← Chapters

#ဓားခန္ဓာက ဆူးများကို ဖြတ်တောက်ပြီး ကူးတို့သဖွယ် ကိုယ်ခန္ဓာ!

Vol. 24 Ch. 349

#ဓားခန္ဓာက ဆူးများကို ဖြတ်တောက်ပြီး ကူးတို့သဖွယ် ကိုယ်ခန္ဓာ!

Vol. 24 Ch. 349

ကန္တာရနယ်စပ်၌

လက်နက်များ၏ အမျိုးအစားခွဲခြားမှုများက ကျင့်ကြံခြင်းဆေးလုံးများနှင့်အတူတူဖြစ်ပြီး ကောင်းကင်နှင့်၊ ကမ္ဘာမြေရွှမ်၊ ဟွမ် အဆင့်ဟူ၍လေးခုအဖြစ် ခွဲခြားထားသည်။

၎င်းတို့အနက် အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်အဖြစ်လည်း ခွဲခြားထားသေးသည်။

နယ်နမိတ်မဲ့နယ်မြေသို့ ရောက်လာသောအခါတွင်မူ ကောင်းကင်အထက်၌ အဆင့်တခုရှိပြီး ထိုအဆင့်ကို ဝိဉာဉ်လက်နက်ဟုခေါ်သည်။

အမည်အတိုင်းပင် လက်နက်များ၌ ဝိဉာဉ်များပါရှိလာသဖြင့် ဝိဉာဉ်လက်နက်များ ဖြစ်လာကြသည်။

မူလက ကောင်းကင်အထွပ်အထိပ်အဆင့်က ဓားတစ်လက်ဖြစ်သည့် မိစ္ဆာနက်ဓားက မုဇီရှင်ကိုယ်ထဲက ‌ရေခဲဓားဝိဉာဉ်ရိုင်းကို စုပ်ယူပြီးနောက် အဆင့်နိမ့်ဝိဉာဉ်အဆင့် လက်နက်တခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့စေကာမူ နယ်နိမိတ်မဲ့နယ်မြေ၌ အဆင့်နိမ့်ဝိဉာဉ်လက်နက်များက မလုံလောက်သည်မှာ သိသာထင်ရှားနေသည်။

အကယ်၍ ယဲ့ချိုးပိုင်၏ကိုယ်ခန္ဓာကျွမ်းကျင်မှုနှင့် ဓားအကူအညီသာမရှိပါက မိစ္ဆာဓားနက်ကဲ့သို့ အဆင့်နိမ့်ဝိဉာဉ်လက်နက်ကို အသုံးပြုခြင်းက အဆင့်တူ ကျင့်ကြံသူများကို ရင်ဆိုင်ရာ၌ ကြီးမားသည့် ဆုံးရှုံးမှုတခု ဖြစ်လာစေလိမ့်မည်။

သူ့ဆရာပေးထားသည့်တိမ်ပြာဓားကမူ ယဲ့ချိုးပိုင်၏လက်ရှိခွန်အားအရ ဓားကိုယ်ထဲက ဝိဉာဉ်စွမ်းအင်က ကင်းမဲ့နေသည့်တိုင် သူကအနည်းငယ်မျှသာ ဆွဲထုတ်နိုင်သည်။

ဤသည်က နေ့စဉ်အတွက် အသုံးပြုရန် မဟုတ်သည်က သိသာထင်ရှားနေသည်။

ယနေ့တွင်မူ ကြယ်ကြွေဓားဧကရာဇ်ပေးသည့် ကိုးပေရှည်ကြယ်ကြွေဓားက သူ့လက်ရှိ လက်နက်ပြဿာနာကို ဖြေရှင်းပေးလိုက်ခြင်းပင်။

ကြယ်ကြွေဓားဧကရာဇ်ကပြုံးသည်။

"အရိုးသားဆုံးပြောရရင် ငါမင်းကို ဒီဓားကို ပေးဖို့ဆန္ဒမရှိပါဘူး၊ ဒါပေမယ့် အခု ငါ့ကိုယ်ခန္ဓာက အချိန်အကြာကြီးကတည်းက သေဆုံးခဲ့ပြီးပြီဆိုတော့ ဒီဓားက ငါ့နောက်လိုက်ပြီး ဖုန်တက်နေမှာကို ငါအရမ်းစိုးရိမ်မိတယ်၊ ဒါကြောင့် လက်လွတ်ကေးလိုက်တာပဲ"

