← Chapters

နှလုံးသားလိုအင်ဆန္ဒ နန်းတော်

Vol. 90 Ch. 1248

နှလုံးသားလိုအင်ဆန္ဒ နန်းတော်

Vol. 90 Ch. 1248

ဝမ်ဝေ့က သူ့စိတ်ထဲမှ ထိုကြောက်မက်ဖွယ်အတွေးများကို အသက်ပြင်းပြင်းရှူကာ ဖယ်ရှားလိုက်သည်။ ထို့နောက် လက်ရှိအခြေအနေကိုသာ အာရုံစိုက်ထားလိုက်၏။

“ခင်ဗျားရဲ့ လွတ်လပ်ခွင့်ကိုတော့ ကတိမပေးနိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားအတွက် လွယ်ကူအောင် လုပ်ပေးနိုင်တယ်။ အကျဉ်းချတာတွေ နှိပ်စက်ခံရတာတွေမရှိဘဲနဲ့ ဒီအတိုင်း ဖမ်းဆီးခံတစ်ယောက်ပဲ”

“အဲဒါက မလုံလောက်သေးဘူး” နှလုံးသားနက်က ပြန်ဖြေလိုက်သည်။

“နောက်ကို လက်ခံရင်လက်ခံ၊ လက်မခံရင်လည်း ထားလိုက်တော့” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါဆို ထားလိုက်မယ်” နှလုံးသားနက်က တုံ့ဆိုင်းမှုမရှိ ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က သူ့အား စိုက်ကြည့်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။

“ခင်ဗျားက သေခြင်းတရားကို မဟုတ်ဘဲနဲ့ လွတ်လပ်ခွင့်ကို ဘာလို့များ စိတ်ပူနေရတာတုန်း”

သူက ထိုအမျိုးသား၏ မျက်နှာအထက် သေဆုံးမှုအပေါ် အကြောက်တရားကို မတွေ့ရသည့်အတွက် အနည်းငယ်ထူးဆန်းနေသည်။

“အမှန်အတိုင်း သိပြီးတဲ့နောက်မှာ ငါ့ကို မသတ်ရဲဘူးဆိုတာ သိတယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ ထိုသူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သူက ထိုစကားနောက်ကွယ်မှ ပြတ်သားမှုကို မြင်လိုက်ရ၏။

“ခင်ဗျားက ဒီလိုစကားတွေကို ယုံကြည်ချက်ရှိရှိပြောတာကိုတော့ သဘောမကျဘူး”

နှလုံးသားနက်က အေးစက်စက် သရော်လိုက်သည်။

“ဒီလိုဆိုရင် ဘာမှမမေးဘဲနဲ့ ခင်ဗျားကို သတ်လိုက်ရုံပဲ။ အဲဒီနောက်ကျမှ ပြဿနာကို စဉ်းစားမယ်။ အကြောင်းပြချက်တစ်ခုအနေနဲ့တော့ အသုံးပြုလို့  ရတာပဲ” ဝမ်ဝေ့က မတ်တတ်ရပ်ရင်း ပြောလိုက်၏။ သူက ညာဖက်လက်ဖြင့် လက်ညှိုးထိုးလိုက်သည့်အချိန် မရဏစွမ်းအားများ ပြည့်နှက်နေသည့် စွမ်းအားအသွင် ပြောင်းလဲသွားသည်။

“ခဏနေဦး” နှလုံးသားနက်က ရုတ်တရက် အော်ပြောလိုက်သည်။ သူက ဝမ်ဝေ့သည် အမှန်အတိုင်း ပြောနေကြောင်း သဘောပေါက်သွားလေ၏။

“ငါတို့တွေ ညှိနှိုင်းလို့ရပါတယ်”

သို့သော်လည်း ဝမ်ဝေ့က သူ့စကားကို နားမထောင်ဘဲ မရဏစွမ်းအားဖြင့် ပစ်ခတ်ဖို့ ပြင်ဆင်လိုက်သည်။

“ငါက နှလုံးသားလိုအင်ဆန္ဒ နန်းတော်ကပဲ” နှလုံးသားနက်က အော်ပြောလိုက်၍ ဝမ်ဝေ့က ရပ်တန့်လိုက်သည်။

