#စမ်းသပ်မှု#
Vol. 24 Ch. 344
ကြယ်ကြွေတောင်တန်း!
ဤတောင်တန်းက မိုင်ထောင်ချီဝေးပြီး တောင်တန်းဘေးရှိ ရှင်းယွန်တောင်သည် အဓိကတောင်ထိပ်ဖြစ်ပြီး ကောင်းကင်ကိုပင် ထိုးခွဲနေသည်။
ထိုတောင်ထိပ်က မည်မျှထိမြင့်မားသည်ကို အဝေးမှကြည့်လျှင်ပင် မြင်နိုင်သည်။
လူငါးယောက်က ရှင်းယွန်တောင်ခြေရင်းသို့ရောက်လာသောအခါ ဂျီဂျီရပ်လိုက်၏။
"ခဏလောက်စောင့်ပါဦး"
ရှီရှန်းသံသယဖြင့်မေးသည်။
"ခင်ဗျားရဲ့ဂိုဏ်းက ရှင်းယွန်တောင်ထိပ်မှာ မဟုတ်ဘူးလား"
ဂျီဂျီပြုံးလိုက်သည်။
"ဒီတောင်တခုလုံးက ရှင်းယွန်ဓားဂိုဏ်းနဲ့ သက်ဆိုင်တယ်၊ တကယ်လို့ ရှင်းယွန်ဓားဂိုဏ်းကို အပြင်လူတွေလာလည်မယ်ဆိုရင် သူတို့အခုတောင်ခြေရင်းမှာ စောင့်နေဖို့လိုတယ်"
ယဲ့ချိုးပိုင််ခေါင်းညိတ်သည်။
အကယ်၍ဤသည်ကသာ တခြားဂိုဏ်းတစ်ဂိုဏ်းဆိုပါက ဤဂိုဏ်းက ဧည့်သည်များကို ဆက်ဆံပုံတွင် တခုခုမှားယွင်းနေကြောင်း ယဲ့ချိုးပိုင်တွေးမိမည်ဖြစ်သလို သူတို့အားပင် ဆန့်ကျင်မိပေလိမ့်မည်။
သို့သော် ထိုသို့သောအရာကိုတွေ့ကြုံရပြီးနောက် ရှင်းယွန်ဓားဂိုဏ်းသည် ယုံကြည်မှုရှိလာပြီး သံသယဖြစ်ဖွယ်ကောင်းလာသည်။
ဤကဲ့သို့အရာမျိုးက နားလည်ပေး၍ရပါသည်။
ယဲ့ချိုးပိုင်တို့စိတ်ထဲမထားသည်ကို မြင်ရသောအခါ ဂျီဂျီက လျှို့ဝှက်စွာခေါင်းညိတ်သည်။
အမွှေးနံ့သာတုတ်တချောင်း ကုန်ချိန်မျှကြာပြီးနောက် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က တောင်ခြေရင်းသို့ လူငယ်တစ်ယောက်နှင့် အေးစက်သည့်အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်လာသည်။
သက်လတ်ပိုင်းအရွယ်လူ၌ ပြတ်သားနေသည့်မျက်နှာထားတခုရှိပြီး သူ့မျက်လုံးထောင့်စွန်း၌ ဓားအမှတ်အသားတခုရှိကာ ကျော၌ သုံးပေခန့်ဓားတစ်လက်ကို လွယ်ထားသဘ်။
သူ့နယ်ပယ်ကိုယဲ့ချိုးပိုင်မမြင်နိုင်ပေ။
ဤလူက သိုင်းဧကရာဇ်နောက်ဆုံးအဆင့် သို့မဟုတ် သိုင်းဧကရာဇ်အထက်အဆင့်တွင်ပင် ရှိနိုင်ပေသည်။
ရှင်းယွန်ဓားဂိုဏ်းက ပထမတန်းစားအဆင့်နိမ့်ဂိုဏ်းတခုအဖြစ် ယုတ်လျော့သွားခဲ့သော်လည်း ကြည့်ရသည်မှာ အခြေခံအုတ်မြစ်က နက်ရှိုင်းနေဆဲပင်။
ဂျီဂျီက သက်လတ်ပိုင်းအရွယ်လူကြီးကို ကြည့်ရင်း လက်နှစ်ဖက်ဆုပ်လိုက်သည်။
