← Chapters

#ယောက်ဖ#

Vol. 24 Ch. 342

#ယောက်ဖ#

Vol. 24 Ch. 342

ယဲ့ချိုးပိုင်ခေါင်းညိတ်ပြသောအခါ ရှီရှန်းရှင်းပြသည်။

"အဲဒါက ကျုပ်လေ့ကျင့်တဲ့ လေ့ကျင့်ခန်းတွေနဲ့ဆက်စပ်နေပါတ....."

စကားလုံးများအား ပြော၍မပြီးသေးခင်မှာပင် ဂျီဂျီကြားဖြတ်ပြောသည်။

"ခင်ဗျားရဲ့လေ့ကျင့်မှုနဲ့ဆက်စပ်နေတယ်ဆိုမှတော့ ပြောစရာမလိုပါဘူး"

မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်၏ လေ့ကျင့်မှုက ထိုလူ၏အရင်းအမြစ်ပင်။

ဤကဲ့သို့အရာမျိုးကိုမပြောသင့်ပါ။

ဂျီဂျီကလည်းဤသည်ကိုသိသဖြင့် ဘေးဖယ်ထားလိုက်သည်။

ယဲ့ချိုးပိုင် ဤလူကိုထပ်၍ကြည့်လိုက်မိသည်။

ဂျီဂျီကလည်း ယဲ့ချိုးပိုင်ကို ထပ်မံကြည့်လာသည်။

"ခင်ဗျားရဲ့ဓားပညာက အတော်လေးကောင်းသားပဲ၊ အချိန်ရတယ်ဆိုရင် ကျုပ်နဲ့ ဆွေးနွေးဖို့အတွက် ရှင်းယွန်ဓားဂိုဏ်းကို လာလည်ပါဦး"

ယဲ့ချိုးပိုင်းပြုံးကာ ခေါင်းညိတ်သည်။

"နောက်တကြိမ်သေချာပေါက်လာလည်ပါမယ်"

ထို့နောက်ထွက်ခွာရန်ပြင်လိုက်သည်။

မုစီချန်းကလည်း ယဲ့ချိုးပိုင်အား ခေါင်းညိတ်ပြကာ ဂျီဂျီနှင့်အတူလိုက်သွားသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင် မုစီချန်းကို တားကာ မေးသည်။

"မင်းမိသားစုမျိုးရိုးက မုနော်"

မုစီချန်း ဤစကားကိုကြားသောအခါ အနည်းငယ်အံ့ဩသင့်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။

သူ့မိသားစုနာမည်က မုဖြစ်နေသည်က လျှို့ဝှက်ချက်တခုမဟုတ်ပါ။

ဤနေရာ၌ရှိနေသည့်လူတိုင်းလိုလိုက သူက မုမိသားစုကဆိုတာသိသည်။

ဂျီဂျီနောက်တွင်ပုန်းနေသည့် သူ့ရှေ့က ရှက်ရွှံ့ကာချောမောခန့်ညားနေသည့်လူငယ်အား ကြည့်ရင်း ယဲ့ချိုးပိုင် ရုတ်တရက်ပြုံးလိုက်သည်။

"မင်းမှာ အစ်မ၊ ဒါမှမဟုတ် ညီမရှိလား"

မုစီချန်း ထိတ်လန့်သွားသည်။

"အမ်.... ဟုတ်ပါတယ်၊ ဘယ်တစ်ယောက်ကို ပြောချင်တာလဲ"

"မုဇီရှင်း"

"ဇီရှင်းလား" မုစီချန်းခေါင်းညိတ်သည်။ သို့သော်လည်း သူ့မျက်လုံးများထဲတွင် သံသယအနည်းငယ်ရှိနေသည်။

လူအနည်းငယ်သာ မုဇီရှင်းအကြောင်းကို သိကြသည်။

ယဲ့ချိုးပိုင် မည်သို့သိလေသနည်း။

ယဲ့ချိုးပိုင်လည်းအဖြေရသွားသဖြင့် သက်တောင့်သက်သာပင်ပြုံးလိုက်သည်။

"ဟုတ်ပြီ၊ ယောက်ဖ၊ မင်းအခုဘယ်ကို ထပ်သွားမှာလဲ"

ရှောင်ဟိုင်နှင့်ရှီရှန်းတို့မှာ အဆက်မပြတ်ရယ်မောနေကြလေတော့သည်။

ယောက်ဖလား!

မုစီချန်းကြက်သေသေသွားသည်။

သို့စေကာမူ သူကမသိစိတ်က ယဲ့ချိုးပိုင်၏အဖြေကို ဖြေလိုက်မိကာ အားနည်းစွာပြန်ဖြေသည်။

"အစ်ကိုဂျီဂျီနဲ့ ရှင်းယွန်ဓားဂိုဏ်းကိုသွားမလို"

ယဲ့ချိုးပိုင်၏မျက်လုံးများက လင်း၀င်းသွားကြသည်။

"မှန်တယ်"

ထို့နောက် တွေဝေနေသည့် ဂျီဂျီကိုကြည့်ရင်း သူပြောသည်။

"အစ်ကိုလင်း၊ ကျုပ်ခင်ဗျားနဲ့ ယှဉ်ဖို့လိုသေးတယ်လေ၊ အချိန်ကောင်းပဲ၊ ကျုပ်တို့လည်း ခင်ဗျားနဲ့အတူ ကြယ်ကြွေဓားဂိုဏ်းကိုသွားပါမယ်"

"ဒါ့အပြင် ကျုပ်ရှင်းယွန်ဓားဧကရာဇ်ကို အမြဲလေးစားခဲ့ရတာ၊ သူ့ကိုဖူးမြော်ဖို့သွားရတာက ကျုပ်ဆန္ဒတွေကို ဖြည့်ဆည်းပေးတာနဲ့အတူတူပါပဲ"

ရှီရှန်းနှင့်ရှောင်ဟိုင်တို့၏ မျက်နှာများပေါ်၌ အနက်ရောင်လိုင်းများပင်ပေါ်လာသည်။

ရှင်းယွန်ဓားဧကရာဇ်ဆိုတဲ့နာမည်ကို မကြာသေးခင်ကမှ မုစီချန်းဆီက သိခဲ့တာမဟုတ်ဘူးလားဟ!

ဘာကိုသူ့ကိုအမြဲလေးစားနေခဲ့တာလဲ!

ကြည့်ရသည်မှာ သူတို့က ဤနှစ်ဦး၏ အမူအရာကနေ ဆိုလိုရင်းကို မြင်နေရသည့်အလားပင်။

ယဲ့ချိုးပိုင်ရှက်သွေးဖြာလာခြင်းမရှိပေ။

မုစီချန်းက သူ့၏ယောက်ဖဖြစ်သည်။

သူနှင့်ကြိုတင်၍ ကောင်းမွန်သော ဆက်ဆံရေးတခုတည်ဆောက်ထားမှသာ ပို၍ တည်ငြိမ်အောင် လုပ်နိုင်မည်မဟုတ်ပေလော။

ဆရာအမြဲပြောလေ့ရှိတာက အကယ်၍ သင်က ကိစ္စတခုခုနှင့်ပတ်သက်၍ မသေချာပါက မလုပ်ပါနဲ့၊ ဒါမှမဟုတ် သေချာအောင်လုပ်ပါ။

နောက်ဆုံးစကားကို ယဲ့ချိုးပိုင်ကိုယ်တိုင်စိတ်ကူးယဉ်ခဲ့မိခြင်းပင်။

လုချန်ရှန်းက ဤစကားလုံးတွေကို မည်သို့မည်ပုံပြောနိုင်လေသနည်း။

မသေချာတာလား!

ပြီးတော့ပုန်းနေဖို့အရမ်းနောက်ကျသွားပြီ!

ဒီအခွင့်အရေးကိုဘေးမှာဖယ်ထားလိုက်မယ်ဆိုရင် သေဖို့သွားတာနဲ့ အတူတူပဲလေ!

