ဦးညွှတ်ရန် ခက်ခဲခြင်း
Vol. 010 Ch. 952
တန်ခိုးရှင်များသည် အင်ပါယာ အမွေအနှစ် အပြင်ဘက်၌ စုရုံးနေကြ၏။ ကျုံးကျိုး ပြည်နယ်မှ လူများလည်း ရောက်နေ ကြလေသည်။ ပြည်နယ်ကိုးခုလုံးမှ တော်ဝင်မြေ ကိုယ်စားပြု တန်ခိုးရှင်များ အားလုံး တက်ရောက် နေသည်ကို ကြည့်ခြင်းအားဖြင့် အားလုံးက ယခုလို အရေးကြီးသော အဖြစ်အပျက်အား မလွဲချော်ရန် ဆုံးဖြတ်ထားမှန်း သိသာ လှပေသည်။
မြေရိုင်းနယ်မြေတွင် ထိုကဲ့သို့ ကြီးကျယ် ခမ်းနားသော အဖြစ်အပျက်များ မရှိဖူးချေ။ ထိပ်တန်း ကလန်များမှ လူအချို့နှင့် လူငယ်မျိုးဆက်များ ကလည်း ပုဂ္ဂိုလ်ကြီးများ အထင်ကြီးပြီး မိမိတို့အား တပည့်အဖြစ် လက်ခံရန် အတတ်နိုင်ဆုံး အစွမ်းပြရန် စိတ်ကူး ထားကြလေသည်။
ရှားရှင်းယွန်သည် စားသောက်ဆိုင် အပေါ်ထပ် တစ်ခု၌ စွမ်းအားမြင့် တန်ခိုးရှင်များ ခြံရံလျက် တိတ်ဆိတ်စွာ ထိုင်နေလေသည်။ ပြည်နယ် ကိုးခုလုံးမှ ထိပ်သီး ကလန်ဝင်များမှာ သူမထိုင်နေရာ စားသောက်ဆိုင် အောက်ထပ်တွင် အသီးသီး နေရာယူ ထားကြ၏။ ရှန့်ထိုရှား ကိုယ်တိုင်ပင် သည်နေရာသို့ ရောက်နေသည်။ ပြည်နယ်ကိုးခု ကျောင်းတော်မှ ရှန့်ထိုလီနှင့် တော်ဝင် အလင်းနန်းတော်မှ ရှန့်ထိုကျိတို့လည်း ရှိနေပြန်သည်။ သူတို့သုံးဦးမှာ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ အမြင့်ဆုံး၌ရှိသော မှော်ဆရာနှင့် စိုက်ပျိုးရေး သမားတို့အောက် စွမ်းအား အကြီးဆုံးသော အဆင့်ရှိသူများ ဖြစ်သည်။ သူတို့လည်း သည်နေရာသို့ ရောက်လာသည်ကို ကြည့်ရုံဖြင့် ယခုကိစ္စမှာ မည်မျှ အရေးကြီးပြီး ခမ်းနား ကြီးကျယ် လှကြောင်းကို သက်သေထူ သကဲ့သို့ ရှိနေသည်။
ရှီဟွာတောင်ရှန့်ထို၊ ကျောက်မဟာ ပြည်ထောင် ဘုရင်နှင့် အခြားလူများလည်း ရောက်နေ ကြလေသည်။ ရှားရှင်းယွန်၏ အရှိန်အဝါကို အားလုံးက သတိမူမိကြသည်။ သူမသည် အင်ပါယာရှား၏ အချစ်ဆုံး မင်းသမီးတစ်ပါး ဖြစ်သည်။ ထို့ပြင် သူမသည် အထက်ဘုံမှ အောက်ဘုံသို့ ဆင်းလာသူလည်း ဖြစ်သည်။ ထို့ကြောင့် ထိပ်သီး တန်ခိုးရှင်များ အားလုံးမှာ သူမကြောင့် သည်နေရာသို့ ရောက်လာခြင်းဟု ဆိုနိုင်သည်။ နောက်ထပ် ပြောရလျှင် ပြည်နယ်ကိုးခုမှ ရှန့်ထို အားလုံးကလည်း သူတို့အစွမ်းကို ပြ၍ သူမ၏ အာရုံစိုက်မှုကို ရလိုကြ၏။ ရှန့်ထိုဖြစ်တိုင်း အင်ပါယာရှားနှင့် ဆုံတွေ့ခွင့် ရှိကြသည် မဟုတ်ပေ။
