← Chapters

#ဓားတလက်ပေးခြင်း#

Vol. 24 Ch. 348

#ဓားတလက်ပေးခြင်း#

Vol. 24 Ch. 348

ဝိဉာဉ်နယ်မြေ!

ယွန်ဟွမ်နန်းတော်၏ အဓိကခန်းမ!

ယွန်ဟွမ်အင်ပါယာမျိုးနွယ်!

ဟုန်ရင်၊ နင်းချန်ရှင်း၊ ဧကရာဇ်မင်းဆရာ၊ ယွန်ကျန်း၊ ကောင်းကင်ကိုးခုဌာနအကြီးအကဲနှင့် ကောင်းကင်ဘုံဝိဉာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ် ခုန်ကျန်းဟန်!

ခုန်ကျန်းဟန်က ယခုအချိန်တွင် အခြားတပ်ဖွဲ့၀င်အားလုံး၏ကိုယ်စားလှယ်ဖြစ်သည်။

တခြားတဘက်တွင် နယ်နိမိတ်မဲ့မင်းဆက်၏သံတမန်ဖြစ်သည်။

နယ်နိမိတ်မဲ့မင်းဆက်သည် အာရုံထွေပြားခြင်း အထွပ်အထိပ်အဆင့် စွမ်းအားရှင်တစ်ဦးဖြစ်သည်။

ဟုန်ရင်အပေါ်တွင်ထိုင်နေသည်။

'ပထမဆုံးအနေနဲ့ ကျွန်မရဲ့ ကောင်းကင်ဘုံဝိဉာဉ်နယ်မြေကို ထောက်ခံပြီး ဂရုစိုက်ပေးတဲ့အတွက် နယ်နိမိတ်မဲ့မင်းဆက်ကို ကျေးဇူးတင်ချင်ပါတယ်"

"အခု ကျွန်မတို့က နယ်မြေအပြင်ပက မိစ္ဆာလူမျိူးစုတွေအပေါ် ကနဦးနားလည်ထားကြတယ်၊ ပြိုင်ဘက်က အရမ်းအားကောင်းနေတာဆိုတော့ အခုကာကွယ်မှုကို ကျွန်မတို့ဘယ်လိုကိုင်တွယ်သင့်သလဲ၊ စီနီယာတို့အတွက်ရော အကောင်းဆုံးနည်းဗျူဟာကဘာလဲ"

ဝူကျန်းက ဟုန်ရင်ကိုကြည့်လိုက်သည်။

ဟုန်ရင်၏ဖြစ်စဉ်များကို သူလည်းသိခဲ့သည်။

ကိုးကြိမ်မြောက်ပြန်လည်မွေးဖွာခြင်း! အတော်လေးထူးချွန်သည့် ပါရမီရှင်!

ယနေ့တွင် သူမက သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်တွင်ပင်ရှိနေလေပြီ။

သို့စေကာမူ ဤခွန်အားအဆင့်အပါအ၀င် ကောင်းကင်ဘုံဝိဉာဉ်နယ်မြေ၏ ခွန်အားအကုန်လုံးကို ပေါင်းစပ်လိုက်မည်ဆိုလျှင်ပင် နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်စုများနှင့် ယှဉ်ပြိုင်ရန်ဟူသည် အမှန်တကယ် ခက်ခဲသည်။

"နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်ရဲ့အင်အားက တိုင်းတာလို့မရနိုင်ဘူး၊ အဲဒီမိစ္ဆာမျိုးနွယ်တွေသာ ဒီလတ္တီကျူကို ရောက်လာမယ်ဆိုရင် သူတို့က အကြောင်းရင်းတချို့ကြောင့် ခွန်အားပပြည့်အ၀နဲ့ ရောက်လာမှာမဟုတ်သေးတာကို ကျုပ်တို့သံသယဖြစ်မိတယ်"

"အခုကျုပ်တို့လည်း ပြန်လာပြီဆိုတော့ အပြည့်အ၀ပြင်ဆင်ထားရမယ်"

"တခြားတဖက်ရဲ့ရည်ရွယ်ချက်ကလည်း အရမ်းရိုးရှင်းတယ်" ဝူကျန်းလေးနက်စွာပြောသည်။

"အဆင့်နိမ့်လတ္တီကျုက သတ္တဝါတွေကို ဝါးမြိုမယ်၊ ပြီးရင်သူတို့ခွန်အားကို တိုးမြှင့်အောင်လုပ်ရမယ်"