“သူတို့လား” မုန့်ခယ်က ရုတ်တရက် မှတ်ချက်ပေးလိုက်သည်။

“ကြားဖူးတယ်လား” ဝမ်ဝေ့က မေးလိုက်သည်။

“တစ်ခါတည်းပါ” မုန့်ခယ်က ပြန်ဖြေလိုက်သည်။

“ဂိုဏ်းအကြီးတွေက အဲဒီလူတွေနဲ့ ရန်ကြွေး မရှိအောင်နေဖို့ သတိပေးထားတယ်လေ။ မေးခွန်းတွေ ထပ်ပြီးတော့ မေးဖို့ ကြိုးစားပေမဲ့ ဘယ်သူကမှ ကောင်းကောင်း မပြောခဲ့ဘူး။ ကျုပ် ပိုပြီးအားကောင်းလာတဲ့အချိန်ကျရင် သိလာလိမ့်မယ်လို့ ပြောတာ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူ့အခြေအနေကလည်း မုန့်ခယ်နှင့် တူညီ၏။ သူ့ဇနီး ချန်ထားခဲ့သည့် စာအုပ်ထဲတွင် သူ့အား အင်အားစုနှစ်ခုနှင့် မရှုပ်ထွေးသင့်ကြောင်း သတိပေးထားလေ၏။ တစ်ခုက နှလုံးသားစိတ်ဆန္ဒ နန်းတော်ဖြစ်လေသည်။ အတိအကျပြောရမည်ဆိုလျှင် ထိုနန်းတော် နောက်ကွယ်တွင်ရှိသည့် ကျိမိသားစု ဖြစ်၏။ သူက သူမ၏ သတိပေးချက်ကို အမှတ်ရနေသည်မှာ သူမက သူ အဆုံးစွန်မဲ့စံပြတစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင်ပင် ထိုအရာက အကျုံးဝင်နေဆဲဖြစ်ကြောင်း ပြောထား၍ ဖြစ်သည်။

“ပြော” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။

“နှလုံးသားလိုအင်ဆန္ဒ နန်းတော်ဆိုတာက ကမ္ဘာဦးဟွင်သွမ်းထဲက ကမ္ဘာများစွာမှာ ဖြန့်ကျက်ထားတဲ့ အင်အားစုတစ်ခုပဲ” နှလုံးသားနက်က ပြောလိုက်သည်။

“အဖွဲ့ဝင်တွေက စိတ်ခံစားချက်နဲ့ အစွဲအလန်းပြင်းထန်တဲ့သူတွေကို လိုက်ရှာပြီးတော့ အပေးအယူလုပ်ပြီး သူတို့ရဲ့ ဝိညာဉ်ကို ရယူနိုင်တယ်လေ။ ကျန့်ချောင်းက ဖောက်သည်တစ်ယောက်ပဲ။ ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံး ငါ့ဖောက်သည်ပေါ့”

ဝမ်ဝေ့က စဉ်းစားလိုက်သည်။ အားကောင်းသည့် စိတ်ခံစားချက်နှင့် အစွဲအလန်းများက စကြဝဠာကြီး၏ အားအကောင်းဆုံး စွမ်းအားတစ်ခု ဖြစ်ပေသည်။ ထိုအရာက စည်းမျဉ်းများကို ချိုးဖောက်ပြီး လျှို့ဝှက်ဆန်းကြယ်မှုကို ဖြစ်စေနိုင်စွမ်းရှိသည်။ နှလုံးသားလိုအင်ဆန္ဒ နန်းဆောင် သို့မဟုတ် ကျိမိသားစုက ထိုစွမ်းအားကို အမြောက်အများစုဆောင်းနေသည်မှာ သတိထားမိဖို့ ကောင်းသည်။

“သူ့ကို ဘယ်လိုဆက်သွယ်ခဲ့တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“အဖွဲ့ဝင်အားလုံးက ဖောက်သည်တွေကို အာရုံခံနိုင်တဲ့ လိုအင်ဆန္ဒမြေပုံဆိုတာ ရှိတယ်” နှလုံးသားနက်က တုံ့ပြန်လိုက်သည်။