ရှားရှင်းယွန် ရှိနေလျှင် အိမ်အပြန် မျက်နှာပန်း လှမည်ဟု မသေချာသော်လည်း ထိုမျှအရေးကြီးသော ဖြစ်ရပ်ကိုလည်း လက်မလွှတ်လိုကြပေ။ ထို့ကြောင့် အားလုံးက မိမိတို့ကလန်၏ အထူးချွန်ဆုံးသော လူငယ် မျိုးဆက်များကို ခေါ်လာခဲ့ကြခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ၏ သမီးတော်ဟု ကျော်ကြားသော ရှားရှင်းယွန်နှင့် ခင်မင် ရင်းနှီးခဲ့လျှင် သူတို့၏ အနာဂတ် လမ်းခရီးအတွက် များစွာ အကျိုးကျေးဇူး ရရှိနိုင်ပေသည်။ သို့ဆိုလျှင် ဖိုးကံကောင်း လူငယ် မျိုးဆက်များသည် ဘိုးဘေးတို့ထက်ပင် သာလွန်အောင် စွမ်းဆောင် နိုင်ကြမည် ဖြစ်၏။
“မင်းကသမီးက ဒီနေရာသို့ ပြည်နယ်ကိုးခု တမန်တော် အနေနဲ့ ရောက်လာခဲ့တယ်။ သူမ ရောက်လာတာနဲ့ ရန်ဟောင် အပျက်အစီး နယ်မြေ ပေါ်လာတာပဲ။ မင်းသမီးက သေချာပေါက် ကံကောင်းခြင်းတွေနဲ့ မွေးဖွားလာသူ ဖြစ်ရမယ်” ရှန့်ထိုရှားက ပြုံးလျက် ပြောသည်။
“အင်ပါယာ အမွေအနှစ် အုတ်ဂူထဲမှာ အန္တရာယ်တွေက အသင့် စောင့်ကြိုနေတယ်။ အုတ်ဂူပေါ်လာတာ ကောင်းဖို့လား၊ ဆိုးဖို့လား ဆိုတာ ဘယ်သူမှ မသိသေးဘူး” ရှားရှင်းယွန်က ပြောလိုက်၏။
“ဒီနေ့ ဒီနေရာမှာ တော်ဝင်မြေက လူအများကြီး စုရုံးနေပြီး မင်းသမီးလည်း ရှိနေမှတော့ အန္တရာယ်ဆိုတာ မပြောပလောက် တော့ဘူး။ ဒီစွမ်းအင်ပေါက်ကွဲမှု ကင်းရှင်း သွားတာနဲ့ အမွေအနှစ်ဂူထဲကို ကျုပ်တို့ ဝင်ကြမယ်” ရှန့်ထိုရှားက ပြောလိုက်၏။
“ပြည်နယ်ကိုးခုလုံးက တော်ဝင်မြေတွေ အားလုံး ရောက်နေကြတယ် ဟုတ်လား။ ကျွန်မအမြင်တော့ မရောက်သေးတဲ့ လူအချို့ ရှိနေသေးတယ်...” ရှားရှင်းယွန်နှင့် မလှမ်းမကမ်းတွင် ထိုင်နေသော လူတဖွဲ့ ရှိလေသည်။ ထိုစကားများကို ထူးခြားသော အသွင်အပြင်နှင့် မိန်းကလေး တစ်ဦးက ပြောလိုက်ခြင်း ဖြစ်၏။ ရှန့်ထိုရှား အပါအဝင် အားလုံးက ထူးခြားသော အသွင်ရှိသည့် အမျိုးသမီးကို လှည့်ကြည့် လိုက်သည်။ အမျိုးသမီးမှာ အထက်ဘုံမှ လူဖြစ်၏။ သူမသည် မင်းသမီးအနီးတွင် ထိုင်နေသောကြောင့် သူမ၏ အဆင့်အတန်းမှာလည်း အသွင်အပြင်နှင့် လိုက်ဖက်စွာ ထူးခြားသူ ဖြစ်လေသည်။