"ကျင့်ကြံသူတယောက်ရဲ့ခွန်အားနဲ့ပါရမီက ပိုအားကောင်းလေလေ၊ သူတို့ခွန်အားကို ပိုပြီးမြှင့်တင်နိုင်လေလေပဲ"

"ဒါကိုကိုင်တွယ်ဖို့က အရမ်းခက်ခဲတယ်"

"ဒါပေမယ့် လေးစားစွာဆိုရရင် ကောင်းကင်ဘုံဝိဉာဉ်နယ်မြေရဲ့ ယေဘုယျအင်အားက အရမ်းအားနည်းလွန်းပြီး အာရုံထွေပြားခြင်းနယ်ပယ်က အားကောင်းတဲ့လူတောင်မရှိဘူး"

"ဒီတော့ ပြိုင်ဘက်က ခွန်အားအကုန်လုံးကို သုံးမှာမဟုတ်ဘူး"

ဟုန်ရင်ခေါင်းညိတ်သည်။

ကြက်တစ်ကောင်ကို တူနှင့်သတ်နေစရာမလိုပေ။

သို့စေကာမူ ရန်သူ၏ပန်းတိုင်က အဆင့်နိမ့်လတ္တီကျူပိုင်နက်တခုလုံးဖြစ်သည်။

ထို့ကြောင့် အတိုက်ခိုက်ခံရမည်က သူတို့၏ ကောင်းကင်ဘုံဝိဉာဉ်နယ်မြေတခုတည်းမဟုတ်ပါ။

ကောင်းကင်ဘုံဝိဉာဉ်နယ်မြေကို ဖျက်ဆီးရန်အတွက် သူတို့အင်အားစုအကုန်လုံးကို ဆော်ဩပို့လွှတ်ရန်ဟူသည် မဖြစ်နိုင်။ေ

၀မ်ဝူကျန်းကဆက်ပြောသည်။

"ပထမအချက်က ကောင်းကင်ဘုံဝိဉာဉ်နယ်မြေရဲ့ စွမ်းအားအကုန်လုံးကို ပေါင်းစည်းရမယ်၊ ဒါက ပထမခြေလှမ်းလည်းဖြစ်တယ်"

ဘေးမှ ဧကရာဇ်မင်းဆရာက

"ဒါကပြီးသွားပြီ"

ထိုစကားလုံးများကို ကြားသောအခါ ၀မ်ဝူကျန်းခေါင်းညိတ်သည်။

"အခင်းအကျင်းနဲ့ ဆေးလုံးထောက်ပံ့မှုတွေက တူညီစွာပဲအရေးပါတယ်"

"ပြီးတော့ တတိယအချက်က အရေးအကြီးဆုံးအချက်ပဲ"

ဟုန်ရင်နှင့် ကျန်သောသူများက နယ်န်မိတ်မဲ့နယ်မြေက မန်ဝူကျန်းကိုကြည့်ရင်း သူ့စကားလုံးများကို စောင့်ဆိုင်းနေကြသည်။

"နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်မှာ အားနည်းချက်တခုရှိတယ်၊ အဲဒါက ဗုဒ္ဓဘာသာ၊ တာအိုဝါဒနဲ့ ကွန်ဖြူးရှပ်နဲ့ တာအိုဝါဒကို ကြောက်တာပဲ"

"ဒီလိုသန့်စင်တဲ့စွမ်းအားနှစ်မျိုးက နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်ကို ဆန့်ကျင်ဖို့အတွက် အရမ်းအားကောင်းတဲ့ ထိန်းချုပ်မှုစွမ်းအားကို ပိုင်ဆိုင်ထားတယ်"

ဟုန်ရင်ခေါင်းညိတ်သည်။

ဤအချက်ကို သူမတို့လည်းသိကြသည်။

တမြို့လုံးအသတ်ခံရပြီးနောက် နင်းချန်ရှင်း၏ တာအိုစွမ်းအားက တိုက်ပွဲဒီရေကို ပြန်ပြောင်းရန်အတွက် အဓိကအခန်းကဏ္ဍတွင် ပါ၀င်ခဲ့သည်။

