← Chapters

#နေရာလွတ်ကို သံပြားအပိုင်းအစဖြင့် ဖြည့်ခြင်း#

Vol. 24 Ch. 347

#နေရာလွတ်ကို သံပြားအပိုင်းအစဖြင့် ဖြည့်ခြင်း#

Vol. 24 Ch. 347

ဓားဆန္ဒ!

ဤသည်က လှည့်စားခြင်းတမျိုးဖြစ်သော်လည်း ကောင်းကင်စည်းမျဉ်းအောက်တွင် အမှန်တကယ်တည်ရှိသည်။

ပုံစံမရှိသဖြင့် ဤသည်က သယ်ဆောင်ထားသူမရှိသည့်အလားပဂ်။

ဗလာနယ်ပယ်၌ ထက်ရှမှု၏ အဓိပ္ပာယ်ပါရှိနေသော်လည်း လူများကို မထိခိုက်စေနိုင်ပေ။

လက်ဆုပ်လက်ကိုင်ပြုနိုင်ပြီး မတော်တဆ မဖြစ်လာစေနိုင်။

၎င်းက ချွန်ထက်သည့်အနားသတ်မရှိသည့် သာမန်ဓာစရှည်တစ်လက်နှင့်တူပြီး လူများကိုလည်း ထိခိုက်အောင် မလုပ်နိုင်။

ယနေ့တွင် ‌ကြွယ်ကြွေဓားဧကရာဇ်ရုပ်တုထဲမှ ယဲ့ချိုးပိုင်ခံစားမိသည့် ဓားဆန္ဒက ဤကဲ့သို့ လက်ဆုပ်လက်ကိုင်ပြုနိုင်သည့် မတော်တဆဖြစ်တည်လာသော အရာအမျိုးအစားဖြစ်သည်။

ဓားဆန္ဒကို ကြယ်စွမ်းအားက လှုံ့ဆော်ထားပြီး အတော်လေးထူထဲကာ ထက်ရှမှုကို ဆုံးရှုံးသွားခြင်းမရှိပေ။

သို့စေကာမူ သယ်ဆောင်သူမရှိဘဲ ၎င်း၏ အစစ်အမှန်စွမ်းအားကို သုံးစွဲ၍မရ။

ဤသည်အပြင် ကြယ်ကြွေဓားဂိုဏ်းက လူတိုင်းက ထိုထဲက ဓားဆန္ဒကို ခံစားလိုက်ကြရသည်။

အကယ်၍နားလည်သည်ဆိုလျှင်ပင် မိမိ၏ မူလဓားဆန္ဒနှင့်ပေါင်းစပ်ကာ ပြသရန်အတွက် လိုအပ်သည်။

ဤသည်ကိုသုံး၍ရသော်လည်း ယဲ့ချိုးပိုင် ကြယ်ကြွေဓားဧကရာဇ်၏ အတင့်အတန်းကို မရောက်နိုင်သေး။

ယဲ့ချိုးပိုင်ဤအကြောင်းကို တွေးတောနေသော်လည်း မည်သည့်အတွက်ကြောင့် ဤမျှထိ ထူးဆန်းနေရသလဲဆိုတာ သူပုံမဖော်နိုင်ချေ။

ရုတ်တရက် ယဲ့ချိုးပိုင် အထဲပိုင်း သိုလှောင်လက်စွပ်ထဲရှိ လှောင်အိမ်ကို ချိုးဖျက်တော့မည့် အရေးတကြီးဖြစ်ရပ်တခုကို ခံစားလိုက်ရလေရာ အနည်းငယ်အံ့ဩသင့်သွားသည်။

သူကမသိစိတ်ထဲက ထို့ထဲသို့ စိမ့်၀င်လိုက်မိရာ ပစ္စည်းအပုံထဲတွင် ဟောင်းနွမ်းကာ သံချေးတက်နေသည့် သံအပိုင်းအစတခုကို တွေ့လိုက်ရသည်။ ၎င်းက အဖြူရောင် ရောင်ခြည်တစင်းကို ထုတ်လွှတ်နေသည်။

ထိုရောင်ခြည်ထဲတွင် နက်ရှိုင်းသည့် ဓားဆန္ဒတခုပါရှိနေသည်။ သံအပိုင်းအစက လွင့်မြောကာ ကသောင်းကနင်းဖြစ်နေပြီး သိုလှောင်လက်စွပ်၏ အချုပ်အနှောင်များကို ချိုးဖျက်ရန် ကြိူးစားသည်။

ယဲ့ချိုးပိုင်ထိတ်လန့်သွားသည်။

ဒီသံအပိုင်းအစကို ကြယ်ကြွေဓားဧကရာဇ်ရဲ့ရုပ်တုက ဆင့်ခေါ်ခဲ့တာများလား!

