#တစ်မိနစ်#
Vol. 24 Ch. 346
ရှင်းယွန်ဓားဂိုဏ်းတွင် ဓားသွားလေးလက်ရှိပြီး ပိုယွန်တောင်ထိပ်၊ ကျိရှတောင်ထိပ်၊ ရှောင်ဂျန်း(ရှောင်ကျန်းဖန်း) တောင်ထိပ်နှင့် ဂျီရီတောင်ထိပ်တို့ဖြစ်သည်။
တောင်ထိပ်လေးခုက လေးထောင့်ပုံသဏ္ဍာန်ရှိသည်။ ကြယ်ကြွေဓားဧကရာဇ်၏ ရုပ်တုက ထိုတောင်ထိပ်လေးခု၏ အလယ်ဗဟိုတွင် ရှိနေလေသည်။
ဒဏ္ဍာရီအရ ထိုရုပ်တုထဲတွင် ကြယ်ကြွေဓားဧကရာဇ်၏ ဓားဆန္ဒအမွေအနှစ်ရှိသည်ဟူ၍ပင်။
သို့စေကာမူ ဤလျှို့ဝှက်ဆန်းကြယ်မှုကို အပြည့်အ၀နားလည်သူဟူ၍ မရှိသလောက်လုနီးပါးပင်။
ထိုထဲက ဓားဆန္ဒအမွေအနှစ်၏ အစိတ်အပိုင်းလေးတစွန်းတစကို နားလည်သဘောပေါက်နိုင်သည့် လူအနည်းငယ်လည်းရှိသည်။
ဥပမာအားဖြင့် လက်ရှိဂိုဏ်းချုပ် ကျန်းဝူဖန်းနှင့် ကျန်းဝူဖန်း၏တပည့် ဂျီဂျီဖြစ်သည်။
ယဲ့ချိုးပိုင်နှင့် ဂျီဂျီတို့က တောင်ထိပ်လေးခု၏အလယ်ဗဟိုသို့ရောက်လာကြသည်။
ဤရုပ်တုသည် ဘာမှထူးခြားပုံမရသလို အရမ်းကြီးအရပ်မရှည်ဘဲ သာမန်လူတစ်ယောက်၏ အရပ်မျှသာရှိသည်။ မည်သည့်အလှဆင်ပြင်ဆင်ထားခြင်းမှမပါရှိပေ။
ဤသည်က ၀တ်ရုံတထည်၀တ်ဆင်ထားသည့် လူတစ်ယောက်သာဖြစ်ပြီး လက်ထဲတွင် ဓားတစ်လက်ကိုသာ ကိုင်ဆောင်ထားကာ ကျန်သောအရာများက အင်မတန် ရိုးစင်းသည်။
သို့စေကာမူ ဤသည်က ယဲ့ချိုးပိုင် မထီမဲ့မြင်ပြုရသည့်အကြောင်းရင်းမဟုတ်ပါ။
နှစ်ဦးသားရောက်လာစဉ် ယဲ့ချိုးပိုင်ရုပ်တုရှိရာသို့လျှောက်သွားကာ ဦးညွတ်ရင်း အရိုအသေပေးလိုက်သည်။
တချိန်တည်းမှာပင် ဤနေရာ၌ တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေသည့် ဓားနည်းစနစ်တခုရှိသည်ဟု သူခံစားနေရသည်။
သူဤရုပ်တုထဲက ဓားဆန္ဒအမွေအနှစ်ကိုနားလည်ချင်သည်။
ထိုစဉ်တယောက်ရောက်လာခဲ့သည်။
ဤနေရာ၌ ဆယ်စုနှစ်၊ ရာစုနှစ်၊ ထောင်စုနှစ်နှင့်ချီရှိနေကြသည့်လူများလည်းရှိကြသည်။
တစ်ယောက်ကမျက်လုံးဖွင့်ကာ ယဲ့ချိုးပိုင်ကိုကြည့်လာသည်။
သို့သော် သူကတချက်မျှသာကြည့်ရင်း မျက်လုံးပြန်မှိတ်လိုက်သည်။
ဤနေရာရှိလူများက ကြယ်ကြွေဓားဧကရာဇ်၏ရုပ်တုအတွင်းရှိ ဓားဆန္ဒအမွေအနှစ်မှလွဲ၍ တခြားမည်သည့်အရာကိုမှ စိတ်မ၀င်စားကြပါ။
ဤသည်ကိုမဆိုထားနဲ့၊ ဤနေရာသို့ ရက်အတော်ကြာ ဖူးမြော်ရန်အတွက် လာရောက်သူဟူ၍ပင် သိပ်မရှိတော့လေရာ ယခုအခြေအနေက ကျင့်သားရနေလေပြီ။