အထက်ဘုံမှ ရှန့်ထိုအချို့လည်း ရောက်လာခဲ့ကြသည်။ သူတို့နှင့်အတူ လူငယ် မျိုးဆက်များလည်း ပါလာကြသည်။ အမွေအနှစ်ဂူနှင့် ပတ်သက်၍ သူတို့တွင် တခြား အကြံအစည် မရှိကြချေ။ မင်းသမီး ကိုယ်တိုင်လည်း ရှိနေပြန်ရာ လူငယ် မျိုးဆက်များက တစ်ခုခုတော့ လုပ်ပြလိုကြသည်။
ဒီနေရာမှာ ရှားရှင်းယွန်နှင့် တိုက်ခိုက်ဖို့ … ဘယ်သူကရော မိုက်ရူးရဲဆန်သော ထိုအလုပ်မျိုးကို လုပ်ရဲမည်နည်း။ အထက်ဘုံမှ အင်အားကြီး ပုဂ္ဂိုလ်များလည်း ဤနေရာသို့ မလာလိုရာ ရှားရှင်းယွန်မှာ သူမ သဘောရှိ လုပ်ဆောင် နိုင်ပေသည်။ အထူးသဖြင့် သူမမှာ အင်ပါယာရှား၏ အချစ်ဆုံး သမီးဟူသော ဝိသေသမျှက အရာအားလုံး အတွက် လုံလောက်ပေ၏။
ရှန့်ထိုရှားက စကားပြောလိုက်သည့် အမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည် အထက်ဘုံလီဟန်ဓား နန်းတော်မှ ဖြစ်၏။ လီဟန်နန်းတော် ဆိုသည်မှာ အင်ပါယာရှား နယ်မြေတွင် ဓားပညာနှင့် ပတ်သက်၍ နံပါတ်တစ် တော်ဝင်နယ်မြေတစ်ခု ဖြစ်သည်။
“မိန်းကလေးက ဘယ်သူ့ကို ပြောချင်တာလဲ”... ရှန့်ထိုရှားက အပြုံးနှင့် မေးလိုက်၏။
“ဒီနေရာက ပြည်နယ်ကိုးခုထဲက မြေရိုင်းပြည်နယ်ပဲ မလား။ ပြည်နယ် အကြီးအကဲက ဘာဖြစ်လို့ အခုထိ မပေါ်လာ ရသေးတာလဲ”
ထိုအမျိုးသမီးမှာ လီဟန် ဓားနန်းတော်မှ ဖန်းရှောင် ဖြစ်သည်။ သူမသည် ရီဖူရှင်း ကျူထန်းကိုးလွှာသို့ တက်စဉ်က တွေ့ခဲ့သည့် လီဟန် ဓားနန်းတော်မှ မိန်းကလေး ဖြစ်၏။ သူမဘေးတွင် မိုလီ ဖြစ်၏။
ရှန့်ထိုရှားက သူမ ဆိုလိုချက်ကို သိသည်။ အထက်ဘုံမှ တစ်ယောက်က ရီဖူရှင်းအကြောင်းကို သိနေသည်မှာ မယုံနိုင်စရာ ကောင်း၏။ ပြည်နယ်ကိုးခုမှ လူများကလည်း သူမအား ဝေခွဲမရစွာ ကြည့်ကြသည်။
အထက်ဘုံမှ လူတစ်ယောက်က ရီဖူရှင်းအား မည်သို့ သိနေရသနည်း။ ရှန့်ထိုရှားက ရှားရှင်းယွန်ကို ကြည့်လိုက်၏။ သူမ၏ အေးစက်စက် အမူအရာတွင် မည်သည့် ခံစားမှုမျှ ရှိမနေချေ။ ရုတ်တရက် သူမကို နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ရဲသော ဂုဏ်မောက်သည့် ကောင်စုတ်လေး၏ မျက်နှာကို သူ မြင်ယောင် မိလိုက်လေသည်။