မဟုတ်ပါ။ အတိအကျဆိုရမည်ဆိုပါက သူ့ကို ကြယ်ကြွေဓားဧကရာဇ်၏ဆန္ဒက ရုပ်တုထဲတွင် ဆင့်ခေါ်ခဲ့ခြင်းပင်။

လက်ခံရရှိထားသည့်လက်စွပ်အား ကျိူးပဲ့ကာ ပျက်စီးမည့်အရေးကနေ ကာကွယ်ရန်အတွက် ယဲ့ချိုးပိုင် လက်စွပ်ကို လက်လွှတ်ပေးလိုက်ရသည်။

သံအပိုင်းအစက လူတိုင်း၏ သံသယအပြည့်အကြည့်အောက်တွင်ရှိနေခဲ့သည်။

ကြောက်မက်ဖွယ်ရာကြယ်ဥက္ကာခဲ၏ ဓားဆန္ဒရောင်ခြည်နှင့်အတူ တောက်ပနေသည့် သံအပိုင်းအစက ကြယ်ကြွေဓားဧကရာဇ်ရုပ်တုလက်ထဲက ကျောက်ဓားကို တိုက်ရိုက်ပင် တွယ်ကပ်သွား၏။

ကျောက်ဓား၏ ဓားသွား၌ ချို့ယွင်းချက်တခုရှိသည်။

ရုပ်တုကလည်း ဤနေရာ၌ပင်ရှိနေလေရာ လူတစ်ချို့က ဤသည်က တမင်တကာ ပြုလုပ်ခြင်းဟုပင် ထင်ကြသည်။

ကြယ်ကြွေဓားဧကရာဇ်၏ဓားက ချို့ယွင်းချက်ရှိနေသည့်တိုင် လူတချို့က ထိုအချိန်တွင် ဓားက တမင်သက်သက် ထိခိုက်သွားသည်ဟုလည်း တွေးတောကြသည်။

အမြင်များကကွဲပြားသည်။

သို့စေကာမူ မည်သူကမှမမေးကြပါ။

ယခုတွင်မူ လူတိုင်းက ဓား၏ချို့ယွင်းချက်နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ကိုက်ညီနေသည့် သံအပိုင်းအစကို ကြည့်နေကြပြီး အံ့ဩသင့်နေကြသည်။

ဂျီဂျီမျက်မှောက်ကြုတ်လိုက်သည်။

"ဒီချို့ယွင်းချက်က အဲဒီသံအပိုင်းအစများလား"

အမျိုးသမီးကလည်း အံ့ဩသင့်နေသည်။

"ဒီလိုဆိုရင် ယဲ့ချိုးပိုင်မှာ ဘာလို့ ဒီလိုအရာမျိုးရှိနေရတာလဲ"

ရာစုနှစ်ကြာ မည်သောအခါမှ ပြောင်းလဲခြင်းမရှိခဲ့သည့် ကျန်းယွန်ဇောင်၏ ပြတ်သားသည့်မျက်နှာအမူအရာက ထူးဆန်းစွာပင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူ့မျက်လုံးထဲတွင် တခုခုကို သတိရနေပုံရသည်။

"ဖြစ်နိုင်တာက... အဖိုးကြီးပြောတာက အမှန်များလား"

နောက်ထပ်အခိုက်အတန့်တွင် ကြယ်ကြွေဓားဧကရာဇ်၏ရုပ်တု၌ ပို၍ထူးခြားဆန်းကြယ်သည့်ဓားဆန္ဒထိုးထွက်လာနေသည်ကို လူတိုင်းသိလိုက်ကြသည်။

