#လက်တွေ့နှင့်စိတ်ကူးယဉ်ဆိုတာကဘာလဲ#
Vol. 24 Ch. 345
တောင်ဂိတ်တွင် အဖိုးအိုတစ်ဦးက ကုလားထိုင်တွင် လှဲလျောင်းရင်း လက်နှစ်ဖက်ကို ဗိုက်ပေါ်တင်ကာ မျက်လုံးမှိတ်ထားသည်။
ထိုအဖိုးကြီးဆီကနေ ယဲ့ချိုးပိုင် မည်သည့်ကျင့်ကြံခြင်းအော်ရာကိုမှ မခံစားရပါ။
သူကသာမန်အဖိုးကြီးတစ်ဦးဟုသာထင်ရသည်။
ဂျီဂျီလျှောက်သွားစဉ် အဖိုးအိုအားဦးညွတ်ကာ လက်နှစ်ဖက်ဆုပ်သည်။
မုစီချန်းကလည်း သူ့နည်းလမ်းအတိုင်းပင် အလွယ်တကူလုပ်လိုက်သည်။
ဤသည်ကိုမြင်သောအခါ ယဲ့ချိုးပိုင်တို့ကလည်း ထိုသို့ပင် လုပ်လိုက်ကြရသည်။
သုံးယောက်မော့လာသည်နှင့်တပြိုင်နက် ဂျီဂျီနောက်ကနေလိုက်ကာ ကြယ်ကြွေဂိုဏ်း၏ ဂိတ်တံခါးမှ၀င်သွားရန် ပြင်လိုက်ကြသည်။
အဖိုးအိုကအိပ်နေရင်းပြောသည်။
"ဒီကောင်လေးက ကျန်းဇောင်အဖွဲ့၀င်ဖြစ်လို့ ငါ့ကိုနှုတ်ဆက်တာက မမှားပါဘူး"
"မုစီချန်းကလည်း ဒီလိုအကြိမ်ပေါင်းများစွာရောက်ခဲ့တော့ ကြယ်ကြွေဓားဂိုဏ်းရဲ့ ဧည့်သည်တယောက်ဖြစ်နေပြီ၊ သူ့အတွက်လည်း ဒီလိုလုပ်ဖို့သင့်တော်တယ်"
"ပြီးတော့၊ မင်းတို့၊ ငါအဖိုးကြီးကို တခါမှလည်းမတွေ့ဖူးသလို မင်းတို့က ကျန်းဇောင်ကလည်းမဟုတ်ဘူး၊ ဘာလို့နှုတ်ဆက်ရတာလဲ"
ယဲ့ချိုးပိုင်ရပ်ကာ နောက်သို့ပင်လှည့်မကြည့်ဘဲ အဖိုအိုအား ကျောပေးရင်း အပြုံးဖြင့်ပြောသည်။
"အကြီးကိုလေးစားပြီး အငယ်ကို ချစ်ခင်တာက ကမ္ဘာကြီးရဲ့ယဉ်ကျေးမှုပဲလေ၊ လူတိုင်းဒါကို မလုပ်သင့်ဘူးလား"
ထိုစကားပြောပြီးနောက် ယဲ့ချိုးပိုင် ဂျီဂျီနောက်ကဆက်လိုက်သွားကာ တောင်တံခါးဆီသို့ လျှောက်သွားသည်။
"အကြီးကိုလေးစားပြီးအငယ်ကိုချစ်ခင်တာ၊ ကမ္ဘာကြီးရဲ့ယဉ်ကျေးမှု"
အဖိုးအိုတီးတိုးရေရွတ်ရင်း မျက်လုံးများကို ဖွင့်လိုက်သည်။
အဖိုးအို၏မျက်လုံးများက ကြည်လင်မနေသော်လည်း အံ့ဩသင့်စရာကောင်းလောက်အောင် ရှင်းလင်းနေသည်။
တချိန်တည်းမှာပင် အလင်းတန်းတစ်ခု ခုန်ပေါက်သွားခဲ့သည်။
အရာအားလုံးလင်း၀င်းလာစဉ် အဖိုးအို၏ကိုယ်ပတ်လည်၌ ကြောက်ခမန်းလိလိ ဓားဆန္ဒတခုက တဖျပ်ဖျပ်နှင့် လွင့်မြောင်နေ၏။
အကယ်၍ ယဲ့ချိုးပိုင်သာ ဤဓားဆန္ဒကို ခံစားမိမည်ဆိုပါက ဤဓားဆန္ဒက ကောင်းကင်ဘုံမိစ္ဆာဓားသခင် သို့မဟုတ် အကြွင်းမဲ့ဓားဘုရင်လေးပါးထက်ပင် အများကြီးအားကောင်းနေသည်ကို သိမည်ဖြစ်ကာ အံ့ဩသင့်သွားရပေလိမ့်မည်။
"ဟုတ်တယ်၊ ဒါကလူသားတွေရဲ့အစပဲ၊ ဒါပေမယ့်အခုတော့ လူဘယ်လောက်တောင် ဒါကိုမေ့သွားပြီလဲဆိုတာ ငါမသိတော့ဘူး..."