ဟုန်ရင်က

"ကျွန်မတို့လည်းဒါကို သိတယ်၊ ဒါပေမယ့် ကွန်းဖြူရှပ်နဲ့ တာအိုဝါဒအတွက် အခုဒီမှာ လူတစ်ယောက်ပဲရှ်တယ်"

၀မ်ဝူကျန်းပြုံးလိုက်သည်။

"လူတစ်ယောက်ကလုံလောက်ပါပြီ၊ နယ်မြေအပြင်ပက မိစ္ဆာတွေကို ကိုင်တွယ်ဖို့အတွက် နယ်နိမိတ်မဲ့ဘုရင်က မူလက ကွန်ဖြူးရှပ်နဲ့‌တာအိုဝါဒကိုအသုံးပြုရင်း သန့်စင်ခြင်းစွမ်းအားအဖြစ် ပြောင်းလဲဖို့နဲ့ ဩဇာလွှမ်းမိုးမှုကို တိုးချဲ့ဖို့အတွက် ရှန်းဖူကျုံးဆီကနေတဆင့် ကြီးမားတဲ့ အစီအရင်တခုကို တည်ဆောက်ခဲ့တယ်"

"ဒီလူမှာ ကွန်ဖြူးရှပ်နဲ့တာအိုဝါဒအတွက် ကောင်းမွန်တဲ့ အောင်မြင်မှုတွေရှိနေသရွေ့ သူက ကမ္ဘာသန့်စင်အစီအရင်ရဲ့ အပြည့်အ၀စွမ်းအားအဆင့်ကို မရောက်နိုင်ရင်တောင် ဧရာမသက်ရောက်မှုတခု ရှိနေပါသေးတယ်"

"အခုကျုပ်တို့လုပ်ဖိုပလိုတာက ဒီအစီအရင်ကို စီစဉ်ဖို့ပဲ"

ဟုန်ရင်က

"ဒါကိုဘယ်လိုစီစဉ်ရမလဲ"

၀မ်ဝူကျန်းပြုံးသည်။

"မစိုးရိမ်ပါနဲ့၊ ဒီအကူအညီအတွက် မှော်နည်းစနစ်ရှိသူတွေအတွက် ယွမ်ဟွန်အရှင်မက ဘယ်နေရာမှာ စီစဉ်ထားရှိသလဲဆိုတာကိုပဲ စဉ်းစားဖို့လိုပါတယ်"

....

ဇန်နဝါရီလကကုန်ဆုံးသွားသည်။

ဤအချိန်အတွင်း နယ်နိမိတ်မဲ့နယ်မြေ၊ ကြယ်ကြွေဂိုဏ်း၏ တောင်ထိပ်လေးခုအလယ် ကြယ်ကြွေဓားဧကရာဇ်ရုပ်တုရှေ့၌ ယဲ့ချိုးပိုင်က ငြိမ်သက်စွာပင် ရပ်နေခဲ့သည်။

သို့သော် ကြည့်ရှုသူအရေအတွက်မူ တိုးမလာဘဲ လျော့နည်းသွားခဲ့သည်။

သူတို့က ယဲ့ချိုးပိုင်က ကြယ်ကြွေဓားဧကရာဇ်၏ အမွေအနှစ်ကို အပြည့်အ၀ရယူနိုင်မလားဆိုတာ မြင်ချင်ကြသည်။

မုစီချန်းကလည်း မုအိမ်တော်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။

မုမိသားစုလျှို့ဝှက်ခြံ၀င်းတခု၌ တကိုယ်လုံးမှ ရေခဲအော်ရာများ ထိုးထွက်နေသည့် အံ့ဖွယ်ကောင်းလောက်အောင် လှပသည့် အမျိုးသမီးတစ်ဦးက လေ့ကျင့်နေသည်။

ရုတ်တရက် အမျိုးသမီးက မျက်လုံးဖွင့်ကာ ရှေ့သို့ကြည့်လိုက်သည်။

ထိုစဉ်ရှက်ကိုးရှက်ကန်းနှင့် ချောမောခန့်ညားသည့် လူငယ်တစ်ယောက် ရောက်လာသည်။

"ဇီ...ဇီရှင်း၊ ငါနင့်ကို အနှောက်အယှက်ပေးမိသွားလား"

