← Chapters

#အဆုံးသတ်#

Vol. 24 Ch. 341

#အဆုံးသတ်#

Vol. 24 Ch. 341

ဓားကျိုးပဲ့သွားပြီး လူများသေသွားခဲ့သည်။

ရှောင်ဟိုင်၏ဖျက်ဆီးခြင်းတိုက်ချက်အောက်တွင် ဤဓားသမားက တစ်ချက်လေးပင် ထုတ်လွှတ်နိုင်ခဲ့ခြင်းမရှိ။

လူတိုင်းကရှောင်ဟိုင်ကို အထိတ်တလန့်ကြည့်လိုက်ကြသည်။

ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်က အတော်လေးအစွမ်းထက်လွန်းသည်။

ယဲ့ချိုးပိုင်၏ဓားပညာက အတော်လေးမြင့်မားပြီး ဓားဆန္ဒကထက်ရှကာ ဓားစွမ်းရည်အမျိုးမျိုး၏ပေါင်းစပ်မှုက လွန်ကဲသည့် အနေအထားတခုကို ရောက်နေသည်ဟု ဆိုမည်ဆိုပါက ရှောင်ဟိုင်က အဆုံးစွန်သော အကြမ်းဖက်သူပင်။

ရိုက်ချက်က အတော်လေးရိုးရှင်းသည်။

သို့သော် နည်းလမ်းတစ်ထောင်ရှိလျှင်ပင် သူ့ကိုယ်တိုင် အားလုံးကို ချိုးဖျက်ပစ်မည့်အလား။

ဂျီဂျီပင်လျှင် အနည်းငယ် သံသယဖြစ်သွားသည်။

ဤကဲ့သို့လူမျိုးများက နယ်နိမိတ်မဲ့နယ်မြေ၌ အမည်မရှိဟူသည် မဖြစ်နိုင်ပေ။

သို့စေကာမူ သူ့မှတ်ဉာဏ်ထဲတွင် ဤလူနှစ်ယောက်က ရှိမနေပါ။

သူတို့တခြားနယ်မြေကလာကြတာများလား!

ထိုအချိန်တွင် ရှောင်ဟိုင်၏ပုံရိပ်က ရပ်တန့်ခြင်းမရှိဘဲ သတ်ဖြတ်ခြင်းဆန္ဒအပြည့်ဖြင့် သူကကျယ်လောင်စွာအော်ဟစ်သည်။

သူ့တကိုယ်လုံး၌ နတ်ဆိုးနက်စွမ်းအင်များ ထိုးတက်လာပြီး နောက်ပန်းတိုင်တခုထံ ပြေး၀င်သွား၏။

ရှောင်ဟိုင်က ‌ဒေါသထန်သည့်အခြေအနေ၌ ကျရောက်နေသည်မှာ သိသာထင်ရှားနေလေပြီ။

သူ့ရှေ့ကရန်သူ မသေသေးသရွေ့ ရှောင်ဟိုင်ရပ်မည်မဟုတ်ပေ။

ဘေးကဓားသမားက ဤမြင်ကွင်းကို မြင်သည်။

သူ့အမူအရာကပြောင်းလဲသွားသည်။

အပြင်းထန်ဆုံးဒဏ်ကိုစုပြုံခံစားရသည့်သူက ကြောက်ရွှံ့နေသည့်အကြည့်ဖြင့် နောက်ဆုတ်ကာ အော်ဟစ်သည်။

"ငါထွက်တယ်"

ရှောင်ဟိုင်၏အော်ရာက အတော်လေးကြောက်ဖို့ကောင်းသည်။

ဤသည်အပြင် သူကနယ်ပယ်ကိုဖိနှိပ်ထားသည့် ဓားကျင့်ကြံသူကို သေစေနိုင်သည့် လက်သီးချက်တချက်ပင် ထိုးနှက်ခဲ့သည်။

မှော်နက်စွမ်းအင်၌ ဝိဉာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သည့် အကျိုးသက်ရောက်မှုပါရှိသည်။