နယ်မြေကိုးခုစလုံးမှ တော်ဝင် နယ်မြေများ၏ အဓိက ကိုယ်စားလှယ်များ အားလုံး ရောက်နေကြပြီ ဖြစ်သော်လည်း မြေရိုင်းပြည်နယ်မှ ကိုယ်စားလှယ်ကတော့ မရောက်လာသေးချေ။ ထို့အပြင် သူတို့သည် မြေရိုင်း ပြည်နယ်ထဲတွင် ဖြစ်နေသည်။ ယင်းက ရီဖူရှင်းဆိုသော လူသည် မည်မျှ ဟိတ်ဟန်ကြီးသောလူ ဖြစ်ကြောင်းကို ပြနေသည်။ ရီဖူရှင်းက နောက်ဆုံး အခေါက် တွေ့တုန်းကလည်း သူမကို မနှုတ်ဆက်ဘဲ သည်အတိုင်း ထွက်သွားခဲ့သည် မဟုတ်လော။
မြေရိုင်းပြည်နယ် အကြောင်း ဖန်းရှောင် ပြောပြသည်ကို အားလုံးက နှုတ်ဆိတ်လျက် နားထောင် နေကြ၏။ မြေရိုင်းပြည်နယ်၏ တော်ဝင်ကျဲ နန်းတော်မှ လူဆိုပါလား။ လူကျင့်ဝတ်ကို ထိုလူ ဘယ်တော့မှ နားလည်မည်နည်း။ သူသည် ရှားရှင်းယွန်ကိုပင် ငြင်းပယ်ခဲ့သည် မဟုတ်လော။
“အဲဒီခွေးကောင် ရီဖူရှင်း … သူက မင်းသမီးကိုတောင် ငြင်းရဲတယ်။ လူ့ကျင့်ဝတ်လည်း နားမလည်ဘူး။ ကျုပ် အခုချက်ချင်းပဲ လူလွှတ်ပြီး သူ့ကို သွားခေါ်ခိုင်း လိုက်မယ်”
ရှန့်ထိုရှားက အော်ပြောပြီး ဘေးမှလူကို စိတ်ဖြင့် တစ်စုံတစ်ခု ပြောဆိုလိုက်လေ၏။ ထို့နောက် သူသည် တော်ဝင်ကျဲ နန်းတော်သို့ ဦးတည်လျက် ထွက်သွား လေသည်။
ရှန့်ထိုရှားလည်း စိတ်မသက်မသာ ခံစားနေရသည်။ သူတို့ ယခုအချိန် မြေရိုင်းပြည်နယ်၌ ရှိနေခြင်းက ရီဖူရှင်းအတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်နေနိုင်သည်။ သူသည် မင်းသမီးကို တော်ဝင်ကျဲနန်းတော်သို့ လာရောက် လည်ပတ်ရန် ဖိတ်ကြား နိုင်သည်။ သူမ သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ အိမ်ရှင် တစ်ယောက် အနေဖြင့် မင်းသမီးကို နည်းမျိုးစုံနှင့် ချိတ်ဆက်နိုင်ခွင့် ရှိပေသည်။
“အဲဒီ ခွေးကောင်လေးမှာ လူတွေကို စော်ကားဖို့ နည်းမျိုးစုံ ရှိမှာပဲ။ မင်းသမီးက သူ့ကို သူမနောက်လိုက်ပြီး လေ့ကျင့်ဖို့ ခေါ်တာတောင် ငြင်းခဲ့တယ်။ မင်းသမီးက မြေရိုင်းပြည်နယ် အထိ လာခဲ့တော့လည်း သူက ထွက်တောင် မလာဘူး။ ငါတော့ … အဲဒီ ခွေးကောင်လေးကို ရိုက်သတ်ချင်နေပြီ...”