ဤဓားဆန္ဒက ကြယ်စွမ်းအား၏ လေးလံမှုနှင့် ဓား၏ထက်ရှမှုကို သယ်ဆောင်ထားသည်။

နှစ်ခုစလုံးက အစစ်အမှန်အရာတခုကဲ့သို့ ပေါင်းစပ်သောအခါ ၎င်းရှိဓားဆန္ဒက အရင်ကထက် အများကြီးပိုအားကောင်းလာသည်။

ဂျီဂျီကလည်း အတော်လေးအံ့ဩသင့်နေသည်။

ရှေ့သို့သွားလိုက်စဉ် သူက ကြယ်ကြွေဓားဧကရာဇ်ရုပ်တုထဲရှိ ဓားဆန္ဒအမွေအနှစ်ကို နားလည်လာသည်။

သို့သော် သူခံစားရသည့်ဓားဆန္ဒနှင့် ယဲ့ချိုးပိုင်ယခုနားလည်လာသည့် ဓားဆန္ဒတို့က လုံး၀ကွဲပြားသည့်အရာများပင်။

ယဲ့ချိုးပိုင်၏ဓားဆန္ဒက ပို၍အစွမ်းထက်သည်။

ယဲ့ချိုးပိုင်အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။

ဤသံအပိုင်းအစကို သူခွန်းလွန်မြို့တွင်ရှိစဉ်က ထူးဆန်းသည့်အဖိုးအိုပေးခဲ့ခြင်းပင်။

ယခုတွင်မူ ဤသည်က ကြယ်ကြွေဓားဧကရာဇ်ရုပ်တုရှိ ဓားပေါ်က အနာအဆာနှင့် အပြည့်အ၀ကိုက်ညီသွားသည်။

ဤသို့ဆိုပါက အဖိုးအိုက တခုခုသိထားရပေမည်။

သို့မဟုတ် သူ့တွင် ကြယ်ကြွေဓားဧကရာဇ်နှင့် ဆက်စပ်မှုတချို့ရှိရပေမည်။

ယဲ့ချိုးပိုင်ဤအကြောင်းကို မတွေးတောနိုင်ခင်မှာပင် သူ့ဝိဉာဉ်က ရုပ်တုထဲသို့ တိုက်ရိုက်ဆွဲသွင်းခံရပုံရသည်။

ရုပ်တုထဲက ကမ္ဘာကြီးတွင် ကောင်းကင်ပြာနှင့် တိမ်ဖြူများမရှိ။

ကြယ်များပြည့်နှက်နေသည့် ကြယ်တာရာကောင်းကင်ကြီးသာရှိသည်။

ကြယ်တာရာကောင်းကင်၌ ကြယ်အများအပြားရှိသည်။

ယဲ့ချိုးပိုင်မော့ကြည့်လိုက်သည်။

‌ကောင်းကင်တခွင်ရှိကြယ်များက ဓားဆန္ဒကြောင့် အမှန်တကယ်ပြောင်းလဲလာခြင်းပင်။

ကြယ်တိုင်းက အန္တိမဓားတစ်စင်းအလားထင်ရသည်။

ထိုအချိန်တွင် လက်နှစ်ဖက်ကို ကျောတွင်ထားကာ ခါး၌ဓားတစ်လက်ရှိသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရှိနေသည်။

ထိုဓားက ကိုးပေခန့်ရှိသည်။ ကိုးဟူသည် အတော်လေးအစွန်းရောက်သည့်နံပါတ်ပင်။

ဓားသိုင်းပညာရှင်၌ ကြီးမားသည့်ရည်မှန်းချက်များရှိနေပုံရသည်။

ထို့နောက် ထိုလူကယဲ့ချိုးပိုင်ကိုကြည့်သည်။

"ဧကရာဇ်ချန်ရစ်ထားခဲ့တဲ့ ဓားဆန္ဒကို အသက်သွင်းခြင်းက ပထမခြေလှမ်းပဲ"

တကြောင်းတည်းသာ။

သူကသူ့အသွင်အပြင်ကို အပြည့်အ၀ပြသထားသည်။

"ဒုတိယခြေလှမ်းက ဒီသံအပိုင်းအစကို ရှာဖွေဖို့ပဲ"

"ပထမခြေလှမ်းက သဘာ၀ခွန်အားကို မှီခိုအားကိုးရမှာဖြစ်ပြီးတော့ ဒုတိယခြေလှမ်းက ကံကြမ္မာကို အားကိုးရမယ်"