ရလဒ်အဖြစ် ဓားသမား၏စိတ်အခြေအနေက အဆက်မပြတ်တုန်ယင်နေကာ သနားညှာတာပေးရန်အတွက် တောင်းဆိုနေသည်။

ထိုစကားလုံးများကို သူအော်ဟစ်ပြီးသောအခါ ဤလူကအနာဂတ်၌ အသက်ရှင်မည်ဆိုလျှင်ပင် ကျင့်ကြံခြင်းလမ်းကြောင်းက အဝေးသို့ရောက်နိုင်မည်မဟုတ်တော့။

သို့သော် ထိုစကားလုံးများကို ပြောသည့်တိုင် ရှောင်ဟိုင်မကြားသည့်အသွင် ပြုမူနေသေးသည်။

ရှောင်ဟိုင်၏ပုံရိပ်က သူ့ကိုအနိုင်ကျင့်ကာ ထိုးနှက်ပစ်ခဲ့သည်။

ထိုလူ၏မျက်နှာက ထိတ်လန့်နေပုံပေါ်ပြီး ရှောင်ဟိုင်လက်သီးချက်က သူ့ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်သွား၏။

ဘယ်လောက်တောင်ပြင်းထန်လိုက်တာလဲ!

ကောင်းကင်ဘုံရေကန်အောက်တွင် မည်သူကများ ဤမိစ္ဆာနတ်ဘုရားကို ရပ်တန့်နိုင်မည်နည်း။

ရှောင်ဟိုင်နောက်တစ်ယောက်ထံ ပြေး၀င်ရန် ပြင်လိုက်စဉ် ယဲ့ချိုးပိုင်အော်ဟစ်သည်။

"ရှောင်ဟိုင်၊ မင်းရပ်လိုက်လို့ရပြီ"

ယဲ့ချိုးပိုင်၏အသံကိုကြားသောအခါ ရှောင်ဟိုင် နောက်ဆုံးတွင်ရပ်လိုက်သည်။

သူ့မျက်လုံးများထဲမှ သွေးဆာနေသည့်ဆန္ဒများက ဖြည်းညင်းစွာ ‌ပျောက်ကွယ်သွား၏။

ယနေ့ရှောင်ဟိုင်က အရူးအမူးအခြေအနေသို့ရောက်သွားပြီး ထိန်းချုပ်မှုကင်းလွတ်သွားခဲ့သည်။ ဆရာသို့မဟုတ် မိုးမခပင်၏ စွမ်းအားကသာ တည်ငြိမ်အောင် လုပ်နိုင်သည်။

ယခုတွင်မူ ရှောင်ဟိုင် သူ့စိတ်ကို ထိန်းချုပ်နိုင်လာသည်။

ဆရာနှင့် ဒုတိယစီနီယာအစ်မမှလွဲ၍ အစ်ကိုကြီးက ရှောင်ဟိုင်အယုံကြည်ရဆုံးလူဖြစ်သည်။

ထို့ကြောင့် ယဲ့ချိုးပိုင်စကားပြောရန်သာ လိုအပ်သည်။

ဓားတောင်ပင်ဖြစ်စေ၊ သွေးပင်လယ်ပင်ဖြစ်စေ ရှောင်ဟိုင်တုံ့ဆိုင်းမနေလဲ လျှောက်လှမ်းနိုင်သည်။

ယဲ့ချိုးပိုင်ရှေ့တိုးလာပြီး ရှောင်ဟိုင်ပခုံးကို အပြုံးဖြင့်ပွတ်သပ်သည်။

"ငါတို့က တခြားအင်အားစုတွေကို ရန်စဖို့ မကြောက်ဘူးဆိုပေမယ့် အကြောင်းရင်းမရှိဘဲ ရန်စနေစရာတော့မလိုပါဘူး၊ မဟုတ်ရင် တောင်ကို ပြန်ပြီးရှင်းလင်းဖို့ ဆရာကငါတို့ကို ထပ်အပြစ်ပေးနေဦးမယ်"

ရှောင်ဟိုင်ခေါင်းကုတ်လိုက်သည်။

"ဆရာကတောင်တွေကို ရှင်းလင်းဖို့ အစ်ကိုကြီးကိုပင် အပြစ်ပေးမှာ"

ယဲ့ချိုးပိုင်၏မျက်နှာကဖြူဖျော့သွားပြီး မည်းမှောင်သွား၏။

အဟွတ်! အဟွတ်!