“သူက လိုအပ်ချက်နဲ့ ပြည့်မှီတယ်ဆိုတာကို အာရုံခံမိတဲ့နောက်မှာ သူ့ဆီ ဆင့်ခေါ်ရေး အခမ်းအနားကို ပို့လိုက်တာ။ အစစ်အမှန် ကောင်းကင်တာအိုဆီက အတားအဆီး အနှောင့်အယှက်တွေ မရှိဘူးလေ”

အဲဒါဆိုတော့ ဒါက သူ့ကို ဒီအတိုင်းပဲ လျစ်လျူရှုထားလိုက်တာလား။ ဘာကြောင့်လဲ…

ဝမ်ဝေ့က အကြောင်းအရင်းတချို့ တွေးမိသွားသော်လည်း မည်သည်ကိုမှ သဘောမကျပေ။

“ခဏနေပါဦး။ အဲဒါဆိုရင် ဒိုင်မေးရှင်းအနိမ့်မှာတွေ့ခဲ့တာက ခင်ဗျားရဲ့ ပုံရိပ်လား ဒါမှမဟုတ်ဘူးဆိုရင် ခင်ဗျားရဲ့ တကယ့်ခန္ဓာလား”

“အဲဒါ ငါပါပဲ”

“ဒါပေါ့” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက အတွေးများစုစည်းလျက် ထိုဖြေရှင်းချက်ကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အကျဉ်းသားကို အာရုံစိုက်ထားလိုက်၏။

“အဓိပ္ပာယ်မရှိတဲ့ ကိစ္စတချို့တော့ ကျန်နေတုန်းပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျားရဲ့ နန်းဆောင်က အားကောင်းတဲ့ နန်းဆောင်ဆိုရင် ဘာလို့ မုန့်ခယ်ဆီကနေ ထွက်မပြေးရတာလဲ။ ဒီနေရာဆီကနေ ဘာလို့ ထွက်မပြေးရတာလဲ။ ပိုပြီးအရေးကြီးတာက ဧကရီဝူရဲ့ နာမည်က ခင်ဗျားကို ဘာလို့ ကြောက်ရွံ့သွားစေတာလဲ”

“ငါက လိုအင်ဆန္ဒမြေပုံကို ရကာစဆိုတော့ အနိမ့်ဆုံးအဆင့်ပဲ ရှိသေးတယ်။ အဲဒါကြောင့် မင်း ငါ့ကို ဖမ်းမိသွားတာပဲ” နှလုံးသားနက်က  အလျင်အမြန် ရှင်းပြလိုက်သည်။

“မင်းရဲ့ ဒုတိယမေးခွန်းအတွက်ကတော့ နန်းဆောင်ရဲ့ ဆောင်ပုဒ်က ပြဿနာကို မကြောက်ပေမဲ့ ပြဿနာကို လိုက်မရှာဘူး။ ဧကရီဝူလိုလူမျိုးကို ရန်စမိရင် ငါပဲ တာဝန်ခံရမှာပေါ့”

ဝမ်ဝေ့က နှလုံးသားနက်၏ ဖြေရှင်းချက်မှ ကိစ္စနှစ်ခုကို သင်ယူခဲ့ရသည်။ နှလုံးသားလိုအင်ဆန္ဒနန်းတော်က ဝါစဉ်အလိုက် စီမံခန့်ခွဲထားသည့်နေရာတစ်ခုဖြစ်ပြီး အတော်လေး တင်းကြပ်လှသည်။ ဒုတိယအနေဖြင့် ထိုအမျိုးသားက အမှန်အတိုင်း ပြောနေတာ မဟုတ်ပေ။

“အမှောင်မျက်လုံးမျိုးနွယ်က နန်းတော်ထဲကို ဝင်ရောက်ခဲ့တာလား။ သူတို့က မိစ္ဆာမျိုးနွယ်က ခွဲထွက်ပြီးတဲ့နောက်မှာ ဘာလို့ အကျိုးဆက်မခံစားရတာလဲ”

“နောက်ဆုံးတော့ မင်း ဘယ်လိုစွမ်းအားမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာ နားလည်သွားပြီလား” နှလုံးသားနက်က သရော်လိုက်သည်။

“ငါ့ကို သတ်လို့ရတယ်။ ဒါပေမဲ့ အကျိုးဆက်ကို ထည့်စဉ်းစား”