ယဲ့ချိုးပိုင်အကြာကြီးဦးညွတ်နေမိသည်။
ထို့နောက်သူခါးကိုပြန်မတ်လိုက်စဉ် တချိန်တ်ည်းမှာပင် ရှောင်ကျန်းဖန်တောင်ထိပ်သခင် ကျန်းယွန်ဇောင်လည်း ရောက်လာသည်။
သူ့၏တိုက်ရိုက်ဆက်ခံသူနှစ်ဦးဖြစ်သည့် အမျိုးသားနှင့် အမျိုးသမီးတို့ကလည်း လိုက်ပါလာကြသည်။
ကျန်းယွန်ဇောင်က ယဲ့ချိုးပိုင်ကိုကြည့်နေစဉ် သူ့မျက်နှာက လေးနက်ကာပြတ်သားနေသည်။
"ဂိုဏ်းချုပ်ကရှင်းပြပြီးပါပြီ၊ မင်းဒီနေရာမှာ နားလည်အောင်လုပ်ဖို့ ကြိုးစားနိုင်တယ်"
ယဲ့ချိုးပိုင်အနည်းငယ်အံ့ဩသင့်သွား၏။
သူတို့နောက်က အမျိုးသားနှင့်အမျိုးသမီးကမူ အနည်းငယ်တုန်လှုပ်သွားကြသည်။
"ဆရာ၊ ဒီနေရာမှာ ဂိုဏ်းသားတွေပဲ နားလည်သဘောပေါက်အောင် လုပ်နိုင်တာမလား"
"သူကအပြင်လူတစ်ယောက်ပဲလေ"
ကျန်းယွန်ဇောင်၏မျက်နှာက လုံး၀ပြောင်းလဲသွားဘဲမရှိဘဲ ခြောက်ကပ်စွာပြောသည်။
"ဂိုဏ်းချုပ်ပြောခဲ့တာကို ငါကပြန်ပြောရုံပဲ"
"ပြီးတော့ ဓားဧကရာဇ်ရဲ့ရုပ်တုကို ရိုးသားမှုရှိတဲ့သူတိုင်း နားလည်အောင် လုပ်နိုင်တယ်"
"မရိုးသားတဲ့လူတွေအတွက်ကတော့ သူတို့နားလည်မယ်ဆိုရင်တောင် ဘယ်အရာကိုမှ သေချာနားလည်နိုင်စွမ်းရှိမှာမဟုတ်ဘူး"
အမျိုးသားနှင့်အမျိုးသမီးတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း တိတ်ဆိတ်နေခဲ့ကြသည်။
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင် ယဉ်ကျေးမနေတော့ပါ။
ထိုအချိန်က ဤနယ်မြေ၌ ထိပ်တန်းစွမ်းအားရှင်တစ်ဦးဖြစ်သည့် ကြယ်ကြွေဓားဧကရာဇ်၏ လုပ်ဆောင်ချက်များကို ကြားရပြီးနောက်တွင် သူက ဤနယ်နိမိတ်မဲ့နယ်မြေ၌ အားအကောင်းဆုံးဓားသိုင်းပညာရှင်ဟုဆို၍ရသည်။
ဤကဲ့သို့လူမျိုး၏အမွှေကို ဆက်ခံရမည်ဆိုပါက မလှုပ်မယှက်နေမည်ဟုဆိုလျှင် မုသားပြောရာကျသွားပေလိမ့်မည်။
"ပြီးရင် ကျုပ်ဂိုဏ်းချုပ်ကို ကျေးဇူးသွားတင်လိုက်ပါမယ်"
ထို့နောက် သူမြေပြင်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။
ဓားဆန္ဒကို ထုတ်လွှတ်ရင်း ဖြည်းဖြည်းချင်းဆွဲထုတ်ကာ ကြယ်ကြွေဓားဧကရာဇ်၏ ရုပ်တုအောက်တွင် နစ်မြှုပ်အောင် လုပ်လိုက်လေတော့သည်။
လူတိုင်းတုန်လှုပ်သွားကြသည်။
စကြာ၀ဠာသခင်တ၀က်အဆင့်လား!