သူကဤမတိုင်ခင်က လှုပ်ရှားရန်ပြင်ခဲ့ကြသည့် ထိုကျင့်ကြံသူများထံ အာရုံစိုက်လိုက်ပြီး ပြုံးသည်။

"အားလုံးပဲ၊ ထပ်ပြီးလှုပ်ရှားချင်ကြသေးလား"

ကျင့်ကြံသူများက ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့ကို သတိအပြည့်ဖြင့်စိုက်ကြည့်သည်။

သို့စေကာမူ သူတို့က လုံး၀လှုပ်ရှားရန် အစီအစဉ်မရှိတော့။

လာနောက်နေတာလား!

မင်းတို့မွန်းစတားနှစ်ကောင်ရဲ့ခွန်အားကို ငါတို့မြင်ခဲ့ရတယ်ဟ!

ငါတို့ဘယ်လိုထပ်လှုပ်ရှားနိုင်မှာတုန်း!

ဒါကဖြစ်နိုင်မယ်ထင်လား!

ယခုတွင်မူ သူတို့နှင့်ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသောသူက ကြယ်ကြွေဓားဂိုဏ်းသာ။

သူပင်လျှင် မလှုပ်ရှားလေရာ တခြားမည်သူကလှုပ်ရှားမည်နည်း။ လူတိုင်းကို မြင်ရပြီးနောက် အားလုံးက မည်သည့်တိုက်ချက်မှ မထုတ်လွှတ်ကြတော့။

ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က ရေကန်အောက်ခြေသို့ ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ရှီရှန်းက ကြယ်ဗဟိုချက်နှင့် လုံး၀ပေါင်းသည်းသွားလေပြီ။

ပထမကြယ်နှင့် ကြယ်ဗဟိုချက် ပြီးပြည့်စုံစွာပေါင်းစပ်ခြင်း!

ဤသည်က ရှောင်ဟိုင်၏ခွန်အားကို ထိုးတက်သွားစေပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်သွားသည်။

ဖိနှိပ်နေသည့်အားက လူတိုင်း၏နှလုံးသားကို တုန်လှုပ်သွားစေသည်။ သူတို့က အောက်က ပစ္စည်းက မည်သည့်ပစ္စည်းဖြစ်ကြောင်း သူသိချင်နေမိကြသည်။

သို့စေကာမူ သူတို့ကသိချင်နေလျှင်ပင် ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့ကိုမြင်ပြီးနောက် စိတ်၀င်စားမှုပျောက်သွားကြသည်။

အသက်နှင့်ပစ္စည်းကြားမှာ ဘာကအရေးပိုကြီးလဲ!

ဘာကပိုပြီးအရေးကြီးလဲ!

သူတို့ကရှင်းရှင်းလင်းလင်းခွဲခြားတတ်နေဆဲပါ။

ရှီရှန်းမျက်လုံးများကိုမှိတ်ထားသေးသည်။

ကြယ်တာရာကောင်းကင်ဒန်တျန်၌ အဖိုးအိုကရှိနေသေးသည်။

သူ့ကိုယ်ခန္ဓာကမူ ပို၍ပို၍ပင် အရိပ်ပမာ မရေမရာဖြစ်လာသည်။

ရှီရှန်းထိတ်လန့်သွားပြီး အလျင်စလိုပင် မေးလိုက်သည်။

"ဘာများမှားနေတာလဲ"

အဖိုးအို၏ရှီရှန်း၏ စိတ်အားထက်သန်နေသည့်မျက်လုံးများကိုကြည့်ရင်း ပြုံးကာ ခေါင်းညိတ်သည်။

ဤကောင်လေးက တကယ်ရိုးရှင်းသည့်ကလေးတစ်ယောက်ပင်။

"မစိုးရိမ်ပါနဲ့၊ ဒီအဖိုးကြီးရဲ့တာ၀န်ကပြီးသွားပြီဆိုတော့ ပျောက်ကွယ်သွားရမှာ သဘာ၀ပဲလေ"