ထိုအမျိုးသမီးက မုဇီရှင်းမှလွဲ၍ တခြားမည်သူဖြစ်နိုင်ဦးမည်နည်း။

မုဇီရှင်းအပြုံးဖြင့် ခေါင်းခါယမ်းကာ ထရပ်ရင်း စားပွဲဝိုင်းတွင်ထိုင်ပြီး ဆံနွယ်စလေးတွေကို နားကနေ ပြန်သပ်လိုက်သည်။

"ဒုတိယအစ်ကို၊ ဘာလို့ဒီမှာရှိနေရတာလဲ"

လွန်ခဲ့သည့်ရက်များအတွင်း သူမနေရာသိူ့ လူများစွာမရောက်လာခဲ့ကြပါ။

ဤနေရာသို့လာရန်အတွက် တားမြစ်ပိတ်ပင်ထားခြင်းပင်။

ဒုတိယအစ်ကိုမုစီချန်းအပါအ၀င် အစ်ကိုကြီးနှင့် မိသားစုခေါင်းဆောင်တို့သာ ဤနေရာသို့လာနိုင်သည်။

မုစီချန်းရှက်ရွှံ့စွာပြုံးလိုက်သည်။

"ငါခွန်းလွန်‌ကောင်းကင်ဘုံရေကန်မှာရှိစဉ်က လူတစ်ယောက်နဲ့တွေ့ခဲ့ရပြီး အဲလူက နင့်နာမည်ပြောခဲ့တယ်"

မုဇီချန်းအနည်းငယ်ထိတ်လန့်သွား၏။

လူတစ်ယောက်လား!

သူမနယ်နိမိတ်မဲ့နယ်မြေသို့ပြန်လာကတည်းက သူမမိသားစုနှင့် လျှို့ဝှက်တိဘက်တာအိုကျောင်းတော်မှလွဲ၍ တခြားမည်သည့် အမျိူးသားနှင့်မှမတွေ့ခဲ့ဖူးပါ။

အမျိုးသားတစ်ယောက်က သူမကို မည်သို့မည်ပုံသိနေရလေသနည်း။

ဒါကမဖြစ်နိုင်ပေ။

ဤအကြောင်းကိုတွေးမိသောအခါ မုဇီရှင်း၏မျက်နှာကရွှင်လန်းသွားပြီး အနည်းငယ်ပန်းရောင်သမ်းလာကာ သူမမျက်လုံးများ၌ ကြောက်စိတ်အမျှင်တန်းတခုနှင့်အတူ စိတ်လှုပ်ရှားမှုများပါ၀င်လာသည်။

"သူကဓားသမားတစ်ယောက်လား"

မုစီချန်းအံ့ဩသင့်သွားရသည်။

"နင်သိနေတာလား"

ဤသည်ကိုကြားသောအခါ မုဇီရှင်း အခြေခံအားဖြင့်ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမက ဓားသိုင်းပညာရှင်တစ်ယောက်ကိုသာသိပေသည်။

မုဇီရှင်း နှစ်လိုဖွယ်ပြုံးရင်း သူမ၏အသွင်အပြင်က တောက်ပလာသည်။

"သူတကယ်ပဲငါ့ဆီကိုလာခဲ့တာလား"

မုစီချန်းခေါင်းကုတ်လိုက်သည်။

"သူငါ့ကိုပြောခဲ့သေးတယ်၊ အဲဒါပြီးရင် သူသေချာပေါက် နင့်ဆီကိုလာခဲ့မယ်တဲ့"

ဤသည်ကိုကြားသောအခါ မုဇီရှင်း၏အပြုံးက ပို၍ပင်ကြီးမားလာသည်။

မုစီချန်းလည်း အံ့ဩသင့်နေသည်။

မုဇီချင်း မိသားစုသို့ပြန်လာစဉ်ကတည်းကပင် သူမ၏နှလုံးသားထဲက ဟန်ပါပါအပြုံးကို သူတခါမှမမြင်ဖူးပါ။

"ဇီရှင်း၊ နင်နဲ့သူ့ကြားက ဆက်ဆံရေးကဘာလဲ"

မုဇီရှင်းပြုံးရင်းမည်သည့်စကားမှမဆို။

မုစီချန်းယောင်ဝါးဝါးနားလည်လာသည်။ သူယခုတွေးတောနေသည်။

ငါအဖေ့ကိုပြောသင့်လား!