အဖိုးအိုကမျက်လုံးအစုံကို ပြန်မှိတ်လိုက်စဉ် သူ့ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေ့သွားပြီး အပြုံးတပွင့်ပေါ်လာသည်။
"လူကောင်းလေးတယောက်ပဲ...."
....
လမ်း၌ ဂျီဂျီကရှင်းပြသည်။
"အဲဒီလူအိုကြီးက ကြယ်ကြွေဓားဂိုဏ်းထဲကို ဆရာသူ့ကိုခေါ်လာကတည်းက အဲမှာ လဲလျောင်းနေတာ၊ တပည့်အားလုံးက သူ့ရဲ့ အထောက်အထားကို မသိကြဘူး၊ ဒါပေမယ့် ဘယ်သူမှသူ့ကို မနှောက်ယှက်ကြဘူး"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ဒါကသူနှင့်ဘာမှမဆိုင်ပေ။
နှုတ်ဆက်တယ်ဆိုတာက ယဉ်ကျေးမှုကြောင့်သာ။
သို့သော် ထိုအဖိုးအို၏ကိစ္စကို ယဲ့ချိုးပိုင် စိတ်မ၀င်စားပေ။
နှစ်ဦးစလုံးက သူစိမ်းများဖြစ်လေရာ တစ်ဦးကိုတစ်ဦးသိရန်မလို။
"ကောင်းပြီ၊ အစ်ကိုယဲ့တို့က ဖူးမြော်ချင်တာဆိုတော့ ဆရာကိုအရင်မေးဖို့ ကျုပ်ခေါ်သွားပေးပါမယ်"
ဂျီဂျီ၏ဆရာက ရှင်းယွန်ဓားဂိုဏ်းချုပ် ကျန်းဝူဖန်းဖြစ်သည်။
လူငါးယောက်က ပိုယွန်တောင်ထိပ်သို့ တက်လာကြသည်။
ပင်မခန်းမ၏အပြင်ပ၌ ရှောင်ဟိုင်၊ ရှီရှန်းနှင့်မုစီချန်းတို့က စောင့်ဆိုင်းနေကြသည်။
ညွှန်ကြားချက်များကို တောင်းဆိုပြီးနောက် ဂျီဂျီက ယဲ့ချိုးပိုင်ကို အထဲသို့ ခေါ်ဆောင်သွားသည်။
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ကြမ်းပြင်၌ထိုင်နေပြီး ဒူးနားက ဓားရှည်တလက်ကို သုတ်ရန်အတွက် အ၀တ်ဖြူတစကို အသုံးပြုနေသည်။
ဓားရှည်တွင် ထိပ်ပိုင်းမဲ့နေပြီး အတော်လေးမြင့်မားသည့်ဓားဆန္ဒကို ထုတ်လွှတ်နေသည်။
ယဲ့ချိုးကိုင်ဓားရှည်အား ကြည့်လိုက်စဉ် ဖုန်မှုန့်များလုံး၀ရှိမနေသည်မှာ သိသာထင်ရှားနေသည်။
သက်လတ်ပိုင်းအရွယ်လူကြီး၏မျက်နှာက လေးနက်နေပြီး ထိပ်ချွန်ဓားရှည်ကို ဂရုတစိုက်သုတ်နေသည်။
ဓားကိုချစ်မြတ်နိုးသူများကသာ ဓားသိုင်းပညာလမ်းကြောင်း၌ ပို၍ဝေးဝေး လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