"ငါကမူလက ဆရာရဲ့ကြယ်ဗဟိုချက်က ပြောင်းလဲနေခဲ့တဲ့ ဝိဥညဉ်ကိုယ်ထည်တခုပါပဲ၊ မင်းစုပ်ယူလိုက်ပြီဆိုတော့ ငါ့ရဲ့စွမ်းအားက မင်းရဲ့ကြယ်ထဲမှာ ပေါင်းစပ်သွားလိမ့်မယ်"

"အချိန်နည်းနည်းလေးတော့ကျန်သေးတယ်၊ မင်းမှာသံသယတွေဘာတွေရှိလား"

ဤသည်ကိုကြားသောအခါ ရှီရှန်းချက်ချင်းမေးခွန်းမထုတ်ဘဲ ပြောလိုက်သည်။

"ခင်ဗျားကိုကယ်တင်ဖို့နည်းလမ်းရှိလား"

အဖိုးအိုခေါင်းခါယမ်းသည်။

ရှီရှန်းသက်ပြင်းတချက်ချလိုက်သည်။

"ဒီလိုဆိုရင်ဆရာကြီး၊ ကြယ်ဗဟိုချက်က စုစုပေါင်းရှစ်လုံးလေ၊ ကျန်တဲ့ခုနှစ်လုံးကရော ဘယ်နေရာမှာရှိလဲဆိုတာ ခင်ဗျားသိလား"

အဖိုးအိုခေါင်းခါယမ်းသည်။

"ကျန်တဲ့ကြယ်ခုနှစ်ပွင့်ရဲ့ကြယ်ဗဟိုချက်တွေက လတ္တီကျူအမျိုးမျိုးမှာ ပြန့်ကြဲနေတယ်၊ မင်းကိုယ်တိုင် ဒါတွေကို ရှာဖွေရမယ်"

နယ်မြေသုံးခု၏လတ္တီကျူက မည်မျှပင် ကြီးမားလေသနည်း။

ရှာဖွေရန်ဟူသည်မဖြစ်နိုင်။ တိုက်ဆိုင်မှုကြောင့်သာ ရနိုင်သည်။

ရှီရှန်း ဖရိုဖရဲကြယ်မှတ်တမ်းကို လေ့ကျင့်စဉ်က သူ့ကြယ်တာရာကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာ၌ ပေါ်ပေါက်လာခဲ့သည့် ရဲတိုက်ကို တွေးမိသွားသည်။

"ဆရာကြီး၊ ကျွန်တော်ဒီကျင့်စဉ်ကို လေ့ကျင့်ခဲ့တုန်းက ကြယ်တာရာကောင်းကင်အပေါ်မှာ ရဲတိုက်တလုံးကို တွေ့ခဲ့တယ်"

"ဒါပေမယ့်အဲဒါကိုမြင်ရုံပဲမြင်ခဲ့ရပြီး မထိခဲ့ရပါဘူး"

"ရဲတိုက်လား"

အဖိုးအိုအနည်းငယ်အံ့ဩသင့်သွား၏။

သို့သော် သူကနောင်တရစွာ ခေါင်းခါယမ်းသည်။

"ငါမသိဘူး၊ တခြားကြယ်ဗဟိုချက်တွေက ဝိဉာဉ်ကိုယ်ခန္ဓာတွေကို မေးမြန်းရင်းနဲ့ မင်းဒီအကြောင်းကို သိလာမှာပါ"

"အိုမင်းခြင်းက ဝိဉာဉ်ကိုယ်ခန္ဓာတခုကို ဖြစ်လာစေပြီး ဆရာနောက်လိုက်ဖို့ အချိန်က အရမ်းတိုလွန်းခဲ့တယ်"

"ငါအဲဒီအကြောင်းတွေသိပ်မသိဘူး"

စကားပြောပြီးနောက် အဖိုးအို၏ပုံရိပ်က ပို၍ပို၍ပင် မရေရာဖြစ်လာသည်။

"ကောင်းပြီ၊ အဆုံးမှာ ငါမင်းကို နောက်ထပ်အကြံအပိုင်းအစတခုပေးမယ်"