“သေဆုံးမှုကပဲ အဆိုးဆုံးတွေ့ကြုံနိုင်တဲ့ ကံကြမ္မာလိုမျိုး ဘာလို့ ပြောနေရတာလဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်လည်ချေပလိုက်သည်။ ထို့နောက် သူက သူ့ကံကြမ္မာနန်းဆောင် ၁၁ခုကို ထုတ်ဖော်ကာ ကြောက်မက်ဖွယ် စည်းတံဆိပ်ကို ထုတ်လွှတ်ပြီး နှလုံးသားနက်အား အဆိုးဆုံးကံကြမ္မာကို တွေ့ကြုံခံစားရနိုင်သည့် ကမ္ဘာတစ်ခုအတွင်း ပိတ်လှောင်ထားလိုက်သည်။

ဝမ်ဝေ့နှင့် မုန့်ခယ်က အကျဉ်းထောင်မှ ထွက်လာလိုက်၏။

“သူ့ကို ဘာလုပ်မှာလဲ။ သူက အပြောင်းအလဲတစ်ခုလိုပဲ” မုန့်ခယ်က မေးလိုက်သည်။

“သူ့ကို သတ်ပစ်ချင်တယ်။ ဒါပေမဲ့ နောက်ဆက်တွဲပြဿနာ မရှိအောင်တော့ လုပ်ရမယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။ သူက သူ့နေရာဆီ ပြန်လာပြီးသည့်နောက်တွင် သူ့ဘိုးဘေးနှင့် ဆက်သွယ်ဖို့ အဆောင်တစ်ခုကို အသုံးပြုလိုက်သည်။

“အိုး မင်းက ငါ့ကို ဒီလောက်မြန်မြန် ဆက်သွယ်လာတယ်လား။ တစ်ခုခုလိုချင်နေတာပဲ ဖြစ်ရမယ်” ယန်းအိုက်က ပြောလိုက်သည်။

“ဘိုးဘေး ဘိုးဘေးရဲ့ တည်ရှိမှုနဲ့ ချီးမြှောက်ပေးလို့ရမလား” ဝမ်ဝေ့က မျက်နှာပူခြင်း မရှိဘဲ ပြောလိုက်သည်။

“ငါက အလုပ်များတယ်။ အဲဒါကြောင့် တဲ့တိုးပဲပြော” ယန်းအိုက်က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။

“နှလုံးသားလိုအင်ဆန္ဒနန်းဆောင်က သူတစ်ယောက်နဲ့ တွေ့ခဲ့တယ်”

ယန်းအိုက်၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားလေ၏။

“သူ့ကို သတ်ခဲ့တာလား။ မင်းက မှားယွင်းနေတာလား”

“မဟုတ်ပါဘူး”

“အဖြစ်အပျက်ကိုပြော။ အသေးစိတ်အချက်အလက်ကအစ ချန်မထားနဲ့” သူမက အလျင်အမြန် မေးလိုက်၍ ဝမ်ဝေ့က တစ်ခု သတိထားမိလိုက်သည်။ ထို့ကြောင့် သူက အခြေအနေအားလုံးကို အသေးစိတ်ရှင်းပြလိုက်၏။

“အဆင့်နိမ့်မြေပုံရှိတဲ့ ကောင်းကင်ဘုံအရှင်လား။ မင်း သူ့ကို သတ်လိုက်လည်း ကိစ္စမရှိပါဘူး။ သူတို့က ငါတို့ဂိုဏ်းကို မျက်နှာသာတော့ ပေးရဦးမှာပဲ”

“ဘိုးဘေးရဲ့ လေသံက ကောင်းကင်ဘုံအဆင့်က သူတို့အတွက် အသုံးမဝင်ဘူးလို့ ပြောနေတဲ့ပုံပဲ”

“ကျိမိသားစုက နန်းတော်အတွင်းအဖွဲ့ဝင်တွေကို တန်ဖိုးထားတယ်။ သူတို့ရဲ့ လူခေါ်တဲ့ ဖြစ်စဉ်က စိတ်ခံစားချက်၊ လိုအင်ဆန္ဒနဲ့ ဝိညာဉ်နဲ့ ရင်းနှီးမှုလောက် ကျင့်ကြံဆင့်ကို တန်ဖိုးမထားကြဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

“အဲဒါဆိုတော့ ကျုပ် နှလုံးသားနက်ကို သတ်လို့ရတယ်လား”

“ဟုတ်တယ်။ ဒါပေမဲ့ သိပ်တော့ အကြံမပေးဘူးပေါ့” ယန်းအိုက်က ရှင်းပြလိုက်သည်။

“နန်းဆောင်က ကြားနေအတိုင်း နေတာ။ ဒါပေမဲ့ သူတို့က သူတို့အဖွဲ့ဝင်တွေကိုတော့ ကာကွယ်ပေးကြတယ်။ မင်း သူ့ကို သတ်လိုက်မယ်ဆိုရင် တစ်စုံတစ်ယောက်က လာပြီး စုံစမ်းလိမ့်မယ်။ နှလုံးသားနက်ရဲ့ အဆင့်နိမ့်တာရယ် မင်းရဲ့အမှား မဟုတ်တာရယ်ကြောင့် သူတို့က မင်းကို ပြဿနာရှာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ကမ္ဘာရဲ့ လက်ရှိအခြေအနေကို မင်းလည်း သိပါတယ်။ အဲဒီလူတွေက ဝင်ရောက်စွက်ဖက်မယ်ဆိုရင်၊ တိုက်ရိုက် မဟုတ်ဘူးဆိုရင်တောင် ကိစ္စတွေက ပိုပြီးရှုပ်ထွေးသွားလိမ့်မယ်”

“ဘိုးဘေး ပြောတာ ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့ ကျွန်တော် စိတ်ရှုပ်ထွေးနေမိတာ။ နှလုံးသားလိုအင်ဆန္ဒနန်းဆောင် မဟုတ်သေးဘူး ကျိမိသားစုက ဘာလို့ အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ”

ဝမ်ဝေ့က သူ့ကို ကြည့်လာကာ ပြောလိုက်သည်။

“ကောင်လေး မင်းက မင်းရဲ့ အဆင့်ထက်ပိုပြီးတော့ ဉာဏ်ကြီးတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ အများကြီး မသိချင်နဲ့။ အခု မင်းမှာ လုပ်စရာတွေ အများကြီးရှိတယ်။ မလိုလားအပ်တဲ့ ဖိအားတွေကို ထည့်ပေါင်းနေဖို့ မလိုဘူး။ မင်း အခုသိဖို့ လိုတာက အဲဒီလူတွေနဲ့ ဝေးဝေးနေဖို့ပဲ။ သူတို့နဲ့ ရင်ဆိုင်တဲ့အခါမှာ ရန်မစမိစေနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နဲ့ အဆက်အသွယ် မလုပ်နဲ့။ နားလည်လား”

ဝမ်ဝေ့က သူမသည် ဆက်မပြောလိုကြောင်း သဘောပေါက်လိုက်သည်။

“နားလည်ပါပြီ”

“ကောင်းပြီ” ယန်းအိုက်က ခေါင်းညိတ်လိုက်၏။

“ရှုကျင်းယောင်ရဲ့ အခမ်းအနားမှာ ငါ့ရဲ့ အနာဂတ်ချွေးမလောင်းလေးနဲ့ တွေ့ဖို့ ပြင်ဆင်ပြီးသွားပြီလား။ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဉာဏ်လိုသေးလား”

တစ်သက်လုံး အပျိုကြီးလုပ်လာတဲ့သူဆီကနေ အကြံဉာဏ်တောင်းရမှာလား…

ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်မိသည်။

ယန်းအိုက်၏ အကြည့်များက ရုတ်ချည်းပြောင်းလဲသွားလေ၏။

“မင်း စောစောလေးက မကောင်းတာ တွေးလိုက်တယ်မလား ကောင်လေး အတွေးတစ်ချက်နဲ့ ငါ့ဓားက မင်းဆီ မရောက်နိုင်ဘူးလို့များ ထင်နေလား”

“ဘိုးဘေးက ကျွန်တော်ရဲ့ အကျင့်စရိုက်ကို စွပ်စွဲနေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“သင့်တော်တဲ့ အကြံဉာဏ်တောင်းမလို့ စဉ်းစားနေတာပါ”

ယန်းအိုက်က အေးစက်စက် သရော်လိုက်သည်။

“မင်းက အခိုက်အတန့်နဲ့ လွဲချော်သွားပြီ။ ဘာပဲဖြစ်ဖြစ် သူမနဲ့ သွားမရှုပ်တာ ကောင်းလိမ့်မယ်။ ငါ သူမကို တစ်သက်လုံး ဝါစဉ်စီနီယာအရ လွှမ်းမိုးဖို့ ပြင်ဆင်ပြီးသား။ အဲဒီအစီအစဉ်ကို ပျက်စီးအောင်သာ မလုပ်နဲ့”

“ဟုတ်ကဲ့ပါ”

“ဘာမှမလုပ်တာ ကောင်းလိမ့်မယ်” ယန်းအိုက်က ဆက်သွယ်ရေးကို အဆုံးသတ်လိုက်စဉ် ဝမ်ဝေ့တစ်ယောက်တည်းသာ ချန်ထားခဲ့သည်။

“ဒီလက်ထပ်ပွဲက ကျွန်တော်အတွက်လား။ ဘိုးဘေးအတွက်လားဗျာ”

သူက ညည်းတွားလိုက်သည်။ သူက သက်ပြင်းချပြီးသည့်နောက်တွင် လက်ရှိကိုသာ အာရုံစိုက်ထားလိုက်၏။ သူက နှလုံးသားလိုအင်ဆန္ဒ နန်းဆောင်နှင့် ပတ်သက်ပြီး များများစားစား စိုးရိမ်စရာမလိုတော့ပေ။ အကြောင်းအရင်းကမူ သူသည် ကမ္ဘာဦးဟွင်သွမ်းတစ်လျှောက် ခရီးမသွားခင် သူတို့ကို ဆက်သွယ်မည် မဟုတ်ပေ။

ဒါပေမဲ့ ဒီအဖြေက ငါတစ်ခုခု လိုအပ်သွားတယ်ဆိုတာကို သတိရသွားစေတယ်။ နယ်ခြား အင်အားစုတွေ…

ဝမ်ဝေ့က တွေးမိသွား၏။

ဒီကပ်ပါးတွေက ရှေ့တန်းမှာရှိနေတာဆိုတော့ တစ်စုံတစ်ယောက်က ချိုးဖောက်လာတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ကမ္ဘာကို ကာကွယ်ဖို့ လက်လျှော့လိုက်တာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ အဲ့အချိန်ကျရင် ဘာဖြစ်လာမှာလဲ…

သူက အနာဂတ်ကို ကောက်ချက်ချကြည့်လိုက်သည်။

အကောင်းဆုံးအခြေအနေအရဆိုရင် အန္တိမသဟဇာတနဲ့ မေတ္တယျတို့ တိုက်ပွဲကို ရပ်ပြီးတော့ ကျူးကျော်သူကို တားဆီးကြလိမ့်မယ်။ အဲဒီနောက်ကျရင် သူတို့က ဆက်ပြီး တိုက်ခိုက်ကြလိမ့်မယ်။ အဆိုးဆုံးအခြေအနေအရဆိုရင်တော့ သူတို့က ကျူးကျော်မှုကို ရပ်တန့်ပြီးတော့ အခြေအနေကို ပြန်လည်ရပ်တန့်ပစ်လိမ့်မယ်။

လက်ရှိအနေအထားကိုတော့ မေတ္တယျရဲ့ ကာကွယ်မှုနဲ့ ဆိုရင်တောင် အန္တိသဟဇာတနဲ့ ရင်ဆိုင်ဖို့ မလိုလားသေးဘူး…

အလယ်အလတ်အခြေအနေအရဆိုရင် သူတို့က ဆက်လက် တိုက်ခိုက်နေပြီးတော့ နယ်ခြားအင်အားစုတွေကို ကမ္ဘာရဲ့ လက်ရှိအခြေအနေတွေကို ဝင်ရောက်စွက်ဖက်ဖို့ ခွင့်ပြုထားလိမ့်မယ်။ ငါ့ရဲ့ ဦးစားပေးက အဲဒီကပ်ပါးတွေ မဟုတ်တော့ဘဲနဲ့ ကမ္ဘာဦးဟွင်သွမ်းတစ်လျှောက်က စွမ်းအားကြီးစံပြတွေ ဖြစ်လာနိုင်တယ်…

All Chapters