“ခင်ဗျားက ဘာလို့ အဲဒီလို လုပ်ရတာလဲ ရှန့်ထိုရှား...” ရှန့်ထိုကျိက လှောင်ပြောင်သလို ပြောလိုက်သည်... “သူက ကျိရှမ်းကမ်းပါးကို ဖျက်ဆီးခဲ့တာပဲ။ ဒါက ရှီတန်ခိုးရှင်တွေ လုပ်ရဲတဲ့ ကိစ္စမဟုတ်ဘူး။ သူ့ကို ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ပြောလို့ ဘယ်အသုံးဝင်ပါ့မလဲ”
ခွန်ယိုနှင့် ရှန့်ထိုကျဲတို့နှစ်ဦးမှာ တစ်နေရာတွင် အေးစက်စက် အမူအရာများနှင့် ထိုင်နေကြ၏။ ရှန့်ထိုကျဲ၏ မျက်လုံးများမှာ အေးစက်နေပြီး ခွန်ယို၏ အမူအရာမှာလည်း ထိုနည်းတူ အေးစက် နေလေသည်။ ရီဖူရှင်းတစ်ယောက် ကျိရှမ်းကမ်းပါးကို အမြစ်ဖြတ် ရှင်းလင်းလိုက်သော သတင်းကို ကြားလိုက်ရစဉ်က သူ၏ သတ်ဖြတ် လိုစိတ်များမှာ အရိုးထဲမှ ဖြစ်ပေါ်လာခဲ့သည်။ အတိတ်တုန်းက မထင်မရှား ချာတိတ်လေးက ထိုမျှ သွေးအေး ရက်စက်စွာ လုပ်ဆောင်ရဲသည်။
“တော်ဝင်ကျဲ နန်းတော်ဟာ တော်ဝင်စစ်ပွဲနဲ့ ရင်ဆိုင် နေရတာတောင်မှ ကျိရှမ်းကမ်းပါးက တစ်ဖက်နဲ့ ပူးပေါင်းဖို့ ကြိုးစားနေတာပဲ။ တော်ဝင်ကျဲ နန်းတော်က ဘာမှမလုပ်ဘဲ ဒီအတိုင်း လက်ပိုက် ထွက်သွားဖို့ ခင်ဗျားက ပြောချင်နေတာလား”... လစန္ဒာရှန့်ထိုက တည်ငြိမ်စွာ ပြောလိုက်၏။
ရှန့်ထိုကျိက လစန္ဒာရှန့်ထိုအား စူးရှသော မျက်ဝန်းအစုံဖြင့် ပြန်ကြည့်ကာ အဖြေ ပြန်ပေးလိုက်သည်... “ကျုပ် ကြားတာတော့ တော်ဝင်ကျဲ နန်းတော်ရဲ့ ကိုယ်လုပ်တော် အဖြစ် မင်းတို့ကလန်က မိန်းကလေး တစ်ယောက်ကို စေလွှတ်ခဲ့တယ်ဆို။ ကြည့်ရတာ ခင်ဗျားက အတော် ရက်ရောတဲ့လူပဲ။ ဒါပေမဲ့ သူကိုယ်တိုင်က လက်မခံနိုင်သေးဘူးနဲ့ တူတယ်”
ရှန့်ထိုကျိသည် ရှန့်ထို အဆင့်ငါးရှိသူ ဖြစ်သည်။ ထို့ကြောင့် သူက တခြားလူများ၏ ခံစားချက်ကို ဂရုမစိုက်တတ်ပေ။ လစန္ဒာ ရှန့်ထိုအပေါ် ထိုသို့ ထိုးနှက် လိုက်သည် ကိုလည်း သူက မှားသည်ဟု မထင်ပေ။
လစန္ဒာရှန့်ထို၏ မျက်နှာမှာ အေးခဲ သွားလေသည်။ ရှန့်ထိုကျိက လစန္ဒာရှန့်ထိုကို စကားဖြင့် ထိုးနှက်ရန်သာမက ယွီကလန်နှင့် ရီဖူရှင်းတို့၏ ဆက်ဆံရေး ပျက်ပြား သွားအောင်လည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်ခဲ့ပုံ ရလေသည်။
“နန်းတော်သခင် ရီက လက်ထပ်ပြီးသွားတဲ့ လူတစ်ယောက်။ ဒါကြောင့် ယွီကလန်ရဲ့ သမီးတော် တစ်ပါးဆိုတဲ့ အဆင့်အတန်း ကိုတောင် သူက ငြင်းလိုက်တာ ဖြစ်မယ်။ စကားမစပ် နန်းတော်သခင်ရီနဲ့ သူ့ဇနီးတို့ဟာ မိုးကောင်းကင်က နတ်ဖက်တဲ့ စုံတွဲတွေလို လိုက်ဖက်ညီတဲ့ ကျုပ်ကြားတယ်။ သူ့ဇနီးကို တကယ် သစ္စာရှိတာ ကြောင့်လည်း ဖြစ်မှာပါ...”