"ဖရိုဖရဲကြယ်မှတ်တမ်းရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းက အတော်လေးခက်ခဲတယ်၊ ဒါပေမယ့် မင်းရွေးချယ်ထားတယ်ဆိုမှတော့ ဇွဲရှိရမယ်"

"အနာဂတ်မှာ မင်းကြယ်ရှစ်လုံးထိပဲ ကျင့်ကြံနိုင်တယ်ဆိုရင်တောင် ခွန်အားက အဲဒီလူတွေထက် ပိုအားနည်းမှာ မဟုတ်ဘူး"

"ဒီတော့မင်းစိတ်ချလက်ချနဲ့ ဆက်လက်လေ့ကျင့်လို့ရပါတယ်"

ရှီရှန်းခေါင်းညိတ်သည်။

အဖိုးအိုက ထိုစကားလုံးများကိုပြောပြီးနောက် ဝိဉာဉ်ကိုယ်ထည်ကလည်း လုံး၀ပျောက်ကွယ်ကာ ကြယ်တာရာကောင်းကင်ဒန်တျန်မှ ပထမဒန်တျန်အဖြစ် ပေါင်းစပ်သွား၏။

ရှီရှန်းအဖိုးအိုပျောက်ကွယ်သွားသည့် နေရာဘက်သို့ လေးနက်စွာဦးညွတ်နေခဲ့သည်။

အချိန်အတော်ကြာဦးညွတ်ပြီးနောက် သူမျက်လုံးများကိုဖွင့်လိုက်သည်။

ပတ်ပတ်လည်က မှောင်မိုက်နေလေပြီ။ ကြယ်စွမ်းအားမရှိတော့သဖြင့် သန့်စင်သည့်အော်ရာမရျှိတာ့သလို သာမန်ရေကန်တခုသာကျန်နေခဲ့သည်။

ရှီရှန်းကိုယ်ခန္ဓာကိုလှုပ်ရှားရှေ့တိုးကာ ယဲ့ချိုးပိုင်ထံသို့ ရောက်လာသည်။

သိုင်းဧကရာဇ်နယ်ပယ်သို့ချိုးဖျက်သွားပြီဖြစ်သည့် ရှီရှန်းအော်ရာကိုမြင်ရသောအခါ ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ရိတ်သိမ်းမှုက မသေးဘူးမလား"

ရှီရှန်းအပြုံးဖြင့်ခေါင်းညိတ်သည်။

"ကျွန်တော့်ကိုကာကွယ်ပေးတဲ့အတွက် အစ်ကိုနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်"

"ငါတို့ကမိသားစုတစုတည်းပဲလေ၊ ဒီလိုတွေပြောနေစရာမလိုပါဘူး"

ယဲ့ချိုးပိုင်ပြောသည်။

"မင်းရပြီးပြီဆိုမှတော့ ထွက်သွားဖို့ပြင်ဆင်တော့"

ကြယ်များ၊ ဥက္ကာခဲများမရှိတော့ပါ။

ခွန်းလွန်ကောင်းကင်ဘုံရေကန်က သာမန်ရေကန်တခုဖြစ်လာခဲါသည်။

ဤသည်ကိုမြင်သောအခါ ပတ်ပတ်လည်က လူများက ခါးသီးစွာရယ်မောလိုက်ကြပြီး လှည့်ထွက်သွားကြသည်။

ဂျီဂျီကယဲ့ချိုးပိုင်ထံလျှောက်လာပြီး ရှီရှန်းကိုကြည့်ကာမေးသည်။

"အဲဒီကျောက်တုံးကဘာလဲ"

ရှီရှန်းအနည်းငယ်ထိတ်လန့်သွားပြီးနောက် ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။

ယဲ့ချိုးပိုင်တခဏမျှတွေးတောရင်း ခေါင်းညိတ်ပြသည်။

ဤလူ၏စရိုက်က မဆိုးပေ။ ထို့ကြောင့် သူတို့ကလမ်းဆုံ၍ရနိုင်သည်။

All Chapters