ဤသည်က တခုတည်းသောအခြေအနေရပ်မဟုတ်ဘဲ လိုအပ်သည့်အခြေအနေတရပ်ပင်။
သူ့ဓားကို အတော်လေးဂရုတစိုက်ပွတ်သပ်နေသည်ကို ကြည့်ခြင်းဖြင့် ဤလူက သေချာပေါက် အစွမ်းထက်ဓားသမားတစ်ယောက်ဖြစ်ရပေမည်။
ဤသည်ကယဲ့ချိုးပိုင်တွေးတောနေသည့်အရာပင်။
ဂျီဂျီ သက်လတ်ပိုင်းအရွယ်လူကြီးထံ လျှောက်သွားပြီး ဦးညွှတ်ကာ လက်နှစ်ဖက်ဆုပ်ရင်း ပြောသည်။
"ဆရာ၊ ကျွန်တော်ယဲ့ချိုးပိုင်ကို ခေါ်လာပါပြီ"
သိူ့စေကာမူ သက်လတ်ပိုင်းအရွယ်လူကြီးက လှည့်ပင်မကြည့်ပေ။
သူကဂျီဂျီ၏စကားများကို မကြားသည့်အလား ထိပ်ချွန်မရှိသည့်ဓားရှည်ကို သုတ်နေဆဲပင်။
ဂျီဂျီလုံး၀ဂရုစိုက်မနေဘဲ မတ်တပ်ရပ်ကာ တိတ်ဆိတ်စွာစောင့်နေခဲ့သည်။
နောက်ဆုံးတွင် တစ်နာရီခန့်ကြာပြီးနောက် သက်လတ်ပိုင်းအရွယ်လူ၏မျက်လုံးများက ပြောင်းလဲသွားကာ ခေါင်းကို အနည်းငယ်မော့လိုက်သည်။
ဓားရှည်ကို ဂရုတစိုက်စိစစ်ကြည့်ပြီးနောက် ညစ်ပတ်မှုမရှိကြောင်း အတည်ပြုပြီးမှသာ သူကခေါင်းညိတ်ကာ ချက်ချင်းထရပ်သည်။
သို့သော်သူကပထမဆုံး ဂျီဂျီကိုမကြည့်သေးဘဲ သူနှင့် ယဲ့ချိုးပိုင်က တည်ရှိမနေသည့်အလားပင် တိုက်ရိုက်ဖြတ်သွားကာ ခန်းမထဲကထွက်သွားသည်။
ဂျီဂျီနှင့်ယဲ့ချိုးပိုင်တို့က နောက်ကနေလိုက်သွားကြပြီးနောက် တောအုပ်တစ်ခုဆီသို့ ရောက်လာကြသည်။
တောအုပ်ထဲတွင် ကြည်လင်နေသည့် စမ်းရေကန်တခုရှိသည်။
စမ်းရေက ဓားဆန္ဒဖြင့်ပြည့်နှက်နေသည်။
ဤဓားဆန္ဒက ယဲ့ချိုးပိုင်ကိုပင် အံ့ဩသင့်သွားစေသည်။
ကျန်းဝူဖန်း ဓားရှည်ကိုသုတ်နေသည့် အ၀တ်စကိုဖယ်ကာ ဓားရေကန်ထဲချရင်း ဂရုတစိုက်ရှင်းလင်းလိုက်သည်။
ဤသည်ကိုတွေ့သောအခါ ယဲ့ချိုးပိုင် အံ့ဩသွားရသည်။
သန့်စင်ဖြူဖွေးပြီး အပြစ်အနာအဆာကင်းမဲ့သည့်မျက်နှာဖုံးအောက်၌ ဖုန်ကဲ့သို့ အရာများစွာရှိနေခဲ့သည်။
ထိုအချိန်တွင် ကျန်းဝူဖန်းပြောလာသည်။
"တချို့က သိမြင်ခြင်းက ယုံကြည်မှုလို့ပြောကြတယ်"
"ဒီပြောဆိုချက်ရဲ့ အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ဘာမှမမှားယွင်းပါဘူး၊ ဒါပေမယ့် တခါတရံ မျက်လုံးတွေက ငါ့ကိုလှည့်စားတယ်"