မှန်နန်းတော် ရှန့်ထိုသခင်မက အရွှန်းဝင်ဖောက် လိုက်သည်။
သူမ၏အပြုံးမှာ နှစ်လိုဖွယ် ကောင်းလွန်းရကား ကျောက်ပြည်ထောင် ဘုရင်မှာ ငေးမော ကြည့်မိသည် အထိပင်။
ရှန့်ထိုကျိ၏ မျက်နှာမှာ အေးစက် နေဆဲပင်။ မှန်နန်းတော် သခင်မ၏ စွဲမက်ဖွယ် ကောင်းသော အလှနှင့် ပတ်သက်၍ သူ့တွင် ခံစားချက် နည်းနည်းလေးမျှ မရှိချေ။ သူက မှန်နန်းတော် သခင်မကို သတိပေးခဲ့သော်လည်း သည်မိန်းမသည် သူ့စကားကို နည်းနည်းလေးမှ အာရုံစိုက်ခဲ့ပုံ မရချေ။ ထိုအစား ရီဖူရှင်းနှင့်သာ ပိုနီးကပ် သွားလေ၏။
သူတို့ ပြောစကားများကို နားထောင်ရင်း ဖန်းရှောင်နှင့် အထက်ဘုံမှ တခြားလူများက ကျူထန်းနန်းတော်၌ မယုံနိုင်လောက်အောင် မာနထောင်လွှားခဲ့သော ရီဖူရှင်း အကြောင်းကို ပြန်စဉ်းစား မိလိုက်ကြသည်။ ရီဖူရှင်းဆိုသော လူသည် အရာအားလုံးထက် သူ့ကိုယ်သူ သာသည်ဟု မှတ်ယူထားသည် ဖြစ်သည်။ သူသည် အဆင့်မြင့် မိုရှီတစ်ယောက်သာ ဖြစ်သည်။ သို့သော် ရှန့်ထိုများကပင် သူ့ကို ချီးမွမ်းကြသည်။ ထို့ကြောင့် ပြည်နယ်ကိုးခုတွင် နာမည် ကျော်ကြားလာပြီး ပြည်နယ်ကိုးခု၏ ပြိုင်စံရှား ပုဂ္ဂိုလ်တစ်ပါး အဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားခြင်း ဖြစ်ပေလိမ့်မည်။
“ကျွန်မ ကြားတာတော့ မြေရိုင်းပြည်နယ်က ရီဖူရှင်းဟာ ပြည်နယ်ကိုးခုမှ ပြိုင်စံရှားဆိုပဲ။ ပြည်နယ်ကိုးခုမှာ တော်ဝင်မြေ အမြောက်အများ ရှိသလို မင်းသမီး လက်အောက်မှာ လေ့ကျင့်ပြီး ကောင်းကင် အရွေးချယ်ခံတွေ အဖြစ် မှတ်တမ်း ဝင်သူတွေလည်း ရှိတယ်။ သူနဲ့ခေတ်ပြိုင် လူငယ်တွေဟာ သူ့ကို မနိုင်ကြဘူးဆိုတာ ဟုတ်သလား” ဖန်းရှောင်က မေးလိုက်၏။
ကောင်းကင် ရွေးချယ်ခံဟု မှတ်တမ်း ဝင်ထားသူများ အားလုံး ဤနေရာသို့ ရောက်နေ ကြလေသည်။
“ပြည်နယ်ကိုးခုမှာ ပြိုင်စံရှား ဟုတ်လား” လှောင်ပြောင်သလို လေသံမျိုးနှင့် တစ်ယောက်က ပြောလိုက်၏။
မိန်းမချောလေး တစ်ဦးကလည်း ထပ်ပြောလိုက် ပြန်သည်... “ကျွန်မ ယောက်ျားက သူ့ကို အနိုင် တိုက်ခဲ့တာပဲ”
ဖန်းရှောင်က အသံရှင် မိန်းမချောလေးကို လှည့်ကြည့် လိုက်သည်။ အသံရှင်မှာ ကျောက်မဟာ ပြည်ထောင်၏ မင်းသမီး ကျောက်စီရီ ဖြစ်လေသည်။ သူမသည် လျူကျောင်း၏ ဇနီးမယားလည်း ဖြစ်၏။ လျူကျောင်းမှာ ကျောက်စီရီ၏ ဘေးတွင် ထိုင်နေလေသည်။