ယဲ့ချိုးပိုင်ထူးဆန်းသွားပြီးမေးလိုက်သည်။

"ကံကြမ္မာဆိုတာရှိလို့လား၊ သံအပိုင်းအစက ဖျက်ဆီးခံရတာ ဒါမှမဟုတ် ပျောက်ဆုံးသွားမယ်ဆိုရင်ရော"

ထိုလူကရယ်မောကာ ကိုးပေရှည်သည့် ဓားကိုဆွဲထုတ်ရင်း ယဲ့ချိုးပိုင်အားပေးသည်။

ယဲ့ချိုးပိုင် မသိစိတ်ကယူလိုက်မိသည်။

ကိုးပေရှည်ဓားထဲတွင် ကြယ်စွမ်းအားကို ခံစားနေရသည်။ ကြယ်စွမ်းအားက အတော်လေးထူထဲသည်။ သို့သော် ဤဓားက ဘာမှမရှိသကဲ့သို့ပင် ပေါ့ပါးလှသည်။

ထိုလူကဆက်သည်။

"ဒီဓားကို ကြယ်ကြွေဓားလို့ခေါ်ပြီး ကြယ်ဥက္ကာခဲကနေ ပြုလုပ်ထားတာ"

"ဒီလတ္တီကျူထဲမှာ သူ့ကို ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး"

"ပြီးတော့ ဒီသံအပိုင်းအစက ကြယ်ကြွေဓားဝိဉာဉ်ဖြစ်ပြီး ယာယီကင်းကွာနေခဲ့တာ"

ယဲ့ချိုးပိုင်ရုတ်တရက်နားလည်သဘောပေါက်လာသဖြင့် မေးလိုက်သည်။

"ဒီလိုဆိုရင် မူလအရင်းအမြစ်ကရော"

"ကံကြမ္မာ"

ထိုလူကမေးသည်။

"ကောင်လေး၊ မင်းအကြောင်းရင်းနဲ့ အကျိုးဆက်ကိုယုံကြည်လား"

ကျိုးကြောင်းနည်းလမ်း!

လုချန်ရှန်းက သူ့ကိုတချိန်လုံး ဤအကြောင်းကို ပြောဆိုခဲ့သည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ကံကြမ္မာက ကျိုးကြောင်းတရားပဲ၊ တကယ်လို့ ဒီသံအပိုင်းအစကို ဘယ်သူမှ မရဘူးဆိုရင် သူတို့က ဒီဧကရာဇ်ရဲ့ အမွေအနှစ်ကို မရနိုင်ဘူး၊ တကယ်လို့ ကံကြမ္မာသာမရှိဘူးဆိုရင် ဒါကို အတင်းအကျပ်လုပ်နေစရာမလိုဘူးလေ"

ဤမှတ်ချက်က အတော်လေးလျှို့ဝှက်ဆန်းကြယ်သည်။

သို့သော် သူကကြယ်ကြွေဓားဧကရာဇ်ဖြစ်ပြီး အမွေအနှစ်ကို သူကိုယ်တိုင်ဖန်တီးခဲ့ခြင်းပင်။

သူပြောသည်က သူကိုယ်တိုင်ပြောကြားချင်ပင်။

မည်သို့ပင်ဆိုစေကာမူ တချက်ခေါင်းညိတ်ကာ လက်ခံရုံမျှနှင့် ဤသည်ကပြီးသွားမည်သာ။

ကြယ်ကြွေဓားဧကရာဇ်ကပြုံးသည်။

"မင်းမှာ အမွေအနှစ်ကို စတင်ဖို့အတွက် မွေးရာပါခွန်အားရှိနေပြီး ဒီဧကရာဇ်နဲ့ အတူရှိနိုင်ဖို့ ကံစပ်လာတယ်ဆိုမှတော့ ဒီအမွေအနှစ်က မင်းအတွက်ပါပဲ"

ယဲ့ချိုးပိုင်စိတ်ရှုပ်သွားသည်။

"စီနီယာ၊ ကျုပ်ခင်ဗျားရဲ့ အမွေအနှစ်ကိုရပြီးရင် မကောင်းတဲ့အရာတွေကို လုပ်မှာကို ခင်ဗျားမစိုးရိမ်ဘူးလား"