ကြယ်ကြွေဓားဧကရာဇ်ကဆက်ပြောသည်။

"ဒီဧကရာဇ်ကမင်းကို ဒီဓားကိုပေးခဲ့တယ်၊ ဒီအတွက် တောင်းဆိုချက်တခုပဲရှိတယ်၊ အနာဂတ်မှာ ကြယ်ကြွေဓားဂိုဏ်းကို ငါ့အတွက် ကာကွယ်ပေးပါ"

ယဲ့ချိုးပိုင် ကြယ်ကြွေဓားကို လက်နှစ်ဖက်နှင့်ကိုင်ကာ လေးနက်သည့်အမူအရာဖြင့် ဦးညွတ်သည်။ သူက ကြယ်ကြွေဓားဧကရာဇ်ကို ကတိပေးနေသည့်အလား။

"ကျုပ်ယဲ့ချိုးပိုင်မသေသေးသရွေ့ ကြယ်ကြွေဓားဂိုဏ်းကို အပြည့်အ၀ကာကွယ်ပေးပါမယ်"

ကြယ်ကြွေဓားဧကရာဇ်ကပြုံးလိုက်သည်။

"ကောင်းပါပြီ... ကောင်းပါပြီ၊ ဒီလိုဆိုရင်တော့ ဒီဧကရာဇ်က စိတ်ချလို့ရနိုင်ပြီပေါ့"

"မင်းကငါမြင်ဖူးသမျှလူတွေထဲမှာ အသင့်တော်ဆုံးဓားသမားတစ်ယောက်ပဲ..."

ထိုသို့ပြောပြီးနောက်တွင် ကြယ်ကြွေဓားဧကရာဇ်၏ကိုယ်က ပို၍ပို၍ဝေဝါးလာပြီး အသံက ပို၍ညင်သာကာအားနည်းသွား၏။

စီနီယာကြယ်ကြွေဓားဧကရာဇ်က ဤကမ္ဘာကြီးကနေ ပျောက်ကွယ်သွားတော့မယ်ဆိုတာ ယဲ့ချိုးပိုင်သိသည်။

ဤသည်ကမလွှဲရှောင်နိုင်လေရာ သူ့မျက်နှာ၌ ၀မ်းနည်းသည့်အသွင်အပြင်တခု ရှိနေသည်။

သူကယဲ့ချိုးပိုင်တွေးတောနေသည်ကို မြင်နိုင်သည့်အလားပင်။

ကြယ်ကြွေဓားဧကရာဇ်က ခပ်ပေါ့ပေါ့ပြုံးသည်။

"မင်းကမျိုးစေ့ကောင်းတခုဖြစ်သလို လူကောင်းလေးတယောက်ပဲ၊ ငါပြောခဲ့တာကို သတိရနေပါ"

"မှန်တယ်၊ မှားတယ်၊ အမှန်တရားနဲ့ မိစ္ဆာ၊ ဒါတွေက လေဘုယျအယူအဆတခုပါပဲ"

"ဒီတော့ ဘာပဲဖြစ်လာဖြစ်လာ မင်းနှလုံးသားမှာရှိတဲ့အရာက ဓားရဲ့ဦးတည်ရာပဲ"

"နှလုံးသားကို ဝိဉာဉ်အဖြစ်မှတ်ယူ၊ ဓားကို ကိုယ်ခန္ဓာအဖြစ်မှတ်ယူမယ်ဆိုရင် ခန္ဓာက ကူးတို့သဖွယ်ဖြစ်လာပြီး ဓားက ဆူးတွေကို ဖြတ်တောက်ပစ်လိမ့်မယ်၊ ပြီးတော့ မနှစ်မြို့ဖွယ်အရာအားလုံးကိုလည်း ဖြတ်တောက်ပစ်လိမ့်မယ်၊ ဒါကို တွေးတောနေဖို့ မလိုပါဘူး"

စကားပြောပြီးနောက် ကြယ်ကြွေဓားဧကရာဇ်၏ပုံရိပ်က လုံး၀ပျောက်ကွယ်ကာ ကြယ်ရောင်လေးအဖြစ် ပြောင်းလဲသွားပြီး ကြယ်တာရာအပြည့်ကောင်းကင်၌ ပျော်၀င်သွားသည်။

ထိုစကားကိုကြားပြီး‌သောအခါ မြင်ကွင်းကိုကြည့်ရင်း ယဲ့ချိုးပိုင်ဓားကိုကိုင်လျက် လက်နှစ်ဖက်ဆုပ်ကာ ကြယ်ကြွေဓားဧကရာဇ် ပျောက်ကွယ်သွားသည့် နေရာဘက်သို့ လေးနက်စွာ ဦးညွတ်သည်။

"ဒီဂျူနီယာက စီနီယာဓားဧကရာဇ်ရဲ့ စကားတွေကို သေချာပေါက်မှတ်မိနေပါမယ်"

....

