← Chapters

ထိပ်တန်းရုပ်ခန္ဓာငါးခု

Vol. 90 Ch. 1251

ထိပ်တန်းရုပ်ခန္ဓာငါးခု

Vol. 90 Ch. 1251

တော်လှန်ရေးနှင့် စကားနိုင်လုပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ရှောင်ထျန်းတိကို ဆက်သွယ်ပြီး နေရာတစ်ခုကို ရွေးချယ်ခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က နေရာဆီ တိုက်ရိုက်မသွားသေးဘဲ ဗုဒ္ဓဘာသာနယ်နိမိတ်အစွန်းရှိ ဘုံကျောင်းငယ်တစ်ခုဆီ ရောက်ရှိလာသည်။ သူက မည်သူမှမရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် မေတ္တယျ၏ ရုပ်ထုဆီ သွားကာ ပြောဆိုလိုက်၏။

“နှောင့်ယှက်ရတာကိုတော့ စိတ်မရှိပါနဲ့။ ဒါပေမဲ့ တစ်စုံတစ်ခုကို သတိပေးဖို့ ရောက်လာတာပါ။ ခင်ဗျား သိထားပြီးသားလားလို့တော့ မသိဘူးဆိုပေမဲ့ လိုလိုမယ်မယ် ပြောခဲ့ပါ့မယ်” ဝမ်ဝေ့က တောက်ပအပြုံးဧကရာဇ်နှင့် သူ့စိုးရိမ်မှုအကြောင်းကို ရှင်းပြလိုက်သည်။ သူက တုံ့ပြန်မှုကို စောင့်ဆိုင်းနေသော်လည်း ဘာမှမတွေ့ရပေ။

ဝမ်ဝေ့က သက်ပြင်းချကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားတော့မည့်ဆဲဆဲတွင် ရုပ်ထုဆီမှ ရွှေရောင်အလင်းတန်း ထုတ်လွှတ်လာသည်။ ထိုအရာက စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ပုံမှန် ပြန်ဖြစ်သွားလေ၏။

ဝမ်ဝေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဦးညွှတ်ကာ တစ်နေရာသို့ထွ က်သွားလေသည်။

သူ့နောက်ထပ် ဦးတည်ရာက ဝူယွီဇာမဏီနှင့် ထာဝရဇာမဏီတို့ နယ်နမိတ်ကြားတွင်ရှိသည့် အနီရောင်ကုန်းပြင်မြင့်ဟုခေါ်ဆိုသည့် နေရာတစ်ခု ဖြစ်ပေသည်။

ထိုနေရာက ထိုသူတို့၏ အင်အားစုမှ အဖွဲ့သားများ မကြာခဏတိုက်ခိုက်လေ့ရှိသည့် နေရာတစ်ခု ဖြစ်ပေသည်။ တော်လှန်ရေးအပါအဝင် တခြားသူများစွာက ထိုနေရာတွင် အခြေစိုက်စခန်း ရှိကြလေ၏။ အကြောင်းအရင်းကမူ ဤနေရာက သတင်းအချက်အလက်များကို စုဆောင်းဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်သလို ပုန်းအောင်းဖို့လည်း ကောင်းမွန်သည့် နေရာတစ်ခုဖြစ်ပေသည်။ ထိုကပ်ပါးနှစ်ယောက်က ဤနေရာကို အကြိမ်ရေအနည်းငယ် ရှင်းလင်းခဲ့ဖူးသည်။ ထို့ကြောင့် ရုတ်တရက် ရှင်းလင်းမှုများကို ရှောင်ရှားနိုင်ဖို့အတွက် ဤနေရာ၌ အခြေစိုက်စခန်းကို ထိန်းထားနိုင်သည်မှာလည်း အရည်အချင်းတစ်ခုသာ ဖြစ်၏။

“ဒီနေရာက အငြိုးအတေးတွေက ပြင်းထန်လိုက်တာ” ဝမ်ဝေ့က ပတ်ဝန်းကျင်ကို လေ့လာရင်း ပြောလိုက်သည်။

“အခု သေချာစဉ်းစားကြည့်တော့မှ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတစ်ခုလုံးရဲ့ အငြိုးတရားတွေက ဒီထက်ပိုပြီး မြင့်မားသင့်တာပဲ”

ကပ်ပါးများနှင့် နေမင်းနှစ်စင်းက သူတို့၏ အုပ်စိုးမှုကို ထိန်းသိမ်းဖို့ လူများစွာကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် သူတို့က ကမ္ဘာ၏ အရင်းအမြစ်အများစုကို သိမ်းပိုက်ခြင်းဖြင့် အငြိုးတရားများစွာကို ဖန်တီးခဲ့ကြသည်။

ဝမ်ဝေ့က  တစ်ကမ္ဘာလုံး၏ ကံကြမ္မာကို ကြည့်လိုက်သည်။

တကယ်ကို ထူးဆန်းလိုက်တာ…

အငြိုးတရားက သတိထားမိဖို့ ကောင်းသော်လည်း ဘာမှမတွေ့ရပေ။

အန္တိမသဟဇာတနှင့် မေတ္တယျတို့က ဖြေရှင်းလိုက်တာလား။ ဒီဖြေရှင်းချက်ကလည်း အဓိပ္ပာယ်တော့ သိပ်မရှိသေးဘူး။ အန္တိမသဟဇာတက ကမ္ဘာကို အားနည်းစေခြင်း ပြီးတော့ မေတ္တယျကတော့ မျှခြေညီတဲ့ အနေအထားမျိုးကိုပဲ လိုချင်တာ…

ကောင်းပြီလေ။ အရင်ဆုံး စုံစမ်းရမဲ့ စာရင်းထဲမှာ ထည့်ထားလိုက်မယ်…

ဝမ်ဝေ့က ဦးတည်ရာဆီ သွားရင်း တွေးလိုက်သည်။ သိပ်မကြာခင် သူက အလယ်တွင် မျှော်နန်းဆောင်တစ်ခု ရှိသည့် ရေကန်ငယ်တစ်ခုကို တွေ့ရှိသွား၏။ ထိုနေရာထဲတွင် ပန်းမန်များ၊ သက်တံများဖြင့် ဝန်းရံထားလေသည်။

“မင်းက ဘယ်အချိန်ကစပြီး အနုပညာကို ခံစားတတ်သွားတာလဲ။” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့လိုမှတ်ချက်ပေးရဖို့ ငါ့ကို ကောင်းကောင်းသိတာမှ မဟုတ်တာ” ထျန်းတိက ပြန်ဖြေလိုက်၏။ သူက တန်ဖိုးကြီး အနက်ရောင်နှင့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်ကို ရွှေရောင်အဆင်တန်ဆာဖြင့် ထုံးဖွဲ့ထားသည်။ ထို့နောက် သူ့ခါးတွင် ကျောက်စိမ်းများကို ချိတ်ဆွဲထားလေ၏။ သူ့သွင်ပြင်က ဝမ်ပေါင်လဲ့ ယခင်တစ်ခေါက်မြင်စဉ်အခါထက် အတော်လေး ပြောင်းလဲနေလျက် ရှိ၏။ ပို၍အရေးကြီးသည်က သူ့မျက်ဝန်း၊ အပြုအမူနှင့် အငွေ့အသက်တို့ ဖြစ်သည်။

သူ့စိတ်ဓာတ်ကျသည့် အငွေ့အသက်က ပျောက်ကွယ်သွားပြီး အနုပညာကို ချစ်မြတ်နိုးကာ တောက်ပပြီး အသက်ဝင်သည့် လူငယ်လေးအသွင် ပြောင်းလဲသွားခဲ့သည်။ သူ့မျက်ဝန်းများက အသက်ဓာတ်ဖြင့် ပြည့်နှက်နေပြီး ဆုံးဖြတ်ချက်များ၊ တာဝန်ယူမှုများဖြင့် ပြည့်နှက်နေလျက်ရှိသည်။ ရှောင်ထျန်းတိက လူသစ်တစ်ယောက် ဖြစ်လာလေ၏။

“ရှုရှစ်က မင်းအကြောင်း သတိပေးဖူးတယ်။ လူကိုယ်တိုင်မြင်လိုက်ရမှ တကယ်ကို စိတ်ဓာတ်ကျစရာပဲ” ရှောင်ထျန်းတိက ပြုံးရင်း ပြောလိုက်သည်။ ဝမ်ဝေ့က သူ့ပြောင်းလဲမှု၏ အဓိကဓာတ်ကူးတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် သူတို့တွေ့ဆုံသည့်အခါ တစ်ဖက်သူကို ထိတ်လန့်သွားစေလို၏။ သူက ရုပ်ခန္ဓာနှစ်ခုကြားမှ ယှဉ်ပြိုင်မှုကို ပြန်လည်စတင်ဖို့ပင် ပြင်ဆင်ထားခဲ့သည်။ သို့သော် ဝမ်ဝေ့က အလယ်အလတ်ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

“အဲဒီအမျိုးသမီးက ငါ့အကြောင်း လိုက်ပြီး ပြောနေမယ်ဆိုတာကို သိခဲ့တယ်။ ငါ့အလိုလိုသိစိတ်က မှန်နေတာပေါ့” ဝမ်ဝေ့က ရှောင်ထျန်းတိနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။

“မင်းကို ကြည့်စမ်းပါဦး။ မင်းက အတော်လေးကို ပြောင်းလဲသွားတာပဲ” သူက မှတ်ချက် ပေးလိုက်သည်။ ရှောင်ထျန်းတိ၏ လက်ရှိကျင့်ကြံဆင့်က ၅၀ရာခိုင်နှုန်းဖြစ်ပြီး ယခင် တွေ့ဆုံခဲ့စဉ်အခါထက် များစွာ တိုးတက်လာလေသည်။ သို့သော်လည်း ဤသည်က သတိထားမိစေဆုံးအချက် မဟုတ်သလို တာအိုသက်သေ မပြခင် နဝမအဆုံးစွန်အုတ်မြစ်ကို ရယူနိုင်သည့် အချက်ကြောင့်လည်း မဟုတ်သေးပေ။ သူ၏ အံ့ဩဖို့အကောင်းဆုံး အောင်မြင်မှုက သူသည် ရုပ်ခန္ဓာကို ဒုတိယအကြိမ် နိုးထလာပြီး တာအိုသခင်တစ်ယောက် ဖြစ်နေခြင်း ဖြစ်၏။

ကောင်းကင်ရုပ်ခန္ဓာက ဒိုင်မေးရှင်းအမြင့်နှင့် ဒိုင်မေးရှင်းအနိမ့်တွင် သူတို့၏ ရည်ရွယ်ချက်များက ကွဲပြားလျက်ရှိသည်။ ဒိုင်မေးရှင်းအနိမ့်၏ ရုပ်ခန္ဓာများကမူ တာအိုကောင်းနှင့် အားကောင်းသည့် ဧကရာဇ်များကို ပြုစုပျိုးထောင်ဖို့ ဖန်တီးထားခြင်း ဖြစ်၏။ ထိပ်သီးရုပ်ခန္ဓာကမူ စံပြများကို ပြုစုပျိုးထောင်ဖို့ ဒိုင်မေးရှင်းအမြင့်၏ ထိပ်သီးရုပ်ခန္ဓာငါးခုကမူ စံပြများကို ပြုစုပျိုးထောင်ဖို့ဖြစ်ပြီး ကျန်ငါးခုကမူ ကောင်းကင်ဘုံအရှင်များကို ပြုစုပျိုးထောင်ဖို့ ဖြစ်၏။

ပထမရုပ်ခန္ဓာက ပင်ကိုမဟာတာအိုအရင်းအမြစ် ရုပ်ခန္ဓာဟု ခေါ်ဆိုပြီး နိုးထလာသည့်ဖြစ်စဉ်နှင့် လူအနည်းငယ်သာ ရှိခဲ့ဖူးသည်။ ပထမနိုးထလာခြင်းက ပိုင်ရှင်သည် တာအိုကို သက်သေပြပြီးသည့်နောက်တွင် ရရှိလိမ့်မည်။ ရလဒ်အနေဖြင့် ထိုစွမ်းရည်ကို မဟာတာအိုမြေပုံဟု ခေါ်ဆိုလေ၏။ ထိုမြေပုံထဲတွင် ပင်မတာအို ၃၈၀၀လုံး၏ အသေးစိတ် ရှင်းပြချက်ပါဝင်နေသည်။ အကယ်၍ ရုပ်ခန္ဓာပိုင်ရှင်က တတိယနိုးထမှု ရောက်ရှိလာပါက မြေပုံသည် မဟာတာအို ၃၈၀၀လုံး၏ ရာနှုန်းပြည့်ကို ရှင်းပြပေးလိမ့်မည်။

ပုံမှန်သဘောတရားအရ ပထမရုပ်ခန္ဓာသည် ဒုတိယရုပ်ခန္ဓာထက် နားလည်မှု ပိုမိုနိမ့်ကျ၏။ သို့သော် မြေပုံက ထိုဟာကွက်အတွက် ကာမိစေသည်။ မြေပုံက မဟာတာအိုကိုယ်တိုင် ဖန်တီးထားသည့် ရှင်းပြချက်သဖွယ်ဖြစ်နေလေ၏။

ထို့အပြင် ရုပ်ခန္ဓာပိုင်ရှင်က တခြားသူများအား ထိုမြေပုံကို အသုံးပြုခွင့်ပေးနိုင်သည့်အတွက် အင်အားစုအမြောက်အများက ထိုရုပ်ခန္ဓာရှိသည့်သူကို ရယူဖို့ အကောင်းဆုံးကြိုးစားနေကြခြင်း ဖြစ်သည်။

နှမြောစရာကောင်းလှစွာဖြင့် အရာအားလုံးက မျှခြေညီနေ၏။ ရုပ်ခန္ဓာနိုးထလာဖို့ရာ အင်မတန် ခက်ခဲလှသည်။ အထူးသဖြင့် ရှောင်ထျန်းတိ လုပ်ခဲ့သကဲ့သို့ ကိုယ့်ကျင့်ကြံဆင့်အထက်တွင် လုပ်လိုသည့်အခါ ဖြစ်၏။  လူများစွာက ထိုရုပ်ခန္ဓာနိုးထဖို့ ကြိုးစားနေစဉ် သေဆုံးသွားခဲ့ကြသည်။

“မင်း ကျေးဇူးကြောင့်ပါပဲ” ရှောင်ထျန်းတိက ဝမ်ဝေ့ကို တိတ်တဆိတ် အကဲခတ်ရင်း ပြန်ဖြေလိုက်သည်။ နောက်ဆုံးတွင် သူက တစ်စုံတစ်ခုကို ယူလိုက်နိုင်သည်။ ထိုသူက စံပြဝိညာဉ်အဆင့်သို့ ရောက်နေပြီးသား ဝိညာဉ်အရည်အသွေးနှင့် ပါလာသည့် မူမမှန်မှုတစ်ခုသာ ဖြစ်၏။

ရှောင်ထျန်းတိက တိတ်တဆိတ် အားကျနေမိသည်။ ငါးခုမြောက် ကောင်းကင်ရုပ်ခန္ဓာကိုမူ တာအိုစိတ်ရုပ်ခန္ဓာဟု ခေါ်ဆိုပြီး ရုပ်ခန္ဓာပိုင်ရှင်က ကြောက်မက်ဖို့ကောင်းသည့် တာအိုနှလုံးသားနှင့် စိတ်ဆန္ဒတို့ဖြင့် မွေးဖွားလာတတ်ကြသည်။ အနည်းငယ် ကျင့်ကြံပြီးသည့်နောက်တွင် သူတို့က စံပြများဖြစ်လာဖို့ အခက်ခဲဆုံးဖြစ်လာသည့် အချိန်ဆေးကြောရေးကဏ္ဍကို ကျော်ဖြတ်သွားနိုင်ကြသည်။

စတုတ္ထရုပ်ခန္ဓာကမူ မဟာကံကြမ္မာရုပ်ခန္ဓာဟု ခေါ်ဆိုပြီး ရုပ်ခန္ဓာပိုင်ရှင်အား အဖြူရောင်ကံကောင်းမှုကို ပေးစွမ်းလေ၏။ တခြားနည်းဖြင့်ပြောရလျှင် ထိုပိုင်ရှင်က စံပြအဆင့်ကံကောင်းမှုဖြင့် မွေးဖွားလာတတ်ကြသည်။

တတိယတစ်ခုကမူ ရှေးဦးအဆီအနှစ်ရုပ်ခန္ဓာဖြစ်ပြီး ထိုတစ်ခုက မငြိမ်းသက်နိုင်ဖွယ် စံပြများကို ကိုယ်စားပြု၏။ ရုပ်ခန္ဓာပိုင်ရှင်က ကောင်းကင်အလိုဆန္ဒကို စုပ်ယူပြီးသည့်နောက်တွင် တခြားသူများကဲ့သို့ တိယွမ်ခေတ်ကာလဖြင့် ကန့်သတ်ခံရမည့်အစား မသေနိုင်စွမ်းကို ရရှိလေသည်။ သူတို့က အကန့်အသတ် မဖျက်ဆီးနိုင်စွမ်းကို ရရှိဖို့အတွက် စမ်းသပ်ချက် ၁၈၀၀ကို အသက်ရှင်ဖို့ လိုအပ်၏။

သူတို့၏ အလိုဆန္ဒက သူတို့၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားကာ ထိုအဆင့်ကို ကျော်လွန်သွားပြီး ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်နိုင်ကြသည်။ သူတို့က သူတို့၏ စိတ်စွမ်းအားကို လေ့ကျင့်ဖို့ လိုအပ်နေဆဲသာ ဖြစ်၏။

ထို့နောက် ဒုတိယရုပ်ခန္ဓာကမူ ပင်ကိုစံပြဝိညာဉ် ဖြစ်၏။ ထိုအရာက ရုပ်ခန္ဓာပိုင်ရှင်အား စံပြအရည်အသွေးဝိညာဉ်ကို ချီးမြှင့်ပေးထားပြီး ပမာဏအားဖြင့် ပြုစုပျိုးထောင်ဖို့ လွယ်ကူစေသည်။ စံပြဝိညာဉ်ကို ပြုစုပျိုးထောင်ရခြင်းက စံပြအဆင့်သို့ ဝင်ရောက်ဖို့ရာ အချိန်အကုန်ဆုံးဆုံး အချက်တစ်ခု ဖြစ်၏။ အရင်းအမြစ်အမြောက်အများ အလိုအပ်ဆုံးအရာ ဖြစ်သလို ဖြစ်စဉ်တစ်ခုလုံး၌ ဒုတိယ သို့မဟုတ် တတိယအခက်ဆုံး အရာဟုလည်း ဆိုနိုင်ပေသည်။

သူက ဝိညာဉ်နှင့် ကံကောင်းမှု လိုအပ်ချက်နဲ့ ကိုက်ညီပြီးတော့ ကျင့်ကြံဆင့်ကလည်း ကျော်လွန်နေပြီ။ အတိုင်းအတာမဲ့ စမ်းသပ်ချက်နဲ့ တာအိုနှလုံးသားလိုအပ်ချက်ကလည်း အချိန်ဆေးကြောရေးနှလုံးသား စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်လိမ့်မယ်…

ရှောင်ထျန်းတိက သုံးသပ်လိုက်သည်။

အဲဒီခွေးကောင်ကို သိထားသလောက် သူ့တာအိုနှလုံးသားက ခိုင်မာပြီးတော့ လေ့ကျင့်ဖို့ နည်းနည်းပဲ လိုလိမ့်မယ်။ ပြောရမယ်ဆိုရင် သူက သူ့နားလည်နိုင်စွမ်း ၉၀ရာခိုင်နှုန်းကို ရဖို့ပဲ လိုအပ်တယ်။ အဲဒီအချိန်ကျရင် သူက စံပြ ဖြစ်လာမှာပဲ။ အဲဒီအချိန်ကျ ငါကတော့…

ရှောင်ထျန်းတိက သူသည် နောက်ကျကျန်နေသည်ကို သဘောမကျသလို ဝမ်ဝေ့က သူ့ကျင့်ကြံဆင့်ကြောင့် သူ့ဆရာနှင့် တူညီသည့်ကဏ္ဍတွင် ရှိနေသည့်အချက်ကိုလည်း သဘောမကျပေ။ ထိုအရာအားလုံးအပြင် သူက ထိုလူကို တစ်ကြိမ်တစ်ခါတော့ ရိုက်နှက်လို၏။ ဝမ်ဝေ့က သူ့အား နိုးထလာဖို့ရာ ကူညီပေးခဲ့သော်လည်း သူက ထိုအခွင့်အရေးအတွက် တန်ဖိုးမထားခြင်း မဟုတ်ပေ။ သူက ထိုသူ့ကို ထုတ်ပြသလိုခြင်းသာ ဖြစ်၏။

ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ ဘာများလုပ်နိုင်မှာလဲ…

သူ့ဆရာက သူ့အား အကောင်းဆုံး အရင်းအမြစ်များဖြင့် ထောက်ပံ့ပေးထားသည်။ တခြားသော ဖြေရှင်းနည်းကမူ ကုသိုလ်ဖြစ်ပြီး ပမာဏအမြောက်အများ မရရှိနိုင်ပေ။ သူက အချိန်မြှင့်တင်ရေး အရင်းအမြစ်တစ်ခုကို သုံးဖို့လိုအပ်နေ၏။ သို့သော် ဧကရာဇ်ခုံလိုမျိုး ထူးကဲသည့်ရတနာ မတွေ့သရွေ့ သူ့အနေဖြင့် တတ်နိုင်သည့်အရာ မရှိပေ။

“ဟွင်သွမ်းတာအိုလား” ဝမ်ဝေ့က မေးလိုက်သည်။

“အဓိပ္ပာယ်တော့ ရှိသားပဲ”

ပင်ကိုဟွင်သွမ်းဇစ်မြစ်က ဟွင်သွမ်းတာအိုကို ကျင့်ကြံဖို့ရာအတွက် ပြီးပြည့်စုံလေသည်။ ထိုအရာက ထိုရည်ရွယ်ချက်အတွက် တမင်ဖန်တီးထားဟန်ပေါ်၏။ ထို့အပြင် ရုပ်ခန္ဓာက ပိုင်ရှင်အား တားမြစ်ခံစစ်ဆေးမှုကို ကျော်ဖြတ်ဖို့ရာ ကူညီပေးပြီး အထွတ်အထိပ် စမ်းသပ်ချက်ကို မဟုတ်ပေ။

“အဲဒါဆိုတော့ ဘာလို့ တွေ့ချင်တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

ရှောင်ထျန်းတိက ပြန်မပြောဘဲ ကြေးမုံကို အသာကြည့်လိုက်သည်။

“ငါ သိနေတယ်” သူက ဝမ်ဝေ့အား ခက်ထန်စွာကြည့်ပြီး ပြောလာခဲ့သည်။

“ငါ့ဆရာအပေါ်မှာ ဘယ်လိုရည်ရွယ်ချက်မျိုး ရှိနေတာလဲ”

All Chapters