ထိုအချိန်က သူက မဟာဓားဂိုဏ်းနယ်ပယ်သာရှိသေးသည်။
ဂိုဏ်းချုပ်နှင့်ယခုလေးတင် တွေ့ပြီးနောက် နာရီအနည်းငယ်အတွင်း ဓားသခင်တ၀က်အဆင့်ကို ရောက်သွားသည်လား။
ဤနေရာက ကြယ်ကြွေဓားဂိုဏ်း၏ ဂုဏ်ကျက်သရေကို ပြန်လည်ရယူရန်အတွက် မျှော်လင့်ချက်အတွက် အရေးပါအရာရောက်သောနေရာဖြစ်သည်။
စကြာ၀ဠာသခင်တ၀က်နယ်ပယ်လား!
ဤကောင်လေး၏ဓားပါရမီက အလွန်မြင့်မားလွန်းသည်။
ကျန်းယွန်ဇောင်ပင်လျှင် နှုတ်ခမ်းကွေ့ညွတ်သွားပြီး ခေါင်းညိတ်လိုက်ရသည်။
ဂိုဏ်းချုပ်တွင် အမြင်ကောင်းရှိသည်။
ဤကဲ့သို့ မောက်မာသည့်လူမျိုးက ကြယ်ကြွေဂိုဏ်းထဲ၀င်လာမည်ဆိုပါက အကောင်းဆုံးပေတည်း။
...
ဓားဆန္ဒကိုနားလည်ခြင်း!
ဤသည်က အတော်လေးငြီးငွေ့စရာကောင်းပြီး ဘာအသစ်အဆန်းမှမရှိပေ။
သူရှာနေသည်က ဤရုပ်တုအတွင်း ဓားဆန္ဒ၏တည်နေရာနှင့် တည်ရှိမှုပင်။ ဤသည်က ပထမခြေလှမ်းဖြစ်သည်။
သို့သော် ပထမခြေလှမ်းတွင်ပင် လူပေါင်းမည်မျှက ပိတ်မိနေခဲ့ကြလေသနည်း။
ဤစကားကရိုးရှင်းပုံရသော်လည်း လုပ်ဆောင်ရန်အတွက် အတော်လေးခက်ခဲသည်။
ဂျီဂျီက ကျန်းယွန်ဇောင်ရှိရာသို့ ရောက်လာသည်။
ကျန်းယွန်ဇောင်ဂျီဂျီကိုတချက်ကြည့်ကာ
"ဂျီဂျီ၊ မင်းဓားဆန္ဒကို ရှာတွေ့ဖို့အတွက် ဘယ်လောက်အချိန်ယူခဲ့ရလဲ"
တခဏမျှတွေးတောပြီးနောက် သူအဖြေပေးရန်ပြင်လိုက်စဉ် ကျန်းယွန်ဇောင်နောက်က အမျိုးသမီးကပြုံးကာ ပြောသည်။
"ဂိုဏ်းတူအကိုလင်းက သုံးရက်ပဲအချိန်ယူခဲ့တယ်"
အမျိုးသမီးက ဂျီဂျီကိုကြည့်စဉ် သူမ၏မျက်လုံးများက ချစ်ခင်နှစ်သက်မှုများဖြင့် ပြည့်နှက်နေသည်။ သူမတွင် ဂျီဂျီအပေါ် အမြင်ရှိနေသည်မှာ သိသာထင်ရှားနေသည်။
မည်သို့ပင်ဆိုစေကာမူ ဂျီဂျီ၏စရိုက်နှင့် ပင်ကိုယ်စွမ်းရည်က ထိပ်တန်းရွေးချယ်မှုများပင် မဟုတ်ပေလော။
"သုံးရက်၊ ဂိုဏ်းချုပ်တောင် ခုနှစ်ရက်အချိန်ယူခဲ့ရတယ်"
ဤသည်ကလည်း ဂျီဂျီကို ရှင်သန်ခြင်းကြယ်ပွင့်နှင့် ကြယ်ကြွေဓားဂိုဏ်းချုပ်လောင်းဟု ခေါ်ဆိုရသည့် အကြောင်းရင်းပေတည်း။
ဂျီဂျီမှာ အမျိုးသမီး၏ စိတ်အားထက်သန်နေသည့်မျက်လုံးများကို လျစ်လျူရှုထားရုံသာ တတ်နိုင်တော့သည်။
"အစ်ကိုယဲ့ရဲ့ပါရမီက ကျုပ်ထက်မညံ့ဘူး၊ ကျုပ်ထက်တောင်ပိုကောင်းသေးတယ်"
အမျိုးသမီး၏နှုတ်ခမ်းများက ဂျီဂျီ၏ ရှောင်ရှားသည့်အသွင်ကို ကျင့်သားရနေသကဲ့သို့ ကွေ့ညွတ်သွားကာပြုံးလိုက်သည်။
"အစ်ကို၊ ရှင့်ကကိုယ့်ကိုကိုယ် အရမ်းနှိမ့်ချလွန်းနေတာပဲ"
ဂျီဂျီစကားထပ်မပြောတောါ။
လူအများစုက တိတ်ဆိတ်ငြိမ်သက်နေကြပြီး ယဲ့ချိုးပိုင်ကိုကြည့်နေကြသည်။
သူတို့တကယ်မြင်ချင်ကြပါသည်။ ယဲ့ချိုးပိုင်က ဤဓားဆန္ဒ၏အမျှင်စကို ရက်အနည်းငယ်အတွင်း ခံစားနိုင်မည်လား။
တစ်မိနစ်သာလျှင်ကြာမြင့်ခဲ့သည်။
ကြယ်ကြွေဓားဧကရာဇ်ရုပ်တုပေါ်၌ ကြယ်များ၏အဓိပ္ပာယ်နှင့်အတူ အထူးဓားဆန္ဒတခုစီးဆင်းလာသည်။
ဤသည်က ယဲ့ချိုးပိုင်၏ဓားဆန္ဒဖြစ်ပြီး အချင်းချင်း ဆွဲငင်နေခဲ့ကြသည်။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ဉာဏ်အလင်းရသည်ဟုခံစားနေရသော ဓားဂိုဏ်း၏တပည့်များပင်လျှင် အထိတ်တလန့်မျက်လုံးပြူးကျယ်ကာ ယဲ့ချိုးပိုင်ကို ကြည့်နေကြသည်။
ဒီသကောင့်သားကဘယ်သူတုန်း!
ဓားဂိုဏ်းထဲမှာ ငါတခါမှမမြင်ဖူးပါဘူး!
သူကအခုမှရောက်လာတာလေ၊ ဒါတောင် ဓားဧကရာဇ်ရုပ်တုမှာ ထားခဲ့တဲ့ ဓားဆန္ဒနှင့် ပေါင်းစည်းသွားနိုင်တာလား။
ကျန်းယွန်ဇောင်၏မျက်လုံးများက ပြူးထွက်လုမတတ် ပြူးကျယ်နေကြ၏။
သူ့နောက်က အမျိုးသားနှင့်အမျိုးသမီးကမူ ပို၍ပင် ကြောက်ရွှံ့တုန်လှုပ်သွားကြသည်။
အမျိုးသမီးက အံ့ဩသင့်နေသည်။
"သူဒါကိုဘယ်လိုလုပ်ခဲ့တာလဲ"
ဂျီဂျီကလည်း မဲ့ရွဲ့စွာပြုံးလိုက်၏။
ယဲ့ချိုးပိုင်က တစ်မိနစ်အတွင်း ပထမအဆင့်ကို ပြီးမြောက်ရုံတင်မကဘဲ ရုပ်တုထဲတွင် ကျန်ရှိခဲ့သည့် ဓားဆန္ဒကိုပါ ရှာတွေ့သွားခဲ့ကာ တချိန်တည်းမှာပင် ဒုတိယအဆင့်ကိုပါ ပြီးမြောက်သွားခဲ့သည်။
ကြယ်ကြွေဓားဧကရာဇ်၏ ဓားဆန္ဒနှင့် ပေါင်းစပ်ရုံတင်သာမက ဆက်သွယ်ထိတွေ့နေခဲ့သည်။
ဤသည်က ဒုတိယအဆင့်ဖြစ်သည်။
ဂျီဂျီအတွက်ပင် ဆယ်ရက်အပြည့်ကြာမြင့်ခဲ့သည်။
ဤသည်ကိုနောက်ဆုံးနားလည်သဘောပေါက်ခဲ့ဖူးသည့် ဂိုဏ်းချုပ် ကျန်းဝူဖန်းပင်လျှင် ရက်နှစ်ဆယ်ယူခဲ့ရသည်။
ဒီပါရမီက အရမ်းချဲ့ကားလွန်းရာမကျဘူးလား!
ဂျီဂျီပြောလိုက်သည်။
"ဒါကအမှန်ပဲ...."
ကျန်းယွန်ဇောင်ပြူံးလိုက်သည်။
"နောက်ဆုံးအဆင့်က ဓားဆန္ဒကို နားလည်သဘောပေါက်ဖို့ပဲ'
ထို့နောက်သူထိုနေရာကချက်ချင်းထွက်သွားကာ အဓိကတောင်ထွတ်ဖြစ်သည့် ပိုယွမ်တောင်ထိပ်သို့ ပျံသန်းသွားသည်။
ဤကိစ္စကို သူဂိုဏ်းချုပ်ဆီ တင်ပြရမည်။
ဤကောင်းကင်သားတော်သဖွယ်ဖြစ်သည့် ယဲ့ချိုးပိုင်ကို ကြယ်ကြွေဓားဂိုဏ်းထဲကို ခေါ်ဆောင်ရပေမည်။
အချိန်သာယူလိုက်မည်ဆိုပါက ယဲ့ချိုးပိုင်၏အနာဂတ်က အကန့်အသတ်မဲ့သွားပေလိမ့်မည်။
သူကကြယ်ကြွေဓားဧကရာဇ်ကို ဖြတ်သွားမည်ဆိုလျှင်ပင် ဤသည်က မဖြစ်နိုင်တာတော့မဟုတ်ပါ။
လူတိုင်းက မြေပေါ်၌ တင်ပလ္လင်ခွေထိုင်နေသည့် ယဲ့ချိုးပိုင်အား ကြောက်လန့်စွာ ကြည့်နေကြသည်။
ယဲ့ချိုးပိုင် မျက်လုံးအစုံကို တင်းကြပ်စွာ ပိတ်ထားဆဲပင်။
တကယ်တမ်းတွင် ဤအဆင့်ကို လုပ်ဆောင်ရန်ဟူသည် အရမ်းလွယ်ကူသည်။
ယဲ့ချိုးပိုင်၏ခန္ဓာက တာအိုဓားခန္ဓာဖြစ်ပြီး ရှေးခေတ်၏ ပထမဆုံးဓားခန္ဓာပင်။
ဤသည်က ဓားသမားများအတွက် အသင့်တော်ဆုံး ကိုယ်ခန္ဓာတခုဟုဆို၍ရသည်။
ဓားပညာအမြင်၌ လုချန်ရှန်းကလွဲ၍ မည်သူကမှ ယဲ့ချိုးပိုင်ကို မကျော်ဖြတ်နိုင်ပေ။
သို့သော်ယခုတွင်မူ ယဲ့ချိုးပိုင်က စိတ်လှုပ်ရှားမှုလုံး၀မပြသဘဲ ယင်းအစား မျက်မှောင်ကြုတ်ထားသည်။
မည်သည့်အတွက်ကြောင့်ဆိုသော် ကြယ်ကြွေဓားဧကရာဇ်ရုပ်တုထဲက ဓားဆန္ဒကို သူခံစားမိသောကြောင့်ပင်။
ဤသည်က ပြီးပြည့်စုံသည့်ဓားဆန္ဒတခုဟုတ်ပုံမရဘဲ မပြည့်စုံသေးပါ။
ယဲ့ချိုးပိုင် ဤသည်ကိုခပ်ရေးရေးခံစားနေရသည်။
ဤဓားဆန္ဒ၌ အရေးကြီးသည့်တစုံတရာ ပျောက်နေသည့်အလားပင်။ ဝိဉာဉ်မရှိသည့် ကိုယ်ထည်တခုအလားထင်ရသည်။
အပိုင်း(347) coming။
ငါ့တပည့်တွေက ဘုရင်တွေ