"ဆရာကျန်းဖန်"
ကြယ်ကြွေဓားဂိုဏ်းတွင် တောင်ထိပ်လေးခုရှိသည်။
ပင်မတောင်ထိပ်ဖြစ်သည့် ပိုယွမ်(တိမ်ခွဲ)တောင်ထိပ်က ဂိုဏ်းချုပ်တည်ရှိသည့် တောင်ဖြစ်သည်။
ကျန်သောတောင်ထိပ်သုံးခုက ကျိရှတောင်ထိပ်၊ ဂျီရီတောင်ထိပ်နှင့် ရှောင်ဂျန်းတောင်ထိပ်ဖြစ်သည်။
ကျန်းယွန်ဇောင်က ရှောင်ဂျန်းတောင်ထိပ်သခင်ပင်။
ဂျီဂျီ၏အခြေအနေကို မြင်သောအခါ ကျန်းယွန်ဇောင်က လေးနက်စွာခေါင်းညိတ်ရင်း နှုတ်ခမ်းများပေါ်၌ အပြုံးတပွင့်ကို ဖော်ဆောင်ထားစဉ် အတော်လေးအားယူထားရပုံပေါ်သည်။
သို့စေကာမူ ကျန်းယွန်ဇောင် ဤကဲ့သို့ အပြုံးမျိုးကိုပြသောအခါ သူတကယ်ရယ်မောနေတယ်ဆိုတာ လူတိုင်းသိကြသည်။
ကျန်းယွန်ဇောင်က သူ့၏နေ့စဉ်ဘ၀၌ အတော်လေးလေးနက်နေတတ်သည့် လူတစ်ယောက်ပင်။
"ပြန်လာပြီလား၊ ဘာတွေရခဲ့လဲ"
ဂျီဂျီပြန်ဖြေသည်။
"ကျွန်တော်အမြင်တချို့ရခဲ့ပါတယ်"
ကျန်းယွန်ဇောင်ခေါင်းညိတ်သည်။
"မင်းအမြင်တချို့ရခဲ့တယ်ဆိုတော့ ကောင်းတာပေါ့၊ နောက်ကျရင် မင်းရှောင်ဂျန်းတောင်ကိုလာလို့ရတယ်၊ ငါမင်းကို အတည်ပြုနိုင်ဖို့အတွက် ကူညီပေးပါမယ်"
စိတ်ခံယူချက်အမြင်ကို စစ်ဆေးအတည်ပြုရန်အတွက် တိုက်ပွဲစစ်စစ်လိုအပ်သည်။
ဤနည်းလမ်းဖြင့်သာ မိမိကိုယ်တိုင်အတွက် ပို၍ကောင်းမွန်စွာ စုပ်ယူနိုင်မည်။
"ကျေးဇူးပါ၊ တောင်သခင်"
ကျန်းယွန်ဇောင်ထပ်မံခေါင်းညိတ်ကာ ယဲ့ချိုးပိုင်တို့ကိုကြည့်လိုက်သည်။
"မင်းတို့ ကြယ်ဥက္ကာခဲကိုရခဲ့တယ်လို့ငါကြားခဲ့ရတယ်၊ ဒီတော့ မင်းတို့ငါ့ရဲ့ကြယ်ကြွေဓားဂိုဏ်းကိုလာပြီး ဓားဧကရာဇ်ကို ဖူးမြော်ချင်ကြတာလား"
ရှောင်ဟိုင်နှင့်ရှီရှန်းတို့က မပြောကြပါ။
ဤကဲ့သို့ဆက်သွယ်မှုမျိုးကို ယဲ့ချိုးပိုင်ကသာ လုပ်ဆောင်တတ်သည်။
ယဲ့ချိုးပိုင်ရှေ့တလှမ်းတိုးကာ ကျန်းယွန်ဇောင်အားလက်နှစ်ဖက်ဆုပ်ပြသည်။ သို့သော် ဂျီဂျီကို ဤမတိုင်ခင်က သူပြောခဲ့သည်အား မပြောဘဲ ခေါင်းခါယမ်းပြသည်။
"တကယ်တော့မဟုတ်ပါဘူး"
ဂျီဂျီအနည်းငယ်ထိတ်လန့်သွားသည်။
ယဲ့ချိုးပိုင်ပြောခဲ့သည်က အဓိကရည်ရွယ်ချက်မဟုတ်တာကို သူသိသော်လည်း ယဲ့ချိုးပိုင်က ပထမဆုံး ပြောဆိုလာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ကျန်းယွန်ဇောင်ဘေးကလူနှင့်အမျိုးသမီးပင်လျှင် ဆွံအသွားရပြီး သူ့တို့အမူအရာများမှ ရန်လိုစိန်က ပို၍ပင်ပြင်းထန်လာသည်။