စားသောက်ဆိုင် အောက်ထပ်မှ အဆင့်နိမ့်လူများက စကားဝိုင်းကို စိတ်ဝင်တစား ကြည့်နေကြသည်။ အပေါ်ထပ်မှ ဘယ်သူမှ အသံကိုလျှော့၍ မပြောကြပေ။ ကျုံးကျိုးမြို့မှ လူတိုင်းက ရီဖူရှင်းအကြောင်း ဆွေးနွေး နေကြသည်ကို အတိုင်းသား ကြားနေ ရလေသည်။ သူတို့ မြေရိုင်းနယ်မြေ၏ ခေါင်းဆောင် အကြောင်းကို အထက်ဘုံနှင့် အောက်ဘုံမှ လူများက ဂရုတစိုက်နှင့် ဆွေးနွေး ငြင်းခုံ နေကြလိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ခဲ့ကြချေ။ အထူးသဖြင့် ရှန့်ထိုများထံမှ ဖြစ်သည်။ ထိုဖြစ်ရပ်ကပင် ဂုဏ်သရေတစ်မျိုး ဖြစ်၏။ ထို့ကြောင့် မည်သည့် သာမန်လူမျှ စကားဝိုင်းထဲ ဝင်မပြောရဲဘဲ နားစွင့်နေကြခြင်း ဖြစ်သည်။
လျူကျောင်းက တော်ဝင်ကျဲ နန်းတော်သခင်ကို အနိုင်တိုက်ခဲ့သည် ဟူသော ကျောက်စီရာ၏ စကားကို ကျုံးကျိုးမြို့သားများက မယုံကြပေ။ ရှီဟွာတောင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ အကြောင်းကို သူတို့က သိပ်မသိကြ သော်လည်း လုံးဝ မသိကြသည်တော့ မဟုတ်ပေ။ ထိုတိုက်ပွဲတွင် လျူကျောင်းက ရီဖူရှင်းကို တကယ် နိုင်ခဲ့လေသလော။
“အဲဒီလိုလား”
ဖန်းရှောင်က ကျောက်စီရာ၏ ဂုဏ်ယူဝံ့ကြွားနေသော မျက်လုံများကို ကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး ကျောက်စီရာဘေးနားမှ လျူကျောင်းကို ကြည့်လိုက်ပြန်သည်။ လျူကျောင်းကလည်း ပြန်ကြည့်လိုက်ရာ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြ၏။ အထက်ဘုံမှ ဖန်းရှောင်သည် သူ့ဇနီးထက် ကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါအား ပိုင်ဆိုင်သည်။ သူကိုယ်တိုင်လည်း ဖန်းရှောင်နှင့် ရီဖူရှင်းတို့ ဘယ်လို သိကျွမ်းခဲ့ကြ သနည်းဟု အံ့ဩနေမိသည်။ အထက်ဘုံမှ လူများပင် ရီဖူရှင်း အကြောင်းကို သိနေကြပြီလော။
“ရှီဟွာမဟာ တောင်တန်းက တိုက်ပွဲဟာ မိတ်ဖြစ်ဆွေဖြစ် တိုက်ခိုက်တဲ့ တိုက်ပွဲပါပဲ။ နိုင်တာ၊ ရှုံးတာက ဘာမှ အရေးမပါပါဘူး” လျူကျောင်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ပြုံးရင်း ဖန်းရှောင်ကို ခေါင်းညိတ် ပြလိုက်သည်။
ဖန်းရှောင်က လျူကျောင်းကို ကြည့်ကာ ပြောလိုက်ပြန်သည်... “ကောင်းပြီလေ … ဒါကပဲ တိုက်ပွဲမှာ ရှင် အသာစီး ရခဲ့တယ်လို့ ဆိုလိုရာ ရောက်တာပဲ။ သူ့ခေတ်ပြိုင် လူငယ်တွေထဲက တစ်ယောက်ယောက်များ သူ့ကို အနိုင် တိုက်နိုင်ခဲ့ရင် သူ့ကို မိတ်ဆက်ပေးပြီး အင်ပါယာ ရှားနယ်မြေက နံပါတ်တစ် ဓားပညာကို ပိုင်ဆိုင်တဲ့ လီဟန်နန်းတော်မှာ လေ့ကျင့်နိုင်ဖို့ ထောက်ခံပေးမယ်”
ကျူးထန်ကောင်းကင် ကိုးလွှာအထိ တောက်လျှောက် တက်လှမ်း လာနိုင်ပြီး သူမ၏ ဂိုဏ်းတူမောင်လေး ပေ့ချိန်ရန်ကို အနိုင် တိုက်နိုင်ခဲ့သူအား တစ်စုံတစ်ယောက်က အနိုင်တိုက်ခဲ့သည် ဆိုလျှင် ထိုသူ့ကို လီဟန်ကောင်းကင်တွင် စာရင်း သွင်းပေးဖို့ ဆိုသည်မှာ သိပ်စဉ်းစားစရာ မလိုသော ကိစ္စ ဖြစ်လေသည်။