တခြားတဘက်တွင် ကြယ်ကြွေဓားဧကရာဇ်ရုပ်တုအတွင်း ကြယ်များနှင့်ကောင်းကင်ကြားတွင် ယဲ့ချိုးပိုင်က ကြယ်များအတွင်းရှိနေပြီး ကြယ်ဓားဆန္ဒ၏ ရောစပ်မှုကို လက်ခံရရှိခဲ့သည်။

ထို့နောက် ကြယ်ကြွေဓားဧကရာဇ်ချန်ထားခဲ့သည့် အမွေအနှစ်ကိုလည်း သူ့စိတ်ထဲတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။

ကန္တာရနယ်မြေ!

ကျင့်ကြံခြင်းတွင် အဆင့်လေးဆင့်ရှိသည်။

ကောင်းကင်နှင့်ကမ္ဘာမြေရွှမ်ဟွမ်တို့လည်း တည်ရှိသည်။

ယခုသူအများဆုံးအသုံးပြုသည့် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းက ကောင်းကင်ဘုံအဆင့်ဓားသိုင်းပညာတခုပင်။

နယ်နိမိတ်မဲ့နယ်မြေတွင် အကယ်၍ ဆရာကသာ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကိုသာ ဆရာကတိုးတက်လာအောင်မလုပ်ပါက မလုံမလောက်ဖြစ်နေပေလိမ့်မည်။

ကြယ်ကြွေဓားဧကရာဇ်လေ့ကျင့်သည့် ဓားပညာရပ်ကို ကြယ်ကြွေဓားပညာရပ်ဟုခေါ်သည်။

၎င်း၏စွမ်းအားက ယှဉ်၍မရနိုင်လောင်အောင်ပင် အစွမ်းထက်လှသည်။

အထွပ်အထိပ်အထိကျင့်ကြံမည်ဆိုပါက ဓားက ကြယ်များကနေ ဆင်းသက်လာသကဲ့သို့ပင် ကြယ်များအား ဖြတ်တောက်နိုင်သည်။

ယဲ့ချိုးပိုင်မျက်လုံးဖွင့်လိုက်သည်။

ကြယ်ကြွေဓားဧကရာဇ်က ဤမြင်ကွင်းကို မြင်ပြီးနောက် အပြုံးဖြင့်ပြောသည်။

"ကြည့်ရတာ မင်းကဒီဧကရာဇ်ရဲ့အမွေကို အောင်မြင်စွာ အမွေဆက်ခံရရှိခဲ့ပုံပဲ"

ယဲ့ချိုးပိုင် ခေါင်းညိတ်သည်။ ထို့နောက် ကြယ်ကြွေဓားဧကရာဇ်ကို ဦးညွတ်သည်။

"ကျေးဇူးပါ၊ စီနီယာ"

ဤသည်ကိုမြင်သောအခါ ကြယ်ကြွေဓားဧကရာဇ်က လက်ဝှေ့ယမ်းပြသည်။

"ဒါကမင်းရဲ့ကိုယ်ပိုင်ခွန်အားဖြစ်သလို မင်းနဲ့ငါ့ကြားက ကံကြမ္မာလည်းဖြစ်တယ်၊ ငါ့ကို ကျေးဇူးတင်နေစရာမလိုဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်ကာ ကြယ်ကြွေဓားကို ပြန်ပေးလိုက်သည်။

သို့သော် ယဲ့ချိုးပိုင်၏အံ့ဩသင့်နေသည့် အကြည့်အောက်တွင် ကြယ်ကြွေဓားဧကရာဇ်က လက်ဝှေ့ယမ်းသည်။

"ငါကဝိဉာဉ်ကိုယ်ထည်တခုဖြစ်နေပါပြီ၊ ဒီဓားသာငါ့နောက်လိုက်မယ်ဆိုရင် ဒါက ဖြုန်းတီးရာကျသွားလိမ့်မယ်၊ ဒီတော့ မင်းအသုံးပြုနိုင်တယ်"

ယဲ့ချိုးပိုင် အံ့ဩသင့်သွားရသည်။

ဤကြယ်ကြွေဓားက သူ့၏ မိစ္ဆာနက်ဓားထက် အဆင့်ပိုမြင့်သည်ဟုဆိုနိုင်ပြီး ယှဉ်၍မရလောက်အောင်ပင် တန်ဖိုးရှိသည်။

ဒါကိုဒီအတိုင်းပေးလိုက်တာလားဟ!

အပိုင်း(349) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters