#အာ၊ ဟုတ်တယ်၊ ဟုတ်တယ် မင်းမှန်တယ်! #
Vol. 24 Ch. 350
လုချန်ရှန်းယခုလေ့လာနေသည့်အခင်းအကျင်းက ရိုးရိုးရှင်းရှင်းဆိုရမည်ဆိုပါက တာအိုစွမ်းအားနှင့် နှလုံးသန့်စင်ဂါထာကို အသုံးပြုရန်ပင်။
စိတ်ဝိဉာဉ်သန့်စင်ခြင်း၏သက်ရောက်မှုကို ရယူအောင်မြင်ပြီးနောက်သူက တိုက်ခိုက်မှုတချို့ကို ရှောင်တိမ်းရန် ဤသည်ကို အသုံးပြုချင်သည်။
ဤသည်ကအသုံး၀င်သလား၊ မ၀င်ဘူးလားဆိုတာ သူမသိသော်လည်း အလုပ်မလုပ်တာက ပျင်းရိနေခြင်းသာ။ ဘာမှပေါက်ရောက်မည်မဟုတ်။
ထိုနယ်မြေများက ငတုံးများက သူတို့က ဆားငါးများဟု ပြောဆိုကြသည်။
ဒါကမှားတယ်လေ!
လုချန်ရှန်းမေ့စေ့ကိုပွတ်ရင်းရေရွတ်သည်။
"ငါ့အိပ်မက်ကလည်း ဆားငံငါးတကောင်လို ဖြစ်နိုင်ဖို့ပဲမလား"
ထိုအချိန်တွင် အခင်းအကျင်းက အစပိုင်းပြီးစီးနေပြီဖြစ်သည်။
အစီအရင်ထဲက တာအိုစွမ်းအားက အဖြူရောင်အလင်းဖြင့် လင်း၀င်းနေသည်။
မည်သည့်ပြဿာနာမှရှိပုံမရပေ။
သို့သော်စမ်းသပ်ရန်လိုအပ်ပါသေးသည်။
စမ်းသပ်ရေးပစ္စည်းတွေကို ငါဘယ်နေရာကရှာရမလဲ!
လုချန်ရှန်းတခဏမျှတွေးတောပြီးနောက် လျိုကျိယုအားခေါ်လိုက်သည်။
လျိုကျိယုက ပျော်ရွှင်စွာပင် ရောက်လာသည်။
ဤသည်က လုချန်ရှန်းသူ့ကိုဖိတ်ခေါ်ရန်အတွက် ပထမဆုံးခြေလှမ်းလှမ်းခြင်းပေတည်း။
ရက်ပေါင်းများစွာကြာ လျိုကျိယုက အမြဲလိုလို သူ့ကိုလိုက်ဖမ်းနေခဲ့ရသည်။
စီနီယာလုရဲ့သဘောထားက ပြောင်းလဲသွားတာများလား!
လုချန်ရှန်းက သူ့အား အချိန်မီ ရေအေးဖြင့် ပက်ဖြန်းပစ်လိုက်လေသည်။
"အမှောင်နယ်မြေကဘယ်လိုနေရာမျိုးလဲ၊ အဲနေရာက ငါ၀င်ဖို့အတွက် ထိုက်တန်လို့လား"
"မင်းရဲ့ ခွေးလိုယက်နေတဲ့အသွင်အပြင်ကို ကြည့်ပါဦး၊ ပြီးတော့ ကြယ်ငါးပွင့်သင်းအုပ်ဆရာလား၊ အမှောင်နယ်မြေမှာ ထိပ်တန်းသင်းအုပ်ဆရာလို့ လူသိများတာလား"
"ဒီလိုဆိုရင် အမှောင်နယ်မြေက ဒီထက်ပိုတာဘာမှမရှိဘူး"
လုချန်ရှန်းက လှောင်ပြောင်လိုက်သည်။
ဤသရော်မှုများကိုနားထောင်နေရင်း လျိုကျိယု၏ပျော်ရွှင်နေသည့်မျက်နှာက အေးစက်သွားသည်။
အမှောင်နယ်မြေ၌ ကြယ်ငါးပွင့်သင်းအုပ်ဆရာတဖြစ်လဲ ဤသည်က လျိုကျိယုဂုဏ်အယူရဆုံးအရာတခုပေတည်း။
ယခု လုချန်ရှန်းက သူ့၏ဂုဏ်ယူမှုကို ပြင်းထန်စွာ ရိုက်ချိုးနေသည်။
"ခင်ဗျား ကျုပ်စွမ်းအားကိုအထင်သေးလို့ရတယ်၊ ဒါပေမယ့် အမှောင်နယ်မြေက အင်အားစုတွေက ခင်ဗျားစိတ်ကူးယဉ်နိုင်တာထက် အများကြီးပိုတယ်"
လုချန်ရှန်းနှာခေါင်းရှုံ့သည်။
"ဒီလိုဆိုရင် မင်းငါ့ကိုသက်သေပြပေါ့၊ စမ်းကြည့်မယ်လေ"
ထိုစကားလုံးများကိုကြားသောအခါ လျိုကျိယုတကိုယ်လုံးက ကြောက်မက်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်သွားပြီး မုန်တိုင်းတခုဖြစ်တည်လာသည်။
ပတ်၀န်းကျင်လေဟာနယ်က စုတ်ပြဲသွားသည်။
မိုးမခပင်၏ကျေးဇူးကြောင့် ဤနေရာရှိ လေဟာနယ်က ယခုတကြိမ်တွင် အားကောင်းနေခဲ့သည်။
မဟုတ်ပါက ကြောက်မက်ဖွယ်အငွေ့အသက်တခုတည်းကပင် ကန္တာရနယ်မြေက လေဟာနယ်ကို လုံး၀ဖျက်ဆီးပစ်နိုင်သည်။
"ခွင့်လွှတ်ပါ"
ထိုအသံပေါ်ပေါက်လာသည်နှင့်တပြိုင်နက် လျိုကျိယုထိုနေရာကနေ ပျောက်ကွယ်သွား၏။
မျက်တောင်တခတ်အတွင်းမှာပင် သူက လုချန်ရှန်းရှေ့တွင်ပေါ်လာပြီး ချက်ချင်းပင်လက်ဝါးတချက် ရိုက်ထုတ်လိုက်လေသည်။
ဤလက်ဝါးချက်က ပတ်၀န်းကျင်က သဘာ၀အားအကုန်လုံးကို စုစည်းနိုင်စွမ်းရှိပုံရပြီး ၎င်း၏ကိုယ်ပိုင်အသုံးအဖြစ် ပြောင်းလဲနိုင်ပုံရသည်။
ကြောက်မက်ဖွယ်ရာအင်အား!
ရှေ့တည့်တည့်ကရန်သူအားလုံးကို သတ်မည်!
လုချန်ရှန်းခပ်ပေါ့ပေါ့ရယ်မောရင်း သူ့မျက်လုံးများ၌ အောင်မြင်နေသည့်ဇာတ်ကွက်၏အဓိပ္ပာယ်ကို ဖော်ပြလာကာ လက်တစ်ဖက်တည်းဖြင့် လျိုကျိယု၏ လက်ဝါးချက်ကို ညင်သာစွာရိုက်ချလိုက်သည်။
သို့စေကာမူ သူကမည်သည့်ခွန်အားမှမသုံးသလို လျိုကျိယု၏ ဖျက်ဆီးလိုသည့်စွမ်းအားကို တားဆီးလိုက်ရုံမျှသာ။
တခြားလက်တစ်ဖက်တွင်မူ ရုတ်တရက်နည်းဗျူဟာခင်းလိုက်သည်။
"မြှင်တက်လာစမ်း"
ချက်ချင်းဆိုသလို ကမ္ဘာ့သန့်စင်ရေးနှင့် စင်ကြယ်နှလုံးသားအစီအရင်က ပွင့်၏
ဟလာသည်။
တာအိုစွမ်းအားပါရှိသည့် အဖြူရောင်အလင်းတန်းများက လျိုကျိယု၏ကိုယ်ကို တလွှာပြီးတလွှာရစ်ပတ်လိုက်သည်။
လျိုကျိယု၏အမူအရာက ပြောင်းလဲသွား၏။
သို့စေကာမူ ထိုအချိန်တွင် သူ့နှလုံးသားထဲက ဒေါသက ရှင်းလင်းစွာပင် လျော့ပါးသွား၏။
လက်ဖဝါးချက်၌ရှိနေသည့် အဖျက်စွအ်းအားကလည်း နှေးကွေးလာသည်။
လုချန်ရှန်း ဤမြင်ကွင်းကိုစိုက်ကြည့်နေသည်။
ဒါကအလုပ်ဖြစ်သလားဆိုတာ သူမြင်ချင်သည်။ ဒါကဘယ်လောက်ထိ သက်ရောက်မှုရှိသလဲ၊ သူ့မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မလားဆ်ိုတာ သူသိချင်သည်။
ထိုအချိန်တွင် လျိုကျိယုအံကြိတ်ကာ အော်ဟစ်လိုက်သည်။
"ဖန်ဆင်းခြင်းလက်ဝါး"
ရုတ်တရက် ဆိုသလို သဘာ၀၏ခွန်အားများက ပြန်လည်စုစည်းလာသည်။
လုချန်ရှန်းဤမြင်ကွင်းကိုမြင်သည်။
သူတိတ်တဆိတ်သက်ပြင်းချမိသည်။
ကြည့်ရသည်မှာ အစီအရင်က ကျရှုံးသွားပုံရသည်။
ထို့ကြောင့် လုချန်ရှန်းက နောက်ထပ်စမ်းသပ်မနေတော့ဘဲ သူ့လက်ကို ပေါ့ပါးစွာပင် ဝှေ့ယမ်းလိုက်သည်။
ထို့နောက် လျိုကျိယုကိုရိုက်ချလိုက်သည်။
လျိုကျိယုအံကြိတ်ကာ ရှေ့သို့ဆက်လက်တိုးချင်သည်။
သို့သော် လုချန်ရှန်း၏အသံကို သူကြားလိုက်ရသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ငါပြောတာကို ပြန်ရုတ်သိမ်းတယ်၊ ငါကဒီအစီအရင်ကို စမ်းသပ်ကြည့်ချင်လို့ မင်းကို တမင်တကာ လှုံ့ဆော်ချင်ရုံပါပဲ"
ဤသည်ကိုကြားသောအခါ လျိုကျိယု တခဏမျှအေးခဲသွားပြီး လေထဲတွင်ပင် ရပ်သွားသည်။
သူ့ကိုတမင်တကာဆွပေးတာလား!
အစီအရင်နည်းလမ်းကိုစမ်းကြည့်ချင်တာလား!
ပတ်ပတ်လည်က သန့်စင်ခြင်းစွမ်းအားကို ခံစားမိသဖြင့် သူစတင်တည်ရှိလာသည်။
လျိုကျိယုက ငတုံးမဟုတ်သော်လည်း လုချန်ရှန်း၏ ရုတ်တရက် သံသယ၀င်လာသည့်ပူံစံက သူ့ကိုစိတ်တိုသွားစေပြီး သူ့ဦးနှောက်ကို တခဏမျှရပ်သွားစေသည်။
ယခုသူကတည်ငြိမ်သွားသဖြင့် ဂရုတစိုက်တွေးတောကြည့်စဉ် အမှားအများကြီး တွေ့ခဲ့သည်။
ဥပမာအားဖြင့် တည်တည်ငြိမ်ငြိမ်နေတတ်သည့်လုချန်းရှန်း၏ စရိုက်အရ ဤကဲ့သို့ စကားလုံးများကို သူမည်သို့ပြောနိုင်မည်နည်း။
ဤသည်ကိုတွေးရင်း လျိုကျိယု၏မျက်နှာက မှောင်မည်းသွားသည်။
"စီနီယာ၊ တကယ်လို့အနာဂတ်မှာ ဒီအစီအရင်ကို စမ်းကြည့်ချင်တယ်ဆိုရင် တိုက်ရိုက်ပြောပါ၊ ဘာလို့ဒီလောက်ဝေးဝေးထိသွားဖို့ဒုက္ခခံပြီး ကျုပ်ကို အရှက်ရအောင် လုပ်ရတာလဲ"
ယခုလေးတင်က သူ့လက်ဝါးချက်ကို ပြည့်၀သည့် ပစ်ချက်တခုဟုသတ်မှတ်၍ရသည်။
သို့စေသည့်တိုင် လုချန်ရှန်းကြောင့် သူအလွယ်တကူ လွင့်စင်သွားစေသည်။
ဤသည်က အရှက်ရဖွယ်ကောင်းသည်။
တချိန်တည်းမှာပင် လျိုကျိယု အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
လုချန်ရှန်းကအရမ်းအားကောင်းတာကို သူသော်လည်း ဤနေ့ရက်များတွင် လုချန်ရှန်း၏ခွန်အားက လျိုကျိယု၏ နှလုံးသားထဲတွင် နောက်တဆင့်မြှင့်တက်သွားလေပြီ။
ဤသည်ကိုကြားသောအခါ လုချန်ရှန်းမျက်လုံးလိမ့်လိုက်သည်။
"ဒီကိစ္စရဲ့အကြောင်းကိုသိနေတာတောင် မင်းကဒေါသထွက်နေတုန်းလား"
"တမင်တကာ မင်းကိုဒေါသထွက်အောင် လုပ်ခံတယ်ဆိုပေမယ့် အကျိုးသက်ရောက်မှုက ပိုဆိုးသေးတယ်"
လျိုကျိယုအံ့ဩသင့်သွားသည်။
"ဘာလို့ကျုပ်ကို ဒေါသထွက်အောင်လုပ်ဖို့ လိုရတာလဲ"
လုချန်ရှန်း ဤအစီအရင်၏ လုပ်ဆောင်ချက်များကို ရှင်းပြသည်။
ထို့နောက်လက်ဝှေ့ယမ်းကာ အကူအညီမဲ့စွာပြောသည်။
"မေ့လိုက်တော့ ၊ ဒီအစီအရင်က ကျရှုံးသွားပြီ၊ နောက်မှ လေ့လာတာပေါ့"
လွန်ခဲ့သည့်ရက်အနည်းငယ်က သူမအိပ်ခဲ့လေရာ ကောင်းမွန်သောတညတာအိပ်စက်မှုကို လိုအပ်နေလေပြီ။
ထိုစကားကိုကြားပြီးနောက် လျိုကျိယုက ပြုံးလိုက်သည်။
"စီနီယာလု၊ အဲဒါက လုံး၀ကျရှုံးမှုတော့မဟုတ်ဘူး"
"ဟမ်"
လုချန်ရှန်း လျိုကျိယုကို လှမ်းကြည့်လိုက်သည်။
လျိုကျိယုဆက်ပြောသည်။
"အဲဒီအချိန်က ကျုပ်နှလုံးသားထဲကဒေါသက အစီအရင်ရဲ့ လွှမ်းမိုးမှုအောက်မှာ လျော့ပါးသွားခဲ့တယ်၊ ဒါပေမယ့် ဒေါသဖြစ်နေတဲ့အဆင့်မှာ စိတ်ခံစားမှုတွေကို ပြင်ပအားတွေက ဘယ်လိုအလွယ်တကူ ဖြေရှင်းနိုင်မှာလဲ"
ဤသို့ပြောလာသောအခါ လုချန်ရှန်းတွေးတောလိုက်သည်။ ဤသည်က အဓိပ္ပာယ်ရှိသည်။
စိတ်ခံစားချက်များက ထိန်းချုပ်ရန် ခက်ခဲသည်။
သို့သော် ဤကဲ့သို့သက်ရောက်မှုမျိုးကို သက်ရောက်မှုတခုဟုယူဆ၍ရသည်။
ဒါပေမယ့်ဒါကိုဘယ်လိုတိုးတက်အောင် လုပ်ရမလဲ!
ဒါကပြဿာနာတခုပင်။
လုချန်ရှန်းတွင် အခန်းထဲပြန်သွားရန်အတွက် ရည်ရွယ်ချက်မရှိတော့။ သူညနက်ထိ နေရပေတော့မည်။
လျိုကျိယုစိတ်သက်သာရာရစွာ သက်ပြင်းချရင်း အပြုံးဖြင့်
"ဒါပေမယ့် စီနီယာလုအခုလေးတင်ပြောတဲ့အသံနဲ့ ကျုပ်ကိုကြည့်နေတဲ့ပုံစံက ကျုပ်ကို လုံး၀သံသယမဖြစ်စေဘူး၊ ဒါက အရမ်းမှန်လွန်းနေသလိုပဲ'
လုချန်းရှန်းတွေးတောမိပြန်သည်။
ငါဘာမှလည်းမလုပ်ခဲ့ရပါဘူး!
အရိုးသားဆုံးပြောရမည်ဆိုပါက ဤသည်ကို ခပ်ပေါ့ပေါ့ဟုသာ သူထင်ထားပြီး ထိုကဲ့သို့တကယ်တွေးတောခဲ့သည်။
သို့စေကာမူ လုချန်ရှန်း လျိုကျိယုကို တချက်ကြည့်ပြီးနောက် အမှန်တရားကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။
မဟုတ်ပါက ထိုကောင်က ထပ်မံညီးညူနေပေဦးမည်။
ထို့ကြောင့် လုချန်းရှန်း ဤသို့သာ အဖြေပေလေတော့သည်။
"အာ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းမှန်တယ်"
လျိုကျိယု "???"
ဒါကဘာလို့နည်းနည်းမှားနေတယ်လို့ ငါခံစားနေရတာလဲ!
....
နယ်နိမိတ်မဲ့နယ်မြေ ကြယ်ကြွေဓားဂိုဏ်း၏ လျို့ဝှက်ရတနာသိုလှောင်ခန်းမ၌ ကျန်းဝူဖန်းက ယဲ့ချိုးပိုင်ကို ကြယ်ကြွေဂိုဏ်း၏ ထိုအထူးတာ၀န်အကြောင်း ရှင်းပြနေသည်။
ယဲ့ချိုးပိုင်နားထောင်ရင်းနားလည်လာသည်။
ရိုးရှင်းစွာဆိုရမည်ဆိုပါက ကြယ်ကြွေဓားဂိုဏ်း၏တည်ရှိမှုက ကမ္ဘာတဝှမ်းက ဓားကျင့်ကြံသူများကိုစုဆောင်းပြီး ကမ္ဘာတွင် နံပတ်တစ်ဓားကျင့်ကြံခြင်းနယ်မြေတခုဖြစ်လာရန်မဟုတ်ပေ။
၎င်း၏ရည်ရွယ်ချက်က အနာဂတ်ဟောကိန်းတခုအတွက် ပြင်ဆင်နေခြင်းပင်။
မကြာခင်၊ သို့မဟုတ် အချိန်မည်မျှကြာမလဲဆိုတာကို မသိသော်လည်း ဤအဆင့်နိမ့်လတ္တီကျူနယ်မြေ၌ ကပ်ဘေးတခုဖြစ်ပျက်လာပေလိမ့်မည်။
ဤကပ်ဘေးက အဆင့်နိမ်လတ္တီကျူတခုလုံးကို သက်ရောက်နိုင်သည်။
ကြယ်ကြွေဓားဧကရာဇ်က ဤကပ်ဘေးအတွင် ကြယ်ကြွေဓားဂိုဏ်းကို ဖန်တီးခဲ့ချင်ပြီး ဂိုဏ်းတစ်ဂိုဏ်း၏စွမ်းအားဖြင့် ထိုကပ်ဘေးအား ချိုးဖျက်ပစ်ချင်ခဲ့သည်။
ပြောရမည်ဆိုပါက ယဲ့ချိုးပိုင် သူ့ဘ၀၌ လူအနည်းစုကိုသာ လေးစားခဲ့သည်။
လုချန်ရှန်းအပြင် ယခုသူက ကြယ်ကြွေဓားဧကရာဇ်ကိုလည်း လေးစားလာမိသည်။
အပိုင်း(351) coming။