အားလုံး မှင်တက် သွားကြလေသည်။ အင်ပါယာရှား နယ်မြေမှ နံပါတ်တစ် ဓားနန်းတော် ဆိုပါလား။ ရီဖူရှင်း၏ အစွမ်းကို ထိုအမျိုးသမီး ဘာကြောင့် ဒီလောက် ယုံကြည်နေရမှန်း သူတို့အားလုံး သိချင် သွားကြလေသည်။ အဘယ်ကြောင့် သူမက ထိုသို့ ဆုံးဖြတ် လိုက်ရသနည်း။ သူမက ရီဖူရှင်း၏ တိုက်ပွဲများကို အမှန်တကယ် မျက်မြင် ကြုံဖူးသလော။ အထက်ဘုံမှ လူများနှင့်စာလျှင် ရှန့်ထိုရှားနှင့် မှန်နန်းတော် သခင်မတို့သာ ထိုအကြောင်းများကို သိကြလေသည်။
စားသောက်ဆိုင် အောက်ထပ်မှ လူများမှာ ထိုအကြောင်းများကို ကြားပြီး စိတ်ပျက် သွားကြသေလည်။ သို့သော် ရီဖူရှင်း၏ အောင်မြင်မှုများကို စဉ်းစား မိလိုက်သည်နှင့် စိတ်ပျက်နေသော အတွေးများကို ဖယ်ဖျောက် လိုက်ကြ၏။ ရီဖူရှင်းသည် သူ့နာမည် ဂုဏ်သတင်းနှင့် အညီ နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်၌ ပြည်နယ်ကိုးခုစလုံး အတွက် ဒဏ္ဍာရီ သူရဲကောင်းသဖွယ် ဖြစ်နေလေပြီ။ ရီဖူရှင်းသည် မည်သည့်နည်းနှင့်မျှ စွမ်းအား နိမ့်ကျလိမ့်မည် မဟုတ်ပေ။
အပေါ်ထပ်မှ လူများသည် ထိုအကြောင်းကို ဆက်ဆွေးနွေး နေကြပြန်၏။ များမကြာမီ အဖွဲ့တစ်ဖွဲ့ ဝင်လာလေသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ အလွန် ယုံကြည်ချက် မြင့်မားဟန် ရှိလေသည်။ သူ့ထံသို့ အားလုံး၏ အာရုံများ ချက်ချင်း ကျရောက် လာလေသည်။ သူသည် ပြည်နယ်ကိုးခုမှ ရှန့်ထိုများကိုပင် လွှမ်းမိုး ထားနိုင်အောင် ကျော်ကြားလှသော စကားဝိုင်းမှ လူငယ်လေး ဖြစ်လေသည်။
ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်မှ သူ့လူများကို ခေါ်လာပြီး စားသောက်ဆိုင်သို့ ဝင်လာခဲ့လေသည်။ ပြီးလျှင် ရှားရှင်းယွန် ရှိရာသို့ လျှောက်သွားပြီး လက်ကို ဆုပ်ကာ “မြေရိုင်းနယ်မြေက တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းက မင်းသမီးကို နှုတ်ခွန်း ဆက်ပါတယ်”
ရှားရှင်းယွန် ကိုယ်တိုင် မြေရိုင်းပြည်နယ်သို့ လာရောက်ခြင်း ဖြစ်၍ နန်းတော် သခင်တစ်ပါး အနေဖြင့် သွားရောက် နှုတ်ဆက်ရန် လိုပေသည်။ ရှန့်ထိုရှားက သူ့ကို လူလွှတ်ခေါ်ခိုင်း လိုက်သော်လည်း ရှန့်ထိုရှားကြောင့် သူ ရောက်လာသည်တော့ မဟုတ်ပေ။
ဘေးမှ ထိုင်ကြည့်နေသော ရှန့်ထိုရှားမှာ သူ့ကို ဂရုမစိုက်သလို ထီမထင်သည့် မျက်နှာပေးနှင့် လူငယ်လေးကို သေအောင် ရိုက်ချင်နေမိလေပြီ။
***