သို့စေကာမူ စကားလုံးများကိုပြောဆိုပြီးဖြစ်လေရာ ဂျီဂျီတွင် ငြင်းဆန်ရန် အကြောင်းပြချက်မရှိပါ။

လူများက သူတို့ကို ဘိုးဘေးကို ဖူးမြော်ရန်သွားကြသည်ဟုဆိုကြသည်။ သူကမည်သို့ငြင်းဆန်နိုင်မည်နည်း။

ဂျီဂျီဆွံအစွာခေါင်းညိတ်သည်။

"ဒီလိုဆိုရင်ကျုပ်နဲ့အတူလာခဲ့ပါ"

"သွားကြရအောင်"

လူငါးယောက်ဘေးချင်းယှဉ်ကာ ခွန်းလွန်ကောင်းကင်ဘုံရေကန်ထဲကနေ ထွက်လာကြသည်။

လမ်းခရီး၌ ဂျီဂျီကသတိပေးသည်။

"အစ်ကိုယဲ့၊ ခင်ဗျားက အေးခဲဝိဉာဉ်ဂိုဏ်းနဲ့ ရွှမ်မင်ချောက်ကမ်းပါးက လူတွေကို သတ်ပစ်ခဲ့တယ်၊ သူတို့ကို ခွန်းလွန်ကောင်းကင်ဘုံရေကန်နဲ့ လွဲချော်အောင် လုပ်ပစ်ခဲ့ရုံသာမက အများစုကိုလည်း ခေါင်းဖြတ်ပစ်ခဲ့တယ်"

"ပြီးတော့ တောင်သေနတ်ဂိုဏ်းလည်းရှိသလို အကြင်နာမဲ့ဓားတောင်ကြားက လူတွေလည်းရှိသေးတယ်"

"ဒီဂိုဏ်းလေးခုစလုံးက ပထမတန်းစားအင်အားစုတွေဖြစ်ပြီးတော့ သူတို့က သေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူး"

အကြင်နာမဲ့ဓားတောင်ကြားက ရှောင်ဟိုင် လက်သီးချက်ကျရောက်ကာ ကြေမွသွားခဲ့ရသည့် ဓားကျင့်ကြံသူ၏ဂိုဏ်းဖြစ်သည်။

ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ပြုံးလိုက်ပြီး ထူးမခြားနားစွာပြောသည်။

"တကယ်လို့လူတွေက ကျုပ်ကိုရန်မစဘူးဆိုရင် ကျုပ်လည်းသူတို့ကို ရန်စမှာမဟုတ်ပါဘူး၊ ကျုပ်တို့က ဒုက္ခပေးမှာမဟုတ်သလို ဘယ်လိုပြဿာနာမျိုးကိုမှလည်း သေချာပေါက် မကြောက်ပါဘူး"

"ခင်ဗျားပြောခဲ့တယ်၊ ကျုပ်တို့မှာ သူတို့နဲ့ ဘာအကြောင်းရင်းမှမရှိခဲ့ဘူး၊ သူတို့ကကျုပ်တို့ကို သတ်ချင်တယ်၊ သူတို့ကို ကျုပ်တို့ကို သတ်ဖို့လုပ်နေတာကို ကျုပ်ခွင့်မပြုနိုင်ဘူးလေ၊ "

"ခင်ဗျားဆိုရင်ရော ဘယ်လိုလုပ်မှာလဲ"

ဤစကားလုံးများကိုကြားသောအခါ ဂျီဂျီကပြုံးရင်း နောက်ထပ်သတိပေးမနေတော့။

အဘယ်ကြောင့်ဆိုသော် သူဆိုပါကလည်း ရွေးချယ်မှုက ယဲ့ချိုးပိုင်နှင့်တူမည်သာ။

လမရှိခြင်းက အလင်းရောင်ကို မပြောင်းလဲနိုင်သလို ဓားများကလည်း ခွန်အားကို မပြောင်းလဲပေးနိုင်ပေ။

တချို့အရာများအတွက် အပေးအယူလုပ်ခြင်း!

ဤသည်က သင့်နှလုံးသားထဲက ဓားနည်းလမ်းကို ဆန့်ကျင်နေလျှင်ပင် ဓားတစ်လက်၏လမ်းကြောင်း၌ အဝေးကြီးသွားရန်ဟူသည် မဖြစ်နိုင်ပေ။

"ခင်ဗျား ကျုပ်ရဲ့ကြယ်ကြွေဓားဂိုဏ်းကို ၀င်နိုင်တာပဲ"

"ဒီလိုဆိုရင် တဖက်လူက ခင်ဗျားကို သိပ်အထင်ကြီးကြီးနဲ့ ကိုင်တွယ်နိုင်မှာမဟုတ်တော့ဘူး"

ကြယ်ကြွေဓားဂိုဏ်းက ပထမတန်းစားအင်အားစုအဖြစ် အဆုံးထိ ဆုတ်ယုတ်သွားခဲ့သော်လည်း ကိုင်းညွတ်နေသည့်ကုလားအုတ်တကောင်က မြင်းတကောင်ထက်ကြီးသည်။

၎င်း၏နောက်ခံကရှိနေဆဲပင်။

ဤသည်ကလည်း ကြယ်ကြွေဓားဂိုဏ်း ယနေ့တိုင်တည်ရှိနိုင်သေးသည့် အကြောင်းရင်းများအနက်တခုဖြစ်သည်။

ဤသည်ကိုမဆိုထားနဲ့၊ ဤမြင်ကွင်းနောက်ကွယ်၌ နယ်နိမိတ်မဲ့မင်းဆက်၏ အကူအညီလည်းရှိသည်။

ယဲ့ချိုးပိုင်အပြုံးဖြင့်ခေါင်းခါယမ်းသည်။

"ကြင်နာမှုအတွက်ကျေးဇူးပါ အစ်ကိုလင်း၊ ကျုပ်တို့မှာ ဆရာတယောက်ရှိပြီးသားပါ"

ဤစကားလုံးများကိုကြားသောအခါ ဂျီဂျီကပခုံးတွန့်ရင်း ထပ်ပြီးတွန်းအားပေးမနေတော့။

...

ငါးယောက်လုံးက အတူတကွထွက်လာစဉ် ချက်ချင်းဆိုသလို အကြည့်များစွာနှင့် သိုင်းဧကရာဇ်နယ်ပယ်အငွေ့အသက်၊ ဤသည်သာမက သိုင်းဧကရာဇ်နယ်ပယ်အထက်ကလူများ၏အကြည့်များပင် ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့အပေါ် ကျရောက်သွားသည်။

ကြည့်နေစရာပင်မလိုပေ။ သူတို့အားလုံးက သိထားကြသည်။

ဤလူများက မည်သည့်အင်အားစုများက လာကြလေသနည်း။

ထိုအချိန်တွင် ကောင်းကင်ထဲ၌ ငွေချပ်၀တ်သံချပ်ကာစစ်သားများက ဧရာမသားရဲပေါ်ကနေ ဆင်းလာကြသည်။

ထိုစိတ်အားထက်သန်နေသည့်အငွေ့အသက်များက ယာယီပျောက်ကွယ်သွား၏။

မုဖူရှန်းအပေါ်ကနေဆင်းလာသည်။

"အခု ခွန်းလွန်ကောင်းကင်ဘုံရေကန်က ပစ္စည်းမှာလည်း ပိုင်ရှင်ရှိသွားပြီ၊ အခုကနေစပြီးတော့ ခွန်းလွန်ကောင်းကင်ဘုံရေကန်အပေါ် ကန့်သတ်ချက်တွေက ပျောက်ကွယ်သွားပါပြီ၊ တချိန်တည်းမှာပင် ကောင်းကင်ဘုံရေကန်၀င်ခွင့်ကိုလည်း ဖျက်သိမ်းလိုက်ပါပြီ"

ယနေ့ခွန်းလွန်ကောင်းကင်ဘုံရေကန်က သာမန်ရေကန်တခုသာ။

၀င်ခွင့်ကဖျက်သိမ်းခံရမည်သာ။

"လူတိုင်းထွက်သွားနိုင်ပါပြီ"

"ပြီးရင် ခွန်းလွန်ကောင်းကင်ဘုံရေကန်က ပစ္စည်းကိုရတဲ့လူက အပေါ်တက်လာပြီး ပြောပါ"

စကားပြောပြီးနောက် မုဖူရှန်းလှည့်ကာ ဧရာမသားရဲကျောပေါ်သို့ ပြန်သွားသည်။

လူများကလက်သီးနှစ်ဖက်ဆုပ်ကာ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသည်။

သူထွက်သွားစဉ် ရှီရှန်းအား လောဘကြီးနေသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ထို့ထဲတွင် မနာလိုမှုများပါ၀င်သည်။

ဂျီဂျီက ယဲ့ချိုးပိုင်ဘေးတွင် ထူးမခြားနားစွာရပ်နေသည်။

"ဒီလိုဆိုရင် ကျုပ်တို့ခင်ဗျားကို ခွန်းလွန်မြို့က ခွန်းလွန်လျှို့ဝှက်ခန်းမကနေ စောင့်နေပါမယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ထို့နောက်ရှီရှန်းနှင့် ရှောင်ဟိုင်တို့နှင့်အတူ ဧရာမသားရဲဆီသို့ပျံသန်းသွား၏။

.....

စံအိမ်ခဖြတွင် အသံလုံအခင်းအကျင်းများဖြင့်ကာရံထားသဖြင့် အပြင်လူများက စကားများကို မကြားနိုင်ပေ။

ထိုအချိန်တွင် မုဖူရှန်းက ခြံ၀င်းတခု၌ ဝိုင်ကောင်းများခင်းထားသည့် စားပွဲတခုရှေ့တွင်ထိုင်နေသည်။

ယဲ့ချိုးပိုင်သုံးယောက်ရောက်လာသည်ကို ကြည့်ရင်း သူကအပြုံးဖြင့်ပြောသည်။

"ဒီတခါကတော့ မင်းအတွက် သဘောတူညီမှုကောင်းတခုပေါ့"

ယဲ့ချိုးပိုင်လည်းပြုံးလိုက်သည်။

"အရှင်မင်းသားက ငါတို့ကိုဖိတ်ခဲ့တာလေ၊ မင်းဆက်ဆိုတဲ့နာမည်နဲ့ ဒီအရာကို ပြန်မယူချင်ဘူးလား"

ဤသည်ကိုကြားသောအခါ မုဖူရှန်း ဒေါသတကြီးဆူပူကြိမ်းမောင်းသည်။

"ချီးပဲ၊ မျိုးမစစ်လေး၊ ငါကအဲလိုလူမျိုးလား"

"ပြီးတော့ မင်းတို့က နတ်ဘုရားတွေရဲ့ ထောက်ခံမှုကိုရခဲ့တယ်၊ ဒါကလည်း မင်းတို့ပါရမီက အရမ်းအားကောင်းတယ်ဆိုတာကို ပြသနေတာပဲ၊ ငါဘာလို့မင်းတို့နဲ့ မိတ်ဆွေမလုပ်ရမှာလဲ၊ ဘာလဲ၊ မင်းဆက်ဆိုတဲ့နာမည်ကိုသုံးပြီး မင်းတို့နဲ့ အာဃာတဖြစ်စေချင်တာလား"

"ငါကငတုံးပုံပေါက်နေလို့လား"

ယဲ့ချိုးပိုင်ကျယ်လောင်စွာရယ်မောကာ မုဖူရှန်းပခုံးကိုပုတ်ရင်း ထိုင်လိုက်သည်။

"ဒေါသမထွက်ပါနဲ့၊ ငါကစနေတာပါ"

မုဖူရှန်းအေးစက်စွာနှာခေါင်းရှုံ့သည်။

"ဒီလိုစနောက်ကျီစယ်တာမျိုးမလုပ်နဲ့"

"စကားမစပ်၊ မင်းအေးခဲဝိဉာဉ်ဂိုဏ်းက လူတွေကိုရောဘယ်လိုကိုင်တွယ်မလဲ"

"ဘာလို့ ငါ့ရဲ့နယ်နိမိတ်မဲ့မင်းဆက်နဲ့ပေါင်းစည်းပြီး ငါ့နောက်ကိုမလိုက်ရတာလဲ"

All Chapters