ကြယ်ကြွေဓားဂိုဏ်း၊ တောင်ထိပ်လေးခုအလယ်၌ ယခုတွင် ကြယ်ကြွေဓားဧကရာဇ်ရှိ ထိုဓားဆန္ဒက ပျောက်ကွယ်သွားကြ၏။

လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြသည်။

"ဘာဖြစ်နေတာလဲ၊ ဓားဆန္ဒက ပျောက်ကွယ်သွားတာလား"

"ဒီကောင်ကအမွေအနှစ်ကိုရခဲ့လို့ ဓားဆန္ဒပျောက်ကွယ်သွားတာများ ဖြစ်နိုင်မလား"

"ဟ၊ ကျုပ်ဒီနေရာမှာနားလည်သဘောပေါက်ဖို့အတွက် နှစ်ထောင်ချီပြီး စောင့်ခဲ့ပေမယ့် ဘာတခုမှမရခဲ့ဘူး၊ အခုတော့ ဝါးခြင်းထဲက ရေကို ဆွဲထုတ်လိုက်တာက အရမ်းရယ်စရာကောင်းလွန်းတယ်"

ဂျီဂျီကလည်း မဲ့ရွဲ့စွာပြုံးနေသည်။

သူတို့ခွန်းလွန်ကောင်းကင်ဘုံရေကန်၌ ပထမဆုံးတွေ့စဉ်ကတည်းကပင် ယဲ့ချိုးပိုင်အပေါ် ဂျီဂျီ၏အမြင်က သူက လူသားများအကြား ပို၍ပါရမီရှိသည့် ဓားသမားတစ်ဦးသာ။

သို့သော် ယဲ့ချိုးပိုင်၏ခြေလှမ်းတိုင်းက သူ့နှလုံးသားထဲက ဤအတွေးကိုချေဖျက်ကာ ပြောင်းလဲပစ်နေသည်။

ကျန်းယွန်ဇောင်လည်းရောက်လာသည်။

သူ့ရှေ့တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပါပါလာသည်။

လူတိုင်းကဤလူကိုမြင်ကြသည်။

သူတို့အားလုံးအံ့ဩသင့်သွားကြပြီး ချက်ချင်းဦးညွတ်လိုက်ကြသည်။

"ဂိုဏ်းချုပ်ကြိ အရိုအသေပေးပါတယ်"

မှန်ပေသည်။

ဤနေရာသို့ရောက်လာသည့်သူက ကြယ်ကြွေဓားဂိုဏ်းချုပ် ကျန်းဝူဖန်းပေတည်း။

ကျန်းဝူဖန်းလက်ဝှေ့ယမ်းပြကာ တိတ်တိတ်နေရန် အရိပ်အမြွက်ပေးလိုက်သည်။

လူတိုင်းစကားမပြောကြတော့ပေ။

သို့သော် သူတို့၏နှလုံးသားတွင် မုန်တိုင်းထန်နေသည့်ပင်လယ်တစင်း ပေါက်ကွဲနေသည့်အလားပင်။

မျှော်လင့်မထားစွာပင် ဤလူသိနည်းသည့် ဓားသိုင်းကျင့်ကြံသူက ဂိုဏ်းချုပ်ကို အမှန်တကယ် နိုးကြားသွားစေခဲ့သည်။

ဤသည်ကဓားသိုင်းနယ်ပယ်ဖြင်ပြီး သူက အမြင့်ဆုံးနယ်ပယ်ကို ရောက်ခဲ့သည့် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ပင်။

သို့သည့်တိုင် ဂိုဏ်းချုပ်က နံ့သာတချောင်းစာမျှစောင့်နေခဲ့သည်။

ယဲ့ချိုးပိုင်မျက်လုံးအစုံဖွင့်လိုက်သည်။

တချိန်တည်းမှာပင် သူ့လက်ထဲတွင် ကိုးပေရှည်ကြယ်ကြွေဓားပေါ်ပေါက်လာသည်။

ကျန်းဝူဖန်းဤမြင်ကွင်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာပြောလာသည်။

