့်လန့်ဖြတ်ဓားအရိပ်တခုကို ရေးဆွဲသွားသည်။
ကန့်လန့်ဖြတ်ဓားအရိပ်က လေဟာနယ်ကို ဖြတ်သွားပုံရသည်။
ထို့နောက်ချက်ချင်းလိုက်ပါလာသည်က ထောင်လွှားသူ သိုင်းဧကရာဇ်တ၀က်ကျင့်ကြံသူများ၏ တိုက်ချက်ပင်။
တခဏအကြာ၌ အော်ရာများက ထိုးတက်လာသည်။
မုစီချန်း လက်ထဲတွင်ဓားကိုကိုင်ထားကာ လှုပ်ရှားရန် ရည်ရွယ်ချက်ရှိပုံမပေါ်သည့် ယဲ့ချိုးပိုင်ကိုကြည့်ရင်း မေးလိုက်သည်။
"ခင်....ခင်ဗျားမလှုပ်ရှားဘူးလား၊ ခင်ဗျားရဲ့ညီလေးက ဝိုင်းရံတိုက်ခိုက်ခံနေပုံပဲ"
ယဲ့ချိုးပိုင်ရှက်နေပုံရသော်လည်း စူးစမ်းလိုသည့်အသွင် မေးခွန်းများမေးနေသည့် မုစီချန်းကို လှည့်ကြည့်လိုက်သည်။
သူ့နှလုံးသားထဲတွင် ရင်းနှီးနေသည့်ခံစားချက်တခုကိုရှိနေသည်။
"ဘာမှမဖြစ်ပါဘူး၊ အခုအချိန်မှာငါသာ လှုပ်ရှားမယ်ဆိုရင် ငါ့ညီ၄ရဲ့ ရိုက်နှက်တာကို ခံနေရမှာကြောက်မိတယ်"
ဤသည်ကိုကြားသောအခါ မုစီချန်းမျက်တောင်ခတ်လိုက်မိသည်။
ဟမ်!
ဒါဘယ်လိုငရဲလဲ!
ယခုတကြိမ်တွင် ယဲ့ချိုးပိုင်၀င်စွက်ဖက်မည်မဟုတ်ပေ။
ရှောင်ဟိုင်၏မျက်နှာအမူအရာကို မြင်စဉ်ကတည်းကပင် သူသိထားသည်။
ယခုရှောင်ဟိုင်က တိုက်ခိုက်ရေးအခြေအနေ၌၀င်ရောက်နေသည်။
တိုက်ခိုက်ရေးအနေအထားတွင်ရှိနေသည့် ရှောင်ဟိုင်ကို မည်သူကတားဆီးမည်နည်း။
ဤသည်က တရွရွဖြစ်စေမည်တော့မဟုတ်။
အရင်ရက်များက ရှောင်ဟိုင်က ရိုးစင်းကာရိုးသားပုံရသော်လည်း သူကအတော်လေး ဖော်ရွေသူတစ်ယောက်ပင်။
သို့သော် တိုက်ပွဲစတင်လိုက်သည်နှင့်တပြိုင်နက် သူကယခုလိုလူတစ်ယောက် ဖြစ်လာရသည်။
သွေးထဲ၌စီးဆင်းနေသည့်တိုက်ခိုက်ရေးအကြောင်းခံက အချိန်နှင့်အညီ ပြောင်းလဲမည်မဟုတ်။
မုစီချန်းကလည်း ယဲ့ချိုးပိုင်၏အကြည့်အတိုင်းပင် လှည့်ကြည့်လိုက်သည်။
ရှောင်ဟိုင်လက်သီးချက်များ ဆက်လက်ပစ်သွင်းနေပြီး အဆက်မပြတ်၀င်လာသည့် တိုက်ခိုက်မှုများကို ဖြေရှင်းနေသည်။
သူ့ပုံရိပ်က မရပ်မနား၊ အချုပ်အနှောင်ကနေလွတ်မြောက်ပြီး လှောင်အိမ်ထဲကနေ ထွက်ပြေးလာသည့် တောရိုင်းသားရဲတကောင်အလား သူက ၀ရုန်းသုန်းကား သောင်းကြမ်းနေပြီး မည်သူမှ မတားဆီးနိုင်ပေ။
ရှောင်ဟိုင်နီးကပ်လာသည်ကိုမြင်သောအခါ ဓားကျင့်ကြံသူက အံကြိတ်ရင်း ဓားဖြင့် ပိုင်းချလိုက်သည်။
ဓားဂိုဏ်းနယ်ပယ်က သံသယမရှိ ထွက်လာခဲ့သည်။
ထိုဓားဆန္ဒများက ဓားအလင်းများအဖြစ်ပြောင်းကာ ဓားရှည်ထိပ်တွင်စုစည်းရင်း ဓားကလည်း ကြီးလာပုံရပြီး ရှောင်ဟိုင်ထံ ခုတ်ဖြတ်လိုက်သည်။
ရှောင်ဟိုင်၏နှုတ်ခမ်းထောင့်စွန်း၌ သွေးဆာနေသည့်အပြုံးတခုရှိနေသည်။
သူ့ကိုယ်ပေါ်၌ အဖြူရောင်အမှတ်အသားများနှင့် ဒဏ်ရာတချို့ပင်ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ သိုင်းဧကရာဇ်တ၀က်နယ်ပယ်က ထောင်လွှားသူတစ်ဒါဇင်ကျော်က တချိန်တည်းတွင် သူ့ကို တိုက်ခိုက်ကြသည်မဟုတ်ပေလော။
သူဒဏ်ရာမရဘူးဟူသည်ကမဖြစ်နိုင်ပေ။
သို့သော် ဤအခိုက်အတန့်တွင် ရှောင်ဟိုင် နာကျင်မှုကို မည်သို့မည်ပုံခံစားရမည်နည်း။
ဤနာကျင်မှုများက နိဗ္ဗာနမီး၏ပြုပြင်မှုက နာကျင်မှုနှင့် သာမန်နေ့များရှိ အလွန်အမင်းအေးစက်သည့်နေရာများမှ နာကျင်မှုများဖြင့် မည်သို့ယှဉ်နိုင်မည်နည်း။
လှိုင်းသုံးကြောင်း၊ မီးတောက်၊ ရေခဲ၊ သတ်ဖြတ်ခြင်းဆန္ဒ!
သုံးခုလုံးကတချိန်တည်းမှာပင် ရှောင်ဟိုင်ကိုယ်မျက်နှာပြင်ပေါ်၌ စုဝေးလာသည်။
လက်သီးချက်ပေါ်၌ ရှေးဟောင်းမှော်ကိုယ်ထည်၏စွမ်းအား စုဝေးလာသည်သာမက နတ်ဆိုးနက်စွမ်းအင်များက ပို၍ပင် ပေါ်ပေါက်လာသည်။
တချိန်တည်းမှာပင် သူ့နောက်က မိစ္ဆာနတ်ဘုရားပုံရိပ်ယောင်ကလည်း ဤပြောင်းလဲမှုများကို ကြုံခဲ့ရသည်။
နှစ်ဦးစလုံးကတချိန်တည်းမှာပင် ထိုးနှက်လိုက်ကြစဉ် လက်သီးချက်က ပေါက်ကွဲသွား၏။
မည်သည့်အသံဗလံမှမပြုဘဲ ၎င်းက ဓားသမား၏ ဓားရှည်ပေါ်၌ ပြင်းထန်စွာကျသွားသည်။
ဘန်း.....!
ဓားကိုထိမိသောအခါ ပတ်ပတ်လည်၌ လေလှိုင်းများပင် ထသွားသည်။
ခရက်ခ်..... ခရက်ခ်..... ခရက်ခ်....
တခဏအတွင်းမှာပင် ဓားကတစ်လက်မချင်းစီကျိုးပဲ့သွားခဲ့သည်။
ဓားကျင့်ကြံသူက သွေးများအန်ကာ သူ့မျက်နှာကဖြူဖျော့နေပြီး နောက်သို့လွင့်စင်သွား၏။
မည်သည့်အော်ရာမှမရှိတော့။
ဓားကကျိုးပဲ့သွားခဲ့ပြီး လူများသေသွားသည်မှာ သိသာထင်ရှားနေလေပြီ။