ထိုစကားလုံးများကို ကြားသောအခါ ကြယ်ကြွေဓားဧကရာဇ်က

"ကောင်းတဲ့အရာဖြစ်စေ၊ မကောင်းတဲ့အရာဖြစ်စေ၊ လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ၊ ဒါတွေအားလုံးကို ကမ္ဘာကြီးက အကဲအဖြတ်ပေးတယ်"

"ဓားသမားတစ်ယောက်အနေနဲ့ အရေးအကြီးဆုံးအရာက ရှေ့ဆက်ပြီး နှလုံးသားထဲမှာ နောင်တတရားရှိမနေဖို့ပဲ၊ ဒါကြောင့် မင်းစရိုက်နဲ့ မင်းရပြီးတဲ့အခါကျရင် မင်းလုပ်မယ့်အရာက နှလုံးသားထဲမှာ နောင်တတရားရှိမနေသေးသရွေ့ ဒီဧကရာဇ်နဲ့ဘာမှမဆိုင်ဘူး"

မဆုတ်မနစ်ရှေ့ဆက်ပါ!

နှလုံးသားထဲမှာ အရှက်မရစေနဲ့!

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။ ဤသည်က သူ့ဓားသိုင်းအခြေခံနှင့်လုံး၀ကိုက်ညီသည်။

"ကောင်းပြီ၊ အမွေအနှစ်အတွက် ဒီကြယ်တာရာကောင်းကင်မှာ ၀င်ရောက်လိုက်ပါ၊ မင်းဘယ်လောက်ရနိုင်မလဲဆိုတာကတော့ မင်းကံတရားအပေါ်မူတည်တယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်ကာ အမွေအနှစ်ကို လက်ခံလိုက်သည်။

၎င်းကိုအပြည့်အ၀ဆက်ခံနိုင်မလားဆိုသည်က ကြယ်ကြွေဓားဧကရာဇ်၏ နောက်ဆုံးစမ်းသပ်မှုပင်။

ယဲ့ချိုးပိုင်တွင် ကြောက်စရာဘာမှမရှိပါ။ ဓားဧကရာဇ်ပြောခဲ့သကဲ့သို့ပင် ဓားသမားတစ်ယောက်က တုံ့ဆိုင်းအနေဘဲ ရှေ့ဆက်သွားသင့်သည်။

မကြောက်မရွှံ့ပင် ယဲ့ချိုးပိုင် ကြယ်တာရာကောင်းကင်သို့၀င်သွားခဲ့သည်။

....

တခြားတဘက်တွင် ဝိဉာဉ်နယ်မြေ၌ နယ်မြေတခုလုံးက သတိအပြည့်အခြေအနေသို့ ရောက်လာခဲ့သည်။

မြို့တစ်မြို့၏ အစုလိုက်အပြုံလိုက် လူသတ်မှုအပြီး နယ်နိမိတ်မဲ့မင်းဆက်က သံတမန်နှင့် အင်အားကြီးသူများကို စေလွှတ်ခဲ့သည်။

သူတို့၏အဓိပ္ပာယ်ကောက်ယူမှုအောက်တွင် ဟုန်ရင်နှင့်ကျန်သောသူများက နယ်မြေပြင်ပက မိစ္ဆာမျိုးနွယ်စု၏တည်ရှိမှုအကြောင်း နားလည်လာရသည်။

ဤသည်က နယ်နိမိတ်မဲ့နယ်‌‌မြေမှာပင် နယ်မြေတခုလုံး၏ခွန်အားကိုစုစည်းကာ တန်ဖိုးအကြီးအမားပေးဆပ်ပြီးမှ ဖိနှိပ်နိုင်ခဲ့သည့် မိစ္ဆာမျိုးနွယ်စုပေတည်း။

တချိန်တည်းမှာပင် ဆရာက သူတို့က အလယ်အလတ်အဆင့်လတ္တီကျူက လာခြင်းဖြစ်သည်ဟု ပြောခဲ့သည်ကို သူမကြားခဲ့ရသည်။

အလယ်အလတ်အဆင့်လတ္တီကျူနှင့် အဆင့်နိမ့်လတ္တီကျူဟူသည် စကားတလုံးသာ ခြားနားသော်လည်း ခွန်အားအရာ၌ကား အတော်လေးကွဲပြားလေသည်။

အပိုင်း(348) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters