ကုရွှမ်၏ ရတနာသိုက်
Vol. 90 Ch. 1249
ဝမ်ဝေ့က ဖြေရှင်းနည်းကောင်းကို မစဉ်းစားနိုင်တော့ပေ။ အကောင်းဆုံးရွေးချယ်မှုက ထိုထူးကဲသာလွန်မှုသက်ရှိများသည် စံပြများအား မပြီးမပြတ်အခြေအနေမှ ပြန်လည်ရောက်စေရှိပြီး အခြေအနေကို ဖြေရှင်းခိုင်းဖို့ရာ ဖြစ်၏။ သို့သော် ထိုအစီအစဉ်က ရှုပ်ထွေးလွန်းလှသည်။
ကြည့်ရတာ မေတ္တယျအနေနဲ့က ကမ္ဘာကြီး ငြိမ်းချမ်းနေဖို့ မလိုအပ်တော့ဘူး။ အဲဒါဆိုတော့ သူမက စံပြတွေ ရောက်ရှိလာမှုကို ထောက်ပံ့ပေးနိုင်လောက်တယ်။ ဒါပေမဲ့ အန္တိမသဟဇာတကတော့ တခြားတစ်ခုပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူတို့အနေဖြင့် သဘောတူညီချက်ရလျှင် အဆင်ပြေလိမ့်မည်။ နမူနာအနေဖြင့် မပြီးမပြတ်အခြေအနေတွင် ရှိနေသည့် စံပြများက ပြန်လည်ရောက်ရှိလာသော်လည်း သူတို့သည် ကမ္ဘာ၏ အပြင်ဘက်၌သာ နေထိုင်နိုင်ကြလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့က အန္တိမသဟဇာတသည် ထိုသဘောတူညီချက်ကို လက်ခံပါ့မလား မသိပေ။
ဒီအစီအစဉ်က မဖြစ်သေးဘူး။ နောက်ထပ်တစ်ခု လိုအပ်နေသေးတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
အဲဒါဆို လွတ်မြောက်သွားတဲ့ စံပြတွေဆိုရင်ရော…
သူက မေတ္တယျနှင့် အန္တိမသဟဇာတတို့သည် ကမ္ဘာရှိ စံပြတိုင်းကို အကြောင်းအရင်းတစ်ခုတည်းကြောင့် သုတ်သင်ပစ်လိမ့်မည်ဟု မယုံပေ။
ဝမ်ဝေ့က ထိုသူနှစ်ဦးသည် အကြွင်းမဲ့တားမြစ်ချက်ကို ထူးကဲသာလွန်မှုတစ်ပိုင်းအနေနှင့် ထွက်လာခြင်း မဟုတ်ကြောင်း ကောက်ချက်ချထား၏။ အကယ်၍ ဤသို့သာဆိုပါက သူတို့သည် ကျင့်ကြံဖို့ရာ မိုးမြေအား ငြိမ်းချမ်းသည့် အနေအထားအား လိုအပ်မည် မဟုတ်ပေ။ သူတို့က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ကူးသန်းနေဆဲကာလအတွင်း ဖြစ်သည့်အတွက် သူတို့၏ စွမ်းအားက အကောင်းဆုံး အဆုံးစွန်မဲ့စံပြများထက် ကျော်လွန်နေခြင်းသာ ဖြစ်၏။
ထိုစဉ်အချိန်က သူတို့၏ စွမ်းအားအရ စံပြတချို့အနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ ဖြစ်နိုင်လောက်သည်။ ထို့ကြောင့် ဝမ်ဝေ့၏ အစီအစဉ်က သူတို့အား ပြန်လည်ရောက်ရှိလာစေပြီး နယ်ခြားကျူးကျော်သူများနှင့် ရင်ဆိုင်ခိုင်းဖို့ ဖြစ်သည်။
ဒီအစီအစဉ်က ပထမတစ်ခုထက်ပိုပြီးတော့ ဆိုးရွားနေတယ်…
ဝမ်ဝေ့က မလုံမလဲပြုံးလိုက်သည်။ ထိုစံပြများ ပြန်ရောက်လာပါက အတော်လေး သတိကြီးကြီး ထားထားကြလိမ့်မည်။ အကယ်၍ သူတို့သာ ပြန်လာဖို့ ရွေးချယ်ခဲ့မည်ဆိုလျှင်သာ ဖြစ်၏။
ထို့အပြင် ထိုသူများက ကမ္ဘာဦးဟွင်သွမ်းတစ်လျှောက် နေရာအနှံ့ ပြန့်ကျဲနေလေရာ ဝမ်ဝေ့အနေဖြင့် ထိုသူများကို ဆက်သွယ်ဖို့ နည်းလမ်းမရှိပေ။
ချန်းထုံက ဒီလိုအခြေအနေအတွက် သင့်တော်တဲ့ ရွေးချယ်စရာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက အားကောင်းပြီး သူ့ကိုယ်သူ အသက်ပြန်ရှင်ဖို့ အရင်းအမြစ်လည်း အလုံအလောက်ရှိထားပြီးသား ဖြစ်၏။
သူက သူ့မွေးရပ်မြေက အခြေအနေတွေကို ငြိမ်ကြည့်နေမဲ့ သူမျိုးတော့ မဟုတ်ဘူး…
ထို့နောက် ဝမ်ဝေ့က မလုံမလဲ ထပ်ပြုံးလိုက်သည်။ သူက ချန်းထုံအား အရင်းအမြစ်ချီနေရာလွတ်ထဲ နှင်ထုတ်လိုက်ပြီဖြစ်ရာ သူ ဘယ်ရောက်နေမှန်း မသိပေ။ ပြောရမည်ဆိုလျှင် သူ့ကို ရှာဖွေခြင်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာဖွေခြင်းထက် ပိုမိုဆိုးရွားလိမ့်မည်။ ချန်းထုံက သူကိုယ်တိုင် ပေါ်ထွက်မလာသရွေ့ သူ့ကို အစီအစဉ်အနေဖြင့် ထည့်သွင်းစဉ်းစားဖို့ မလိုအပ်ပေ။
တစ်ခုတည်းသောဖြေရှင်းနည်းကမူ ဘိုးဘေးအနေနှင့် ငါ့ရဲ့ ဇနီးလောင်းကို ရှေ့တန်းမှာ ထားပြီး အားလုံးကို ခြိမ်းခြောက်ခိုင်းဖို့ပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
“ငါ အတွေးလွန်နေပြီးတော့ အဲဒီနှစ်ယောက်က ယာယီစစ်ပြေငြိမ်းပြီး နယ်ခြားကျူးကျော်သူတွေကို ရင်ဆိုင်ဖို့ မျှော်လင့်တယ်…”
သူက သူ့ထိုင်ခုံမှ ဖြည်းဖြည်းချင်းထရပ်ကာ ကူးသန်းသွားလိုက်သည်။ သူက သူ့လက်ရှိ စိတ်ဖိစီးမှုကို လျှော့ချဖို့ ကုရွှမ်၏ ရတနာသိုက်မှ ရတနာများကို အသုံးပြုလို၏။
ဝမ်ဝေ့က အပြာရောင်မီးတောင်ချော်ရည်များ ထွက်နေသည့် မီးတောင်ဆီ ရောက်ရှိလာသည်။ သူက လေဟာနယ်ကို လက်ညှိုးထိုးလိုက်သည့်အခါ လျှို့ဝှက်ဒိုင်မေးရှင်းတစ်ခု ပွင့်လာလေ၏။ သို့သော်လည်း ဝမ်ဝေ့က ချက်ချင်း မဝင်ရောက်သေးပေ။ ထိုအရာက အယောင်ပြမှန်း သိထားလေ၏။ ထိုအစား သူက နေရာဆယ်ခုကျော်ကို ကူးသန်းမပြောင်းရွှေ့ခင် တူညီသည့်အရာကို လုပ်ဆောင်ခဲ့သည်။
သူက ထိုအယောင်ပြဒိုင်မေးရှင်းဆီမှ အငွေ့အသက်အားလုံးဆီမှ အမှတ်အသားပြားတစ်ခုကို ဖန်တီးခဲ့ပြီး အသက်သွင်းလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုတစ်ခုကိုလည်း ချက်ချင်း မဝင်ရောက်သေးပေ။ ထိုအစား သူက ၇ခုမြောက် ဒိုင်မေးရှင်းအတွင်း ဝင်ရောက်ခဲ့၏။
ဒီလူက လှည့်ဖျားရေးဆိုတဲ့ သဘောတရားကို အတွင်းထဲထိ နက်နက်နဲနဲ သဘောကျနေတာပဲ…
ဝမ်ဝေ့က ညည်းတွားလိုက်သည်။
အဲဒီကောင်စုတ်က အသုံးဝင်တဲ့အရာတွေရှိဖို့ မျှော်လင့်တယ်…
ဝမ်ဝေ့က ကုရွှမ်၏ မှတ်ဉာဏ်အားလုံးကို မရရှိထားသော်လည်း ထိုအရင်းအမြစ်များသည် အဆင့်မြင့်ကြောင်း သိထားလေ၏။ ပြောရလျှင် ထိုသူက ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် သူ့အနာဂတ်မြင့်တက်လာမှုအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဝမ်ဝေ့က ထို ဒိုင်မေးရှင်း၏ အထဲကို မြင်တွေ့ပြီးသည့်နောက်တွင် ပြုံးလိုက်မိသည်။ သူက ပထမဦးဆုံး ကျင့်ကြံရေးနည်းစနစ်များ ပါဝင်သည့် အဆောင်တချို့ကို ကြည့်လိုက်၏။
ဝိညာဉ်နည်းစနစ်က အတော်လေး ကောင်းတယ်…
ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ကုရွှမ်က စံပြဝိညာဉ်ကို ကျင့်ကြံပေးနိုင်သည့် ဝိညာဉ်ကျင့်ကြံရေးနည်းစနစ်ကို ရှိနေလေ၏။ ထိုစနစ်က ထိပ်တန်း မဟုတ်သော်လည်း သူ့လက်အောက်ငယ်သားများအတွက် အသုံးပြုနိုင်သေးသည်။ သူ့အတွက်မူ ဝမ်ဝေ့က တခြားသောသူများကဲ့သို့ စတင်လေ့ကျင့်ပေးဖို့ လိုအပ်နေသည်။ သို့သော် ဝူဟုန်က အကောင်းဆုံးဝိညာဉ်နည်းစနစ်ကို ထားခဲ့သည့်အတွက် တခြားသော ကျင့်စဉ်များအကြောင်း စိုးရိမ်စရာမလိုအပ်ပေ။
ဝမ်ဝေ့က တခြားအစောင့်များကိုပါ စစ်ဆေးကြည့်လိုက်စဉ် စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို တွေ့သွားလေ၏။ ကုရွှမ်က သူ့ကောင်းကင်လှည့်ဖျားရေးနည်းစနစ်ကို အသက်ရှည်နည်းစနစ်အဖြစ် ပြောင်းလဲဖို့ အတော်လေး ကြိုးစားထားခဲ့သည်။
သူက ကျဆုံးသွားတယ်ဆိုပေမဲ့လည်း သူ့အစား အောင်မြင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကိုတော့ စုဆောင်းထားခဲ့တယ်…
သူက နောက်ဆုံး စိတ်ဝင်စားစရာကောင်းသည့် အဆောင်ကို လှည့်ကြည့်လိုက်၏။ ထိုနေရာထဲတွင် မိုးကြိုးခန္ဓာသန့်စင်ရေးကျမ်းဟု ခေါ်ဆိုသည့် ခန္ဓာကိုယ်လေ့ကျင့်ရေးကျမ်း ပါဝင်နေသည်။
အဲဒါဆိုတော့ သူက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ကို လျှောက်လှမ်းဖို့ စီစဉ်ထားတာလား။ သူက အတော်လေး ရည်မှန်းချက်ကြီးတာပဲ…
ဝမ်ဝေ့က စာရွက်ကို လှန်ကာ ကြည့်လိုက်သည်။ ထိုအရာက သူ့ဖန်ဆင်းမှုသက်ရှိများ စမ်းသပ်ဖို့ အထောက်အကူဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။
သူက အရာအားလုံးသိမ်းဆည်းပြီးသည့်နောက်တွင် တခြားသော အရင်းအမြစ်များကို သိမ်းဆည်းလိုက်သည်။ အဆင့်(၁၀) အရင်းအမြစ်ကမူ အများဆုံးဖြစ်ပြီး အရှားပါးဆုံး အရင်းအမြစ်များလည်းပါဝင်နေသည်။
နှမြောဖို့ကောင်းလှသည်က ထိုအရာအားလုံးက သူ့အတွက် အသုံးမဝင်ပေ။ ထို့နောက် သူက ကောင်းကင်ဘုံအဆင့် အရင်းအမြစ်များကို ကြည့်လိုက်သည်။ သူက သူ့ကို ဆွဲဆောင်နိုင်သည့် အရာနှစ်ခုကို ချက်ချင်းသတိထားမိသွား၏။
“မကောင်းဆိုးဝါးနတ်ဘုရား ကောင်းကင်ဆေးလုံးနဲ့ ကန်ထျန်းသစ်သီး” ဝမ်ဝေ့က အကြည့်များတောက်ပကာ ရေရွတ်လိုက်သည်။ ဆေးလုံးက သူ့အား အရွယ်ရောက်ပြီးသား မကောင်းဆိုးဝါးနတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ အကူအညီဖြစ်ကာ ကန်ထျန်းအသီးကမူ ခန္ဓာကိုယ်စိတ်ဆန္ဒပေါင်းစည်းခြင်းအတွက် အထောက်အကူ ဖြစ်၏။ ထိုနည်းလမ်းနှစ်ခုဖြင့် ဝမ်ဝေ့က ရတနာသိုက်ကို အတော်လေး ကျေနပ်သွားမိသည်။ သူက အရာအားလုံးကို သိမ်းဆည်းပြီးသည့်နောက်တွင် နည်းပါးလှသည့် အဆင့်(၁၂)အပုံကို ကြည့်လိုက်သည်။
ပထမဦးစွာ တာအိုအုပ်စိုးသူ ရုပ်သေးရုပ် ၅ခုရှိပြီး ကုရွှမ်က ပါရမီကောင်းမွန်သည့် ခန္ဓာကိုယ်ကို ရယူပြီးသည့်နောက်တွင် တာအိုကာကွယ်သူအဖြစ် ထားရှိဖို့ ပြင်ဆင်ထားဟန်ပေါ်သည်။ ပါရမီက ခွန်အားဟုဆိုလိုခြင်းမဟုတ်သည့်အတွက် ကုရွှမ်က ထိုအရာကို ကောင်းကောင်းမွန်မွန် နားလည်ထားကာ တစ်စုံတစ်ခု မှားယွင်းသွားသည့်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
ဒုတိယကဏ္ဍတွင်မူ သေးငယ်သည့် ခရမ်းရောင်ကျောက်တုံးပုံ ရှိနေ၏။ ထိုအရာက တတိယအဆင့် တာအိုအရင်းအမြစ်များ ဖြစ်ပေသည်။ ဝမ်ဝေ့က ထိုအရင်းအမြစ်များကို အသုံးပြုရင်းဖြင့် ကောင်းကင်ဘုံအဆင့်တွင် အရှိန်မြှင့်တင်နိုင်လိမ့်မည်ဖြစ်သည့်အတွက် ခေါင်းညိတ်လိုက်မိသည်။
တတိယအရာကမူ သူတို့အထဲတွင် နဂါးပုံရိပ်တစ်ခုကို လှည့်ပတ်နေသည့် အဖြူရောင်ကျောက်တုံးများ ဖြစ်၏။
“ကမ္ဘာဦးကံကောင်းမှု ကျောက်တုံးပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ကုရွှမ်က သူ့ချီကံကောင်းမှုကို ၇၅ ရာခိုင်နှုန်း အဖြူရောင်ဖြစ်အောင် လုပ်ဖို့အထိပါ ပြင်ဆင်ထားခဲ့တာပဲ”
ဝမ်ဝေ့၏ ကံကောင်းမှုက အဖြူရောင်ဖြစ်နေပြီးသားဖြစ်သည့်အတွက် ထိုအရာက သူ့အတွက် အသုံးမဝင်ပေ။ သို့သော်လည်း သူက ကံကြမ္မာပြောင်းလဲရေးခန်းမ သို့မဟုတ် စည်းမျဉ်းမဲ့ဇုန်အတွင်းမှ အသစ်ခေါ်ဆောင်ထားသည့် လက်အောက်ငယ်သားများအတွက် အသုံးပြုနိုင်လေ၏။
သူက နောက်ဆုံးသော တန်ဖိုးကြီးအရာကို ကြည့်လိုက်သည်။ ထိုအရာက အကြီးဆုံးဖြစ်ပြီး စိန်နှင့်တူသည့် သလင်းကျောက်ငယ်များ ပါဝင်နေသည်။
“ဝိညာဉ်ဘုရင်အဆီအနှစ်လား၊ ဒီလောက်တောင်များတယ်လား။ သူက မိုင်းတွင်းတစ်ခုကိုများ တွေ့သွားတာလား”
ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုဝိညာဉ်က စံပြများအတွက် အရေးပါလှသည်။ သူတို့က အရည်အသွေးနှင့် ပမာဏကို ပြုစုပျိုးထောင်ရမည် ဖြစ်သည်။ ဝိညာဉ်ဘုရင်အဆီအနှစ်ကမူ စံပြဝိညာဉ်အရည်အသွေးကို မြှင့်တင်ဖို့ရာအတွက် အကောင်းဆုံးပစ္စည်းဖြစ်ပေသည်။
ဒီပစ္စည်းက လျှို့ဝှက်ရတနာသိုက်ထဲမှာ တန်ဖိုးအရှိဆုံးအရာ ဖြစ်လောက်တယ်…
ထို့ကြောင့် ဝမ်ဝေ့က ပျော်ရွှင်စွာ လက်ခံလိုက်သည်။ ယေဘုယျရလဒ်က ကျေနပ်ဖို့ကောင်းနေ၏။ တချို့တစ်ဝက်ကသာ သူ့အတွက် အထောက်အကူဖြစ်လေသည်။ သို့သော် ကုရွှမ်က အင်အားစုတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်ထားဟန်ဖြင့် မသေမျိုးချီရေကန်များ၊ တာအိုမျိုးစေ့အရင်းအမြစ်များနှင့် ကောင်းကင်အလိုဆန္ဒတချို့ကို ချန်ထားခဲ့လေသည်။
ဝမ်ဝေ့က ကောင်းကင်ပြာမျှော်နန်းဆောင်ဆီ ပြန်လည်ရောက်ရှိလာပြီး အားလုံးကို ထွက်ခွာဖို့ အမိန့်ပေးလိုက်သည်။ စည်းမျဉ်းမဲ့ဇုန်ထဲရှိ ၉၀ရာခိုင်နှုန်းကျော်က တစ်လအတွင်း ချက်ချင်းထွက်ခွာသွားကြပြီး ကျန်လူများကမူ ပုံမှန်အတိုင်း လှည့်ပတ်နိုင်ရန် ကျန်ရှိခဲ့သည်။ ဝမ်ဝေ့က စည်းမျဉ်းမဲ့ဇုန်အား နောက်ထပ်အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုဖို့ ကြံစည်ထားလေ၏။ တစ်စုံတစ်ခုက စည်းမျဉ်းမဲ့ဇုန်ကို သိမ်းပိုက်လိုက်ကြောင်း မသိသရွေ့ လူများစွာက ဤနေရာကို ဘေးကင်းသည့်နေရာဟု ထင်မှတ်ကာ ပြန်လည်ရောက်ရှိလာကြလိမ့်မည်။ သူတို့က ကျားဂူထဲ ဝင်မိမှန်း မသိလောက်ပေ။
အဖွဲ့က လူများစွာကို အလန့်တကြားဖြစ်စေမည်ကို စိုးနေသည့်အတွက် အဝင်ဝမှ တဆင့် ပြန်မသွားကြပေ။ ထိုအစား သူတို့က အရင်းအမြစ်ချီ နေရာလွတ်ထဲ ဝင်ရောက်ကာ တာအိုသင်္ချိုင်းနယ်မြေဆီ ကူးသန်းပြောင်းရွှေ့သွားကြသည်။ ထိုနေရာမှ ထွက်မသွားခင် ဝမ်ဝေ့က လူအိုကြီးသိုက်နှင့် သူ့ဂိုဏ်းတူညီလေး၏ တုံ့ပြန်မှုများအကြောင်း ပြောဆိုနေခဲ့သည်။ ကံဆိုးစွာဖြင့် ထိုသူက သူ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့၏။
ဝမ်ဝေ့က ထိုအရာကို ထင်မှတ်ထားပြီးသားဖြစ်သည့်အတွက် စိတ်ပျက်သွားခြင်း မရှိပေ။ လူအိုကြီးသိုက်ကလည်း သူ့ကို သတိပေးခဲ့ဖူးသည်။ အခြေစိုက်စခန်းသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က ဝမ်ချီ ထွက်သွားကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက သူ့အဖွဲ့အသစ်များအား အနီရောင်မျက်နှာဖုံး ကံကြမ္မာနှင့် မိတ်ဆက်ပေးလိုက်သည်။
“မင်းအနေနဲ့ ကိစ္စနှစ်ခုလုပ်ဖို့ လိုတယ်။ တစ်ခုက ဦးစားပေး၊ ဒုတိတစ်ခုကတော့ မင်း အချိန်ယူလို့ရတယ်” ဝမ်ဝေ့က အနီရောင်မျက်နှာဖုံးအား ပြောလိုက်သည်။
“ပထမဦးဆုံး အမှောင်တိမ်တိုက်မျှော်နန်းဆောင်က အဖွဲ့သားတွေနဲ့ မိတ်ဆက်ပေးမယ်။ သူတို့ရဲ့ ခေါင်းဆောင် အမှောင်တိမ်တိုက်က ထူးကဲတဲ့ ပါရမီရှင်ပဲ။ အဲဒါဆိုတော့ မင်း သတင်းကောင်း ကြားရမှာပါ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ဒုတိယအနေနဲ့က ချန်ကျစ်လာလို့ ခေါ်တဲ့ မိန်းကလေးအကြောင်း သတင်းတွေ စုံစမ်းထား။ သူမရဲ့ ဆရာနဲ့ သွေးနဂါးတို့ ဆက်နွယ်မှုတို့အကြောင်းပေါ့”
“ဟုတ်ကဲ့ပါ” အနီရောင်မျက်နှာဖုံးက တုံ့ပြန်လိုက်သည်။
“ကောင်းပြီ။ ဘာတင်ပြစရာရှိသေးလဲ”
“အရေးကြီးတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒါက သိဖို့လိုတဲ့ အကျဉ်းချုပ်ပါ”
ဝမ်ဝေ့က အဆောင်မှ သတင်းအချက်အလက်ကို လက်ခံရရှိလိုက်သည်။ သူမ ပြောသည့်အတိုင်း နှစ်တစ်ရာအတွင်း ကြီးကြီးမားမား ဖြစ်ရပ်ဟူ၍ မရှိပေ။ သို့သော်လည်း ပြဿနာမရှိခြင်းက သတင်းကောင်းသာ ဖြစ်၏။
ဝမ်ချီပြန်လာပြီလား…
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ချီက အခန်းအတွင်း ဝင်ရောက်လာသည်။
“ခေါင်းဆောင် ကျွန်တော်ကို တိတ်တဆိတ် ရှင်းထုတ်တော့မလို့လား” ဝမ်ချီက အထဲရှိ လူအားလုံးကို သတိထားမိပြီးသည့်နောက်တွင် ရပ်တန့်သွားလေ၏။ သူက သူတို့၏ အရှိန်အဝါ၊ ကျင့်ကြံဆင့်နှင့် စွမ်းအားကို သတိပြုမိသည့်အခါ အမူအရာ လေးနက်သွားသည်။ သူက ချောင်းအသာဟန့်ကာ မျက်နှာပူမှုကို ဖုံးကွယ်လိုက်၏။
“ဘာဖြစ်လို့လဲ” ဝမ်ဝေ့က မေးလိုက်သည်။