ရှင်းယွန်ဓားဧကရာဇ်က သူတို့နှလုံးသားထဲမှ ယုံကြည်မှုပင်။
ယဲ့ချိုးပိုင်၏စကားလုံးများက သူတို့နှလုံးသားထဲက ယုံကြည်မှုကို ဆွဲချလိုက်သကဲ့သို့ ဖြစ်သွားသည်မဟုတ်ပေလော။
မည်သို့ပင်ဆိုစေကာမူ တခြားသူများအတွက် ရှင်းယွန်ဓားဧကရာဇ်ကို လေးစားသည် မလေးစားသည်ဆိုတာက သူတို့၏ လွတ်လပ်မှုသာဖြစ်ပြီး သူတို့၌ ၀င်စွက်ဖက်ရန် အကြောင်းရင်းမရှိပါ။
ကျန်းယွန်ဇောင်၏မျက်လုံးများက အနည်းငယ်အေးစက်သွားသော်လည်း သူ့အမူအရာကလေးနက်နေဆဲပင်။ သူ့မျက်ခုံးများက အနည်းငယ်ကြုံ့သွားခဲ့ပြီး အငွေ့အသက်တမျှင်ကိုထုတ်လွှတ်ကာ ယဲ့ချိုးပိုင်ကိုယ်အား ဖိနှိပ်လိုက်သည်။
"ဒီတော့မင်းကလိမ်နေတာပေါ့"
သူ့အခြေအနေက အကန့်အသတ်ရှိနေပြီး ဖိနှိပ်ခံထားရသည့်တိုင် ယဲ့ချိုးပိုင်ပြုံးကာ ကောင်းကင်ပေါ်သို့ ထိုးထွက်နေသည့် တောင်ထိပ်ပြာတခုအလား ကျောရိုးကို ဖြောင့်ထားသည်။
"အရင်ကတော့ တကယ်လိမ်ခဲ့တာပါ"
"အိုး၊ ဒီတော့ အခုကရော"
"အခုကတော့ ကျုပ်တကယ်ကြယ်ကြွေဓားဧကရာဇ်ကို ဂုဏ်ပြုချင်တာပါ၊ သူက ကြီးမြတ်တဲ့လူတစ်ယောက်ပဲ"
"ပြီးတော့ အရည်အချင်းပြည့်၀တဲ့ ဓားသမားတစ်ယောက်လည်းဖြစ်တယ်"
"ဓားဧကရာဇ်ဆိုတဲ့နာမည်က တကယ်ထိုက်တန်ပါပေတယ်"
"ရဲတင်းလိုက်တာ" သူတို့ထဲက အေးစက်စက်အမျိုးသမီးက နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့သဖြင့် အော်ဟစ်လိုက်သည်။
"စီနီယာဓားဧကရာဇ်က အရည်အချင်းပြည့်၀တဲ့ ဓားကျင့်ကြံသူတယောက်ပဲလေ၊ ဘာလို့နင်၀န်ခံတာကို သူကလိုအပ်နေရမှာလဲ"
ဤအတွက်ကြောင့် ယဲ့ချိုးပိုင် ဒေါသမထွက်ဘဲ အေးစက်စက်အမျိုးသမီးအား စိုက်ကြည့်စဉ် သူ့မျက်လုံးများက ရှေးဟောင်းရေတွင်းတခုအလား တည်ငြိမ်ကာ အတော်လေးရိုးသားနေခဲ့သည်။
"ကမ္ဘာကြီးရဲ့အသိအမှတ်ပြုမှုသာမရှိဘူးဆိုရင် ဘာဖြစ်လို့ ကြယ်ကြွေဓားဧကရာဇ်ကို ကမ္ဘာကြီးက ထောက်ခံရတာလဲ"
အေးစက်စက်အမျိုးသမီး၏အသံက တုန်ယင်သွား၏။
ကျန်းယွန်ဇောင်က ယဲ့ချိုးပိုင်၏ မောက်မာပုံရသည့်စကားလုံးများပေါ် ဒေါသထွက်သည့်ပမာမခံစားရပေ။
ယင်းအစား သူကယဲ့ချိုးပိုင်ကို ဂရုတစိုက်ကြည့်လိုက်သည်။