"ကြယ်ကြွေဓား၊ အရင်က ဓားဧကရာဇ်ရဲ့ ဓားပဲ"

ချက်ချင်းဆိုသလို သူ့လုပ်ရပ်တခုက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ကျန်းဝူဖန်းဒူးထောက်ကာ လေးနက်သည့်အမူအရာဖြင့်ဆိုသည်။

"ကျန်းဝူဖန်း၊ ကျန်းကျိကို ဦးညွတ်ပါတယ်"

ကျန်းယွန်ဇောင်ကလည်းအတူတူပင်။

ယဲ့ချိုးပိုင်သတိပြန်လည်လာပြီး ဤမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်လန့်သွားသည်။ သူကချက်ချင်းဆိုသလို ရှေ့တိုးကာ ကျန်းဝူဖန်းကို ဖမ်းကိုင်လိုက်ရသည်။

"စီနီယာ၊ ဒါကဘာကိုဆိုလိုချင်တာလဲ"

ကျန်းဝူဖန်းရှင်းပြသည်။

"ဓားဧကရာဇ်ရဲ့အမွေနဲ့ ကြယ်ကြွေဓားကို ရရှိဖို့ဆိုတာက ငါ့ကြယ်ကြွေဓားဂိုဏ်းရဲ့ ဓားနှလုံးသားတခုပါ"

"ကျန်းကျိက အခုဓားဂိုဏ်းထဲက လူတိုင်းကို အမိန့်ပေးနိုင်ပါတယ်"

ယဲ့ချိုးပိုင်၏မျက်နှာအမူအရာက ထူးဆန်းနေသည်။

"ဒါပေမယ်... ကျုပ်မှာ ဆရာတယောက် ရှိပြီးသားလေ"

ကျန်းဝူဖန်းခေါင်းခါယမ်းသည်။

"ဒါက သခင်ရဲ့ကိစ္စနဲ့ဘာမှမသက်ဆိုင်ပါဘူး၊ အခုကျန်းကျိက ဓားဧကရာဇ်ရဲ့ အမွေအနှစ်ကိုရရှိပြီး ကြယ်ကြွေဓားကလည်း ကြယ်ကြွေဓားဂိုဏ်းရဲ့ဓားနှလုံးသားဖြစ်နေပြီးသားပါ"

ယဲ့ချိုးပိုင်မဲ့ရွဲ့စွာပြုံးလိုက်သည်။

သူ့လက်ထဲကကြယ်ကြွေဓားကိုကြည့်ရင်း ဤကဲ့သို့အဆိုမျိုးရှိလိမ့်မည်ဟု ယဲ့ချိုးပိုင် တကယ်ပင် မျှော်လင့်မထားခဲ့ပေ။

ကြယ်ကြွေဓားဂိုဏ်း၏ခွန်အားက အရင်ကလောက် မကောင်းမွန်‌လျှင်ပင် နယ်နိမိတ်မဲ့နယ်မြေ၌ ပထမတန်းစားအင်အားစုတခုဖြစ်နေသေးသည်။

သို့သော်နောက်ခံကရှိနေသေးသည်။ သူ့ကို ယခုလိုမဟာစွမ်းအားတခုကို စေခိုင်းလိုက်ခြင်းက ယဲ့ချိုးပိုင်အား ဖိအားအများကြီးကို ခံစားရစေသည်။

တဖက်လှည့်ကာ သူက ကြယ်ကြွေဓားဧကရာဇ်ရုပ်တုကို ကြည့်လိုက်စဉ် ရုပ်တုက သာမန်ရုပ်တုတခုဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

ဓား‌ဆန္ဒ၏အမွေအနှစ်မရှိတော့။

ယဲ့ချိုးပိုင်တခဏမျှအတွေးနက်ရင်း ဤအကြောင်းကို တွေးနေမိသည်။

ထို့နောက် သူကကြယ်ကြွေဓားကိုမြှောက်ကာ ရုပ်တုရှိရာသို့ ဖြတ်လိုက်သည်။

ကြယ်ကြွေဓားဧကရာဇ်၏အော်ရာပါ၀င်သည့် ဓားဆန္ဒက ရုပ်တုပေါ်သို့ ဆင်းသက်သွားသည်။

ထိုအခိုက်အတန့်၌ ရုပ်တုပေါ်တွင် ကြယ်ကြွေဓားနှလုံးသား၏တည်ရှိမှုက ထပ်မံဖြစ်တည်လာသည်။