"ဒီအဖြူရောင်အကာလိုပဲ၊ ငါ့ဓားက အရမ်းသန့်ရှင်းနေတယ်လို့ မင်းထင်လိမ့်မယ်၊ ဒါပေမယ့် ညစ်ပတ်တဲ့အရာအများကြီးကို ဆေးကြောပစ်လိုက်ရတယ်"
ယဲ့ချိုးပိုင်ကြက်သေသေနေသည်။
သူတခုထုကိုဖမ်းဆုပ်မိသွားသည့်အလား အတော်လေးဆန်းကြယ်သည့်နယ်ပယ်ထဲသို့ကျရောက်သွားသည်။
ဤသည်ကကောင်းကင်နှင့်လူသား၏နယ်ပယ်ပင်။
ထိုအရေးပါသောအခိုက်အတန့်တွင် ကျန်းဝူဖန်းအဖြူရောင်အ၀တ်စကို ဆေးပြီးနောက် ယဲ့ချိုးပိုင်ကို လေးစားသည့်အသွင်ဖြင့် ကြည့်လိုက်သည်။
တခါတရံသိမြင်ခြင်းက ယုံကြည်မှုဖြစ်တယ်!
တခါတရံသိမြင်ခြင်းက ယုံကြည်မှုဖြစ်တယ်!
ဒီလိုဆိုရင်ဘယ်ဟာကအစစ်၊ ဘယ်ဟာကအတုလဲဆိုတာ ဘယ်လိုအကဲဖြတ်မလဲ!
အဖြေကသိသာထင်ရှားနေပြီလေ!
ဒါကိုနှလုံးသားနဲ့ခံစားကြည့်ပါ!
ယဲ့ချိုးပိုင်ဓားနှလုံးဉာဏ်အလင်းကို နားလည်သဘောပေါက်ပြီးဖြစ်သည်။
ကျန်းဝူဖန်း၏ မရည်ရွယ်ထားပုံရသည့် စကားလုံးများအောက်တွင် ဓားနှလုံးသားက ထပ်မံဖြစ်တည်လာခဲ့သည်။
ဓားဆန္ဒကလည်း ထိုအခိုက်အတန့်၌ စပြီး ခုန်ပေါက်လာခဲ့သည်။
ယဲ့ချိုးပိုင်၏ဓားဆန္ဒကပြောင်းလဲနေတာကို ဂျီဂျီခံစားနိုင်ပါသည်။
သုံးရက်ပြည့်သည့်နေ့မှာပင် စကြာ၀ဠာသခင်နယ်ပယ် တ၀က်အဆင့်သို့ တက်ရောက်သွားခဲ့သည်။
ယဲ့ချိုးပိုင်မျက်လုံးဖွင့်ကာ ကျန်းဝူဖန်းကို ကြည့်ရင်း လေးနက်သည့်မျက်နှာဖြင့် လျှောက်လာပြီး လက်သီးနှစ်ဖက်ဆုပ်ပြီး ဦးညွတ်သည်။ ထို့နောက်ရိုသေလေးစားစွာပြောသည်။
"ခင်ဗျားရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
ကျန်းဝူဖန်း အပြုံးဖြင့်လက်ကိုဝှေ့ယမ်းသည်။
"ငါမင်းကိုဘာမှလမ်းမညွှန်ခဲ့ပါဘူး၊ ငါက ပေါက်ကရပြောရတာကြိုက်တယ်"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ပေါက်ကရစကားတခွန်းက ဒီလိုအရာမျိုးကို ဘယ်လိုဖန်တီးပေးနိုင်မှာလဲ"
ထိုစကားလုံးများကိုကြားသောအခါ ကျန်းဝူဖန်း အနည်းငယ်ရှက်နေပုံရသည့် ဂျီဂျီကို လက်ညိုးထိုးပြလိုက်သည်။
"ဒီမှာလေ၊ အဲဒီပေါက်ကရစကားတွေကို နားထောင်တဲ့လူရှိမနေဘူးလား"
"မဟုတ်ဘူးဆိုရင် မင်းကဘာလို့ ကောင်းကင်နဲ့လူသားနယ်ပယ်မှာ ကျဆင်းသွားပြီး ငါ့တပည့်က ငတုံးတစ်ယောက်လို ရပ်နေရမှာလဲ"
မူလကအနည်းငယ်ရှက်နေသည့်အပေါ် သူ့ဆရာ၏အသံကိုကြားသောအခါ ဂျီဂျီမှာ တွင်းတစ်တွင်းတူးပြီး မြေခွေးတကောင်ပမာ ၀င်အောင်းချင်စိတ်သာ ပေါ်လာတော့သည်။
ကျန်းဝူဖန်းလက်ဝှေ့ယမ်းပြသည်။
"ကောင်းပြီ၊ ငါမင်းကိုသိပြီးပြီ၊ သွားတော့၊ မင်းကို ငါနှုတ်လည်းဆက်ပြီးပြီ"
ထို့နောက် ကျန်းဝူဖန်းတောအုပ်ကနေ လှည့်ထွက်ကာ ပင်မခန်းမသို့၀င်သွားလေတော့သည်။
ယဲ့ချိုးပိုင် ကျန်းဝူဖန်း၏ကျောဖက်သို့ လက်နှစ်ဖက်ကိုဆန့်ကာ ဦးညွတ်သည်။
ဂျီဂျီနှင့်မထွက်သွားသေးခင် ဂိုဏ်းချုပ်ခန်းမ၌ ကျန်းဝူဖန်းကြမ်းပြင်တွင် တင်ပလ္လင်ခွေထိုင်လျက် လက်ဖက်ရည်ကို ဖြည်းညင်းစွာ ဖျော်နေသည်။
ထို့နောက်သူပြောသည်။
"အဖိုးကြီးကျန်း၊ ဒီကလေးကမဆိုးဘူး"
ကျန်း၀ူဖန်းဘေးတွင် မည်သူမှမရှိပါ။
သို့သော် ရှင်းယွန်ဓားဂိုဏ်းတံခါးပေါက်ရှိ သစ်သားကုလားထိုင်တွင် လဲနေသည့် အဖိုးအိုကလည်း ထိုအချိန်တွင် သူ့ကိုယ်သူ စတင်ပြောလိုက်သည်။
"ကောင်းသားပဲ၊ သူ့ကိုကြယ်ကြွေဓားဂိုဏ်းကို ၀င်လာအောင်လုပ်ဖို့ နည်းလမ်းတခုရှာတာ အကောင်းဆုံးပဲ၊ ကြယ်ကြွေဓားဂိုဏ်းရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရဖို့အတွက် ဒီကောင်လေးက ဂျီဂျီထက် ပိုသင့်တော်တယ်"
"ပင်ကိုယ်စရိုက်ဖြစ်စေ၊ စွမ်းရည်ဖြစ်စေ၊ အနာဂတ်မှာ သူနဲ့ ကြယ်ကြွေဓားဂိုဏ်းက ပိုပြီး ကြီးပွားချမ်းသာလာလိမ့်မယ်"
ကျန်းဝူဖန်းခေါင်းညိတ်သည်။
"ကျုပ်လုပ်မှာပါ၊ ဒါပေမယ့်အဲချိန်ကျရင် အန်ကယ်ကျန်းကိုယ်တိုင် သူ့ကို သင်ပေးရမယ်"
အဖိုးအိုက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။
အပိုင်း(346) coming။
ငါ့တပည့်တွေက ဘုရင်တွေ