ယဲ့ချိုးပိုင်တချက်လေးမျှပင်မမှိတ်ဘဲ ကျန်းယွန်ဇောင်၏ မျက်လုံးများအား ပြန်၍ စိုက်ကြည့်လိုက်သည်။
ရုတ်တရက် ယဲ့ချိုးပိုင်တစ်ယောက် သူ့ကိုယ်ကလင်း၀င်းသွားသည့်ပမာ ခံစားလိုက်ရပြီး ကျန်းယွန်ဇောင်ထုတ်လွှတ်ထားသည့် အငွေ့အသက်ကလည်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
"မင်းကအရမ်းတော်တာပဲ"
"မင်းရဲ့ဓားပညာကလည်း အတော်လေးသန့်ရှင်းတယ်၊ ငါ့ရဲ့ကြယ်ကြွေဓားဂိုဏ်းကို မင်း၀င်ချင်လား"
ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် ကျန်းယွန်ဇောင်နောက်က လူနှင့်အမျိုးသမီးတို့၌ မျက်နှာ၌ အံ့ဩသင့်နေသည့်အမူအရာများ ပေါ်လာခဲ့သည်။
နှစ်ဦးစလုံးက ကျန်းယွန်ဇောင်၏ ကိုယ်ပိုင်အမွေခံများဖြစ်ပြီး ဤနေရာ၌ရှိနေသည်မှာ ကြာမြင့်နေလေရာ ကျန်းယွန်ဇောင်ကို ကောင်းကောင်းသိကြသည်။
ကြယ်ကြွေဂိုဏ်းတခုလုံးတွင် ကျန်းယွန်ဇောင်က အတော်လေးတင်းကြပ်သူဟု လူသိများပြီး တပည့်များကို အလွယ်တကူ မစုဆောင်းတတ်ပေ။
သို့စေကာမူ ယခုတွင် သူက ယဲ့ချိုးပိုင်ကို ကြယ်ကြွေဓားဂိုဏ်းသို့၀င်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျပြောနေသည်။
ဂျီဂျီကလည်းပြုံးလိုက်သည်။
ကျန်းယွန်ဇောင်က ဤစကားများပြောလိုက်စဉ်ကတည်းက ယဲ့ချိုးပိုင်အပေါ် သူ့၏စစ်ဆေးမှုက ပြီးသွားလေပြီ။
သို့သော် ယဲ့ချိုးပိုင်က ထိုလူနှင့်အမျိုးသမီးတို့၏မျှော်လင့်ချက်များထက် ကျော်လွန်နေကာ ခေါင်းခါယမ်းသည်။
"ကျေးဇူးပါစီနီယာ၊ ဒါပေမယ့် ယဲ့ချိုးပိုင်မှာ ဆရာတစ်ယောက်ရှိပြီးပါပြီ"
ကျန်းယွန်ဇောင်ခေါင်းညိတ်သည်။
"ဂိုဏ်းတစ်ဂိုဏ်းရှိနေပြီဆိုမှတော့ မ၀င်တာကမှန်ပါတယ်"
"မင်းဂိုဏ်းတဂိုဏ်းကို၀င်ပြီးတာနဲ့ သစ္စာရှိရမယ်၊ ဒါကဂိုဏ်းတဂိုဏ်းရဲ့အခြေခံပဲ"
ကျန်းယွန်ဇောင်၏နှလုံးသားထဲတွင် ယဲ့ချိုးပိုင်၏တန်ဖိုးက ထပ်မံမြှင့်တက်သွားရပြန်သည်။
"ကောင်းပြီ၊ ဂျီဂျီ၊ မင်းသူတို့သုံးယောက်ကို တောင်ပေါ်ကို ခေါ်လာပါ"
ထို့နောက် ကျန်းယွန်ဇောင် နောက်ကလူနှင့်အမျိုးသမီးနှင့်အတူ ထိုနေရာမှ ထွက်သွားလေတော့သည်။
ဂျီဂျီကပြုံးလိုက်သည်။
"အစ်ကိုယဲ့၊ ဆရာကျန်းရဲ့ခွင့်ပြုချက်ကို ရဖို့ဆိုတာက တကယ်မလွယ်ဘူး"
ယဲ့ချိုးပိုင်ပြောလိုက်သည်။
"ကျုပ်ကအမှန်တရားကိုပြောနေရုံပါပဲ"
ထိုစကားလုံးများကိုကြားသောအခါ ဂျီဂျီက ခက်ထန်စွာပြောသည်။
"အရိုးသားဆုံးပြောရရင် ဒီစကားလုံးလေးလုံးက ဒီလိုဆိုပေမယ့် ပြောဖို့က အရမ်းလွယ်တယ်"
"ဒါပေမယ့် ဒီစကားလုံးလေးလုံးကို လူဘယ်နှစ်ယောက်ကများ လုပ်နိုင်လို့လဲ"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ခင်ဗျားကအရမ်းချဲ့ကားလွန်းနေတာပဲ၊ သွားရအောင်၊ သွားလည်ကြစို့၊ ပြီးမှ ငါတို့အစ်ကိုဂျီဂျီနဲ့ ယှဉ်ပြိုင်ကြတာပေါ့"
ဤဆွေးနွေးချက်ကိုကြားသောအခါ ဂျီဂျီ၏မျက်လုံးများက လင်း၀င်းသွား၏။
သူကလည်း ယဲ့ချိုးပိုင်နှင့် ယှဉ်ပြိုင်ချင်သည်မှာ သိသာထင်ရှားနေသည်။
ထို့နောက်လေးဦးစလုံးကိုတောင်ပေါ်သို့ ဦးဆောင်ခေါ်သွားလေတော့သည်။
ကြယ်ကြွေဓားဂိုဏ်းတွင် အဓိကတောင်ထိပ်၊ သို့မဟုတ် တောင်ထိပ်အထက်မှလွဲ၍ တောင်ပေါ်သို့လမ်းလျှောက်တက်ရန် လိုအပ်သည်။
တောင်ပေါ်သွားနေစဉ် မုစီချန်းက ယဲ့ချိုးပိုင်ကို အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေသည့်မျက်နှာဖြင့်ကြည့်ရင်း အသံနိမ့်ကာမေးသည်။
"အဲလိုပြောလိုက်တဲ့အခါ ခင်ဗျားကန်ကျောက်ခံရမှာကို မကြောက်ဘူးလား"
ယဲ့ချိုးပိုင် သူ့၏အနာဂတ်ယောက်ဖကိုကြည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။
"တကယ်လို့ငါအရင်ကပြောတဲ့အတိုင်းသာ ထပ်ပြောမယ်ဆိုရင် သူတို့ငါ့ကို ယုံမှာမဟုတ်ဘူး"
"ဘာပဲဆိုဆို၊ လမ်းကြောင်းပေါ် ရောက်နေတဲ့လူတစ်ယောက်က ကြယ်ကြွေဓားဂိုဏ်းကို နားလည်ဖို့အတွက် အရေးတကြီး မိတ်ဆက်မှုတခုလိုအပ်မယ်ဆိုရင် သူကြယ်ကြွေဓားဧကရာဇ်ဆီကို သွားဖို့အတွက် ဘယ်လိုတွေးတောနိုင်မှာလဲ"
မုစီချန်းအနည်းငယ်ထိတ်လန့်သွား၏။
"ခင်ဗျားဒါကိုရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာများလား"
ယဲ့ချိုးပိုင် အပြုံးဖြင့်ခေါင်းခါယမ်းသည်။
"ရည်ရွယ်ချက်ပါပါတော့မဟုတ်ဘူး၊ ငါက အမှန်တရားကို ပြောပြနေရုံပဲ"
ကြယ်ကြွေတောင်က အတော်လေးမြင့်မားသည်။
သူတို့ငါးဦးအဖို့ တောင်ပေါ်သို့တက်ရန် ရက်တ၀က်ခန့်ပင် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် သူတို့တောင်ဂိတ်ရှိရာသို့ ရောက်လာကြသည်။
အပိုင်း(345) coming။