ကျန်းယွန်ဇောင်နှင့် ကျန်းဝူဖန်းတို့က တယောက်ကိုတယောက်ကြည့်ရင်း ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။

ယဲ့ချိုးပိုင်က

"ဘာပဲဖြစ်ဖြစ် ဓားဆန္ဒအမွေအနှစ်ပျောက်ကွယ်သွားတာက ကျုပ်ကြောင့်ဖြစ်လာရတာ၊ အခုဓားဆန္ဒကို ချန်ထားခဲ့ပြီ‌ဆိုတော့ ဒါကအရင်ကလောက် မကောင်းဘူးဆိုပေမယ့် လူတိုင်းကို ဆက်လက်နားလည်နိုင်စေဖို့အတွက်တော့ ခွင့်ပြုပေးနိုင်ပါသေးတယ်"

ထိုစကားလုံးများကိုကြားသောအခါ လူတိုင်းခေါင်းညိတ်လိုက်ကြသည်။

သူတို့၏မျက်လုံးများ၌ တန်ဖိုးထားမှုကို ပြသနေကြသည်။

ထိုတဒင်္ဂအတွင်းမှာပင် သူတို့နှလုံးသားထဲက မကျေနပ်မှုများက ပျောက်ကွယ်သွားကြ၏။

ကျန်းဝူဖန်းရှေ့တိုးကာ ပြုံးလိုက်သည်။

"ကျန်းကျိ၊ ငါနဲ့အတူလာခဲ့ပါ၊ မင်းအခုတခုခုသိသင့်နေပါပြီ"

ယဲ့ချိုးပိုင်အိုးတိုးအန့်တန့်ပြုံးသည်။

"စီနီယာ၊ ခင်ဗျားကျုပ်ကို ဂျူနီယာလို့ ခေါ်သင့်တယ်၊ ကျုပ်ကျင့်သားမရသေးဘူး"

ကျန်းဝူဖန်းက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။

"ကောင်းပြီ၊ ချိုးပိုင်၊ ငါနဲ့အတူ လျှို့ဝှက်သိုလှောင်ခန်းမကိုလာပါဦး"

"ဒီကိစ္စက ကြယ်ကြွေဓားဂိုဏ်းရဲ့ အထူးတာ၀န်နဲ့ဆက်စပ်နေတယ်"

"မင်းက ကျန်းကျိဖြစ်လာပြီဆိုတော့ ဒီအကြောင်းကို သိသင့်တယ်"

အထူးတာ၀န်လား!

ယဲ့ချိုးပိုင် ကျန်းဝူဖန်းနောက်က လိုက်သွားသည်။

ဤမြင်ကွင်းက အမှောင်ထဲတွင် ပုန်းလျှိုးနေသည့် ဖြစ်ကတတ်ဆန်းနိုင်သည့် လူခွစာအဖိုးအိုတစ်ဦး၏အမြင်ထဲ ကျရောက်သွား၏။

"ကြည့်ရတာ၊ ဒီအဖိုးကြီးက လူမှန်ကို တွေ့လိုက်ပုံပဲ...."

"အနာဂတ်ကပ်ဘေးအတွက် သူက ကယ်တင်ရှင်ဖြစ်လာလိမ့်မယ်..."

စကားဆုံးသည်နှင့် အဖိုးအိုက ထိုနေရာ၌ ရှိမနေခဲ့သည့်အလား ပျောက်ကွယ်သွားသည်။

...

ထိုအခိုက်အတန့်၌ ကန္တာရနယ်စပ်တွင် စံအိမ်တော်၏နာမည်က ကန္တာရတခွင် လူသိများလာသည်။

ကျင့်ကြံသူအားလုံးလိုလိုက ၀င်ရောက်ချင်ကြသော်လည်း သူတို့က လုချန်ရှန်းကို မမြင်တွေ့နိုင်ခဲ့ကြပါ။

လုချန်ရှန်းကိုယ်တိုင်မှာကား ဖွဲ့စည်းပုံအစီအရင်ကို လေ့လာနေသည်။

အရေးအကြီးဆုံးအချိန်က ရောက်လာလေပြီ။

အပိုင်း(350) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters